← Chapters

ကောင်းကင်နဲ့မြေကြီး

Vol. 42 Ch. 582

ကောင်းကင်နဲ့မြေကြီး

Vol. 42 Ch. 582

အနောက်ဘက်ရှိ နေရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရွှေရောင်အလင်းတန်းများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကောင်းကင်ကြီး မည်းမှောင်လာသောအခါ ကြယ်များက စုမင်၏ အမှတ်တရများရှိ ကြယ်ရောင်ကောင်းကင် ဆွဲထုတ်လိုက်ကြသည်။ တောက်ပသောလက ၎င်းတို့၏အိမ်များကို တမ်းတစေခဲ့သည်။

သို့ပေမဲ့ သူ့မွေးရပ်မြေကိုရောက်ရှိနေသည့် လူတစ်ယောက် သူ့အိမ်ကို တောင့်တမည်နည်း။ စုမင် မသိတော့ပေ။ နက်မှောင်တောင်သို့သူပြန်ရောက်သည့် ပထမညတွင် လကိုကြည့်ရင်း ဤနေရာကို လွမ်းနေသေးသည်ကို သူသိသည်။

သူ့အကြီးအကဲကို မြင်သည်။ လေ့ချန်ကို မြင်လိုက်ရသည်။ သူ့အမှတ်တရများထဲမှာ လူအားလုံးကို မြင်လိုက်ရပြီး စုမင် ၏နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ဤနေရာရှိ မြက်ပင်များနှင့် သစ်ပင်များအားလုံးက သူနှင့် အလွန်ရင်းနှီးကြသည်။ ဤနေရာရှိ အရာအားလုံးက သူ့နှလုံးသားထဲသို့ စွဲကပ်သွားပြီး သူ့ဘ၀တွင် ၎င်းတို့ကို ဘယ်တော့မှ မမေ့နိုင်ပေ။

ပေလင်းက သူ့အတွက် ယခင်အတိုင်း အေးခဲနေဆဲဖြစ်သည်။ ချန်ရှင်းက သူ့အပေါ် အတိုင်းအတာတစ်ခုအထိ ဂရုတစိုက်ရှိနေဆဲဖြစ်ပြီး သူ့အိမ်တွင် ဖုန်မှုန့်အမှုန်အမွှားလေးတစ်စမျှ မတွေ့ရပေ။

ထိုအရာက အချစ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အချစ်ဟုလည်းပြော၍မရပေ။ယခင်က ချန်ရှင်း သူ့ကို ကြိုက်ဖူးသော်လည်း ပေလင်းကို ပိုကြိုက်တာ ဖြစ်နိုင်သည်။

သူ့အမှတ်တရတွေထဲမှာတော့အင်မတနါ လှပသော မိန်းကလေးဝူလက သူမမသေခင်မှာ မိုစု၏ နာမည်ကို တတွတ်တွတ်ပြောခဲ့လေသည်။ ထိုသို့ ပြောခဲ့သောကြောင့် သူမ၏အလှက အခြားအရာအားလုံးထက် သာလွန်သွားကာ စုမင် ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် သူ့ကို မေ့မရနိုင်ပေ။

ဝူလ၏ အထင်အမြင်သေးမှုကို နောက်တစ်ကြိမ်မြင်သောအခါတွင် သူ့နှလုံးသားထဲတွင် နွေးထွေးမှုသာ ခံစားရပြီး အခြားဘာမှ မခံစားနိုင်တော့ပေ။

လေ့ချန်၏ ကြည်နူးဖွယ်ရယ်မောသံနှင့် သူကျိန်ဆိုခဲ့သော ကတိကဝတ်များက ညီအစ်ကိုများကြား နွေးထွေးမှုကို ခံစားစေသည်။ ဤအရာအားလုံးက အတုအယောင်များဖြစ်သည်ကို သူလုံးဝ လက်မခံနိုင်ခဲ့ပေ။

အကြီးအကဲ၏ ကြင်နာမှုနှင့် နွေးထွေးသော ပွေ့ဖက်မှုတို့က မနေ့ညကသူမက်ခဲ့သော အိပ်မက်မှာ အတုယောင် ခဲ့ကြောင်းကို ယုံကြည်ခဲ့လေသည်။ အချိန်ကြာရှည်စွာ ဖြတ်သန်းခဲ့သည့် အိပ်မက်တစ်ခုဟု စုမင် ကျေကျေနပ်နပ် ယုံကြည်စေသည်။ိသို့သော်လည်း ရက်စက်သောအိပ်မက်တစ်ခုပင်ဖြစ်သည်

ယခုဆို အိပ်မက်ကနေ လန့်နိုးလာပြီ။

စုမင်က သူ့အိမ်အပြင်ဘက်တွင်ထိုင်ကာ ကောင်းကင်ရှိလကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။ လေ့ချန်အိမ်မှာ သူစားတဲ့ညစာက သူ့ကို အများကြီးသတိရစေခဲ့တယ်...

ညဘက်တွင် မျိုးနွယ်စုတွင် မီးအိမ်အနည်းငယ်ထွန်းထားသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ထိုညက လေမတိုက်ပေ။

သစ်သား‌ပုလွေမှ ဝမ်းနည်းဖွယ်သံစဉ်များကတစ်ညလုံး ပျံ့လွင့်နေပါသည်။ ဤသီချင်းက စုမင်၏မျိုးနွယ်စုဝင်တစ်ဦးမှ တီးခတ်ထားသော သီချင်းဖြစ်သည်။ သူဘယ်တော့မှမမေ့နိုင်သော သီချင်းတစ်ပုဒ်ပင်ဖြစ်သည်။

“ဖြစ်နိုင်တာက သုံးရက်ပဲ မဟုတ်ဘူး..မနက်ဖြန်ရောက်ရင် ငါ့မှာ ဖြစ်ခဲ့သမျှအရာအားလုံးဟာ အိပ်မက်တစ်ခုပဲလို့ ငါတွေ့လိမ့်မယ်....ဒါပေမဲ့ ငါနက် မှောင်တောင်မှာ ဆက်နေလို့ရ‌သေးတာပဲ..”

စုမင်က တီးတိုးစွာ ရေရွတ်လိုက်ပါသည်။ လေ့ချန်က သူနှင့်အတူမရှိခဲ့ပေ။ ညဘက်မှာတော့ သူ့အမေက ဆူပူကြိမ်းမောင်းပြီး အိမ်မှာနေခိုင်းလေသည်။ သူ အိပ်ပျော်နေမှန်းတောင် ဟန်ဆောင်ရသေးသည်။

စုမင်က ကောင်းကင်မှာ လကို တိတ်တဆိတ် ကြည့်ပြီး သစ်သားပုလွေ၏ သီချင်းကို နားထောင်နေသလိုမျိုး... သူ့အိမ်မက်ထဲမှာ သူက ဧည့်သည်သက်သက်မှန်း မသိခဲ့ပေ။

ပိုင်လင်းကို သွားကြည့်ရန် ပြင်းပြင်းထန်ထန် ပြင်းပြသော စိတ်ဆန္ဒရှိလေသည်။ ထိုအချိန်မှာ သူမ သူ့ကို မသိနိုင်လောက်ပေ။

သူ့အကြောင်း တွေးလိုက်တိုင်း စူးစူးရှရှ နာကျင်မှုက သူ့နှလုံးသားကို ရိုက်ခတ်သွားသည် ။ သူထွက်ခွာသွားပြီးနောက် ထာဝရတည်မြဲပြီး မတည်ခဲ့နိုင်သောကတိစကား။ ခေါင်းကို နောက်ပြန်လှည့်ကြည့်လိုက်သော် သက်ပြင်းတစ်ချက်သာ ကြားလိုက်ရသည် ။ အချင်းချင်း မတွေ့နိုင်ကြတော့ပေ။

စုမင်က မတ်တပ်ထရပ်ပြီး မျိုးနွယ်စုတံခါးဆီသို့ လျှောက်သွားသော်လည်း သူရောက်ရှိပြီး ဖြတ်သွားတော့မည့်အခိုက်တွင် လူတစ်ယောက် သူ့ရှေ့မှ အမှောင်ထုထဲမှ ထွက်လာသောကြောင့် သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။

“နင်ဘယ်သူလဲ...”

စူးစူးဝါးဝါး အသံဖြင့် မေးသည်။ လရောင်အောက်မှာ မတ်တပ်ရပ်ရန် အမှောင်ရိပ်ကနေ တဖြည်းဖြည်း ထွက် ပေါ်လာသူပင်။ သူက ရှန်ဟန့်ပင်ဖြစ်သည်။

စုမင်ကိုကြည့်လိုက်သောအခါ သူ့မျက်နှာတွင် နက်မှောင်အေးစက်သောအကြည့်တစ်ခုပေါ်လာသည်။ သူစကားပြောသောအခါတွင် သူ၏ညာဘက်လက်တွင် လှိုင်းလုံးကြီးတစ်ခုပေါ်လာပြီး ၎င်းက ဓါးတစ်ချောင်းအဖြစ်သို့ စုစည်းတော့မည့်ပုံပေါ်သည်။

“မင်းက စုမင်မဟုတ်ဘူး... သူများတွေကို လိမ်လို့ရတယ်.. ဒါပေမယ့် မင်းငါ့ကို လိမ်လို့မရဘူး..မင်းငါ့ကိုကြည့်တဲ့အကြည့် တွေက စုမင်ရဲ့အကြည့်တွေနဲ့ မတူဘူး...”

ရှန်ဟန့်က စူးရှသောအသံဖြင့် စူးမင်ကို စိုက်ကြည့်နေသည်။

စုမင်က သူ့ကို တိတ်တဆိတ် ကြည့်နေသည် ။ ဤသူက မိမိအမှတ်တရတွင် မိမိလက်ဖြင့် သတ်ခဲ့သော မျိုးနွယ်စုမှ အမဲလိုက် ခေါင်း‌ဆောင် ဖြစ်သည်။

“ကျုပ်ကက စုမင် ပါ”

စုမင် က တိုးတိုးလေးပြောပြီး ရှေ့ကို လျှောက်သွားသည်။ ရှန်ဟန့်၏အမူအရာပြောင်းလဲသွားကာ ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်သသည်။ သူလုပ်လိုက်သည့်အခိုက်တွင် စုမင်က ပေါ့ပါးသောခြေလှမ်းများဖြင့် သူ့ဘက်သို့ လျှောက်သွားနေပြီဖြစ်သည်။ ရှန်ဟန့်တစ်ကိုယ်လုံး ဟင်ခနဲ တုန်သွားသည်။သူ့ ညာလက်ကိုပင် မချနိုင်။ ထိုအချိန်တွင် စုမင်က အရှိန်အဟုန်ဖြင့် ဖြတ်သွားရာ သူ့မျက်လုံးများက ဖမ်းမမိနိုင်အောင် မြန်ဆန်‌နေလေသည်။ အားကြီးသောအရှိန်အဝါများကို ခံစားလိုက်ရပြီး အသက်ရှူကျပ်လုနီးပါး ဖြစ်နေသည်။

ထိုလှိုင်းလုံးများက ချက်ချင်း အားနည်းသွားပြီး ငါးပေအထိသာ ပျံ့နှံ့သွားခဲ့သည်။ သူက ၎င်းတို့ကို အာရုံခံနိုင်သော တစ်ဦးတည်းသော သူဖြစ်သည်၊ သို့သော် သူ့အတွက်ကတော့ ချီစွမ်းအားက သူတွေ့ဖူးသမျှ ကျင့်ကြံသူ များအားလုံးနှင့်မာန်စိတ်ဝိညာဉ် ကနဦးနယ်ပယ် ရှိသူများကိုပင် ကျော်လွန်သွားသည် ။

စုမင်က သူ့ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်သည်။ မျိုးနွယ်စုတစ်ခုလုံးနှင့်နယ်မြေတစ်ခုလုံးကိုတောင် ချေမှုန်းပစ်နိုင်သော ပြင်းထန်သော ခံစားချက်ကို ခံစားခဲ့ရသည်။

ရှန်ဟန့်က တုန်တုန်ယင်ယင်ဖြင့် ချွေးစီးများ ပြန်လာသည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်သော်လည်း စုမင်ကို မတွေ့ရတော့ပေ။

စုမင်က တောင်ပေါ်သို့ လျှောက်လှမ်းခဲ့သည်။ ညဉ့်သန်းခေါင်မှာ ရွေ့လျားလာရင်း သူ့ခြေရာများက အလျင်စလို မနှေးကွေးပေ။ တစ်ကြိမ်လျှင် ခြေတစ်လှမ်းဖြင့် ပိုင်လင်း၏ မျိုးနွယ်ဆီသို့ လျှောက်သွားသည်။

သူက တစ်နေရာမှာ ရပ်တန့်သွားခဲ့သည်။ ညအခါတွင် မြင့်မားသော တောင်တန်းကြီးပေါ်၌ ရပ်ကာ အမှောင်ကို ကြည့်လိုက်ပြီး သူ့ညာလက်ကို ရုတ်တရက်ပါးစပ်ပေါ် ဝီစီမှုတ်ဟန်လုပ်လိုက်သည်။ စူးရှသောဝီစီသံ ထွက်ပေါ်လာသည်။

သူ့အသံက လေထဲတွင် ပဲ့တင်ထပ်ကာ အမှောင်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ စုမင်က ငြိမ်သက်စွာ လျှောက်သွားသည်။ တစ်နာရီအကြာတွင် တောအုပ်ထဲမှ မအနီရောင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုပုံနှင့်အတူ လေထဲတွင် ပျော်ရွှင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အနီရောင် အရိပ်က ရှောင်ဟုန်ပင်ဖြစ်သည်။

ထွက်လာပြီး မကြာခင်မှာပဲ စုမင် ရှေ့မှာ စိတ်လှုပ်ရှားနေသော အကြည့်များနှင့် ပေါ်လာသည်။ အကြိမ်ပေါင်းများစွာ ခုန်ပေါက် ရွှင်မြူးစွာ ကပြလိုက်နေလေသည်။ စုမင်ပခုံးပေါ် ဟန်ကျကျ ထိုင်ချလိုက်ပြီး စုမင်၏ ဆံပင်များကို ဖွကာ အဆက်မပြတ် ဆော့ကစားနေလေသည်။

‌”ရှောင်ဟုန်...”

စုမင်က သူ့ပုခုံးပေါ်ရှိ မျောက်လေးကို ကြည့်ကာ သူ့ဆံပင်နှင့် ကစားခွင့်ပေးလိုက်သည်။ သူ့လက်ကို မြှောက်လိုက်ပြီး မျောက်လေးကို ညင်သာစွာ ပွတ်သပ်‌နေလေသည်။

“ငါတို့ ပြန်ဆုံကြပြီပဲ...”

ရှောင်ဟုန်က သူတို့တစ်ကယ်ပြန်တွေ့ကြဟန်တူသော အော်ဟစ်သံအချို့ကို ထုတ်လွှတ်လိုက်သည်။ စုမင်ကို မတွေ့ရတာကြာပြီဖြစ်သောအကြည့်ဖြင့် ကြည့်ကာ ဒေါသထွက်ပြနေလေသည်။

နောက်ဆုံးတော့ ရှောင်ဟုန်က သူ့ကို လက်သုံးချောင်းပြလေသည်။စုမင်က သုံးရက်ဆိုသော အဓိပ္ပါယ်ကို သိ လေသည်။ သို့မဟုတ် သုံးလ၊ သုံးနှစ်၊ အနှစ်သုံးဆယ် ပိုကြာတာတောင် ဖြစ်နိုင်သည်

ရှောင်ဟုန်ကိုယ်တိုင်က မည်မျှကြာနေကြောင်း သိနေလေသည်။

ရှောင်ဟုန်၏ ခန္ဓာကိုယ်ပေါ်ရှိ သားမွေးများကို ပွတ်သပ်ရင်း စုမင်က ရှေ့သို့ လျှောက်သွားကာ ပိုင်လင်း၏ မျိုးနွယ်ဆီသို့ ဦးတည်သွားသော ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မကြာခင်မှာပဲ နဂါးနက်မျိုးနွယ်စု ပိုင်သော ဧရာမခြံစည်းရိုးကြီးက သူ့ရှေ့မှာ ပေါ်လာသည်

ခြံစည်းရိုးပေါ်မှာ လှံရှည်တွေ စိုက်ထူထားတယ်၊

စုမင်က နဂါးနက်မျိုးနွယ်စုကို ကြည့်ပြီး ထိုဘက်သို့ လျှောက်သွားသည်။ သူရောက်လာတာကို အားလုံးက သတိမထားမိကြပေ။ နောက်ဆုံးတွင် သူက မျိုးနွယ်စုထဲသို့ ဝင်ရောက်လာသောအခါသူ၏ နှလုံးသားကို အမြဲတစေ နာကျင်စေသော သူ၏ အမှတ်ရစရာများကို ရှာဖွေရန်အတွက်နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကျက်လိုက်သည်။

ပိုင်လင်းအိမ်ကို သူတွေ့ လေသည်။ သူမသည် ဤမှောင်မိုက်သောညတွင် အိပ်ပျော်နေပြီဖြစ်သည်။ သူမ၏ လှပသော မျက်နှာက အေးချမ်းပြီး နိုးလာချိန်တွင် သူမပိုင်ဆိုင်သော အရိုင်းဆန် သောအလှနှင့် နှိုင်းယှဉ်လျှင် အတော်လေး ကွဲပြားသော အကြည့်မျိုးဖြစ်သည်။

စုမင်က သူမ၏ ကုတင်ဘေးတွင် ငြိမ်သက်စွာ ရပ်နေပြီး လှပသော ကောင်မလေးကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးမပျက်။ေ သူမက ပျော်ရွှင်စရာတစ်ခုခုကို အိပ်မက်မက်နေပုံရသည်။

စုမင်၏ နှလုံးသားက အလွန်နာကျင်သွားသည်။ သူနှင့်ပိုင်လင်းကြားရှိ မြင်ကွင်းများက သူ့မျက်လုံးရှေ့တွင် ပေါ်လာသည်။ နှင်းတွေကျတဲ့ညတွေမှာ သူတို့နှစ်ယောက်၏တွေ့ဆုံမှု ၊ နှင်းတွေကျ

သောညမှာ လမ်းလျှောက်ခဲ့ကြသည် ၊ သူတို့နှစ်ယောက်က ပုံပြင်တွေကို တစ်ယောက်ကိုတစ်ယောက်ပြောပြရင်းနေလေသည်။ နောက်ဆုံးမှာတော့ သူတို့ခေါင်းမှား နှင်းတွေဖုံးနေသောပုံရိပ်တို့အစီအရီထွက်ပေါ်လာလေသည်။

ထိုအမှတ်တရများက စုမင်၏မတည်သောကတိကိုမြင်သည့်တိုင်အောင် ထိုအမှတ်တရများ ဆက်လက်ကစားနေပါသည်။ ဤအရာအားလုံးက သူ့နှလုံးသားကို ပြည့်နှက်နေသော ဝမ်းနည်းခြင်းလှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့စိတ်ထဲတွင် လေးလေးနက်နက် ပုံဖော်ထားသည့် မိန်းကလေးကို ကွက်ကွက်ကွင်းကွင်းကြည့်နေသည်။ ထိုကောင်မလေးက သူ့၏ အချစ်ဦးပင်

“လင်းအာ... ငါပြန်လာပြီ...”

စုမင်က တိုးတိုးလေးပြောသည် ။ နူးညံ့သောမျက်လုံးများဖြင့် သူ့ပါးကို နူးညံ့စွာထိရန် သူ့လက်ကို မြှောက်လိုက်သည်။ သူ့လုပ်ရှားမှုများက မယုံနိုင်လောက်အောင်ကို မြန်ဆန်သော်လည်း သူ့လက်က သူ့မပါးပြင်ကို ထိလုနီးပါးဖြစ်ပြီး ပိုင်လင်းမျက်လုံးများ ပွင့်လာသည်။

ပိုင်လင်းက စုမင်ကို တိတ်တဆိတ် ကြည့်နေသော်လည်း သူမ၏ မျက်လုံးထဲတွင် ရိုင်းစိုင်းမှုက သူဘယ်တော့မှ မမေ့နိုင်သော အလင်းရောင်တစ်ခုဖြစ်သည်။

စုမင်၏လက်သည် ခဏမျှ ရပ်တန့်သွားသော်လည်း ခဏသာဖြစ်သည်။ ထို့နောက် မဆိုင်းမတွပင် သူမပါးကို ထိလိုက်သည်။ သူ့မျက်နှာက အေးစက်နေပေမယ့် မယုံနိုင်လောက်အောင် နူးညံ့အိစက် နေလေသည်။သူမအကြည့်များက စုမင်ကို ပို၍တောင် ပျော့ပြောင်းသွားစေသည်။

ပိုင်လင်းက စုမင်လက်ကိုတန်းမဖယ်ပေ။ ယင်းအစား သူမ၏ မျက်လုံးများ ပိုကျယ်လာပြီး သူ့ကို လုံးဝ အံ့အားသင့်စွာ ကြည့်နေလေသည်။

စုမင်က သူ့လက်ကို ရုတ်သိမ်းလိုက်သောအခါတွင် သူ့မျက်လုံးထဲတွင် နူးညံ့သောအကြည့်များက ကျန်နေသေးသည်။ သူက ပိုင်လင်းကို လေးလေးနက်နက်ကြည့်ကာ မတ်တပ်ရပ်လိုက်ပြီး သူထွက်သွားတော့မည့်အတိုင်း... ခေါင်းကို လှည့်လိုက်သည်။

“နင်ဘယ်သူလဲ…..”

ပိုင်လင်း၏ ထိတ်လန့်ပြီး သိမ်မွေ့သော အသံက သူ့နောက်ကနေ ထွက်လာသည်။

“စုမင်..”

စုမင်က အိမ်တံခါးဆီသို့ လျှောက်သွားသည်။ သူ ပိုင်လင်း ကို ထိလိုက်သည်နှင့် သူမ၏ ပါးပြင်ပေါ်က အေးစက်မှုက သူ့ရင်ထဲမှာ နာကျင်စရာများစွာကို နားလည်စေခဲ့သည်။

“ဒါ အစစ်အမှန်မဟုတ်ပါဘူး ဒါက...အိမ်မက်သာသာပဲ.. ဒါက အဖိုးအို ပြောခဲ့တဲ့ကံကောင်းမှုပဲ..ငါ့ရဲ့ အမှတ်တရ တွေကို အခြေခံ၍ ဖန်တီးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုဖြစ်သည်။

ထိုအရာက ဟင်းလင်ပြင်နေရာတစ်ခုကပင်...

ဤပူပြင်းသောရာသီတွင် ပိုင်လင်း ၏မျက်နှာက အေးစက်နေပြီး၊ ထိုအေးစက်မှုက စုမင်၏အမှတ်တရများမှ နှင်းများကျနေသောလွင်ပြင်တွင်ရှိစဉ်သူမကိုသတိရမိသည့်နောက်ဆုံးခံစားမှုမှထွက်ပေါ်လာသည်။ အရာအားလုံးက အတုအယောင်များပင်ဖြစ်သည်။

ဤသုံးရက်တာကံကောင်းမှုက စုမင်၏ ၏အမှတ်တရများတွင် လောကကြီး၏ကံကြမ္မာဖြစ်တည်မှုကို နားလည်နိုင်စေရန်ဖြစ်သည်...

မင်းမယုံလို့လည်းရတယ်.. မင်းရဲ့အမှတ်တရတွေမှာရှိတဲ့ အမှောင်တောင်ဟာ အတုအယောင်လို့ ထင်နိုင်တယ်.. ဒီမှာ မင်းနဲ့ရင်းနှီးတဲ့လူအားလုံးကို တိုက်ခိုက်သတ်ဖြတ်နေသမျှ မင်းရဲ့အကြီးအကဲ လေ့ချန်..‌ေပလင်း..ဝူလ..ချန်ရှင်း..ပိုင်လင်းနဲ့.. ကျန်တဲ့လူတွေအားလုံး မင်း အမှန်တရားကို သိနိုင်လိမ့်မယ်...”

“မင်းတိုက်ခိုက်တဲ့အခါ မင်းလက်နဲ့သတ်လိုက်တဲ့အခါ သူတို့ရဲ့မျက်နှာကို သဘာဝအတိုင်းမြင်ရလိမ့်မယ်... အဲဒီအချိန်မှာ ဒါတွေအားလုံးက အစစ်လား အတုလားဆိုတာ မင်းပြောနိုင်လိမ့်မယ်.. နက်မှောင်တောင်နဲ့ပတ်သက်တဲ့ အရာအားလုံးကို မေ့ပစ်လိုက်တော့..အခုကစပြီး မင်းပေါ်မှာ ချည်နှောင်ထားတဲ့ နှောင်ကြိုးတွေ မရှိစေနဲ့တော့...”

“ဒါဆိုရင် နောင်မှာ မင်းတစ်ခုခုလုပ်ဖို့အတွက် နက်‌ မှောင်တောင်က တစ်စုံတစ်ယောက်က အသုံးချဖို့ ကြိုးစားရင် အရေးမကြီးတော့ဘူး။

“အရေးယူနေသမျှတော့ အရာအားလုံးဟာ ဖုန်မှုန့်တွေ ဖြစ်သွားလိမ့်မယ်.. ပြီးတော့ မင်းတကယ် နိုးကြားလာသလို ဖြစ်သွားလိမ့်မယ်..မင်းရဲ့ ကံကြမ္မာကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ သူက မင်းယုံကြည်တဲ့‌ လောကကြီး(သူတို့မျိုးနွယ်စု)ကို နှိပ်စက်လိမ့်မယ်...”

“မင်းယုံကြည်ရင် မင်းရှေ့မှာ အမှောင်တောင် ပေါ်လာတဲ့အခါ မင်းရင်ဆိုင်ရမဲ့ အခက်အခဲတွေ၊ ဝမ်းနည်းမှုတွေကိုရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်..”

ထို့နောက်ပိုင်လင်း အသံက စုမင် နားထဲကို ရောက်သွားသည်။

“ဘာလို့လဲ...မင်းငါ့ကိုအရမ်းရင်းနှီးသလိုခံစားရလို့လား...”

ပိုင်လင်းက “မသွားနဲ့…” တိုးတိုးလေးပြောပြီးနောက် စုမင်က ကုတင်ပေါ် လှဲချလိုက်သည်။

ကြယ်အလင်းရောင်က သူမ၏အိမ်တစ်လျှောက် လင်းလက်တောက်ပနေပြီး မှိန်ပျသော အလင်းရောင်သာ သူမ၏အိမ်ထဲသို့ ပြန့်ကျဲသွားသည်။ ၎င်းက လရောင်နှင့် ပေါင်းစပ်သွားသည်။ အိပ်မက်ဆိုတာ ဘာလဲ၊ လက်တွေ့ဆိုတာ ဘာလဲ ဆိုတာကိုတော့ သူ မပြောနိုင်ပေ။ ဘယ်အရာက သူ့ကို ပျော်ရွှင်စေသလဲ၊ ဝမ်းနည်းစေခဲ့ငလဲ၊ ထို့နောက် သူတို့ထဲက ဘယ်သူတွေ ငိုနေလဲ ဆိုတာကိုတောင် မခွဲခြားနိုင်တော့ပေ။

ခဏတာ ချစ်ခြင်းမေတ္တာကြောင့် တစ်ယောက်ကိုတစ်ယောက် တွေ့ဆုံခွင့်ပေးထားသကဲ့သို့ပင်။သို့ပေမယ့် သူတို့ထဲက တစ်ယောက် နိုးလာသည့်အခါ အတူရှိမနိုင်သောအခြေအနေကို သူတို့လက်မခံနိုင် ပေ။ ထိုကဲ့သို့ တွယ်တာမှုမျိုး… အစကတည်းကဝေးနေခဲ့ပြီး ဝေး… လုံးဝမဆုံမိရင် ပိုကောင်းမည်…။

All Chapters