ချုံခိုတိုက်ခိုက်မှု
Vol. 42 Ch. 584
စုမင်ကျွန်းမှ ပျံထွက်လာပြီးခါနီးတွင် မရဏပင်လယ်မျက်နှာပြင်ပေါ်တွင် သရဲတစ္ဆေတစ်ကောင် ရုတ်တရက်ပေါ်လာသည်။ ပင်လယ်ရေမျက်နှာပြင်အောက်မှာ ဝှက်ထားသော အလောင်းတစ်ခုပင်။ သူ့မှာ ဦးခေါင်းမပါသလို၊ တစ္ဆေမျက်နှာက သူ့၏ ရင်ဘတ်ဗလာပေါ်မှာ ပေါ်လာသည်
အရှေ့မြေရိုင်းနယ်မြေအနားရှိ မရဏပင်လယ်တွင် ဤကဲ့သို့ တစ္ဆေရုပ်အလောင်း တစ်ဒါဇင်ကျော်ရှိသည်။ ထိုအချိန်တွင် မှောင်မိုက်သော အလင်းရောင်ဖြင့် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တစ္ဆေမျက်နှာများ လင်းလက်နေပြီး မည်သူမျှ မကြားနိုင်သည့် အူသံများ လေထဲတွင် ပဲ့တင်ထပ်လာသည်။
ချက်ချင်းပင်၊ အရှေ့မြေရိုင်းများအစွန်းတွင် တရားထိုင်နေသော ကိုယ်ပွားသည် သူ့မျက်လုံးများကို လျင်မြန်စွာဖွင့်လိုက်ပြီး အအေးဓာတ်က သူ့မျက်လုံးကို ဖြတ်လာသည်။
အေးစက်စက် အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ် ပေါ်လာသည်။
“နောက်ဆုံးတော့ မင်းပေါ်လာပြီပဲ ငါ့သား...”
သူ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သို့သော် သူက ကောင်းကင်သို့ ခြေတစ်လှမ်းတိုးခါနီးတွင် ရုတ်တရက် မျက်မှောင်ကြုတ်ကာ မထင်မှတ်ဘဲ တိတ်ဆိတ်သွားပြီးနောက် ပြန်ထိုင်လိုက်သည်။
‘တစ်စုံတစ်ယောက်က အစောကြီးကတည်းက ကံကြမ္မာရဲ့တည်ရှိမှုကို ဖုံးကွယ်ထားတာပဲ..ဒါ့ကြောင့် ငါ သူ့ကိုရှာ မတွေ့နိုင်တာ..ဒါဆို အဲ့ဒီလူရဲ့စွမ်းအားက အံ့မခန်းပဲ... တောင်ပိုင်းအရုဏ်ဦးနယ်မြေ...’
တိထျန်း၏ မျက်လုံးများ တောက်ပလာပြီး သူ့နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ထိုအချိန်တွင် စုမငခ ကောင်းကင်တွင် ငြိမ်သက်စွာ ပျံသန်းနေသည်။ သို့သော်၊ သူ၏ဝမ်းနည်းမှုက ဖုံးကွယ်၍မရသော သူ့စိတ်ဝိညာဉ်ထဲတွင် ရှိနေခြင်းပင်။ ၎င်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံထားသောကြောင့် အခြားသူများအားလုံး သူ့အနားမကပ်နိုင်တော့ပေ။ သို့မဟုတ်ပါက သူတို့က သူ၏ဝမ်းနည်းမှုဒဏ်ကို ခံစားနေကြလိမ့်မည်။
‘ကြီးမားတဲ့ ဘေးဥပဒ်တစ်ခု..ယင်မရဏနယ်မြေမှာ. ကြီးမားတဲ့ ဘေးဥပဒ်တစ်ခု.. ငါ့ဆီကိုလာနေတာပဲ..တိ..ထျန်း....”
စုမင်က မျက်မှောင်ကြုတ်သွားသော်လည်း သတ်ဖြတ်လိုစိတ်က ထွန်းတောက်လာခဲ့သည်။
‘အဲဒီအချိန်တုန်းကတော့ တိထျန်းက သူ့ရဲ့ကိုယ်ပွားကို ဒီနေရာကို လွှတ်လိုက်တဲ့အချိန်ပါပဲ..အဲ့ဒီဘေးဆိုးက သူ့ကိုယ်ပွားကလာတာဖြစ်နိုင်တယ်..”
သတ်ဖြတ်လိုစိတ်က စုမင်၏မျက်လုံးများတွင် တောက်ပလာပြီး သူ၏နှလုံးသားထဲတွင် လောင်ကျွမ်းနေသော တိုက်ပွဲဝင်စိတ်ဓာတ်များ ထွက်ပေါ်လာသည်။ သူ့အတွက် တိထျန်းက ကြီးစွာသော ဘေးဒုက္ခတစ်ခု ဖြစ်နိုင်သော်လည်း အလားတူပင် စုမင် က သူ့ကို လုံးဝသတ်ပစ်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။
တိထျန်းမသေလျှင် စုမင်က သူ့လုပ် ဆောင်ချက်များကို ထိန်းချုပ်ဖို့ ခက်လိမ့်မည်။ ဤကဲ့သို့သောရန်သူရှိခြင်းက စုမင် ကိုယ်တိုင်အတွက် တွန်းအားတစ်ခုဖြစ်သည်။ သူက တိထျန်း၏ကိုယ်ပွားကိုသတ်ပြီးမှသာ မာန်မျိုးနွယ်စုနယ်မြေတွင် သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
တကယ့် တိထျန်းက မယုံနိုင်လောက်အောင် အားကောင်းနေနိုင်သော်လည်း နှစ်တွေကြာလာတာနဲ့အမျှ သူ၏ကိုယ်ပွားမျာစကို ဤနေရာကိုပဲ ပို့လိုက်သည်။ အဘယ် ကြောင့်ဆိုသော်... သူ့ဘာသာသူ မလာနိုင်လို့ဖြစ်သည်။
‘ဒါပေမယ့် ဒါက မှန်းဆချက်တစ်ခုပဲ။ .
ဒီတစ်ခါ ငါတိုက်ခိုက်တဲ့သူက သူ့ကိုယ်ပွားဖြစ်တယ်ဆိုရင် ငါ့ရဲ့ ခန့်မှန်းချက်က မှန်တယ်... တကယ်လို့ သူ့ကိုယ်တိုင်ဖြစ် နေရင် သူ့ကို တိုက်ဖို့ အခွင့်အရေးရှိမယ်..”
စုမင်က ခေါင်းငုံ့ကာ ညာဖက်လက်ညိုးကို ကြည့်လိုက်သည်။ ပထမဆုံးမာန်နတ်ဘုရားထံမှဆံပင်၏သေးငယ်သောအစိတ်အပိုင်းကိုပတ်ရစ်ထားသည်။
‘လွန်ခဲ့တဲ့နှစ်တွေတုန်းက တိထျန်းရဲ့ ပထမဆုံးကိုယ်ပွားကို ငါသတ်ခဲ့တယ်.. ဒီနေ့... သူရဲ့ဒုတိယမြောက်ကိုယ်ပွားကို ငါသတ်ပစ်မယ်...”
‘အရင်တုန်းက တိထျန်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မပြောနိုင်ခဲ့ဘူး..ဟုန်လော့ရဲ့ကျင့်ကြံအဆင့်ကိုလည်း မတိုင်းတာနိုင်ခဲ့ဘူး.. သူတို့ဟာ မာန်စိတ်ဝိညာဉ်နယ်ပယ်ထက် သာလွန်နေတယ်ဆိုတာ ငါသိတယ်..”
“ဒါပေမယ့် အခုငါ စဉ်းစားကြည့်တော့ ဟုန်လော့ရဲ့ကျင့်ကြံဆင့်ကအသက်လမ်းကျင့်စဉ်ကိုလျှောက်လှမ်းနေတဲ့ သူတွေနဲ့ သိသိသာသာ ညီမျှပါတယ်..ဒါကိုကြည့်ရရငခ သူ့ဘဝမှာ ပျောက်ဆုံးနေတဲ့အရာတွေအကြောင်းကို သူသိပုံမပေါ်ဘူး...အဲ့ဒါကြောင့် သူ အသက်ဒုက္ခကျင့်စဉ်ကို မရောက်သေးတာ..”
‘သူက အသက်ကံကြမ္မာလမ်းကျင့်စဉ်ကို ေရာက်ခဲ့တယ်..သူ့ စွမ်းအားရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါ.. ပိုသန်မာခဲ့တယ်.. သူက ငါ့ကိုယ်ထဲကိုရောက်တုန်းက အဲ့ဒီအဆင့်မှာသာ ရှိနေခဲ့တာ..”
‘တိထျန်းရဲ့ကိုယ်ပွားအတွက်ဆိုရဲ့ သူရဲ့ကျင့်ကြံဆင့်က ဟုန်လော့ကိုသတ်နိုင်တာမလို့ အသက်ကံကြမ္မာကျင့်စဉ်ကို ရှင်းရှင်းလင်းလင်း ကျော်လွန်သွားပေမဲ့ သော်လည်း အသက်နန်းတော်ကျင့်စဉ်ကို မရောက်သေးဘူး..အသက်နန်းတော်ကျင့်စဉ်က လောကရဲ့ပြောင်းလဲမှုအားလုံးကို နားလည်ဖို့..လောကကြီးကိုပိုင် ဆိုင်ရတဲ့နောင်တကို သိဖို့..ချို့တဲ့နေတဲ့အရာတွေကို ပြန်ဖြည့်ပြီး သင်ယူရမယ်... တကယ်လို့ သူသာအသက်နန်းတော်ကျင့်စဉ်ကိုရောက်ခဲ့ရင် ဟုန် လော့ကိုသတ်လိုက်တာနဲ့ သူဒဏ်ရာရမှာ မဟုတ်ဘူး...”
‘သူရဲ့ကိုယ်ပွားက အသက်ဒုက္ခကျင့်စဉ်မှာပဲရှိနေတယ်ဆိုတာ သေချာတယ်...”
‘မာန်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်ပြီးတဲ့နောက်မှာ အသက်လမ်းစဉ်ကံကြမ္မာကျင့်ကြံခြင်း၊ အသက်ဒုက္ခကျင့်စဉ်၊ အသက်နန်းတော်ကျင့်စဉ်၊ ကမ္ဘာ့အသက်ကျင့်စဉ် တွေကိုကြုံတွေ့ရမယ်... ဒါတွေကမာန်နတ်ဘုရားတွေရဲ့အသက်လမ်းစဥ်ကျင့်ကြံခြင်းပဲ.. ငါလည်း ဒီလမ်းစဥ်ကို တက်လှမ်းရမှာပဲ..ဒါပေမဲ့ငါက အသက်လမ်းကျင့်စဉ်လမ်းစပဲရှိသေးတယ်..အဲ့ဒီလမ်းကြောင်းအပေါ်လူံဝမရောက်သေးဘူး..”
‘ဒါပေမယ့်...သူ့ရဲ့ကိုယ်ပွားကို တိုက်တဲ့အခါ ငါ့မှာ ဘာမှသုံးစရာမရှိဘူး..”
စုမင်က မယုံနိုင်လောက်အောင် လျင်မြန်စွာ ပျံသန်းခဲ့ပြီး ပင်လယ်ကိုဖြတ်၍ အရှိန်တင်လိုက်သောအခါတွင် သူ့မျက်လုံးများက စူးစူးရှရှ အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
‘ဒါတွေအားလုံးက ငါ့ရဲ့ မှန်းဆချက်သက်သက်ပဲ..ဒီအချိန်.တိထျန်း ကိုယ်တိုင် ဒီကို လာခဲ့ရင် ဒီဘေးဆိုးကြီးကနေ ငါ ပြေးနိုင်မှာ မဟုတ်ဘူး ...ဒီအချိန် သူ့ကိုယ်ပွားကအရင်က သူပို့ခဲ့တာထက် အများကြီး ပိုအားကောင်းရင် ဒီတိုက်ပွဲက သူ့အကြိုက်ပဲပေါ့..”
‘ကြီးမားတဲ့ ဘေးဆိုးကြီး…’
စုမင်က တိတ်ဆိတ်စွာပင် တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏ ရှုပ်ထွေးနေသော နယ်နိမိတ်ကို ဖြတ်ကျော်သွားသည်။ထို့နောက် ကျယ်ပြောလှသော မရဏပင်လယ်ကြီးဆီသို့ ရောက်သွားသည်။ ပင်လယ်ကို ဖြတ်ပြီး အရှိန်ပြင်းပြင်းနှင့် ဆက်လျှောက်လာရင်း သူ့မျက်လုံးထဲမှာ ရက်စက်သော အလင်းတန်းတွေ တဖြည်းဖြည်း ပေါ်လာသည်။
သူသည် ပင်လယ်မျက်နှာပြင်ဆီသို့ ခုန်ဆင်းလိုက်သည်။ သူ့ရှေ့မှာ ကျွန်းငယ်လေးတစ်ကျွန်းရှိသည်။ ကြီးကြီးမားမားမဟုတ်သော်လည်း သေးငယ်လှသည်။ ၎င်း၏ ဧရိယာကို တွက်ချက်ကြည့်လျှင် ၎င်းက ကံကြမ္မာမျိုးနွယ်စုပိုင်သည့် ကျွန်းနှင့် အရွယ်အစား တူညီသည်။
ထိုကျွန်းက စုမင်လမ်းမှာတွေ့ခဲ့သော အခြားကျွန်းစုများနှင့် အတူတူပင်ဖြစ်သည်၊ ထိုကျွန်းပေါ်တွင် သက်ရှိအရိပ်အယောင်မ တွေ့ရပေ။ ၎င်းက ဗလာနတ္ထိဖြစ်ပြီး အစိမ်းရောင်(သစ်ပင်)ကိုမျှ မတွေ့နိုင်ပေ။ ပင်လယ်ထဲမှာ အဖုအထစ်တစ်ခုလိုပင်ဖြစ်နေလေသည်။
စုမင်က အရှိန် လျော့ချလိုက်ပြီး ကျွန်းပေါ်ကို ဆင်းသက်ခဲ့သည်။ သူ့မျက်လုံးများထဲတွင် တဖျပ်ဖျပ်လက်လာသည်။ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ကျွန်းလယ်ကို သွား ထိုင်လိုက်သည်။
‘ဘေးကပ်ဆိုးကျရောက်လာတော့မယ်..၊ ငါ့ကိုယ်ပိုင်စစ်မြေပြင်ကို ငါ့ဘာသာရွေးချယ်မယ်.. ငါဒီမှာစောင့်နေမယ်...”
စုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပစွာ လင်းလက်နေသည်။ သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လေထုကို ဖမ်းဆုပ်ကာ သူ၏လက်ဖဝါးကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ၎င်းနှင့်အတူ မြေပြင်က တုန်ခါလာပြီး ချက်ချင်းဆိုသလိုပင် စုမင်၏ လက်ဖဝါးနှင့် မြေပြင်ဆုံသည့်နေရာ၌ တောက်ပသော အနီရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။
အနီရောင်မြက်ခင်းများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အပြင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေရာနှင့်ချီသော ဧရိယာအထိ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ စုမင်က လျှာဖျားလေးကိုက်ပြီး မြက်ခင်းပြင်ပေါ်ကျအောင်သွေးချောင်းဆိုးလိုက်သည်။ ချက်ချင်းဆိုသလိုပဲ အနီရောင်မြက်ခင်းများက ထူးဆန်းသည့်ပုံစံနဲ့ တဟုန်ထိုး ကြီးထွားလာပါတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြက်ခင်းက ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ပင်လယ်မျက်နှာပြင်ကို ဖုံးလွှမ်းသွားသည်အထိပင် ပျံ့နှံ့သွားခဲ့သည်။
စုမင်က ဤအနီရောင်မြက်ခင်းပြင်ကို လုံလောက်သောသွေးနှင့် အသက်ကို စုပ်ယူနိုင်စေခြင်းဖြင့် သူ၏စွမ်းအားကို အပြည့်အ၀အသုံးပြုပြီး ပထမဆုံးအကြိမ်ဖြစ်သည်။ ပင်လယ်ထဲသို့ ပြန့်နှံ့သွားသည်နှင့်အမျှ အသက်၏ စုပ်ယူမှုက ၎င်း၏ စွမ်းရည်အပြည့်သို့ ရောက်ရှိသွားသည်။
ကျွန်းတစ်ခုလုံး နီရဲသွားသည် ။
သူ့ ညာလက်ကို မြှောက်လိုက်သောအခါ သူ့လက်ဖဝါးပေါ်တွင် အနက်ရောင်အလံတိုင်တစ်ခု ပေါ်လာသည်။ ထိငပစ္စည်းကို သူသုံးတာကြာခဲ့ပြီ။ ဤသည်မှာ ဟန်တောင်တန်းမြို့မှ ရရှိသော ရတနာများထဲမှ တစ်ခုဖြစ်ပြီး၊ ၎င်းက ဟန်တောင်တန်း၏ ဘိုးဘေးများနှင့် သက်ဆိုင်သော မြင့်မြတ်သော စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။
စုမင်က အသေးစိတ်အချက်အလက်များကို မသိသော်လည်း သူက ၎င်း၏စွမ်းအားအချို့ကို ထုတ်သုံးနိုင်ပြီး ပေါက်ကွဲသွားအောင် လုပ်ဆောင်နိုင်သေးသည်။
ထိုအရာက သူ့ရန်သူအတွက် ပြင်ဆင်ထား သောပထမဆုံး တန်ပြန်တိုက်စစ်ပင်ဖြစ်သည်။
စုမင်က အလံတိုင်ကို ဘေးမှာချထားပြီး သူ့အိတ်ကို လက်ဖြင့်ရိုက်လိုက်သည်။ ချက်ခြင်းပင်၊ ကြီးမားသောကျောက်တုံးကြီးတစ်ခု ပျံထွက်လာခဲ့သည် - ၎င်းက ပထမဆုံးမာန်နတ်ဘုရား၏ ကျန်ရစ်ခဲ့သောအမွေအနှစ်ဖြစ်သည်။
မာန်ကျင့်ကြံသူများထဲမှ မည်သူမျှ ၎င်းထံမှ မည်သည့် အမွေမျိုးမှ မရနိုင်တော့ဘဲ ၎င်း၏တည်ရှိမှုက မသေနိုင်သော သတ္တဝါအားလုံးကို ခြောက်လှန့်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ဖြစ်လာစေခဲ့သည်။ တိထျန်းသာ တကယ် ဤ နေရာကိုရောက်လာခဲ့လျှင် ဒီကျောက်တုံးကြီးကို မြင်လိုက်ရသည်နှင့် အံ့သြထိတ်လန့်သွားမှာ သေချာသည်။
ဤသည်မှာ တိထျန်းအတွက် စုမင် ပြင်ဆင်သော ဒုတိယမြောက် လုပ်ကြံမှုဖြစ်သည်။
ကျွန်းပေါ်တွင် ဤကျောက်တုံးကြီးအား မတည်လိုက်သောအခါတွင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ချက်ချင်းပင် ဖောက်ထွဂ်းမြင်ရသော တောင်ကျောက်တုံးကြီး ထွက်လာသည်။ သူ့အထဲမှာ သူ့ဧ။်လက်ချောင်းတစ်ချောင်းကို ဆုံးရှုံးခဲ့ရတသော အနက်ရောင်လူတူ လေးပင်ဖြစ်သည်။
ထိုသတ္တဝါက အိပ်ပျော်နေသကဲ့သို့ မျက်လုံးမှိတ်ထားသည်။
“ငါ့မှာကမ်းလှမ်းချက်တစ်ခုရှိတယ် မင်းလက်ခံမှာလား.”
စုမင်က အနက်ရောင် လူသားဆန်သော ကောင်လေးကို ကြည့်ကာ ပြတ်ပြတ်သားသား မေးလိုက်သည်။
သတ္တဝါက မလှုပ်ရှားသော်လည်း အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် ၎င်း၏မျက်လုံးများပွင့်လာပြီး ထူးဆန်းသောအလင်းရောင်ဖြင့် စုမင်ကို စိုက်ကြည့်နေသည်။
“ဘာကမ်းလှမ်းချက်လဲ”
သူ့အသံက နားထဲကို စူးစူးရဲရဲ တိုးဝင်လာသည်။
“မင်းရဲ့ ခွန်အားအပြည့်နဲ့ လူတစ်ယောက်ကို သတ်ပစ်ပေးပါ.. ငါ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ အရေးမကြီးပါဘူး..မင်းရဲ့လွတ်လပ်ခွင့်ကို ငါပြန်ပေးမယ်...”
လူတူလေးက ရုတ်တရက် စကားမပြောမီ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
“ဘာလို့ ယုံရမှာလဲ”
“ငါ့ချိပ်တံဆိပ်က မင်းရဲ့ကိုယ်ပေါ်မှာ ရှိတယ်.. မင်း ဒီကမ်းလှမ်းချက်ကို လက်ခံမလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်..ငါ ဒါကို တစ်ကြိမ်ပဲ ကမ်းလှမ်းမယ်.. နောက်ဘယ်တော့မှ ထပ်မလုပ်တော့ဘူး..”
စုမင်ကက အေးအေးဆေးဆေး ပြောလိုက်သည်။
အနက်ရောင်လူတူလေးက ခဏတာစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
စုမင်က ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး ဖောက်ထွင်းမြင်ရသော တောင်ကျောက်တုံးကို ပုတ်လိုက်ရာ တောင်ကြောပေါ်ရှိ ချိပ်တံဆိပ်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် စုမင်က အနက်ရောင်လူတူလေးပေါ်တွင် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ခဲ့သည်။ သတ္တဝါက တောင်ထဲမှ ပျံထွက်လာခဲ့သည်။
ထွက်လာသည်နှင့် တပြိုင်နက် ခေါင်းကို မော့ကာ ကောင်းကင်ဆီသို့ စူးစူးဝါးဝါး ဟောက်သံများ ထွက်လာသည်။အနက်ရောက်လူတူလေးက ယခင်အတိုင်းပင် ရှိနေသော စုမင်ဆီသို့ အေးစက်စွာ ကြည့်လိုက်မိသည်။
လူတူလေးက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး စုမင်ဆီသို့ ၎င်း၏ လက်ဖဝါးကို လက်သီးဖြင့် ပတ်ထားသည်။
“မင်းရဲ့စကားတွေကို ငါယုံလိုက်မယ်.. မင်းရဲ့ရန်သူလည်း မဖြစ်ချင်ဘူး..ငါတို့နှစ်ယောက်ရဲ့ ရည်မှန်းချက်တွေက အတူတူပဲ.. ငါတို့နှစ်ယောက်စလုံး ဒီနေရာက ထွက်သွားချင်ကြတယ်..”
သူစကားပြောပြီးနောက် တစ်လှမ်းချင်း လေထဲသို့ ပျောက်ကွယ်သွားတော့ စုမင် ၏ မျက်လုံးများမှ ပျောက်ကွယ်သွားသည်။
စုမင်က နယ်မြေတစ်လျှောက်တွင် သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သော်လည်း ချိတ်တံဆိပ်တစ်ခုအဖြစ် ဟန်ပြထားသည့် သတ္တဝါပေါ်တွင် သူ့စိတ်ဆန္ဒကို မထားခဲ့ပါက၊ ၎င်းကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။
ဤသည်မှာ တိထျန်းအတွက် ပြင်ဆင်သော တတိယမြောက် ဆုမွန်ဖြစ်သည်။
“ဒီ တိထျန်း...”
စုမင်က ညာလက်ကို မြှောက်လိုက်ပြီး လက်မောင်းကို လွှဲယမ်းလိုက်သည်။ ချက်ချင်းပင် မဟာယွီပြည်ထောင်၏ ဘုံဗိမာန်များမှ အပျက်အစီးအပိုင်းအစများ သူ့ရှေ့တွင် ပေါ်လာသည်။ သူ အေးခဲ လောကမှာရှိစဉ် ထိုပစ္စည်းကို ရခဲ့သည်။ ထွက်လာတဲ့အခါ ညာဘက်လက်ကို ဖိပြီး သူ့ပတ်ပတ်လည်က မြက်ခင်းပြင်က ချက်ချင်းဆိုသလို ဖုံးအုပ်သွားပါတယ်။
စုမင်၏ နတ်ဘုရားအာရုံက အပျက်အစီးများနှင့် ဆက်စပ်နေပါသည်။ သူက ကောက်ညှင်းလမုန့်ကျွန်းတွင် အဖိုးအိုမိုလော့ကို ပထမဆုံး တိုက်ခိုက်သောအခါတွင် မဟာယွီနန်းတော်၏ လှည့်စားမှုကို ထုတ်ဆောင်ရန် သူအသုံးပြုခဲ့သောစွမ်းရည်နှင့် ပတ်သက်၍ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင်၊ သူက စမ်းသပ်မှုအချို့ပြုလုပ်ပြီး ယခင်က မဟာယွီပြည်သို့ သူသွားခဲ့ဖူးကြောင်း မှတ်သားထားကာ၊ ဤထင်ယောင်ထင်မှားကို အသက်သွင်းပါက ကြီးမြတ်လိမ့်မည်မှာ သေချာပါသည်။
ဤသည်ကား သူပြင်ဆင်သော စတုတ္ထလက်နက်ဖြစ်သည်။
စုမင်က ဤအရာများအားလုံးကို ပြီးသည်နှင့်တစ်ပြိုင်နက် သူသက ဓားရှည်ကို ထုတ်ပြီး ခေတ္တတိတ်ဆိတ်သွားခဲ့သည်။ သူ့မျက်လုံးထဲမှာ တုံ့ဆိုင်းနေသောအငွေ့အသက်များ ပေါ်လာသည်။ မကြာခင်မှာ ပျောက်ကွယ်သွားပြီး လေးနက်
သော အမူအရာက အစားထိုးလာသည်။ သူ့ညာလက်က ဓားကို ကိုင်ထားရင်း ဘယ်လက်ကို မြှောက်လိုက်ပြီး ဓားသွားကို အသာအယာ ပွတ်တိုက်လိုက်သည်။ ထိုသို့လုပ်လိုက်သည်နှင့် သူ့မျက်လုံးထဲမှာ ထူးဆန်းသော အလင်းတန်းတစ်ခု ပေါ်လာပြီး ရှုပ်ထွေးသော အသံထွက် စကားလုံးများက သူ့ပါးစပ်က ထွက်လာတယ်။ ဓားသွားကို လက်ညှိုးဖြင့် ဖြည်းညှင်းစွာ ပေါင်းစပ်ရန် သူ၏ အခြေတည်သော နတ်ဘုရားကိုပင် ဖြန့်ကျက်ထားခဲ့သည်။
သေးငယ်သော ဓားရှည်က တုန်လှုပ်သွားပြီး စူးရှသော ဝီစီသံကို ထုတ်လွှတ်လိုက်သည်။ ခဏအကြာတွင် ၎င်း၏ဓားမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြေကွဲဝမ်းနည်းမှု လေလှိုင်းသည် ဓားအတွင်းမှ ပျံ့နှံ့သွားသည်။ ထိုတည်ရှိမှုက စုမင်နှင့် ခွဲခွာရန် တွန့်ဆုတ်ခြင်းနှင့်အတူ ချစ်ခင်တွယ်တာမှုဖြင့် ပြည့်နှက်နေသည်...
ဤသည်မှာ တိထျန်းအတွက် ပြင်ဆင်ထားသော ပဉ္စမမြောက်လက်နက် ဖြစ်သည်။
ဟုန်လော့ထံမှ ရရှိသော အထူးနည်းလမ်းဖြင့်၊ သူက ဤဓားကို ဓားကို လွှဲယမ်းလိုက်သောအခါ ၎င်း၏ ဝိညာဉ် စွမ်းအားများ ထွက်ပေါ်စေမည်ဖြစ်သည်။