← Chapters

အပိုင်း(၈၉၆)

Vol. 64 Ch. 896

အပိုင်း(၈၉၆)

Vol. 64 Ch. 896

ဟန်မူယဲ့က နည်းစနစ်များကို ပေးလိုက်ပြီး နတ်ဘုရားအမည်စာရင်းကို လျစ်လျူရှုထားသည်။

ထိုနည်းစနစ်များကို ကျင့်ကြံရန်အတွက် အကြွင်းအကျန်ဝိညာဉ်များအပေါ်တွင် မူတည်နေသည်။

သူက ခန်းဆောင်ထဲမှ ထွက်လာပြီး သက်ဝင်လှုပ်ရှားနေသော လမ်းမပေါ်သို့ ရောက်လာသည်။

လမ်းမပေါ်တွင် ကျင့်ကြံသူများက လျင်မြန်စွာ သွားလာနေကြသည်။

အများစုက ဓားကိုင်ထားသော ဓားကျင့်ကြံသူများ ဖြစ်ကြသည်။

မဟုတ်သေးပေ။ အများစုက ဟန်ရေးပြရန်အတွက်သာ ဖြစ်ကြသည်။

‘ယွင်လန်မြို့သခင် ပြိုင်ဘက်ကင်းဟန်က ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေလို့ မြို့ထဲကို ဓားသယ်ပြီး ဝင်လာတာလား’

ဟန်မူယဲ့က လမ်းမပေါ်တွင် လျှောက်သွားနေပြီး မြို့လေးတစ်မြို့အဖြစ်မှ မိုင်ရာချီကျယ်ဝန်းသော မြို့ကြီးတစ်မြို့အဖြစ် ပြောင်းလဲသွားခြင်းကို တွေးမိပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ဝိညာဉ်ဆေးပင်၊ အင်မော်တယ်ဆေးပင်၊ ဝိညာဉ်သတ္တု၊ ဆေးလုံး၊ လက်နက်၊ အဆောင်လက်ဖွဲ့ ....

ကျင့်ကြံခြင်းတွင် လိုအပ်သော အရာအားလုံးကို ဟန်မူယဲ့က မြင်ခဲ့ရသည်။

သို့သော် အစစ်အမှန်ရတနာများ ရှားပါးနေ‌သောအချက်ကိုလည်း သတိထားမိခဲ့သည်။

ခါးသီးအင်မော်တယ်နယ်မြေနှင့် ယွင်ထန့်တောရိုင်းမြေသည် သုံးစွဲနိုင်သောပစ္စည်းမျးကိုသာ လိုအပ်သည်။ အစစ်အမှန်ရတနာများကို မလိုအပ်ပေ။

ခါးသီးအင်မော်တယ်နယ်မြေတွင် ဝိညာဉ်ရတနာနှင့် အင်မော်တယ်ရတနာများကို ရောင်းချရဲလျှင် လူသားမျိုးနွယ်တစ်ခုလုံးက လိုက်ဖမ်းကြလိမ့်မည်။

လမ်းပေါ်တွင် ဟန်မူယဲ့က မိစ္ဆာမျိုးနွယ်များကိုလည်း မြင်ခဲ့ရသည်။

တချို့က လေးလံသော ကုန်ပစ္စည်းများကို သယ်ထားပြီး တချို့က ချုပ်နှောင်ခံထားရသည်။

သူက ရင်ပြင်တစ်ခုသို့ ရောက်လာပြီး မိစ္ဆာမျိုးနွယ်များကို မြင်လိုက်ရသည်။

ပေသုံးဆယ်မြင့်မားသော နွားသိုးမျိုးနွယ်၏ စစ်သည်တော်များ ရှိနေကြသည်။ သူတို့ကို ဝိညာဉ်ချိပ်ပိတ်အင်းကွက်များဖြင့် ချုပ်နှောင်ထားသောကြောင့် ထုံထိုင်းနေပုံပေါ်သည်။

အရပ်ရှည်ပြီး သွယ်လျသော ကျားသစ်မျိုးနွယ်ဝင်များကိုလည်း မြင်ခဲ့ရသည်။ သူတို့၏ လက်နှစ်ဖက်ကို သံမဏိကြိုးများဖြင့် ချည်နှောင်ထားကြသည်။

လက်လေးဖက်နှင့် ခြေထောက်ခြောက်ချောင်းရှိသော ထူးခြားသည့်သားရဲများလည်း ရှိနေကြသည်။ ရင်ပြင်သည် အော်ဟစ်သံများဖြင့် ဆူညံနေသည်။

“တောအုပ်သုံးခုဒေသရဲ့ အခြေခံအုတ်မြစ်အဆင့် အမြီးစိမ်းဝံပုလွေစစ်သည်တွေကို ရောင်းမယ်။ လူတစ်ရာအုပ်စုကို ဝိညာဉ်ကျောက်တုံးသုံးသောင်း။ ဈေးဆစ်လို့မရဘူး”

“ကျောက်စိမ်းအရိုးမြေခွေးကလန်ရဲ့ မိန်းကလေးငါးယောက်ကို ရောင်းမယ်။ သူတို့က လူသားတစ်ဝက်၊ မိစ္ဆာတစ်ဝက် ပုံစံပဲ။ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံးသုံးဆယ် ကျသင့်မယ်။ အစေခံအမျိုးသမီးတွေအဖြစ် ထားလို့ရတယ်”

“နွားသိုးမျိုးနွယ်ရဲ့ ကမ္ဘာမြေအဆင့် လက်ရွေးစင်စစ်သည်နှစ်ဆယ် ရှိနေတယ်။ အားလုံးပေါင်း ဝိညာဉ်ကျောက်တုံးတစ်သန်းပဲ။ အခွန်မပါဘူး”

....

ဟန်မူယဲ့က ရက်စက်သော်လည်း ထူးဆန်းသည့် မိစ္ဆာကျွန်ဈေးကွက်ကို လှည့်ကြည့်နေသည်။

ဤနေရာသည် သူစောင့်ကြပ်ထားသော ယွင်လန်မြို့ဖြစ်သည်။

သို့သော် ဤရောင်းဝယ်မှုကို သူက မည်သို့ ကာကွယ်ထားသနည်း။

မြို့ထဲတွင် သက်ရှိများအားလုံးသည် ကုန်ပစ္စည်းများသာ ဖြစ်ကြသည်။

ရောင်းချခံရခြင်းသည် အသတ်ခံရခြင်းထက် ပိုကောင်းသည်။

သို့သော် သူ့ကိုယ်ထဲတွင်ရှိသော နတ်ဘုရားသားရဲသွေးမျိုးဆက်က လှုပ်ရှားလာသည်။

မည်သို့ပင်ဖြစ်စေ သူက နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း ရှေ့ဆက်သွားပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။

သွေးစွန်းနေသော အနက်ရောင်အဝတ်များနှင့် ဒါဇင်ချီနေသော လူသန်ကြီးတချို့သည် ကျောက်စိမ်းစင်တစ်ခု၏ရှေ့တွင် ထိုင်နေကြသည်။

ကျွန်ဈေးကွက်တွင် လူသားတချို့သာ အရောင်းခံရသည်။

ခါးသီးအင်မော်တယ်နယ်မြေမှ ဓားပြများ ဖြစ်ကြသည်။

ဟန်မူယဲ့က ထိုင်ချလိုက်ပြီး လူသန်ကြီးတစ်ယောက်ကို ကြည့်သည်။

“တာအိုရောင်းရင်က ဒီလူကို စိတ်ဝင်စားနေတာလား။ ကြည့်လိုက်ပါ။ သူ့ရဲ့ ကျင့်ကြံဆင့်က မနိမ့်ကျဘူး။ သူက အနည်းဆုံး လူသားအင်မော်တယ်အဆင့်မှာ ရှိနေတယ်။ သူ့ခန္ဓာကိုယ်နဲ့ဝိညာဉ်က ထိခိုက်မသွားရင် သူ့ကိုဖမ်းနိုင်ဖို့ ခက်လိမ့်မယ်”

မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လျင်မြန်စွာလျှောက်လာပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

လူသားကျင့်ကြံသူများက ရောင်းမကောင်းပေ။

သူတို့က မျိုးနွယ်တူညီပြီး ကျွန်ပြုရန် မလွယ်ကူပေ။ လူသားကျင့်ကြံသူအများစုက မဝယ်ချင်ကြပေ။

ရောင်းအကောင်းဆုံးကျွန်များသည် လှပသော မိစ္ဆာအမျိုးသမီးများ ဖြစ်ကြသည်။

“သူတို့ကို ခါးသီးအင်မော်တယ်နယ်မြေကနေ ဖမ်းလာတာလား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

သူ့အသံကြောင့် မျက်လုံးပိတ်ထားပြီး ခေါင်းငုံ့လျက်ထိုင်နေသော လူသန်ကြီးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်သည်။

ဟန်မူယဲ့၏မျက်နှာကို မြင်လိုက်ရသောအခါတွင် ထိုလူက မျက်လုံးပြူးသွားသည်။

“ဟုတ်ပါတယ်တာအိုရောင်းရင်း။ သူတို့အားလုံးကို ခါးသီးအင်မော်တယ်နယ်မြေကနေ ဖမ်းလာတာပါ”

မီးခိုးရောင်ဝတ်စုံနှင့်လူက လျင်မြန်စွာပြောလိုက်သည်။

ခါးသီးအင်မော်တယ်နယ်မြေမှ ဖမ်းလာသော လူသားများသည် တခြားနေရာတွင် ရှိနေသော လူသားများနှင့် မတူညီကြပေ။

ခါးသီးအင်မော်တယ်နယ်မြေမှ ဖမ်းလာသော သက်ရှိများကိုသာ ကုန်ပစ္စည်းအဖြစ် သတ်မှတ်နိုင်သည်။ တခြားသက်ရှိများကို ကုန်ပစ္စည်းအဖြစ် မယူဆနိုင်ပေ။

“ငါသူ့ကိုယူမယ်”

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

သူက ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောကြောင့် ကျွမ်းကျင်သူတစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ တခြားလူများက သူ့ကို တိုက်ရိုက်မကြည့်ရဲကြပေ။

သူ့စကားကို ကြားလိုက်ရသောအခါတွင် မီးခိုးရောင်ဝတ်စုံနှင့်လူက ကျေနပ်သွားသည်။ သူက ဈေးပြောတော့မည့်အချိန်တွင် လူသန်ကြီးက ဖြတ်ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ညီအစ်ကိုတွေကိုလည်း ဝယ်သင့်တယ်”

သူက ဟန်မူယဲ့ကို ခေါင်းမော့ကြည့်သည်။

“မင်းက ငါ့ကို အနိုင်ယူခဲ့တယ်။ ငါ့အသက်က မင်းအပိုင်ပဲ ဖြစ်သင့်တယ်”

“ငါက ညီအစ်ကိုတွေကိုလည်း ခေါ်သွားချင်တယ်”

သူ့စကားကြောင့် ချုပ်နှောင်ခံထားရသော တခြားလူများက ဟန်မူယဲ့ကို ခေါင်းမော့ကြည့်လိုက်ကြသည်။

လူတချို့က မျက်လုံးပြူးသွားသည်။ တချို့က နားမလည်နိုင်ဖြစ်နေကြသည်။

“ပြီးတော့ သူ့ကိုရောပဲ”

ထိုလူက သွေးများဖြင့်စွန်းပေပြီး သေဆုံးလုနီးပါးဖြစ်နေသော ကျင့်ကြံသူတစ်ယောက်ကို ညွှန်ပြသည်။

“ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါ”

လူသန်ကြီးက ဟန်မူယဲ့ကို တောင်းဆိုလိုက်သည်။

ဟန်မူယဲ့က တိတ်ဆိတ်နေသောကြောင့် လူသန်ကြီးက ဆက်ပြောသည်။

“သူက ငါတို့နဲ့ မတူဘူး”

“ကောင်းပြီ”

နောက်ဆုံးတွင် ဟန်မူယဲ့က ပြောလိုက်သည်။

လူသန်ကြီးက ပျော်ရွှင်သွားပြီး ပင်ပန်းနေသော မျက်လုံးများက အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားပုံပေါ်သည်။ သူက ညင်သာစွာ သက်ပြင်းချလိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့်လူက ပြုံးသည်။

အရောင်းအဝယ်ကြီးတစ်ခု ဖြစ်သည်။

သူက လက်ကို လျင်မြန်စွာဝှေ့ယမ်းလိုက်သည်။ သူ့နောက်တွင်ရှိနေသော လက်ထောက်က ရှေ့တက်လာပြီး သူက လက်ထောက်ကို စကားအနည်းငယ်ပြောလိုက်သည်။

လက်ထောက်က တခြားနေရာသို့ လျင်မြန်စွာထွက်သွားသည်။

ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရောက်လာကြသည်။

“ဟားဟား၊ မင်းက ငါတို့ ကျူးလုံကုန်သွယ်ရေးအဖွဲ့ရဲ့ ကုန်ပစ္စည်းကို စိတ်ဝင်စားနေတာလား”

“ငါတို့ အသေးစိတ်ပြောကြတာပေါ့”

ရှေ့ဆုံးတွင် မီးခိုးရောင်ပိုးထည်ဝတ်စုံနှင့် ဆံပင်ဖြူလူအိုကြီးတစ်ယောက် ရှိနေသည်။

လူအိုကြီးက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ရုတ်တရက် မျက်မှောင်ကြုတ်သည်။

“အစ်ကိုဟန်”

လူအိုကြီး၏ဘေးမှ အံ့အားသင့်နေသောအသံ ပေါ်ထွက်လာသည်။

ကျောက်ချန်က ဟန်မူယဲ့ကို လှမ်းကြည့်နေသည်။

ကျောက်ချန်၏စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက တစ်ကိုယ်လုံးတုန်ခါသွားပြီး ဟန်မူယဲ့ကို အပြုံးတစ်ခုနှင့်အတူ ကြည့်သည်။

“ဟားဟား၊ တာအိုရောင်းရင်းဟန်လား”

“ငါက ကျူးလုံကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် ချန်ကျူးလုံပါ”

သူက လက်ကိုဆန့်ထုတ်ပြီး ကျောက်ချန်၏ပခုံးကို ပုတ်လိုက်သည်။ သူက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ငါတို့က ရင်းနှီးကြတယ်လေ”

ဟန်မူယဲ့က ကျောက်ချန်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

ကျူးလုံ ....

မီးနဂါး ....

ရှေးခေတ်နတ်ဘုရားသားရဲ ....

ဖီးနစ်၊ ချီလင်တို့နှင့် ယှဉ်နိုင်သော နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည်။

“အကြီးအကဲကျူးလုံ”

“သူတို့အားလုံးကို ဝယ်ချင်ပါတယ်။ ကျေးဇူးပြုပြီး ဈေးပြောပါ”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ကျူးလုံက ပြုံးလိုက်ပြီး ပြောသည်။

“တာအိုရောင်းရင်းဟန်က ဒီလူတွေကို အလကားယူသွားလို့ရပါတယ်”

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူနှင့်အတူပါလာသောကျင့်ကြံသူများက ဓားပြများ၏ ကိုယ်ပေါ်တွင်ရှိသော ချုပ်နှောင်ခြင်းအင်းကွက်များကို ဖယ်ရှားပေးလိုက်ကြသည်။

လွတ်လပ်သွားသော ဓားပြများက မတ်တပ်ရပ်နိုင်ရန် ကြိုးစားလိုက်ကြသည်။

လူသန်ကြီးကလည်း မတ်တပ်ရပ်လိုက်ပြီး မြေပြင်တွင် လဲလျောင်းနေသော သေလုမျောပါးဖြစ်နေသည့် ကျင့်ကြံသူကို ကြည့်သည်။

“အကြီးအကဲကျူးလုံ၊ စီးပွားရေးက စီးပွားရေးပါပဲ”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျောက်ချန်ကို ကြည့်သည်။

“ကျောက်ချန်၊ အကြီးအကဲကျူးလုံနဲ့ အရောင်းအဝယ်အကြောင်း ဆွေးနွေးလိုက်ပါ”

“အကြီးအကဲကို အခွင့်အရေးမယူနဲ့”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျောက်ချန်က ပြုံးလိုက်သည်။

“ကျွန်တော်သိပါပြီ”

ဟန်မူယဲ့က ကျောက်ချန်ကို ခေါင်းညိတ်ပြလိုက်ပြီး ပျောက်ကွယ်သွားသည်။

သူထွက်သွားသောအခါတွင် ကျောက်ချန်က ချန်ကျူးလုံကို လှည့်ကြည့်သည်။

“အစ်ကိုချန်၊ ဘယ်လိုလဲ။ ကျွန်တော့်အစ်ကိုကြီးက အမြဲတမ်း ရက်ရောတယ်။ ခင်ဗျားက ယွင်လန်မြို့မှာ စီးပွားရေးလုပ်မယ်ဆိုရင် ဆုံးရှုံးမှာမဟုတ်ဘူး”

ချန်ကျူးလုံက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းလျက် ပျောက်ကွယ်သွားသော ဟန်မူယဲ့ကို ကြည့်နေသည်။

....

“ကျူးလုံကုန်သွယ်ရေးအဖွဲ့က ကောင်းကင်အလင်းဂိုဏ်းရဲ့လက်အောက်မှာ အကြီးမားဆုံး ကုန်သွယ်ရေးအဖွဲ့ပါပဲ။ အဖွဲ့ခေါင်းဆောင် ချန်ကျူးလုံက အရမ်းသန်မာပြီး နတ်ဘုရားသားရဲတစ်ကောင်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ သူက ခါးသီးအင်မော်တယ်နယ်မြေနဲ့ ကောင်းကင်အလင်းဂိုဏ်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တယ်”

“ကျူးလုံကုန်သွယ်ရေးအဖွဲ့က ခါးသီးအင်မော်တယ်နယ်မြေရဲ့ ရန်ပွဲတွေကြားမှာ ပါဝင်နေပုံရတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရပ်တည်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူး”

မြို့သခင်ခန်းဆောင်တွင် ဇောင်ပိုင်ချွမ်က သတင်းအချက်အလက်များကို တင်ပြလိုက်သည်။

“ကျောက်ချန်က ကျူးလုံကုန်သွယ်ရေးအဖွဲ့ရဲ့ ခွန်အားကို တန်ဖိုးထားတဲ့အတွက် ဆက်သွယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားနေတယ်”

“တကယ်လို့ သူတို့က ယွင်လန်မြို့ကို ရောက်လာရင် ကျွန်တော်တို့အတွက် အကျိုးရှိလိမ့်မယ်”

“ကောင်းကင်အလင်းဂိုဏ်းက တကယ်အားကောင်းတယ်”

ဟန်မူယဲ့က တည်ငြိမ်စွာရှိနေသည်။

ကောင်းကင်အလင်းဂိုဏ်း ....

ခါးသီးအင်မော်တယ်နယ်မြေ ....

ဟန်မူယဲ့က စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေသည်။

အင်မော်တယ်သခင်စန်ယွင်၏ အမွေအနှစ်က ခါးသီးအင်မော်တယ်နယ်မြေတွင် ရှိနေသည်။ ယခုအချိန်တွင် ဖရိုဖရဲဖြစ်နေသောကြောင့် ခါးသီးအင်မော်တယ်နယ်မြေသို့ တိတ်ဆိတ်စွာခိုးဝင်သွားရန် အလွန်သင့်တော်သည်။

အင်မော်တယ်သခင်တစ်ပါး၏ အမွေအနှစ်က သူ့အနာဂတ်ကို ပုံဖော်ပေးနိုင်သည်။

အကယ်၍ သူက ကျူးလုံကုန်သွယ်ရေးအဖွဲ့နှင့် ဆက်သွယ်နိုင်လျှင် ခါးသီးအင်မော်တယ်နယ်မြေသို့ တိတ်ဆိတ်စွာဝင်ရောက်နိုင်လိမ့်မည်။

All Chapters