နှင်ထုတ်ခြင်း
Vol. 52 Ch. 724
"ယဲ့ချန် ဧည့်သည်တွေကို ပြန်ပို့ပေးလိုက်ပါ"
ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က အမိန့်ပေးလိုက်ပြီး သူမအတွက် ကျင့်ကြံသူများကြားမှ ရန်ငြှိုးများက အရေးစိုက်စရာ မဟုတ်ပေ။
"ဟုတ်ကဲ့"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ဤတစ်ကြိမ်တွင် သူမအပေါ် လေးစားသွားခဲ့သည်။ သူက ရှင်းဟွမ်တစ်ယောက်အပေါ် ပထမဆုံးအကြိမ် အကောင်းမြင်ဖူးခြင်းဖြစ်သည်။
"ကျေးဇူးပြုပြီး"
ယဲ့ချန်က လက်အမူအရာဖြင့် ကျိရင်တို့ကို ထွက်သွားရန် အချက်ပြလိုက်သည်။ သူတို့က ရှင်းဟွမ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ဆုံးဖြတ်ချက်က ပြတ်သားသောကြောင့် စစ်ဧကရာဇ်နန်းတော်အတွင်းမှ ထွက်သွားရုံသာ တတ်နိုင်သည်။ ယဲ့ချန်နောက်မှ လိုက်လာသော ကျိရင် မကျေမချမ်းဖြစ်နေဟန်ဖြင့် ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေခဲ့သည်။ သူ၏စကားကို ကြားသော်လည်း ယဲ့ချန်က နှာခေါင်းရှုံ့လိုက်ပြီး တစ်ခွန်းမှပြန်မပြောခဲ့ပေ။ ကျိရင်ကြယ်သခင်က ကောင်းကင်မူလကြယ်မှ အမြတ်ထုတ်ရန် များစွာအားထုတ်ထားပုံရသည်။
"ဒီတစ်ခေါက် ငါတို့က ကောင်းကင်မူလကြယ်ကို ကယ်တင်ဖို့ ကောင်းကင်လှေကို အသုံးပြုခဲ့ရတယ်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရဲ့ မှောင်ခိုစျေးမှာ တစ်စီးကို ကြယ်အမြုတေတန်သုံးဆယ် ပေးဝယ်ရတယ်။ ကျိရင်ကြယ်မှာတောင် သုံးစီးသာ ပိုင်ဆိုင်ထားတယ်"
စစ်ဧကရာဇ်နန်းတော်အတွင်းမှ ထွက်လာပြီးနောက် ကျိရန်က ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေခဲ့ပြီး နားရွက်ကြီးများ တုန်ယင်နေသည်။ သူက လမ်းလျှောက်နေရင်း ပါးစပ်မှ ခရားရေလွှတ် တတွတ်တွတ် ညည်းညူနေခဲ့သည်။
"ကောင်းကင်လှေက စကြဝဠာထဲကို ဆယ်ကြိမ်သာ အများဆုံးခရီးသွားနိုင်ပြီး ပျက်စီးသွားတတ်တယ်။ ငါတို့က ကောင်းကင်မူလကြယ်ကို လာဖို့အတွက် ကြယ်အမြုတေခြောက်တန် ကုန်ဆုံးခဲ့ရတယ်။ ဒီပမာဏကို ကောင်းကင်မူလကြယ်လို ဆင်းရဲတဲ့ ကြယ်တစ်လုံးမှာ ရှိသမျှ စုပေါင်းလိုက်ရင်တောင် ရမှာမဟုတ်ဘူး။ ငါတို့က ဒီလောက်အထိ အားထုတ်ခဲ့တာတောင် မင်းတို့က ငါ့သခင်ရဲ့ စေတနာကို နားမလည်ကြဘူး။ မင်းတို့အတွက် ဘာကကောင်းတယ်ဆိုတာကို တကယ်မသိကြဘူး"
ကျိရင်၏မျက်နှာက ရှုံ့မဲ့နေပြီး နားရွက်ကြီးများ ရဲရဲနီနေသည်။
"ကောင်းကင်မူလကြယ်က ဆင်းရဲတာ မှန်ပါတယ်။ ငါတို့က ကြယ်အမြုတေတွေကို ကောင်းကင်လှေတစ်စီး ဝယ်ရလောက်အောင် မချမ်းသာပေမယ့် ခေါင်းငုံ့မခံဘူးကွ။ ဒီလိုလှေမျိုးက စကြဝဠာထဲမှာ သွားနိုင်တယ်ဆိုရင် ကျိရင်ကြယ်ကနေ ကောင်းကင်မူလကြယ်ကို ရောက်လာဖို့ မခက်ခဲဘူး"
ယဲ့ချန်က ရန်မများလိုသောကြောင့် စိတ်ထဲမှ ကဲ့ရဲ့လိုက်သည်။
"မင်းတို့မှာ မိစ္ဆာရွှေထုတ်ပေးနိုင်တဲ့ နတ်ဆိုးသားရဲတွေရှိပေမယ့် ဒါက ထာဝရပြည်ထောင်ရဲ့ ငွေကြေး မဟုတ်ဘူး။ မင်းတို့က ဒီနေရာမှာ ပိတ်မိနေတဲ့အတွက် ကြယ်ရတနာတွေ လဲလှယ်ဖို့အတွက်လည်း မဖြစ်နိုင်ဘူး။ မင်းတို့ရဲ့ကြယ်သခင်က စကြဝဠာထဲမှာ ခရီးသွားနိုင်ဖို့အတွက် ကြယ်သခင်အဆင့်ကို ရောက်ဖို့အတွက် အချိန်အများကြီး လိုလိမ့်မယ်။ အဲ့အချိန်ကျရင် ကောင်းကင်မူလကြယ်က ဖျက်ဆီးခံရပြီးသား ဖြစ်နေနိုင်တယ်။ ငါတို့က မင်းတို့အပေါ်မှာ မကောင်းတဲ့အကြံ မရှိဘူး။ သခင်က မင်းတို့သာ သဘောတူရင် ကြယ်သခင်လောင်းကို သင်ကြားပေးဖို့အတွက် တာဝန်ယူမယ်လို့ အသိပေးခိုင်းထားတယ်"
ကျိရင်က ဒေါသကို ထိန်းချုပ်လိုက်ပြီး ကောင်းကျိုးအတွက် အကြံပေးနေဟန်ဖြင့် ယဲ့ချန်ကို အယုံသွင်းနေသည်။
"မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကောင်းကင်မူလကြယ်အကြောင်းကို မင်းတို့ကြယ်သခင်က တော်တော်လေ့လာထားတယ် ထင်တယ်"
ယဲ့ချန်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကျိရင်၏ဆရာ ကြယ်သခင်က အကြံပက်စက်လွန်းနေပြီး ကောင်းကင်မူလကြယ်တစ်ခုလုံးကို အပိုင်သိမ်းချင်ရုံသာမက တန်းအာအပေါ်ကိုပင် အခွင့်ကောင်းယူရန် ကြံစည်နေခဲ့သည်။
"ငါတို့ရဲ့သခင်က စကြဝဠာထဲမှာ ခရီးသွားနေရင်း ဒီနေရာကို ရောက်တဲ့အခါ ဝိညာဥ်အသိစိတ်နဲ့ စစ်ဆေးခဲ့တယ်။ စကြဝဠာက အလွန်ကျယ်ဝန်းပြီး မရေမတွက်နိုင်တဲ့ မျိုးနွယ်တွေက ရှင်သန်ဖို့ကြိုးစားနေရပြီး ကျင့်ကြံသူတွေများစွာက ကျွန်တွေ ဖြစ်လာကြတယ်။ အများစုက ကောင်းကင်နတ်ဆိုးတွေအတွက် လက်ခံကောင်ဖြစ်လာပြီး နတ်ဆိုးမျိုးစေ့တွေ ထည့်သွင်းခံရတယ်။ အနာဂတ်မှာ မင်းတို့ရဲ့ငြင်းပယ်မှုက ဘယ်လောက်အဓိပ္ပါယ်မဲ့တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်"
ကျိရင်က ဆက်ပြောလိုက်ပြန်သည်။
"ကျေးဇူးပြုပြီး ရင်ယွမ်ကြယ်ကို ပြန်ပါတော့"
သူက မည်မျှတိုက်တွန်းနေပါစေ၊ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက မိန်းမနှင့် ကလေးများကို အသက်ရှင်ရေးအတွက် ရင်ယွမ်ကြယ်သို့ မျက်နှာလွှဲခဲပစ် မပေးလိုက်နိုင်ပေ။ ထို့ကြောင့် ယဲ့ချန်က လေသံတင်းတင်းနှင့် မောင်းထုတ်လိုက်သည်။ ကျိရင်က နှာခေါင်းတစ်ချက်ရှုံ့၍ သူ့ကိုစိုက်ကြည့်ကာ ကောင်းကင်လှေပေါ်သို့ မောက်မာစွာတက်သွားခဲ့ပြီး ကျန်နတ်အစေခံနှစ်ယောက်ကလည်း ချက်ချင်းလိုက်ပါသွားကြသည်။
"ကျိရင် ငါတို့ဒီအတိုင်း ပြန်သွားကြမှာလား"
နတ်အစေခံတစ်ယောက်က ဒေါသတကြီး မေးလိုက်သည်။ ကောင်းကင်မူလကြယ်က သူတို့၏တောင်းဆိုချက်များကို ပျော်ပျော်ကြီး သဘောတူမည်ဟု ထင်ထားခဲ့သော်လည်း ကျရှုံးရမည်ဟု အိပ်မက်ပင် မမက်ဖူးချေ။
"အမြင်မကျယ်တဲ့ လူရိုင်းတွေ ၊ငါတို့က အရှင့်ကို သတင်းပြန်ပို့ကြမယ်။ အချိန်ကျလာလို့ ကောင်းကင်နတ်ဆိုးတွေတိုက်ခိုက်လာရင် သူတို့အမှားကို သူတို့ သိသွားကြလိမ့်မယ်"
ကျိရင်က အေးစက်စက် ဖြေလိုက်သည်။
"သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်။ ကောင်းကင်နတ်ဆိုးတွေ ရောက်လာလို့ကတော့ ငါတို့ဆီကို ငိုပြီး လာတောင်းပန်ကြမှာ မြင်ယောင်သေးတယ်"
နောက်ဆုံးနတ်အစေခံကလည်း မကျေမနပ်ဖြင့် လှောင်ပြောင်လိုက်သည်။
"သွားကြစို့"
ကောင်းကင်လှေက အနည်းငယ် မြင့်တက်လာကာ ရှေးဟောင်းတျန်းယွမ်မြို့တော်မှ ထွက်ခွာလိုက်သည်။ ယဲ့ချန်က ခေါင်းကိုမော့၍ ၎င်းကို ကြည့်လိုက်သည်။ ၎င်းကို မည်သည့်ကုန်ကြမ်းဖြင့် တည်ဆောက်ထားခြင်း မသိရသော်လည်း သတ္တုရောင်ပြောင်လက်နေကာ မျက်နှာပြင်ထက်တွင် စကြဝဠာအတွင်းမှ အကြွင်းအကျန်များဖြစ်သော အချိန်လေဟာနယ်ချီအချို့ ကပ်တွယ်နေသည်။ စကြဝဠာကြီးက ကျယ်ပြန့်ပြီး သူက တစ်ထောင့်တစ်နေရာကိုသာ မြင်ဖူးထားသောကြောင့် မည်သည့်အချိန်တွင်မှ ဤကဲ့သို့လှေမျိုး ပိုင်ဆိုင်ကာ စကြဝဠာအတွင်း သွားလာနိုင်မည်ကို စဥ်းစားလိုက်မိသည်။ သို့သော် ၎င်းက အလွန်စျေးကြီးပြီး ကောင်းကင်မူလကြယ်၌ ရှိသမျှ ကြယ်ငွေကြေးများ ပေါင်းလိုက်လျှင်ပင် မတတ်နိုင်ချေ။ ရင်ယွမ်ကြယ်၌ ကောင်းကင်လှေသုံးစီး ပိုင်ဆိုင်ထားစဥ် ကောင်းကင်မူလကြယ်က အလွန်ဆင်းရဲနေခဲ့သဖြင့် ကွာခြားမှုကို သူက သဘောပေါက်လိုက်သည်။
ထိုအချိန်၌ ကောင်းကင်လှေ၏အရှိန်က ဖြည်းဖြည်းချင်းမြန်ဆန်လာပြီး အမြင့်မီတာတစ်သောင်းအထက်သို့ ရောက်သောအခါ လှစ်ခနဲမြည်သံနှင့်အတူ စကြဝဠာအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်က စစ်ဧကရာဇ်နန်းတော်ဘက်သို့ ကြည့်လိုက်သောအခါ နဂါးဘုရင်နှင့် ထန်းယွမ်သည်လည်း ကောင်းကင်သို့ အားကျစွာ မော့ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်မူလကြယ်အတွက် စကြဝဠာအတွင်း သွားလာနိုင်သော ယာဥ်တစ်မျိုး အရေးတကြီး လိုအပ်နေသည်။ အခြားကြယ်များနှင့် ဆက်သွယ်နိုင်မှသာ စကြဝဠာ၏ လက်ရှိအခြေအနေကို သိနိုင်ပြီး လုံခြုံရေးအတွက် ကောင်းစွာပြင်ဆင်ထားနိုင်ပေလိမ့်မည်။
ကျိရင်၏အဆိုအရ ကောင်းကင်နတ်ဆိုးငါးရာကျော်က ၂နှစ်အတွင်း ရောက်လာမည်ဖြစ်သောကြောင့် ပြဿနာက ကြီးမားလွန်းနေသည်။ ထို့ကြောင့် ဤကပ်ဘေးတွင် ရှင်သန်ရန်အတွက် အပြင်ကမ္ဘာနှင့် ဆက်သွယ်နိုင်ရေးက အရေးတကြီး လိုအပ်နေသည်။ သူတို့က အကူအညီတောင်းခံမည် ဖြစ်သော်လည်း မည်သည့်ကျင့်ကြံသူကမှ ရင်ယွမ်ကြယ်၏ တောင်းဆိုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ ယဲ့ချန်က ကောင်းကင်မှ မျက်နှာလွှဲလိုက်ပြီး စစ်ဧကရာဇ်နန်းတော်အတွင်း ပြန်ဝင်လာသောအခါ ရှင်းဟွမ် ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
"နဂါးဘုရင် ကောင်းကင်လှေတစ်စီး ဘယ်လိုဝယ်ရမလဲ"
"ငါလည်း မသိဘူး။ ကောင်းကင်မူလကြယ်က စကြဝဠာနဲ့ အဆက်အသွယ်မရှိတာ အရမ်းကြာနေပြီမို့ ကြယ်သခင်ကလွဲလို့ ဘယ်သူမှ စကြဝဠာထဲကို ခရီးမသွားနိုင်ဘူး။ ငါတို့အတွက် တစ်ခုတည်းသော လမ်းကြောင်းက ကျိယွမ်ကြယ်နဲ့ ဆက်သွယ်ထားတဲ့ တည်နေရာပြောင်းအစီအရင်ပဲ ရှိတယ်"
နဂါးဘုရင်က ခေါင်းယမ်းပြလိုက်သည်။
"ကောင်းကင်လှေကို ဝယ်ချင်ရင် ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းမှာ ရှိတဲ့ မှောင်ခိုစျေးကိုသွားဖို့ လိုအပ်တယ်။ ဒီလှေက သွေးပြည်ထောင်ဆိုတဲ့ နေရာတစ်ခုရဲ့ ထုတ်ကုန်ဖြစ်တယ်"
နတ်အစေခံသုံးယောက်ထံမှ စပ်စုထားသော ထန်းယွမ်က ဝင်ဖြေလိုက်ခြင်းဖြစ်သည်။
"သွေးပြည်ထောင် ထာဝရပြည်ထောင် ဒါက ဘယ်လိုနေရာမျိုးတွေလဲ"
ယဲ့ချန်က ရေရွတ်လိုက်မိသည်။
"ဒီအကြောင်းကို ရှေးမှတ်တမ်းတွေထဲမှာ ငါ နည်းနည်းပါးပါး ဖတ်ဖူးတယ်။ ကြယ်သခင်ရှင်း ချန်ထားရစ်တဲ့ မှတ်တမ်းထဲမှာ ဖော်ပြထားတာကတော့ သွေးပြည်ထောင်မှာ အရောင်းအဝယ်လုပ်ဖို့အတွက် ဆည်းဆာရွှေ၊ မိစ္ဆာရွှေနဲ့ ခရမ်းရောင်ရွှေကို အသုံးပြုကြတယ်"
ထန်းယွမ်ကပင် ဝင်ရောက်ဖြေဆိုလိုက်၏။ သူက ရှင်းရွှမ်ချန်ထားရစ်ခဲ့သော မှတ်တမ်းများမှတဆင့် သွေးပြည်ထောင်အကြောင်း အနည်းငယ် သိထားသည်။ သူက စကြဝဠာအကြောင်း အမှန်တကယ် ထုတ်ဖော်ချင်နေပြီး အမျိုးမျိုးသော နေရာများသို့ သွားလာစုံစမ်းရန် စိတ်ဓာတ်ပြင်းပြသူဖြစ်သည်။
"ဒါဆိုရင် သွေးပြည်ထောင်ကိုသွားရင် ကောင်းကင်လှေ ဝယ်နိုင်ပြီမလား"
ယဲ့ချန်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
"သွေးပြည်ထောင်ကိုရောက်ဖို့ အလွန်ခက်ခဲတယ်။ ငါတို့က အလွန်အန္တရာယ်များတဲ့ နယ်စပ်ကို ဖြတ်ကျော်သွားဖို့အတွက် ခွန်အား မလုံလောက်ဘူး"
ထန်းယွမ်က ခါးသက်သက်ပြုံးကာ ခေါင်းယမ်းပြလိုက်၏။ သွေးပြည်ထောင်၏ တည်နေရာကိုသိလျှင်ပင် ကြယ်သခင်တစ်ယောက် မဟုတ်ပါက သူတို့၏ခွန်အားဖြင့် သွားရောက်နိုင်စွမ်း မရှိချေ။ သို့သော် တန်းအာကလည်း ကြယ်သခင်အဆင့်သို့ရောက်ရန် နှစ်ဆယ်ချီ အနည်းဆုံးလိုအပ်နေကာ ထိုအချိန်အထိ ရန်သူများကို ခုခံထားနိုင်ခြင်း ရှိမရှိက ပြဿနာဖြစ်နေခဲ့သည်။
"နဂါးဘုရင် ကျုပ်နဲ့အတူ ကြယ်သခင်တန်းယွမ် ချန်ထားရစ်ခဲ့တဲ့ ကျောက်စိမ်းနန်းတော်ကို လိုက်ခဲ့ပေးနိုင်မလား။ တစ်ခုခု ရှိနေနိုင်တယ်"
ယဲ့ချန်က လေးလေးနက်နက် စဥ်းစားပြီးနောက် နဂါးဘုရင်ကို ဖိတ်ခေါ်လိုက်သည်။
"ကောင်းပြီ။ သွားကြစို့"
နဂါးဘုရင်က ခဏတာစဥ်းစား၍ ခေါင်းညိတ်သဘောတူလိုက်သည်။ သူက ရှေးဟောင်းတျန်းယွမ်မြို့တော်မှ ထွက်ခွာသွားလျှင် ရန်သူများက သူမရှိခြင်းကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လာနိုင်ချေရှိသည်။ သူက ထန်းယွမ်ကို မျက်ရိပ်ပြလိုက်သောအခါ ခဏအတွင်း ထန်းယွမ်၏မျက်နှာက နဂါးဘုရင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယဲ့ချန်သည် ထန်းယွမ် ဖန်တီးထားသော နဂါးဘုရင်အတုနှင့် နဂါးဘုရင်အစစ်ကြားတွင် ကွာခြားမှု မတွေ့ရသောကြောင့် အံ့သြသွားခဲ့သည်။
"ဒါက ထန်းယွမ်ရဲ့ စွမ်းရည်တစ်ခုဖြစ်တယ်။ သူရဲ့ရုပ်ခန္ဓာ ဖွဲ့စည်းပုံက ထူးခြားတယ်"
နဂါးဘုရင်က တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။ ထန်းယွမ်၏ရုပ်ခန္ဓာကို စကြဝဠာအတွင်းမှ အထူးရတနာများဖြင့် မွမ်းမံထားကြောင်း ယဲ့ချန်က ကြားဖူးထားသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မစိုးရိမ်ပါနဲ့ အဖေ။ ကျုပ်ရှိနေရင် အကုန်စိတ်ချထားလို့ ရပါတယ်"
ထန်းယွမ်က အားရပါးရပြုံး၍ လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်သည်။ အမြဲတမ်း တည်ကြည်နေတတ်သော နဂါးဘုရင်က ဤသို့ပြုံးနေသောအခါ ရယ်စရာ ကောင်းနေခဲ့သည်။ ထို့ကြောင့် နဂါးဘုရင်က ထန်းယွမ်ကို စူးစူးရဲရဲစိုက်ကြည့်၍ သတိပေးလိုက်သောအခါတွင်မှ သူက မျက်နှာတည်သွားခဲ့သည်။ ယဲ့ချန်က ကြယ်သလင်းကျောက်မှတဆင့် ယဲ့မျိုးနွယ်သို့ ဆက်သွယ်ကာ ကျောက်စိမ်းနန်းတော်သို့ သွားမည့်အကြောင်း ဇနီးနှစ်ယောက်ထံ အကြောင်းကြားလိုက်၏။ တန်းအာကို စောင့်ရှောက်ရန်အတွက် ထန်တိုက်လင် ရှိနေသောကြောင့် နင်အာက ယဲ့ချန်ကို ကျောက်စိမ်းနန်းတော်ခရီးတွင် လိုက်ပါကူညီရန် ဆုံးဖြတ်ခဲ့သည်။ သူမက စစ်ဧကရာဇ်နန်းတော်သို့ ချက်ချင်းဦးတည် ထွက်ခွာလာခဲ့လေသည်။