← Chapters

အပိုင်း(၈၈၉)

Vol. 64 Ch. 889

အပိုင်း(၈၈၉)

Vol. 64 Ch. 889

ဟန်မူယဲ့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် သတ်ဖြတ်ခြင်းဆန္ဒကို ပိုင်ဆိုင်လာသည်။

သူက ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် တိုက်ခိုက်ချင်သည်။

ဓားကျင့်ကြံသူတစ်ယောက်သည် ထိုသို့ပင် ဖြစ်သင့်သည်။

သူကိုယ်တိုင်၊ မူလဝိညာဉ်နှင့် ဓားကြားတွင်ရှိနေသော မမြင်နိုင်သည့်အတားအဆီးက ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။

သူ့စိတ်ထဲတွင်ရှိနေသော မူလဝိညာဉ်ဓား၊ သူ့ဒန်ထျန်ထဲတွင်ရှိသော ဓားချီနှင့် ဓားဆန္ဒ၊ သူ့နောက်ကျော၏ ဓားအိမ်ထဲတွင်ရှိသော မရေမတွက်နိုင်သည့် ဓားရှည်များက ယခုအချိန်တွင် ညင်သာစွာ တုန်ခါသွားကြသည်။

သူတို့ကလည်း တိုက်ပွဲကို ဆာလောင်နေကြသည်။

“မူရုံမိသားစုက တာအိုဂိုဏ်းကို သစ္စာဖောက်ခဲ့တယ်။ ဒီနေ့မှာ ငါက သူတို့ကို ဖမ်းဆီးမယ်။ အပြစ်မရှိတဲ့လူတွေက ဘေးဖယ်နေပါ”

တိမ်တိုက်များထဲတွင် ချပ်ဝတ်နှင့်လူသန်ကြီးတစ်ယောက်က ရှေ့ထွက်လာပြီး အော်ပြောလိုက်သည်။ သူကိုင်ထားသော ပုဆိန်က အေးစက်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူ့နောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် တခြားလူသန်ကြီးများက ပုဆိန်များကို မြှောက်လိုက်ကြသည်။

သူတို့၏သွေးချီက သွယ်ယှက်နေပြီး ပေတစ်ထောင်ရှည်လျားသော အနက်ရောင်ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုကျားက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။

တာအိုစစ်သည်များ ....

သူတို့က ဝင်္ကပါကို အသုံးပြုပြီး အဆုံးမရှိသော တိုက်ခိုက်နိုင်စွမ်းကို ထုတ်လွှတ်နိုင်သည်။

တာအိုစစ်သည်များ ပေါ်လာသောကြောင့် နောက်ကွယ်တွင် တာအိုဂိုဏ်းမှ ကျွမ်းကျင်သူများ ရှိနေလိမ့်မည်။

အစိမ်းရောင်အင်မော်တယ်အလင်းသည် ရစ်ဝဲနေသည်။ အစိမ်းရောင်တာအိုဝတ်စုံနှင့် မုတ်ဆိတ်များရှိသော တာအိုတန်ခိုးရှင်တစ်ယောက်က ဝင်္ကပါ၏နောက်တွင် ရပ်နေသည်။ သူက မြင်းမြီးကြာပွတ်နှင့် ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ထားသည်။ ကျောက်စိမ်းပြားသုံးခုက သူ့ရှေ့တွင် လွင့်မျောနေကြသည်။

“ငါက ကျူးမူပဲ။ တာအိုဂိုဏ်းရဲ့ အမိန့်အရ ရောက်လာခဲ့တယ်”

တာအိုတန်ခိုးရှင်က ညင်သာစွာစကားပြောလိုက်ပြီး လက်မြှောက်သည်။

ကျောက်စိမ်းပြားတစ်ခုက ပျံသန်းထွက်လာပြီး အလင်းလွှာအဖြစ် ပြောင်းလဲ၍ မူရုံမိသားစု၏ သင်္ဘောပျံများအားလုံးကို လွှမ်းခြုံလိုက်သည်။

ထို့နောက် ဒုတိယမြောက် ကျောက်စိမ်းပြားက ပျံသန်းထွက်လာပြီး မရေမတွက်နိုင်သော အင်မော်တယ်အလင်းကို အသက်သွင်း၍ လေထုထဲတွင် လွင့်မျောနေသော မီးတောက်လှံရှည်များကို ဖြစ်ပေါ်စေသည်။

တတိယမြောက် ကျောက်စိမ်းပြားသည် အင်မော်တယ်လျှပ်စီးအဖြစ် စုစည်းသွားပြီး ပစ်မှတ်ကို ရွေးချယ်နေပုံပေါ်သည်။

ထိုအင်မော်တယ်လျှပ်စီးက ဝိညာဉ်အားဖျက်ဆီးနိုင်‌သော စွမ်းအားကို ထုတ်ဖော်ပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည်။ ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားလျှပ်စီး ဖြစ်သည်။

“တာအိုဂိုဏ်းရဲ့ သန့်စင်ခြင်းသုံးပါးအမိန့်စာက လေပြင်း၊ မီးတောက်နဲ့ မိုးကြိုးစွမ်းအားကို သယ်ဆောင်ထားတယ်။ သူတို့က တကယ်ပဲ ငါတို့မူရုံမိသားစုကို ဖျက်ဆီးချင်နေတယ် ....”

ကျောက်စိမ်းပြားများ၏စွမ်းရည်ကို မြင်လိုက်ရသောအခါတွင် မူရုံချီ၏ မျှော်လင့်ချက်ကင်းမဲ့သွားသည်။

သူတစ်ယောက်တည်းသာမဟုတ်ပေ။ သင်္ဘောပျံဆယ့်နှစ်စင်းလုံးတွင်ရှိသော မူရုံမိသားစုဝင်များက ဖြူဖျော့သွားကြသည်။

သူတို့က တာအိုဂိုဏ်းတွင် နေထိုင်ခဲ့သောကြောင့် တာအိုဂိုဏ်းကို နက်ရှိုင်းစွာ ကြောက်ရွံ့ကြသည်။

တာအိုဂိုဏ်း၏ သန့်စင်ခြင်းသုံးပါးအမိန့်စာမှ လွတ်မြောက်နိုင်သောလူ မရှိခဲ့ပေ။

မရေမတွက်နိုင်‌သော သမိုင်းကြောင်းတစ်လျှောက်တွင် လူအနည်းငယ်ကသာ သန့်စင်ခြင်းသုံးပါးအမိန့်စာ၏ စွမ်းအားကို ခံစားခဲ့ရသည်။

ထို့ကြောင့် မူရုံမိသားစုက ဂုဏ်ယူစွာ သေဆုံးသွားနိုင်သည်။

“ငါက မူရုံမိသားစုကို တောရိုင်းမြေရဲ့ ယွင်လန်မြို့ဆီ ခေါ်သွားမယ်လို့ ပြောခဲ့တယ်”

ဟန်မူယဲ့က တိုက်ခိုက်ခြင်းဆန္ဒနှင့် သတ်ဖြတ်ခြင်းဆန္ဒကို ဖိနှိပ်ထားသည်။ ဓားဆန္ဒကလည်း ပျောက်ကွယ်သွားပုံပေါ်သည်။

သူ့စကားသံက မိတ်ဆွေဟောင်းတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ တည်ငြိမ်နေသည်။

သို့သော် သူ့အသံက လေထုထဲတွင် ပဲ့တင်ထပ်နေပြီး အေးစက်မှုကို သယ်ဆောင်ထားသည်။

ထိုခံစားချက်က အလွန်ထူးဆန်းသည်။

တာအိုတန်ခိုးရှင်ကျူးမူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းပုလင်းက ပျံသန်းထွက်လာပြီး ရွှေရောင်မြစ်တစ်စင်းအဖြစ် ပြောင်းလဲ၍ သူ့ကို ရစ်ပတ်လိုက်သည်။

သူက စိတ်မချသေးပဲ လက်ထဲတွင်ရှိသော မြင်းမြီးကြာပွတ်ဖြင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသက်သွင်းလိုက်သည်။ သူ့ခေါင်းပေါ်တွင် ကမ္ဘာငယ်တစ်ခု ပေါ်လာသည်။

အင်မော်တယ်ရတနာနှစ်ခုကို ကိုင်ဆောင်ထားသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သူ့ကို မည်သူက တားနိုင်မည်နည်း။

“ငါက အမှန်တရားကို ဆုပ်ကိုင်ထားတဲ့အတွက် ငါ့နှလုံးသားက တောက်ပနေတယ်”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

သူ့အသံက ပုံရိပ်ယောင်ဆန်သော်လည်း ခိုင်မာသည်။

အလွန်ခိုင်မာနေသည်။

ထိုအချိန်တွင် အဆုံးမရှိသော ကောင်းကင်နှင့်မြေကြီးက သူ့စကားကြောင့် လှုပ်ရှားသွားပုံပေါ်ပြီး ရွှေကြာပန်းတစ်ခု ပွင့်လန်းလာသည်။

“တာအိုကိုဖန်တီးလိုက်တာက ဘယ်သူလဲ”

မိုင်သန်းချီအကွာတွင် ခေါင်းပေါ်၌ ရွှေရောင်ကြာတစ်ပွင့်ရှိနေသော တာအိုတန်ခိုးရှင်တစ်ယောက်က အသိဉာဏ်ပြည့်ဝနေသော မျက်လုံးများကို ဖွင့်လိုက်သည်။

“ကောင်းကင်ကိုဆန့်ကျင့်ပြီး အင်မော်တယ်ဖြစ်လာတယ်။ ဖြောင့်မတ်မှုကို ဆုပ်ကိုင်ထားတယ်။ ဘယ်သူက ဒီလိုအကျင့်စရိုက်မျိုးကို ပိုင်ဆိုင်တာလဲ”

အင်မော်တယ်ချီများဖြင့် ဝိုင်းရံထားသော အဝေးတစ်နေရာတွင် အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦးက ခန်းဆောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူက လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး တီးတိုးပြောသည်။

“တွက်ချက်ကြည့်လို မရဘူးလား”

“အဲဒါက ကောင်းကင်တာအိုရဲ့ ကာကွယ်မှုလား။ ဒါမှမဟုတ် ....”

တာအိုတန်ခိုးရှင်၏ မျက်လုံးများက မည်းမှောင်သွားပြီး လက်သီးဆုပ်ထားသည်။

“အင်မော်တယ်ကမ္ဘာမှာ နယ်မြေတစ်ခုရဲ့ အမိန့်အာဏာကို ပိုင်ဆိုင်ထားရင် အရမ်းအန္တရာယ်များတယ် ....”

“ကောင်းပြီလေ။ အခု ငါက နောက်ဆုတ်နေလိုက်မယ်”

....

ဟန်မူယဲ့၏စကားကြောင့် ကျွမ်းကျင်သူများကြားတွင် မရေမတွက်နိုင်သော ခန့်မှန်းချက်များ ပေါ်ထွက်လာခဲ့သည်။

ဟန်မူယဲ့က ထိုကိစ္စများနှင့်ပတ်သတ်၍ စိုးရိမ်မှုမရှိပေ။

သူက လောကစွမ်းအားနှင့် ထူးခြားစွာဆက်သွယ်နေသည်ဟု ခံစားလိုက်ရသည်။

သူက မယုံကြည်နိုင်ပေ။

ကောင်းကင်ကို ဆန့်ကျင်ပြီး အင်မော်တယ်ဖြစ်လာလျှင် ကပ်ဘေးများနှင့် ရင်ဆိုင်ရလိမ့်မည်။

ရွှေအင်မော်တယ် သို့မဟုတ် လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်မလာလျှင် ကောင်းကင်ကိုဆန့်ကျင့်ပြီး ကျင့်ကြံထားသော ကောင်းကင်အင်မော်တယ်များက လောက၏ကောင်းချီးကို မရနိုင်ပေ။

သို့သော် ယခုအချိန်တွင် ဟန်မူယဲ့က ရေလှိုင်းများသဖွယ် လှုပ်ရှားနေသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ရှင်းလင်းစွာ ခံစားနေရသည်။

‘ကောင်းကင်တာအိုက ရူးသွားတာလား’

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာသည်။

ကောင်းကင်တာအိုက ရူးသွပ်သွားခြင်းမဟုတ်ပေ။

ကိုယ်ပိုင်ရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။

ဖြောင့်မတ်မှုကို ထိန်းသိမ်းရန် ....

တာအိုကို လိုက်နာရန် ဖြစ်သည်။

ကောင်းကင်ကိုဆန့်ကျင်ပြီး အင်မော်တယ်အဖြစ် တက်လှမ်းခဲ့သည့်အတွက် ဖြစ်ပေါ်လာမည့်ကပ်ဘေးများအားလုံး ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားရှည်တွင် အင်မော်တယ်အလင်းကို စုစည်းသည်။

“ကောင်းကင်နဲ့မြေကြီးက အမှန်တရားကို စောင့်ထိန်းတယ်”

“ငါ့ဓားက ကောင်းကင်နဲ့မြေကြီးကို ထောက်ပံ့ပေးတယ်”

ကောင်းကင်က အမှန်တရားကို စောင့်ထိန်းထားပြီး ဓားက ကောင်းကင်နှင့်မြေကြီး၏လမ်းစဉ်ကို လျှောက်လှမ်းသည်။

ဟန်မူယဲ့၏အသံက ပဲ့တင်ထပ်သွားပြီး ဖူယွီအင်မော်တယ်ကမ္ဘာကို တုန်ခါသွားစေခဲ့သည်။

“ဓားကျင့်ကြံသူလား”

“ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်တာအိုက ရွေးချယ်မှုလုပ်လိုက်ပြီ”

“ဟမ့်၊ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ဒီကမ္ဘာရဲ့ အုပ်ချုပ်သူအသစ် ဖြစ်လာတော့မှာလား”

“အမှန်တရားကို စောင့်ထိန်းမယ်တဲ့လား။ တခြားလုပ်စရာ မရှိတော့ဘူးလား”

မရေမတွက်နိုင်‌သော ပုံရိပ်များက တီးတိုးပြောနေကြသည်။ အင်အားစုများက ထိတ်လန့်သွားကြသည်။ ဖူယွီအင်မော်တယ်ကမ္ဘာ၏ မဟာအကြံအစည်များအားလုံးသည် ဟန်မူယဲ့၏ တီးတိုးစကားသံကြောင့် ပြောင်းလဲသွားခဲ့သည်။

ဟန်မူယဲ့က ထိုအချက်ကို သတိမထားမိပေ။

သူက သတိထားမိလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။

သူက ဂရုစိုက်ရန် အဆင့်မမီသေးပေ။

သူက ဓားကိုင်ထားလျက် နေရာမှန်တွင် ရှိနေပြီး ကောင်းကင်နှင့်မြေကြီး လိုအပ်သော အကူပစ္စည်းတစ်ခု ဖြစ်လာရုံသာ ဖြစ်သည်။

သို့သော် သူက ကံကောင်းသွားသည်။ မရေမတွက်နိုင်သော လူများက မဟာတာအို၏ ကောင်းချီးပေးခြင်းကို လိုချင်နေကြသည်။

ရွှေအင်မော်တယ်များနှင့် ပိုမိုသန်မာသော ကျင့်ကြံသူများကပင် မဟာတာအိုကို အနီးကပ်‌လေ့လာနိုင်ရန် မျှော်လင့်ကြသည်။

“ဖြောင့်မတ်မှုကို စောင့်ထိန်းဖို့ မကောင်းမှုကို ရှင်းလင်းပစ်ရမယ်”

ဟန်မူယဲ့က ဓားဖြင့် ထိုးချလိုက်သည်။

ဓားအလင်းက တလက်လက်လှုပ်ရှားနေပြီး အစိမ်းရောင်အင်မော်တယ်အလင်းနှင့် ရောယှက်သွားသည်။ ထို့နောက် ကျောက်စိမ်းပြားမှ ဖြစ်ပေါ်လာသော အလင်းလွှာကို ထိုးခွဲပစ်လိုက်သည်။

“ဖောက်”

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ အလင်းလွှာက အသံတစ်ခုပေးလိုက်ပြီး ပျက်စီးသွားသည်။

ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးများက လှုပ်ရှားနေပြီး ဆင်းသက်လာကြသည်။

သို့သော် မိုးကြိုးအလင်းက ဓားအလင်းနှင့် ထိတွေ့သွားသောအခါတွင် ဓားအလင်းက ပျောက်ကွယ်မသွားပဲ မိုးကြိုးစွမ်းအားဖြင့် ပိုမိုအားကောင်းလာသည်။

ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းကို သယ်ဆောင်ထားသော ဓားက မိုးကြိုးစွမ်းအားကြောင့် ပျက်စီးသွားမည်မဟုတ်ပေ။

မိုးကြိုးလျှပ်စီးများက ဓားကို အလိုလျောက် ရစ်ပတ်လိုက်ကြသည်။

ဓားအလင်းက ပိုမိုခမ်းနားလာသည်။

“နောက်ဆုတ်”

တာအိုတန်ခိုးရှင်ကျူးမူက ထိတ်လန့်စွာ အော်ပြောသည်။

သူက ဉာဏ်နည်းသော ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

သူက တာအိုဂိုဏ်း၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သောကြောင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအား ပြောင်းလဲမှုကို တခြားလူများထက် ပိုမိုအာရုံခံနိုင်သည်။

ထိုအရာသည် သူရှုံးနိမ့်သွားခြင်းထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။

တာအိုဂိုဏ်းက ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ဆုံးရှုံးသွားနိုင်သည်။

“ဘုန်း”

ဓားရှည်က တိုက်ပွဲဝင်္ကပါ၏ အနက်ရောင်ကျားနှင့် ထိတွေ့သွားသည်။

အနက်ရောင်ကျားက နှစ်ပိုင်းပြတ်သွားသည်။

မရေမတွက်နိုင်သော သွေးနှင့်ချီများက ပြန့်ကျဲသွားကြသည်။

ဓားသည် သတ်ဖြတ်ခြင်းလက်နက်ဖြစ်ပြီး မရေမတွက်နိုင်သော သက်ရှိများကို သတ်ပစ်နိုင်သည်။

ဓားက တရားမျှတမှုကို လက်ခံထားပြီး မကောင်းသောလူများကို သတ်ဖြတ်ရန် ရည်ရွယ်သည်။

သွေးအလင်းက ပျောက်ကွယ်သွားပြီး ဓားအလင်းက မျက်လုံးနှင့်မကြည့်နိုင်အောင် တောက်ပလာသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်ကို တားဆီးနိုင်သော တိုက်ပွဲဝင်္ကပါသည် ဓားတစ်ချက်ကို မခုခံနိုင်ခဲ့ပေ။

တိုက်ပွဲကိုစောင့်ကြည့်နေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။

ထိုဓား၏စွမ်းအားသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

“အဲဒီဓားက ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုနဲ့ လိုက်ဖက်ညီနေတယ်”

“ရွှေအင်မော်တယ်တွေကပဲ တာအိုကို ဖန်တီးနိုင်တာဆို”

မိုင်ထောင်ချီအကွာတွင် လူတစ်ယောက်က မျက်လုံးပြူးသွားပြီး အော်ဟစ်လိုက်သည်။

တခြားလူများက တာအိုတန်ခိုးရှင်ကျူးမင်၏ အကာအကွယ်ကို ဖျက်ဆီးပြီး အပြင်းအထန် ဒဏ်ရာရသွားစေသော ဓားအလင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ထို့နောက် ဓားအလင်းက ဆက်လက်လှုပ်ရှားလိုက်ပြီး လေဟာနယ်ကို ထိုးခွဲ၍ ကမ္ဘာငယ်ထဲသို့ ဝင်သွားသည်။

“မဟာတာအိုက ကောင်းကင်ကို ပြုပြင်တယ်”

“အဲဒီဓားက မဟာတာအိုရဲ့ စွမ်းအားကို ရရှိထားတယ်။ ကမ္ဘာငယ်ကို ပစ်မှတ်ထားနေတာပဲ”

မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်၏ လက်များက တုန်ခါသွားသည်။ သူက မျက်လုံးပြူးနေသည်။

ယခုအချိန်တွင် ထိုဓားချက်ကို မြင်လိုက်ရသောလူတိုင်းက မနေနိုင်‌တော့ဘဲ တုန်ခါသွားကြသည်။

ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအား ဖြစ်သည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက ထိုဓားချက်ကို ခုခံနိုင်ကြမည်မဟုတ်ပေ။

မဟာတာအိုသည် ကမ္ဘာငယ်ကို ချိုးဖောက်နိုင်သည်။

ကမ္ဘာငယ်က လေဟာနယ်နှင့် တစ်သားတည်းဖြစ်နေပြီး လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်အင်‌မော်တယ်တစ်ယောက် ဖြစ်နေလျှင်တော့ အဆင်ပြေလိမ့်မည်။

သို့သော် ထိုကျွမ်းကျင်သူ၏ ကမ္ဘာငယ်ကပင် ထိုးဖောက်ခံရနိုင်သည်။

“သူက ဘယ်သူလဲ”

ထိုအချိန်တွင် လူတစ်ယောက်က မေးလိုက်သည်။

တာအိုဂိုဏ်းက မရေမတွက်နိုင်သော လက်ရွေးစင်များကို ပိုင်ဆိုင်ထားကြသည်။

သူတို့က နာမည်မရှိသော တခြာဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်ကို စိတ်မဝင်စားကြပေ။

“သူက ယွင်ထန့်တောရိုင်းမြေမှာ အသစ်ပေါ်လာတဲ့ ဓားကျွမ်းကျင်သူလို့ ပြောကြတယ်”

“သူ့ကို ယွင်လန်ဓားအင်မော်တယ်လို့ ခေါ်ကြတယ်”

“ယွင်လန်မြို့၊ ပြိုင်ဘက်ကင်းဟန်၊ ရှုံးပွဲမရှိတဲ့ ဓားကျွမ်းကျင်သူ”

“သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်တယ်”

ဟန်မူယဲ့က တာအိုတန်ခိုးရှင်ကျူးမူကို ဒဏ်ရာရသွားစေသောအချိန်တွင် သတင်းများ ပျံ့နှံ့လာခဲ့သည်။

တာအိုဂိုဏ်းသည် ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်သင့်သည်။ နေရာတိုင်းတွင်ရှိသော သတင်းများကို စုဆောင်းထားနိုင်သည်။

ဟန်မူယဲ့၏ အချက်အလက်အများစုကို နေ့တစ်ဝက်အတွင်း ရှာတွေ့သွားကြသည်။

All Chapters