← Chapters

အပိုင်း(၈၉၃)

Vol. 64 Ch. 893

အပိုင်း(၈၉၃)

Vol. 64 Ch. 893

ခမ်းနားသောခေတ်တစ်ခုကို ကိုယ်စားပြုနေသော ဓားတစ်လက်သည် အဆုံးမရှိသော အလင်းကို ခုခံနိုင်သည်။

ထိုဓားချက်က လျင်မြန်သည်။

လောကတွင် ဖြစ်နိုင်သမျှ အမြန်ဆုံးဖြစ်သည်။

ထိုဓားသည် ကြမ်းတမ်းသည်။

သတ်ဖြတ်ခြင်းဆန္ဒများအားလုံးသည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ထိုဓားသည် တိကျသည်။

မရေမတွက်နိုင်သော ဓားဆန္ဒများက လူတစ်ယောက်တည်းကိုသာ ဦးတည်ထားကြသည်။

ထိုဓားချက် ထွက်ပေါ်လာသောအခါတွင် စုယွင်ကျီ၏ မျက်နှာထားက ပြောင်းလဲသွားသည်။

ဓားအလင်းသည် သူ၏ဝိညာဉ်ကို ပစ်မှတ်ထားပြီး သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်သည်။

သူ စုယွင်ကျီက ပစ်မှတ်အထားခံရသောလူ ဖြစ်ခဲ့သည်။

ထိုဓားချက်၏ရှေ့တွင် သူ့ဝိညာဉ်က တုန်ခါသွားသည်။

သူနှလုံးသားထဲတွင်ရှိသော ကြောက်ရွံ့မှု ဖြစ်သည်။ သေဆုံးခြင်းကို ကြောက်ရွံ့သည်။

ထိုဓားကို ရပ်တန့်နိုင်မည်မဟုတ်ပေ။

ထိုဓားသည် သေဆုံးခြင်းကို ကိုယ်စားပြုသည်။

ယွင်လန်ဓားအင်မော်တယ်က မူရုံမိသားစုကို ငါးစာအဖြစ် အသုံးချပြီး အရေးကြီးသောအချိန်တွင် အစွမ်းကုန်သုံး၍ တိုက်ခိုက်ခဲ့သည်။ ထိုဓားချက်သည် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သေချာပေါက် ကျဆုံးသွားစေလိမ့်မည်။

ထိုဓားချက်အပြီးတွင် ယွင်လန်ဓားအင်မော်တယ်၏ နာမည်က ဖူယွီအင်မော်တယ်ကမ္ဘာတွင် ပျံ့နှံ့သွားလိမ့်မည်။

အစစ်အမှန်ဓားကျင့်ကြံသူသည် ထိုသို့ပင် ဖြစ်သင့်သည်။

ဇွဲရှိခြင်း ....

ဆုံးဖြတ်ချက်ပြတ်သားခြင်း ....

ရက်စက်ခြင်း ....

မရေမတွက်နိုင်သော လူများက ဓားကျင့်ကြံသူတစ်ယောက်၏ အဓိပ္ပာယ်ကို ပြန်လည်သတ်မှတ်လိုက်ကြသည်။

ဓားကျင့်ကြံသူများအတွက် ဂုဏ်သတင်းနှင့် ကြွယ်ဝမှုသည် လက်ထဲတွင်ရှိသော ဓားကဲ့သို့ အရေးမပါပေ။

သူတို့က မိုင်သန်းထောင်ချီပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော ဂုဏ်သတင်းကို ဂရုမစိုက်ပေ။ သူတို့က တာအိုဂိုဏ်း၏ ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်ရဲကြသည်။ သူတို့က လက်ထဲတွင်ရှိသော ဓားကိုသာ ဂရုစိုက်ကြသည်။

ယနေ့တွင် သူတို့က ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ပြီး နောက်တစ်နေ့တွင် ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူကို လုပ်ကြံကြလိမ့်မည်။

ဓားအင်မော်တယ်များက သတ်ဖြတ်ခြင်းနည်းစနစ်များကို လေ့ကျင့်ထားကြသည်။

“ရွှပ် ....”

စုယွင်ကျီ အလျင်စလို တည်ဆောက်ခဲ့သော အလင်းလွှာက ချက်ချင်းပျက်စီးသွားသည်။

ဟန်မူယဲ့၏ ဓားရှည်က ပေတစ်ရာအကွာသို့ ရောက်လာသည်။

သူတို့က အကြည့်ချင်းဆုံသွားပြီး စုယွင်ကျီက ဟန်မူယဲ့၏ မျက်လုံးထဲတွင်ရှိသော ပြတ်သားသည့် သတ်ဖြတ်လိုစိတ်ကို မြင်လိုက်ရသည်။

သူ့နှလုံးသားက တုန်ခါသွားပြီး ကောင်းကင်လွှမ်းမိုးအလံကို ဆင့်ခေါ်သည်။

သို့သော် ကောင်းကင်လွှမ်းမိုးအလံက စွမ်းအားကို အသက်မသွင်းနိုင်ခင် ဝမ်းနည်းသော ငိုကြွေးသံနှင့်အတူ နှစ်ပိုင်းပြတ်သွားသည်။

တာအိုဂိုဏ်း၏ ထိပ်တန်းအဆင့်ရတနာတစ်ခုဖြစ်သော ကောင်းကင်လွှမ်းမိုးအလံက ပျက်စီးသွားခဲ့သည်။

ဓားအလင်းက ပိုမိုနီးကပ်လာသည်။

ပေငါးဆယ် ....

စုယွင်ကျီက တစ်ကိုယ်လုံးတုန်ခါနေပြီး လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သည်။ မူရုံမိသားစုကို ဖိချတော့မည့် တောင်တန်းက ငါးပေမြင့်မားသော အစိမ်းရောင်ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားပြီး သူ့ရှေ့သို့ ရောက်လာသည်။

“ဂျွတ်”

ငါးပေကျောက်တုံးက ဓားရှည်ကြောင့် ကျိုးပျက်သွားခဲ့သည်။ ယခုအချိန်တွင် ထိုဓားရှည်ကို တားဆီးနိုင်သောအရာ မရှိပေ။

ထိုအရာသည် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သေခြင်းရှင်ခြင်းကို ဓားတစ်ချက်ဖြင့် ဆုံးဖြတ်နိုင်သည်။

ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအား၊ သတ်ဖြတ်ခြင်းဆန္ဒ၊ တိုက်ခိုက်ခြင်းဆန္ဒနှင့် ဓားဆန္ဒတို့သည် ထိုဓားချက်ထဲတွင် ပါဝင်နေကြသည်။

ထိုဓားသည် မရပ်တန့်နိုင်ပေ။

စုယွင်ကျီက မျှော်လင့်ချက်ကင်းမဲ့သွားသည်။

ဓားရှည်က ပေသုံးဆယ်အကွာသို့ ရောက်လာသောအခါတွင် သူက ပါးစပ်ဖွင့်ပြီး အော်ပြောချင်သည်။

သူက ဟန်မူယဲ့ကို တောင်းပန်ချင်သည်။

သူက တာအိုဂိုဏ်း၏ ရွှေအင်မော်တယ်ကို လှမ်း‌ခေါ်ပြီး ကယ်တင်ပေးရန် တောင်းဆိုချင်သည်။

သို့သော် ရှေ့ဆက်တိုးလာသောဓားကို ကြည့်လိုက်ပြီး အသံမထွက်နိုင်ခဲ့ပေ။

သူ့ကို မည်သူမှ လာကယ်မည်မဟုတ်ပေ။

သူက စွန့်ပစ်ခံလိုက်ရသည်။

စောင့်ကြည့်နေသော ရွှေအင်မော်တယ်က ကူညီပေးချင်လျှင် ချက်ချင်း လှုပ်ရှားနိုင်သည်။ သို့သော် ထိုသို့ မလုပ်ခဲ့ပေ။

‘ဘယ်သူက ငါးစာလဲ’

‘ဘယ်သူက စွန့်ပစ်ခံရတာလဲ’

စုယွင်ကျီက မျက်လုံးမှိတ်ထားလိုက်သည်။

သူက မိတ်ဆွေကောင်းဖြစ်သော ကွမ်တုံယွင်ကို အသုံးပြုပြီး သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်စေခဲ့သည်။ ထို့ကြောင့် ဓားဂိုဏ်းနှင့် သွေးစစ်ပွဲဂိုဏ်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကွမ်တုံယွင်က လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ထွက်သွားခဲ့သည်။ သူက ပြန်မလာနိုင်ခဲ့ပေ။

သူက ကွမ်တုံယွင်ကို မေးကြည့်ခဲ့သည်။ ကွမ်တုံယွင်က နှလုံးသား၏ ပျော်ရွှင်မှုအတွက် ဓားကိုင်ခြင်းဖြစ်ပြီး တခြားအရာများနှင့် မသက်ဆိုင်ဟု ပြောခဲ့သည်။

ယနေ့တွင် သူက ထိုစကားကို နားလည်သွားခဲ့သည်။

ဓားကျင့်ကြံသူတစ်ယောက်က ဓားကိုင်ထားသောအချိန်တွင် နှလုံးသား၏ ပျော်ရွှင်မှုကိုသာ ရှာဖွေသည်။

သူက ဓားကျင့်ကြံသူများကို ဓားဆွဲထုတ်ရန်အတွက် အသုံးပြုခံရသော ငါးစာတစ်ခုသာ ဖြစ်သည်။

“ဟူး ....”

သက်ပြင်းချသံ ပေါ်ထွက်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့် ဓားတစ်လက်ကိုင်ထားသော ရွှေအင်မော်တယ်ရှုမင်က စုယွင်ကျီ၏ရှေ့တွင် ပေါ်လာခဲ့သည်။

ယခုအချိန်တွင် သူက ဟန်မူယဲ့ပြောခဲ့သောစကားကို နားလည်သွားသည်။

မူရုံမိသားစုကို ကယ်တင်ပေးရန် မလိုအပ်ပေ။

သို့သော် ဟန်မူယဲ့၏ဓားချက်ကို တားဆီးပြီး တာအိုဂိုဏ်းမှလူကို ကာကွယ်ပေးရမည်။

ရွှေအင်မော်တယ်ရှုမင်က ဟန်မူယဲ့၏ဓားကို ကြည့်လိုက်ပြီး မျက်နှာထားလေးနက်သွားသည်။

ထိုဓားချက်ကို သူကိုယ်တိုင်ကပင် အလေးအနက်ထား၍ ရင်ဆိုင်ရမည်။

ထိုအရာသည် လောကတွင်ရှိသော ဓားတာအို၏ အထွတ်အထိပ်အဆင့် ဖြစ်သည်။

ဓားတစ်သောင်း၏စွမ်းအားကို စုစည်းပြီး ထက်မြိမှုများအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ခဲ့သည်။

ဓားကိုကျင့်ကြံသော ဓားကျင့်ကြံသူ ....

အဆုံးမရှိသော ကျင့်ကြံခြင်းလောကတွင် သူက သတ်ဖြတ်ခြင်းဆန္ဒမှတစ်ဆင့် ဓားကို စုစည်းခဲ့သည်။

ဓားရှည်ကို ထိုးသွင်းလိုက်ပြီး ဓားနှစ်လက် ထိတွေ့သွားသည်။

အစိမ်းရောင်ဓားအလင်းနှစ်ခုသည် အချင်းချင်းသွယ်ယှက်နေကြသည်။

လေဟာနယ်၏ သုံးပေ ပတ်ဝန်းကျင်သည် ချက်ချင်းပြိုကွဲသွားသည်။

ဟန်မူယဲ့နှင့် ရွှေအင်မော်တယ်ရှုမင်၏ ကြားတွင်ရှိသော တည်နေရာက တစ်လက်မချင်းစီ ပြိုကွဲလာသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဓားကို မဆုပ်ကိုင်နိုင်တော့ပဲ လွင့်ထွက်သွားသော ရွှေအင်မော်တယ်ရှုမင်ကို ကြည့်သည်။ သူက လက်ကိုလှုပ်ရှားပြီး ရှုမင်၏ဓားကို ဖမ်းယူလိုက်သည်။

ထို့နောက် ဟန်မူယဲ့၏ခန္ဓာကိုယ်က ဓားနှစ်လက်ထိတွေ့မှု၏ တွန်းကန်အားကို မခံနိုင်ဘဲ ခန္ဓာကိုယ်မှ သွေးများစီးကျလျက် လျင်မြန်စွာ နောက်ဆုတ်သွားရသည်။

သူက ပါ့ရှား၏သွေးမျိုးဆက်ကို ဖိနှိပ်ထားသောကြောင့် ခွေသားရဲ၏ သွေးမျိုးဆက်နှင့် ဓား၏တန်ပြန်အားကို မခုခံနိုင်ခဲ့ပေ။

သူက ရွှေအင်မော်တယ်ရှုမင်ကို မျက်နှာသာပေးရမည်။

ရွှေအင်မော်တယ်ဖြစ်သော ရှုမင်က ဓားကို မဆုပ်ကိုင်နိုင်တော့ပဲ လွင့်ထွက်သွားခဲ့သည်။ မျိုးဆက်သစ်တစ်ယောက်ဖြစ်သော ဟန်မူယဲ့က အကောင်းအတိုင်း ရှိနေလျှင် ရှုမင်က မျက်နှာပျက်ရလိမ့်မည်။

ဟန်မူယဲ့က ပေတစ်သိန်းအကွာအထိ ရောက်သွားသည်။ သူက တစ်ကိုယ်လုံးတွင် သွေးများစွန်းပေနေပြီး ဓားကိုင်ထားလျက် ရပ်နေသည်။

သူက ရွှေအင်မော်တယ်ရှုမင်၏ဓားကို ယဉ်ကျေးမနေဘဲ သိမ်းဆည်းထားလိုက်သည်။

ဟန်မူယဲ့က သွေးများစွန်းပေနေသော်လည်း ကြမ်းတမ်းသောတိုက်ခိုက်ခြင်းဆန္ဒကို ထုတ်လွှတ်လျက် လေထုထဲတွင် ဆက်ရှိနေသောကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက ပင့်သက်ရှိုက်လိုက်ကြသည်။

“ဒါ .... ဒါက တကယ်ပြိုင်ဘက်ကင်းတဲ့ ဓားအင်မော်တယ်ပဲ”

“အံ့အားသင့်စရာပဲ။ ဒီလိုဓားချက်မျိုးကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရတယ်။ ဒီခရီးက အလကားဖြစ်မသွားဘူး”

“ယွင်လန်ဓားအင်မော်တယ်က ရွှေအင်မော်တယ်ရှုမင်နဲ့ ဓားချက်ချင်းဖလှယ်ပြီး အသာစီးရခဲ့တယ်”

မရေမတွက်နိုင်သောအသံများ ပေါ်ထွက်လာကြသည်။

မူရုံမိသားစုကို မည်သူမှ အာရုံမစိုက်တော့ပေ။

တာအိုနှလုံးသား ပြိုကွဲသွားပြီး တစ်ကိုယ်လုံးတုန်ခါနေသော စုယွင်ကျီကိုလည်း ဂရုမစိုက်ကြပေ။

လူတိုင်းက ယွင်လန်ဓားအင်မော်တယ်နှင့် ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကိုသာ မြင်လိုက်ကြသည်။

ကျင့်ကြံခြင်းလောကတွင် သန်မာသူများကသာ အာရုံစိုက်ခံရသည်။

ဟန်မူယဲ့က စကားမပြောပေ။

စကားပြောနေရန်လည်း မလိုအပ်ပေ။

သင်္ဘောပျံဆယ့်နှစ်စင်းပေါ်တွင် မူရုံမိသားစုဝင်များက မျက်ရည်ဝဲနေကြသည်။

“ဒီနေ့ကစပြီး ငါတို့မူရုံမိသားစုက တိမ်မြူတာအိုဂိုဏ်းကို သစ္စာမရှိတော့ဘူး”

မူရုံချီက အံတင်းတင်းကြိတ်ထားပြီး သွေးများစွန်းပေနေသော ဟန်မူယဲ့ကို ကြည့်သည်။

“ဒီနေ့ကစပြီး ငါတို့မူရုံမိသားစုက လူတစ်ယောက်ကိုပဲ သစ္စာရှိမယ်”

သင်္ဘောပျံဆယ့်နှစ်စင်းပေါ်တွင် လူတိုင်းက လေထုထဲတွင် တိတ်ဆိတ်စွာရှိနေသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

“ယွင်လန်ဓားအင်မော်တယ်”

“ယွင်လန်ဓားအင်မော်တယ်”

မရေမတွက်နိုင်သော အသံများ ပဲ့တင်ထပ်လာသည်။

ယခုအချိန်တွင် မူရုံမိသားစု၏ ရွေးချယ်မှုကို မည်သူမှ သံသယမရှိတော့ပေ။

ယွင်လန်ဓားအင်မော်တယ်က အသက်စွန့်ပြီး သူတို့ကို ကယ်တင်ပေးခဲ့သည်။

‘အဲဒီလိုလူမျိုးကို သစ္စာရှိလိုက်တာက မှားယွင်းနေလား’

‘တိမ်မြူတာအိုဂိုဏ်းက သူတို့ကို သူပုန်အဖြစ် သတ်မှတ်ပြီး လိုက်သတ်တာက မှားယွင်းနေတာလား’

ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။

“ဟားဟား။ တာအိုရောင်းရင်းလုကျီ၊ ငါက မင်းတို့တာအိုဂိုဏ်းရဲ့ ကျွမ်းကျင်သူကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးမတင်တော့ဘူးလား”

စုယွင်ကျီ၏ရှေ့တွင် ရပ်နေသော ရွှေအင်မော်တယ်ရှုမင်က ရုတ်တရက် ရယ်လိုက်သည်။

သူ့စကားအဆုံးတွင် လေဟာနယ်က တုန်ခါသွားပြီး လူတစ်ယောက်ထွက်လာသည်။

အဖြူရောင်ဝတ်စုံနှင့် ကျောက်စိမ်းသရဖူတစ်ခုကို ဝတ်ဆင်ထားသော အသက်ငါးဆယ်အရွယ် တာအိုတန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သူက ရွှေအလင်းရောင်ဖြင့် တောက်ပနေပြီး ပတ်ဝန်းကျင်တွင်ရှိသော လူများက သူ့ကို သေချာမကြည့်နိုင်ကြပေ။

“တိမ်မြူတာအိုဂိုဏ်းရဲ့စောင့်ရှောက်သူ ရွှေအင်မော်တယ်လုကျီလား”

“သူက တာအိုဂိုဏ်းရဲ့ ရွှေအင်မော်တယ်လုကျီပဲ။ သူက ရွှေအင်မော်တယ်ရှုမင်နဲ့ တိုက်ခိုက်တော့မှာလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ တာအိုဂိုဏ်းက အဲဒီလိုမျိုးလုပ်လိုက်ရင် ပိုအရှက်ကွဲသွားမှာပေါ့”

ပတ်ဝန်းကျင်တွင်ရှိသော တီးတိုးစကားသံများသည် ရှေ့တွင်ရှိနေသော ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူ၏မျက်နှာထားကို ပြောင်းလဲမသွားစေခဲ့ပေ။

ရွှေအင်မော်တယ်လုကျီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးနေသော ရွှေအင်မော်တယ်ရှုမင်ကို လှည့်ကြည့်သည်။

“ကျေးဇူးပါပဲ”

ထိုစကားကြောင့် ရွှေအင်မော်တယ်ရှုမင်၏အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။

တိမ်မြူတာအိုဂိုဏ်းက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကို ကျေးဇူးတင်နေခြင်း ဖြစ်သည်။

“ဟားဟား၊ တာအိုဂိုဏ်းနဲ့ ဓားဂိုဏ်းက အချင်းချင်း ကူညီပေးနေကြတာပဲ။ တာအိုရောင်းရင်စုယွင်ကျီက တာအိုဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက်လေ။ ငါက ပစ်ထားလိုက်လို့ ဘယ်ဖြစ်မလဲ”

ရွှေအင်မော်တယ်ရှုမင်က ကျယ်လောင်စွာရယ်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ကောင်လေးဟန်၊ ငါ့ဓားကိုယူပြီး မင်းရဲ့နောက်လိုက်တွေကို ယွင်လန်မြို့ဆီ ခေါ်သွားလိုက်ပါ”

“သစ္စာရှိတဲ့နောက်လိုက်တွေကို ရှာဖို့ မလွယ်ဘူး။ မင်းက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်”

ထို့နောက် သူက ရွှေအင်မော်တယ်လုကျီကို လှည့်ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“တာအိုရောင်းရင်လုကျီ၊ ငါက မင်းနဲ့ ကိစ္စတချို့ ဆွေးနွေးရအုံးမယ်”

လုကျီက ဟန်မူယဲ့နှင့် မူရုံမိသားစုကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“ရတာပေါ့”

ရွှေအင်မော်တယ်နှစ်ပါး ရှိနေသောကြောင့် ဟန်မူယဲ့နှင့် မူရုံမိသားစုက သိပ်အရေးမပါတော့ပေ။

ရွှေအင်မော်တယ်ရှုမင် ရှိနေသောကြောင့် လုကျီက လှုပ်ရှားမည်မဟုတ်ပေ။

All Chapters