← Chapters

အပိုင်း(၈၈၆)

Vol. 64 Ch. 886

အပိုင်း(၈၈၆)

Vol. 64 Ch. 886

သွေးစက်ကျချောက်ကမ်းပါး ....

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့က ဓားများ၏မှတ်ဉာဏ်ကို ကြည့်မထားခဲ့လျှင် သွေးစက်ကျချောက်ကမ်းပါးကို သိမည်မဟုတ်ပေ။

သူက ဝိညာဉ်ရတနာဓားတစ်လက်၏ မှတ်ဉာဏ်ထဲတွင် သွေးစက်ကျချောက်ကမ်းပါးကို မြင်ခဲ့ရသည်။

ထိုနေရာသည် မတူညီသော အင်မော်တယ်ကမ္ဘာများ၏ စစ်မြေပြင်ဖြစ်သည်။ လေဟာနယ်သားရဲများကလည်း ထူးခြားသောနေရာများမှတစ်ဆင့် အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်လာကြလိမ့်မည်။

သွေးစက်ကျချောက်ကမ်းပါး၊ ဝိညာဉ်ဖြတ်တောင်ကြား၊ သင်္ချိုင်းအင်မော်တယ်မြို့တော် ....

အဓိကအင်အားစုကြီးများက အားထုတ်ပြီး ထိုစစ်မြေပြင်သုံးခုကို ကာကွယ်ပေးထားကြသည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကောင်းကင်အင်မော်တယ်နှင့် ရွှေအင်မော်တယ်အများစုသည် ထိုနေရာသုံးခုတွင် အခြေချနေကြသည်။

လူတစ်ယောက်သည် ခွန်အားနှင့်လိုက်ဖက်သော တာဝန်ကို ထမ်းဆောင်ထားရသည်။

အဓိကအင်အားစုကြီးများ၏ ကံကြမ္မာသည် ဖူယွီအင်မော်တယ်ကမ္ဘာနှင့် ချိတ်ဆက်နေသည်။ အကယ်၍ ဤကမ္ဘာက ကျူးကျော်ခံရလျှင် သူတို့က အရင်ဆုံး ခံစားရလိမ့်မည်။

ကောင်းကင်အင်မော်တယ်များ၏ ကျင့်ကြံခြင်းသည် ကောင်းကင်တာအိုနှင့် ဆက်နွယ်နေသည်။ အကယ်၍ ကောင်းကင်တာအိုက ဆင့်ခေါ်ခဲ့လျှင် သူတို့က မငြင်းဆန်နိုင်ပေ။

“မူရုံမိသားစုရဲ့ အကြီးအကဲသုံးရာကျော်က သွေးစက်ကျချောက်ကမ်းပါးကို ရောက်သွားကြတယ်။ သွေးမျိုးဆက်တံဆိပ်ပြားကနေတစ်ဆင့် အာရုံခံနိုင်တာ ဆယ့်တစ်ယောက်ပဲ ကျန်တော့တယ်”

မူရုံချီက မျှော်လင့်ချက်ကင်းမဲ့နေပုံရသည်။

မူရုံမိသားစု၏ ကျွမ်းကျင်သူများသည် သွေးစက်ကျချောက်ကမ်းပါးတွင် ကျဆုံးသွားကြသည်။ သူတို့က ပြန်လည်တိုးတက်လာရန် မဖြစ်နိုင်တော့ပေ။

“ငါက သွေးစက်ကျချောက်ကမ်းပါးကို ရောက်သွားရင် မူရုံမိသားစုရဲ့ အကြီးအကဲတွေကို ရှာပေးမယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

လူသားလောကတွင် အမတ်ချုပ်ကြီးဝမ်နှင့် ဆုံတွေ့ခဲ့သောကြောင့် မူရုံမိသားစုနှင့် ကံကြမ္မာပတ်သတ်မှု ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် သူက ဖူယွမ်မြို့သို့ ရောက်လာသည်။ သူက လှုပ်ရှားလိုက်ပြီဖြစ်သောကြောင့် လမ်းတစ်ဝက်တွင် ရပ်တန့်သွားမည်မဟုတ်ပေ။

“ငါက ဖူယွမ်မြို့မှာ ခဏနေမယ်။ မင်းတို့ မူရုံမိသားစုက ထွက်သွားချင်တယ်ဆိုရင် ငါနဲ့အတူ ယွင်လန်မြို့ကို လိုက်ခဲ့ပါ”

ဟန်မူယဲ့က ပြောလိုက်သည်။

ကျွမ်းကျင်သူများ မရှိခဲ့လျှင် မူရုံမိသားစုက တိုးတက်နိုင်ရန် ခက်ခဲလိမ့်မည်။ သူတို့၏ အမွေအနှစ်ကလည်း ပျက်စီးသွားနိုင်သည်။

ယွင်လန်မြို့သို့ ခေါ်သွားလျှင် ပိုကောင်းသည်။

မူရုံချီက ချက်ချင်းသဘောမတူလိုက်ပေ။ မိသားစုနှင့် ဆွေးနွေးကြည့်မည်ဟု ပြောခဲ့သည်။

ဟန်မူယဲ့က တွန်းအားမပေးဘဲ သီးသန့်ကျင့်ကြံနေခဲ့သည်။

မူရုံချီက ဆုံးဖြတ်ချက်ပြတ်သားလျှင် မြေကမ္ဘာအင်မော်တယ်အဖြစ် ရှိနေမည်မဟုတ်ပေ။

ဟန်မူယဲ့က တာအိုကျင့်ကြံသူများနှင့် တိုက်ပွဲမှ အကျိုးအမြတ်ရခဲ့သည်။

အကြီးမားဆုံး အကျိုးအမြတ်သည် ဓားတာအိုကို လေ့ကျင့်နိုင်ခြင်း ဖြစ်သည်။

သူက ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်လာပြီး ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခဲ့သည်။

ချီစွမ်းအင်နှင့် အင်မော်တယ်စွမ်းအင်ကို ပြိုင်တူကျင့်ကြံပြီး ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်လာသောကြောင့် သူက အဆပေါင်းများစွာ ခွန်အားတိုးလာသည်။

ကိုယ်ပိုင်စွမ်းအားကိုပင် မခန့်မှန်းနိုင်တော့ပေ။

သူက လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်အင်မော်တယ်ကိုပင် အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသည်။

သို့သော် ရွှေအင်မော်တယ်နှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေသေးသည်။

သူက ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်း တိုးတက်လာသောကြောင့် ပျော်ရွှင်နေသည်။

သုံးနှစ်ကြာအောင် တံခါးပိတ်ကျင့်ကြံပြီး ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်လာခြင်းသည် လွတ်မြောက်ခြင်းလမ်းစဉ်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် လျှောက်လှမ်းပြီး အဆင့်မတက်နိုင်သေးသော အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် ယှဉ်ကြည့်လိုက်လျှင် အလွန်ကံကောင်းသည်။

ထိုသို့ ထူးခြားသော ကျင့်ကြံခြင်းကြောင့် ဟန်မူယဲ့က အားနည်းချက်ကိုလည်း အာရုံခံမိသည်။

သူ၏ အနာဂတ်ကျင့်ကြံခြင်းသည် တခြားလူများထက် ပိုမိုခက်ခဲလိမ့်မည်။

အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်တာအိုက ကပ်ဘေးကို စေလွှတ်လိမ့်မည်။

ကံကောင်းစွာဖြင့် သူက ဓားအင်မော်တယ်တစ်ယောက် ဖြစ်နေသည်။

မရေမတွက်နိုင်သော ကပ်ဘေးများကို ဓားတစ်ချက်ဖြင့် ကျော်ဖြတ်နိုင်သည်။

“ဘုန်း”

ကောင်းကင်ထက်တွင် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။ တာအိုနည်းစနစ်ကြောင့် ဖြစ်ပေါ်လာခဲ့သည်။

ကျင့်ကြံနေသော ဟန်မူယဲ့က ပျံသန်းထွက်လာသည်။

ကောင်းကင်ထက်တွင် မူရုံချီ၏ ပေတစ်ထောင်ရှည်လျားသော အစိမ်းရောင်ဓားအလင်းက မှိန်ဖျော့သွားသည်။ သူ့ရှေ့တွင်ရှိသော အလင်းလွှာက ပျက်စီးသွားခဲ့သည်။

မူရုံချီက ဖြူဖျော့နေသော မျက်နှာထားဖြင့် နောက်ဆုတ်လာသည်။ ဒါဇင်ချီနေသော အင်မော်တယ်အလင်းများက ကြိုးအဖြစ် ပြောင်းလဲပြီး ကျဆင်းလာကြသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်မြှောက်သည်။

“ခလွမ် ....”

ဓားမြည်သံ ပေါ်ထွက်လာသည်။ ဓားအလင်းက ကြိုးများကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။

မူရုံချီက ဦးညွတ်၍ အရိုအသေပေးတော့မည့်အချိန်တွင် ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ဓားအလင်း ပေါ်ထွက်လာသည်။

ကြည်လင်သော ဓားအလင်းသည် လေထုကို ခုတ်ချလိုက်သည်။

“တိမ်တိုက်တွေစုစည်းပြီး လေဝဲဖြစ်ပေါ်လာတယ်”

“သဏ္ဍာန်မဲ့ဓားချက်”

သတ်ဖြတ်ခြင်းဆန္ဒနှင့် ဓားဆန္ဒက ချက်ချင်း ပေါင်းစပ်သွားသည်။

တိမ်တိုက်များက ဓားတစ်လက်အဖြစ် ပြောင်းလဲပြီး ဟန်မူယဲ့၏ ဓားအလင်းနှင့် ပေါင်းစပ်သွားသည်။ ဓားက တစ်ချက်လှုပ်ရှားလိုက်ပြီး သွေးမြူခိုးများကို ပေါ်ထွက်လာစေသည်။

“ဘန်း”

ကမ္ဘာငယ်တစ်ခု ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ရတနာများ ပြုတ်ကျလာကြသည်။

မူရုံချီက မျက်လုံးပြူးနေပြီး ဓားတစ်ချက်တည်းဖြင့် ကမ္ဘာငယ်အား ဖျက်ဆီးလိုက်သော ဟန်မူယဲ့ကို ကြည့်သည်။

‘ဘယ်လိုဓားအင်မော်တယ်က လေဟာနယ်လမ်းကြောင်းအဆင့် ကောင်းကင်အင်မော်တယ်ကို ခွေးတစ်ကောင်လိုမျိုး သတ်ပစ်နိုင်တာလဲ’

ယွင်လန်ဓားအင်မော်တယ်က အလွန်သန်မာကြောင်း သူသိထားသော်လည်း ကိုယ်တိုင်မြင်လိုက်ရသောအခါတွင် ထိတ်လန့်သွားသည်။

ဖူယွမ်မြို့တွင် မူရုံမိသားစု၏ တပည့်များနှင့် တခြားကျင့်ကြံသူများက ရတနာများကို လိုက်ဖမ်းနေကြသည်။

ကျွမ်းကျင်သူတစ်ယောက်၏ ကမ္ဘာငယ် ပျက်စီးသွားလျှင် အခွင့်အရေးများ ပေါ်လာလိမ့်မည်။

“ငါဒီမှာရှိနေတာကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာပြီးတိုက်ခိုက်ရဲတယ်ပေါ့။ သေသင့်တယ်”

ဟန်မူယဲ့က တည်ငြိမ်‌သောမျက်နှာထားဖြင့် ပြောသည်။ သူက ဓားရိုးကို ကိုင်ထားပြီး သတ်ဖြတ်ခြင်းဆန္ဒကို ပြန်လည်သိမ်းဆည်းသည်။

သူက တရားမျှတမှုကို စောင့်ထိန်းရန်အတွက် သတ်ဖြတ်ခြင်းကို အသုံးပြုသည်။

စုစည်းလာသော သတ်ဖြတ်ခြင်းဆန္ဒကြောင့် သူ၏ တိုက်ခိုက်လိုစိတ်က ပိုမိုပြင်းထန်လာသည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူက တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်လိုက်သည်။ ဓားဆန္ဒက လှည့်ပတ်နေပြီး သူ့အငွေ့အသက်က တည်ငြိမ်သွားသည်။

သူက အပြုံးတစ်ခုနှင့်အတူ ကောင်းကင်ကို မော့ကြည့်သည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် သူ့စိတ်ကို တိတ်တဆိတ် သက်ရောက်နေသည်။

သို့သော် သူ၏ နတ်ဘုရားဝိညာဉ်က သန်မာပြီး ဓားဆန္ဒက ကြံ့ခိုင်သောကြောင့် ပြင်ပလွှမ်းမိုးမှုကို ခံရမည်မဟုတ်ပေ။

သူက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး သီးသန့်ကျင့်ကြံနေသောနေရာသို့ ပြန်ရောက်သွားသည်။

သုံးရက်အတွင်း၌ ကျွမ်းကျင်သူအမျိုးမျိုး ရောက်လာကြသည်။ တချို့က တိုက်ရိုက်တိုက်ခိုက်ပြီး တချို့က ကြမ်းတမ်းသောစကားလုံးများဖြင့် ခြိမ်းခြောက်နေကြသည်။

ဟန်မူယဲ့က တိုက်ခိုက်လာသောလူများကို ယဉ််ကျေးမနေပဲ ဓားတစ်ချက်ဖြင့် သတ်ဖြတ်ပေးခဲ့သည်။

ပေါက်ကရစကားများ အလွန်အကျွံ့ပြောလာလျှင် သူက သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်‌ဖော်ပြီး ထိုလူများကို အမြီးကုပ်လျက် ထွက်ပြေးသွားစေသည်။

ဖူယွမ်မြို့တွင် မူရုံမိသားစုက ပြန်လည်အသက်ဝင်လာသည်ဟု သတင်းများပြန့်နေသည်။ ကျွမ်းကျင်သူတစ်ယောက်က မူရုံမိသားစုကို စောင့်ရှောက်ပေးနေပြီး မည်သူမှ ရန်မစရဲကြပေ။

မူရုံမိသားစု၏ တပည့်များက ပျော်ရွှင်နေကြသည်။

သို့သော် မူရုံချီ၊ မူရုံဖူနှင့် တခြားလူများက စိုးရိမ်နေကြသည်။

“ဦးလေးချီ၊ ကျွန်တော်တို့ ထပ်ပြီး မခုခံနိုင်တော့ဘူး”

မူရုံဖူက တီးတိုးပြောလိုက်ပြီး ခန်းဆောင်၏ရှေ့တွင် ရပ်နေသော မူရုံချီကို ကြည့်သည်။

ဆံပင်ဖြူနေသော အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။

မူရုံချီက ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“မူရုံမိသားစုက ဖူယွမ်မြို့မှာ နှစ်ပေါင်းတစ်သိန်းကျော် နေထိုင်ခဲ့တယ်။ အခု ထွက်သွားဖို့ အချိန်ကျပြီပဲ”

သူက ခန်းဆောင်၏ထိပ်ဆုံးတွင်ရှိသော အထိမ်းအမှတ်ကျောက်တိုင်များကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မူရုံချီက အသုံးမကျပါဘူး။ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးကြိုးစားရုံပဲ တတ်နိုင်ပါတယ်”

ခန်းဆောင်ထဲတွင် လူတိုင်း၏မျက်နှာထားက လေးနက်နေကြသည်။

လွန်ခဲ့သောသုံးရက်တွင် ကျွမ်းကျင်သူအများအပြားက တိုက်ခိုက်ခဲ့ကြသည်။ မူရုံမိသားစုအတွက် လွတ်မြောက်ရာလမ်း မရှိတော့ပေ။

ဖူယွမ်မြို့တွင် ဆက်ရှိနေလျှင် မိသားစုတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

အသက်ရှင်ရန်အတွက် ယွင်လန်ဓားအင်မော်တယ်နှင့်အတူ တောရိုင်းမြေသို့ လိုက်သွားရုံသာ တတ်နိုင်သည်။

“တာအိုတန်ခိုးရှင်ကျူးယွင်က ငါတို့ကို လွယ်လွယ်လေး လွှတ်မပေးလောက်ဘူး”

ဆံပင်ဖြူနှင့် အကြီးအကဲတစ်ယောက်က စိုးရိမ်နေပုံပေါ်သည်။

သူတို့က ဟန်ဆောင်ယဉ်ကျေးမှုများအားလုံးကို ခွာချခဲ့သည်။ မူရုံမိသားစုက လုံခြုံစွာထွက်သွားနိုင်ရန် ခက်ခဲလိမ့်မည်။

ဟန်မူယဲ့က မူရုံမိသားစု၏ အစီအစဉ်ကို ငြင်းပယ်မည်မဟုတ်ပေ။

မိသားစုတစ်ခု ဆက်လက်ရှင်သန်ရန်အတွက် အရှက်ရမှုကို သည်းခံပြီး ထွက်ပြေးခြင်းသည် ကောင်းမွန်သောရွေးချယ်မှု ဖြစ်သည်။

မူရုံချီ၊ မူရုံဖူနှင့် တခြားလူများက တောရိုင်းမြေသို့ ခေါ်သွားပေးရန် တောင်းဆိုလိုက်သောအခါတွင် ဓားကို သန့်ရှင်းရေးလုပ်နေသော ဟန်မူယဲ့က ပေါ့ပါးစွာ ပြောလိုက်သည်။

“ကောင်းပြီ”

....

“မူရုံမိသားစုက သင်္ဘောပျံနဲ့ ဖူယွမ်မြို့ကနေ တောရိုင်းမြေကို ထွက်သွားတာလား”

စန်းလင်မြို့တော်၏ မြို့သခင်ခန်းဆောင်တွင် အစိမ်းရောင်ဝတ်စုံနှင့် ခရမ်းရောင်သရဖူတစ်ခုကို ဝတ်ဆင်ထားသော တာအိုတန်ခိုးရှင်က မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ စကားသံကြောင့် ခန်းဆောင်၏လေထုက တင်းကျပ်လာသည်ဟု လူတိုင်းက ခံစားလိုက်ရသည်။

ဖိနှိပ်နိုင်သောစွမ်းအားတစ်ခု ပေါ်ထွက်လာသည်။

“မူရုံမိသားစုက ငါတို့ တိမ်မြူတာအိုဂိုဏ်းရဲ့ လက်အောက်မှာ နှစ်သိန်းချီကြာအောင် တည်ရှိခဲ့တယ်။ ဒီလိုမျိုး ထွက်ပြေးတာက တာအိုဂိုဏ်းကို သစ္စာဖောက်လိုက်တာပဲ”

လေးထောင့်ကျ‌သောမျက်နှာနှင့် မုတ်ဆိတ်မွေးများရှိသော လူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။

သူ့ဘေးတွင်ရှိသော အစိမ်းပုပ်ရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဆက်ပြောသည်။

“စောင့်ရှောက်သူသခင်၊ ဒါက ပုန်ကန်မှုပါပဲ”

ခန်းဆောင်ထဲတွင် ထူးခြားသောကိုယ်ဟန်နှင့် ကျင့်ကြံသူများက ပြောလိုက်ကြသည်။

ထိုလူများက ‌ဖြောင့်မတ်သောပုံစံဖြင့် မူရုံမိသားစုကို သတ်ဖြတ်ရန် စစ်တပ်များကို ချက်ချင်းစေလွှတ်တော့မည်ဟု ထင်ရသည်။

“မူရုံမိသားစုက တာအိုဂိုဏ်းရဲ့ လက်အောက်ခံမိသားစုတစ်ခု ဖြစ်ခဲ့တယ်။ အခု သူတို့က ရွေးချယ်စရာမရှိပဲ ထွက်ပြေးသွားရပြီ။ ငါ့ရဲ့ စီမံအုပ်ချုပ်မှုက မသင့်တော်တဲ့အတွက် ပုန်ကန်မှုဖြစ်စေခဲ့တယ်လို့ ညွှန်ပြချင်တာလား”

တာအိုတန်ခိုးရှင်က တည်ငြိမ်စွာပြောလိုက်သည်။

ခန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်းက ကြောင်အသွားကြသည်။

“စောင့်ရှောက်သူသခင်က သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား”

စကားပြောခဲ့သော ဆံပင်ဖြူလူအိုကြီးက ရေရွတ်လိုက်သည်။

မြို့သုံးမြို့ကို ထိန်းချုပ်ထားသော တာအိုတန်ခိုးရှင်ကျူးယွင်က လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး တိမ်မြူတာအိုဂိုဏ်း၏ လက်ရွေးစင်လည်း ဖြစ်သည်။

‘ဒီလိုလူမျိုး မူရုံမိသားစုကို မတိုက်ခိုက်ရဲဘူးလား’

“လွှတ်ပေးလိုက်ရမှာလား”

ဆံပင်ဖြူလူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် တာအိုတန်ခိုးရှင်ကျူးယွင်က သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်လျက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်သည်။

“သူတို့က အသက်ရှင်လျက် ထွက်သွားနိုင်ရင် ငါက နိမ့်ကျတဲ့ မိသားစုလေးတစ်ခုကို ထိန်းသိမ်းမထားနိုင်ဘူးလို့ ဖြစ်သွားမှာပေါ့”

“မြို့သုံးမြို့ရဲ့နယ်မြေက ဖရိုဖရဲဖြစ်နေတယ်ဆိုရင်လည်း ပိုဆိုးသွားအောင် လုပ်လိုက်တာပေါ့”

“မူရုံမိသားစုက ဓားပြတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ တောရိုင်းမြေရဲ့ဓားပြတွေကို သတ်နိုင်ရင် အကျိုးဆောင်မှုတစ်ခု ဖြစ်သွားမှာပဲမဟုတ်လား”

တာအိုတန်ခိုးရှင်ကျူးယွင်က ခန်းဆောင်ထဲတွင်ရှိသော လူများကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

လူတိုင်းက ကျောရိုးတစ်လျှောက်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။

“ငါက မတော်တဆမှုတွေ အများကြီးဖြစ်သွားအောင် မလုပ်ပါဘူး။ ဂရုစိုက်ပြီး ဆောင်ရွက်မှာပါ”

သူက လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။

“သွားကြတော့”

All Chapters