အပိုင်း(၈၈၇)
Vol. 64 Ch. 887
တာအိုတန်ခိုးရှင်ကျူးယွင်က သူတို့ကို ဓားပြများအဖြစ် ဟန်ဆောင်ပြီး မူရုံမိသားစုကို သတ်ဖြတ်စေချင်သည်။
သူတို့က မူရုံမိသားစုကို သတ်ဖြတ်ပြီးသွားလျှင် တာအိုတန်ခိုးရှင်ကျူးယွင်က ကိုယ်တိုင်လှုပ်ရှားပြီး သူတို့ကို ဖိနှိပ်လိမ့်မည်။
သို့သော် ခန်းဆောင်ထဲတွင်ရှိသော လူများက မငြင်းဆန်နိုင်ရုံသာမက မေးခွန်းထုတ်ရန်ပင် မတတ်နိုင်ကြပေ။
တာအိုဂိုဏ်းသည် ကောင်းကင်ဘုံ ဖြစ်သည်။
စောင့်ရှောက်သူသခင်၏ စကားလုံးများသည် ကောင်းကင်အမိန့်စာ ဖြစ်သည်။
မည်သူက ကောင်းကင်ကို ဖီဆန်ရဲမည်နည်း။
တာအိုတန်ခိုးရှင်ကျူးယွင်က ကတိတည်ပြီး မတော်တဆမှုများကို လျော့ချပေးမည်ဟုသာ မျှော်လင့်နိုင်သည်။
....
မူရုံမိသားစုက ပေတစ်ထောင်ရှည်လျားသော သင်္ဘောပျံဆယ့်နှစ်စင်းနှင့်အတူ ထွက်လာကြသည်။
ဖူယွမ်မြို့မှ ထွက်လာချင်သော မူရုံမိသားစုဝင်များအားလုံး ပါလာကြသည်။
မူရုံချီက ကုန်းပတ်ပေါ်တွင်ရပ်နေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ယွင်လန်အကြီးအကဲ၊ ရွှေအပိုင်းအစမြို့မှာ မိုင်းတွင်းကိုစောင့်ကြပ်နေတဲ့ တပည့်တွေကိုခေါ်ပြီး မြန်မြန်ထွက်သွားကြရအောင်”
“မိုင်းတွင်းကိုတော့ အကြီးအကဲက သိမ်းယူနိုင်ပါတယ်”
မူရုံမိသားစုက ပြတ်သားပြီး မသယ်ဆောင်နိုင်သော အရာများအားလုံးကို ချန်ထားခဲ့သည်။
ထိုမိုင်းတွင်က ရွှေအပိုင်းအစမိုင်းတွင်းဖြစ်ပြီး ဟန်မူယဲ့က အနည်းငယ် စိတ်ဝင်စားမိသည်။
သူက ရွှေအပိုင်းအစပုရွတ်ဆိတ်များကို ပျိုးထောင်ပေးချင်သောကြောင့် ရွှေအပိုင်းအစသတ္တုများ ပိုရှိနေလျှင် ပိုကောင်းသည်။
မူရုံမိသားစုက သယ်မသွားနိုင်သော မိုင်းတွင်းကို ရက်ရောစွာ လက်လွှဲပေးနိုင်သည်။
သင်္ဘောပျံများက သိပ်မမြန်ပေ။ ကျင့်ကြံဆင့်နိမ့်ကျသော မိသားစုဝင်များက သင်္ဘောပျံ၏ အမြန်နှုန်းကို တောင့်ခံနိုင်ကြမည်မဟုတ်ပေ။
“ရှေ့မှာရှိတဲ့မြို့ကို တစ်ယောက်ယောက်က တိုက်ခိုက်နေတယ်”
ကုန်းပတ်ပေါ်တွင်ရပ်နေသော ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။ သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး ပြောသည်။
“သူတို့ကို အရင်သွားကယ်လိုက်။ ငါက သင်္ဘောပျံကို စောင့်နေမယ်”
အင်မော်တယ်အလင်းများသည် မြို့ထဲတွင် ပေါ်ထွက်လာကြသည်။ ဟန်မူယဲ့က တိုက်ခိုက်နေသော နတ်ဘုရားဘုရင်များကို မြင်ခဲ့သည်။
မူရုံမိသားစုတွင် အစစ်အမှန်ကျွမ်းကျင်သူများ မရှိသော်လည်း မူရုံချီနှင့် မိသားစုအကြီးအကဲများက ရတနာကို အသုံးပြုပြီး နတ်ဘုရားဘုရင်များကို ခုခံနိုင်ကြသည်။
ဟန်မူယဲ့က လုပ်စရာရှိသောကြောင့် သင်္ဘောပျံပေါ်မှ ထွက်မသွားနိုင်ပေ။
မူရုံချီနှင့် တခြားလူများက တုံ့ဆိုင်းမနေပေ။ သူတို့က ရွှေအပိုင်းအစမြို့သို့ ဦးတည်၍ ပျံသန်းသွားကြသည်။ ဟန်မူယဲ့က နောက်ကို လှည့်ကြည့်သည်။
ကောင်းကင်ထက်မှ လူသုံးယောက် ဆင်းသက်လာကြသည်။
“ဒီလိုကုန်သည်အဖွဲ့မျိုးကို တွေ့ရတာ ရှားပါးလွန်းတယ်။ ငါက အများကြီးမလိုချင်ပါဘူး။ သုံးပုံတစ်ပုံဆိုရင် ရပြီ”
မျက်နှာကို ဖုံးကွယ်ထားသော အနက်ရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။
“ဟားဟား၊ ငါလည်း သုံးပုံတစ်ပုံ လိုချင်တယ်”
လျှို့ဝှက်နည်းစနစ်ဖြင့် ဖုံးကွယ်ထားသော အိုမင်းနေသည့်အသံကို ကြားလိုက်ရသည်။
“ငါလည်း သုံးပုံတစ်ပုံ ယူမယ်”
အေးစက်နေသောအသံကို ကြားနိုင်သည်။
လူသုံးယောက် ရောက်လာပြီး သုံးပုံတစ်ပုံစီ ယူချင်ကြသည်။
မူရုံမိသားစုက ကြွယ်ဝမှုများအားလုံးကို ပေးအပ်ရမည့်ပုံပေါ်သည်။
‘လောကကြီးထဲမှာ ဒီလိုဓားပြတွေလည်း ရှိနေသေးတာလား’
ကောင်းကင်ထက်တွင် ပုံရိပ်ယောင်ဆန်သော ကမ္ဘာငယ်သုံးခု ပေါ်ထွက်လာသည်။
သူတို့က ကမ္ဘာငယ်များကို ယူလာကြသည်။
လေဟာနယ်လမ်းကြောင်းအဆင့် ကောင်းကင်အင်မော်တယ်သုံးဦး ....
‘ဓားပြတွေက ကောင်းကင်အင်မော်တယ်သုံးယောက်ကို စေလွှတ်နိုင်အောင် အားကောင်းနေပြီလား’
တိုက်ခိုက်ရန်ရောက်လာသော ကောင်းကင်အင်မော်တယ်သုံးယောက်ကို မြင်လိုက်ရသောအခါတွင် မူရုံမိသားစုဝင်များက မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။
လူတချို့က ကုန်းပတ်ပေါ်တွင်ရှိနေသော ဟန်မူယဲ့ကို ကြည့်သည်။ တချို့က ရွှေအပိုင်းအစမြို့သို့ ပြေးဝင်သွားသော အကြီးအကဲများကို ကြည့်သည်။
‘မိသားစုရဲ့ လက်ရွေးစင်တွေ ရှင်သန်နိုင်အောင်လို့ ငါတို့က အချိန်ဆွဲပြီး ငါးစာလုပ်ပေးရမှာလား’
“မူရုံမိသားစုရဲ့ သေခြင်းရှင်ခြင်းအတွက် အားလုံးပဲ တိုက်ခိုက်ကြ”
မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက သစ်သားတုတ်တစ်ချောင်းကို ကိုင်ထားပြီး ကောင်းကင်အင်မော်တယ်သုံးယောက်ဆီသို့ ပြေးဝင်သွားသည်။
သူက ဝိညာဉ်သူငယ် ပထမအဆင့်တွင်သာ ရှိနေသည်။
ကောင်းကင်အင်မော်တယ်များ၏ ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
ပုရွက်ဆိတ်ဖြစ်နေလျှင်လည်း အရေးမကြီးပေ။
မူရုံမိသားစုဝင် တစ်ရာခန့်က လူအိုကြီးနှင့်အတူ ပျံသန်းထွက်လာကြသည်။
ဝိညာဉ်သူငယ်အဆင့်၊ ရွှေအမြုတေအဆင့်၊ ဝိညာဉ်နိုးထခြင်းအဆင့် ....
အင်မော်တယ်အဆင့်၏ရှေ့တွင် ထိုကျင့်ကြံသူများအားလုံးက အရေးမပါကြပေ။
“ဖြောင့်မတ်တဲ့နှလုံးသားနဲ့ အသက်စွန့်နိုင်ကြတယ်”
ဟန်မူယဲ့က ကမ္ဘာငယ်များဆီသို့ ပြေးဝင်သွားသော မူရုံမိသားစုဝင်များကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
သူ့လက်ထဲတွင် ဓားတစ်လက်ပေါ်လာသည်။
ဓားအလင်းထဲတွင် သတ်ဖြတ်ခြင်းဆန္ဒ စုစည်းလာသည်။
“ဓားပြတွေက မကောင်းဆိုးရွားတွေပဲ။ သတ်ပစ်သင့်တယ်”
သတ်ဖြတ်ခြင်းဆန္ဒနှင့် ဓားဆန္ဒသည် ပေါင်းစပ်သွားသည်။
တိုက်ခိုက်ခြင်းဆန္ဒက ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုဆန္ဒများ၏ ပေါင်းစပ်မှုကြောင့် ဓားအင်မော်တယ်က ပြိုင်ဘက်ကင်းနေသည်။
ဓားအလင်းသည် ကုန်းပတ်ပေါ်တွင် ဖျတ်ခနဲလှုပ်ရှားသွားသည်။ ထို့နောက် ကမ္ဘာငယ်သုံးခုကို ထိုးဖောက်ပြီး ကောင်းကင်အင်မော်တယ်သုံးယောက်ကို ခုတ်ချလိုက်သည်။
အသက်စွန့်၍ တိုက်ခိုက်ရန်ကြံနေသော မူရုံမိသားစုဝင်များက မျက်လုံးပြူးသွားပြီး ပိုင်ရှင်မဲ့နေသော ကမ္ဘာငယ်များထဲသို့ ရောက်သွားကြသည်။
ဓားတစ်ချက်ဖြင့် လေဟာနယ်လမ်းကြောင်းအဆင့် ကောင်းကင်အင်မော်တယ်သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။
ဟန်မူယဲ့၏ဓားချက်ကြောင့် သင်္ဘောပျံဆယ့်နှစ်စင်းပေါ်တွင်ရှိသော မူရုံမိသားစုများက မျက်လုံးပြူးသွားကြသည်။
‘လောကမှာ ဒီလိုဓားအင်မော်တယ်မျိုး တကယ်ပဲရှိနေတာလား”
ဟန်မူယဲ့က ဓားကိုင်ထားပြီး ရပ်နေသည်။ သူ့ဓားမှ ထုတ်လွှတ်နေသော တိုက်ခိုက်ခြင်းဆန္ဒနှင့် သတ်ဖြတ်ခြင်းဆန္ဒသည် သူ့ခန္ဓာကိုယ်တွင်ရှိသော ဓားအလင်းကို လှုပ်ရှားနေစေသည်။
ဓားတစ်လက်ဖြင့် အမှန်တရားကို စောင့်ထိန်းမည်။
ဟန်မူယဲ့က ဓားတာအို၏ တက်ကြွလှုပ်ရှားနေသော စွမ်းအားကို ခံစားကြည့်နိုင်သည်။
ဆက်တိုက်စုစည်းလာသော စွမ်းအားများကြောင့် သူက ခေါင်းမော့ပြီး ဟိန်းဟောက်ချင်မိသည်။
ဓားတာအို၏ ကျင့်ကြံခြင်းနှင့် အခက်အခဲအမျိုးမျိုးသည် လက်ထဲတွင် ဓားကိုင်ထားပြီး နှလုံးသားထဲတွင်ရှိသော တာအိုကို စောင့်ကြပ်ရန်အတွက် ဖြစ်သည်။
ကောင်းကင်အထိ ထိုးတက်သွားသော ဓားအလင်းကို မိုင်တစ်ထောင်အကွာမှ မြင်နိုင်သည်။
ဆယ့်ငါးမိနစ်အကြာတွင် ကမ္ဘာငယ်သုံးခု ပျက်စီးသွားသည်။ ဟန်မူယဲ့က လေဟာနယ်စွမ်းအားများကို ရလိုက်ပြန်သည်။
ကမ္ဘာငယ်ထဲသို့ ဝင်သွားသော ကျင့်ကြံသူတစ်ရာခန့်က ပျော်ရွှင်နေကြသည်။ သူတို့က ဟန်မူယဲ့ကို ဦးညွတ်ပြီး ရရှိလာသော အကျိုးအမြတ်များကို သင်္ဘောပျံပေါ်တွင် ချထားလိုက်ကြသည်။
ထိုအချိန်တွင် မူရုံချီနှင့် တခြားလူများက ရွှေအပိုင်းအစမြို့မှ ပြန်ရောက်လာကြသည်။
မူရုံချီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဦးညွတ်သည်။
“ယွင်လန်အကြီးအကဲ၊ မူရုံမိသားစုရဲ့ တပည့်တွေအကုန်လုံးက ရွှေအပိုင်းအစမြို့ကနေ ပြန်ထွက်လာပါပြီ”
သူတို့က မိုင်တစ်ရာခန့်သာ ကွာဝေးသောကြောင့် ကမ္ဘာငယ်သုံးခုကို ဓားတစ်ချက်ဖြင့်ဖျက်ဆီးခဲ့သော ဟန်မူယဲ့၏အပြုအမူကို မြင်လိုက်ရသည်။
သူတို့က ဟန်မူယဲ့ကို ပိုမိုလေးစားလာကြသည်။
သူက ကောင်းကင်ကိုဆန့်ကျင်နေသော ဓားအင်မော်တယ်တစ်ယောက်ဖြစ်ပြီး မူရုံမိသားစု၏ ကံကြမ္မာသည် သူ့အပေါ်တွင် မှီခိုနေသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သင်္ဘောပျံပေါ်မှ ထွက်သွားသည်။
“မင်းတို့ အရင်သွားနှင့်ပါ။ ငါ့ကို စောင့်မနေနဲ့”
ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။
မူရုံချီက သင်္ဘောပျံ၏ထိပ်တွင်ရှိနေသော အစိမ်းရောင်ဓားရှည်ကို လှမ်းကြည့်သည်။
ဟန်မူယဲ့က အကာအကွယ်အတွက် ထိုဓားရှည်ကို ချန်ထားခဲ့သည်။
ဝိညာဉ်ရတနာဓားနှင့်တူသော ထိုဓားရှည်သည် ဟန်မူယဲ့၏ ဒုတိယမြောက် မူလဝိညာဉ်ဓားဖြစ်ကြောင်း တခြားလူများက မသိနိုင်ကြပေ။
ဟန်မူယဲ့က အင်မော်တယ်ကျင့်ကြံခြင်းကို အသုံးပြု၍ ထိုဓားကို စုစည်းခဲ့သည်။
“သွားကြစို့”
ဟန်မူယဲ့ထွက်သွားသောအခါတွင် မူရုံချီက ခေါင်းညိတ်လိုက်ပြီး လက်မြှောက်၍ သင်္ဘောပျံဆယ့်နှစ်စင်းကို ရှေ့ဆက်သွားရန် အချက်ပြသည်။
သူက သင်္ဘောပျံပေါ်တွင် ရှိနေသော ရတနာများကို အပြုံးတစ်ခုနှင့်အတူ ကြည့်သည်။
“အကြီးအကဲက မင်းတို့ကို အခွင့်အရေးပေးခဲ့တာပဲ။ ဒီရတနာတွေကို သိမ်းထားလိုက်ပါ”
ထိုရတနာများသည် ကောင်းကင်အင်မော်တယ်၏ ကမ္ဘာငယ်များထဲမှ ရောက်လာကြသည်။ သူတို့က အလွန်အဖိုးတန်သည်။
ယခင်ကဆိုလျှင် မူရုံချီက ထိုရတနာများကို မိသားစု၏ ရတနာတိုက်ထဲတွင် သိမ်းဆည်းထားလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူအသုံးပြုနိုင်သော ပစ္စည်းကသာ ရတနာဖြစ်သည်။ တခြားပစ္စည်းများက တန်ဖိုးမရှိတော့ပေ။
ထို့အပြင် ထိုရတနာများကို ယွင်လန်ဓားအင်မော်တယ်က ချီးမြှင့်ပေးခဲ့သည်။ သူက ထိုပစ္စည်းများကို မယူနိုင်ပေ။
မူရုံချီ၏စကားကြောင့် ကောင်းကင်အဆင့်နှင့် ကမ္ဘာမြေအဆင့်တွင် ရှိနေသော မိသားစုဝင်များက ပျော်ရွှင်သွားကြသည်။
ထိုရတနာများက သူတို့၏အနာဂတ်ကို လမ်းဖောက်ပေးနိုင်သည်။
သင်္ဘောပျံများက ရှေ့ဆက်သွားနေကြသည်။ ဟန်မူယဲ့က ရွှေအပိုင်းအစမိုင်းတွင်းဆီသို့ ရောက်လာသည်။
ယခင်က မြို့ထဲတွင် မူရုံမိသားစု၏ တပည့်များသာမက တခြားကျင့်ကြံသူများလည်း ရှိခဲ့သည်။
ဤနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အပျက်အစီးများက နေရာတိုင်းတွင် ရှိနေကြသည်။
ဟန်မူယဲ့က အချိန်ဆွဲမနေပဲ မိုင်းတွင်းထဲသို့ ဝင်သွားသည်။
မိုင်းတွင်းထဲတွင် သတ္တုအငွေ့အသက်ကို ခံစားကြည့်နိုင်သည်။
သူက ပေတစ်သိန်းအကွာသို့ ရောက်လာသောအခါ နေရာတိုင်းတွင်ရှိနေသော သတ္တုအပိုင်းအစများကို မြင်လိုက်ရသည်။
ပုံမှန်အတိုင်းဆိုလျှင် မူရုံမိသားစုက ဤမိုင်းတွင်းကို ဖြည်းဖြည်းချင်းတူးဖော်ပြီး ဝိညာဉ်ကျောက်တုံးများကို ရှာဖွေနိုင်လိမ့်မည်။
သို့သော် ယခုအချိန်တွင် ဟန်မူယဲ့က သတ္တုရိုင်းများအားလုံးကို ယူသွားတော့မည်။
သူက ရှေ့ဆက်သွားလိုက်သောအခါတွင် ပတ်ဝန်းကျင်က ပြိုကျသွားပြီး သတ္တုအပိုင်းအစများက စုပ်ယူခံလိုက်ရသည်။
အတွင်းပိုင်းသို့ရောက်လေ သတ္တုအပိုင်းအစများ ပိုများလေ ဖြစ်သည်။
ဤမိုင်းတွင်သည် သူစိတ်ကူးထားသည်ထက် ပိုမိုကြွယ်ဝနေသည်။
သူက မြေအောက်ပေတစ်ထောင်အကွာတွင် မိုင်သုံးထောင်ခန့်အထိ ဆက်သွားလိုက်ရပြီး သတ္တုများအားလုံးကို သိမ်းဆည်းနိုင်ခဲ့သည်။
ဤမိုင်းတွင်းသည် ယွင်လန်မြို့၏ အပြင်ဘက်တွင်ရှိသော မိုင်းတွင်းထက် အဆတစ်ရာခန့် ပိုမိုကြီးမားသည်။
ထို့ကြောင့် ပိုမိုများပြားသော ရွှေအပိုင်းအစပုရွက်ဆိတ်များကို ပျိုးထောင်ပေးနိုင်လိမ့်မည်။
ဟန်မူယဲ့အတွက် ရွှေအပိုင်းအစပုရွက်ဆိတ်များသည် ဝိညာဉ်စွမ်းအင်ကို ကိုယ်စားပြုသည်။
မိုင်းတွင်း၏အဆုံးတွင် ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ သူက ဓားအလင်းကို ထိန်းချုပ်၍ သင်္ဘောပျံဆယ့်နှစ်စင်းဆီသို့ ဦးတည်လာသည်။
ထိုအချိန်တွင် သင်္ဘောပျံများက မိုင်သုံးထောင်အကွာသို့ ရောက်နေပြီး အနက်ရောင်ဝတ်စုံများဖြင့် ရုပ်ဖျက်ထားသော ကျင့်ကြံသူများ၏ တားဆီးခြင်းကို ခံနေရသည်။
ထိုကျင့်ကြံသူများက အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က တာအိုဂိုဏ်းမှ ဖြစ်ကြသည်။
သူတို့၏ဝင်္ကပါက အစီအစဉ်တကျဖြစ်နေပြီး သွယ်ယှက်နေသော အင်မော်တယ်အလင်းက သင်္ဘောပျံများကို ဖြည်းဖြည်းချင်း ရပ်တန့်သွားစေခဲ့သည်။
သူတို့က တာအိုဂိုဏ်း၏ နည်းစနစ်ကို အသုံးပြုပြီး မူရုံမိသားစု၏ သင်္ဘောပျံများကို တိုက်ခိုက်ခဲ့ကြသည်။
အကယ်၍ သူတို့၏တိုက်ခိုက်မှု ကျဆင်းလာခဲ့လျှင် သင်္ဘောပျံဆယ့်နှစ်စင်းလုံး ပျက်စီးသွားပြီး မူရုံမိသားစုဝင်များက ရှင်သန်နိုင်တော့မည်မဟုတ်ပေ။
လူတိုင်းက ကျဆင်းလာသောဝင်္ကပါကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ သူတို့က ကုန်းပတ်ပေါ်တွင် လွင့်မျောနေသော ဓားရှည်ကို ကြည့်လိုက်သည်။
ယွင်လန်ဓားအင်မော်တယ်ကသာ သူတို့ကို ကယ်တင်နိုင်လိမ့်မည်။
“အကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါ”
ရှေ့ဆုံးတွင်ရပ်နေသော မူရုံချီက အံတင်းတင်းကြိတ်လိုက်ပြီး ဓားကို အော်ပြောသည်။
အစိမ်းရောင်ဓားရှည်က တုန်ခါသွားပြီး ဓားအလင်းကို ထုတ်လွှတ်သည်။
“တာအိုလမ်းစဉ်မှာ မကောင်းမှုကို ဖယ်ရှားမယ်”
“တရားမျှတမှုကို စောင့်ထိန်းထားပြီး ဓားချက်ကို ထုတ်ဖော်မယ်”
ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။
ခမ်းနားသောဓားအလင်းသည် ပေတစ်ထောင်အထိ ရှည်လျားနေပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
“ဓားကို တားလိုက်”
“ရုပ်ဝတ္ထုတစ်သောင်းရဲ့ သံလိုက်အစီအရင်”
“မိုးကြိုး”
တာအိုအင်အားစုက ဓားကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် အတွေ့အကြုံရှိသည်။
အင်မော်တယ်အလင်းစီးကြောင်းများသည် ဝင်္ကပါအဖြစ် စုစည်းလိုက်ပြီး သံလိုက်စွမ်းအားကို ထုတ်ဖော်၍ ဓားရှည်ကို တားဆီးသည်။
ရောင်စုံတိမ်တိုက်များသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး ဓားရှည်ကို တိုက်ခိုက်လိုက်သည်။
သို့သော် ဓားရှည်က မူလဝိညာဉ်ဓားဖြစ်သောကြောင့် သံလိုက်စွမ်းအားက အသုံးမဝင်ပေ။
အင်မော်တယ်အလင်းက ဖျတ်ခနဲ လှုပ်ရှားသွားသည်။
ဓားက သတ္တုများဖြင့် ဖန်တီးထားခြင်း မဟုတ်သောကြောင့် မိုးကြိုးလျှပ်စီးကိုလည်း မဖြစ်ပေါ်စေခဲ့ပေ။ ဓားရှည်က တိမ်တိုက်များကြားတွင် လှုပ်ရှားနေပြီး သင်္ဘောပျံများအား တိုက်ခိုက်လာသော ဝင်္ကပါကို ဖျက်ဆီးပစ်လိုက်သည်။
“အင်မော်တယ်ကို ဖိနှိပ်ပြီး ကပ်ဘေးကို လှုံ့ဆော်မယ်”
“လောကတစ်ခုလုံးကို ထိတ်လန့်သွားစေရမယ်”