← Chapters

အမြတ်ထုတ်ခံရခြင်း

Vol. 52 Ch. 729

အမြတ်ထုတ်ခံရခြင်း

Vol. 52 Ch. 729

"ယဲ့ချန် ဒီချပ်ဝတ်တွေကို ယူနိုင်ဖို့ မင်းက နတ်အစေခံအဆင့်တစ်ဆယ်ကို ရောက်ရမယ်လို့ ပြောချင်တာလား"

နဂါးဘုရင်၏မျက်လုံးများက တက်ကြွမှုကြောင့် အရောင်များ တောက်ပလာသည်။ အကယ်၍ သူတို့သာ ကျောက်စိမ်းနန်းတော်၏ရှစ်ထပ်မှ ရတနာများကို ရယူနိုင်လျှင် ကောင်းကင်မူလကြယ်အတွက် အလွန်အကျိုးရှိပေလိမ့်မည်။

"အကုန်လုံးတော့ မဟုတ်ဘူး"

ယဲ့ချန်က ခါးသက်သက် ပြုံးလိုက်သည်။

"တစ်စိတ်တစ်ပိုင်းဆိုရင်တောင် အတော်များနေပါပြီ။ မင်းရဲ့ကျင့်ကြံဆင့်ကို မြန်မြန်အာရုံစိုက်ထားပေတော့။ ငါက မဟာတာအိုလက်နက် စန္ဒကူးနီမီးဖိုနဲ့ ကောင်းကင်မူလကြယ်ရဲ့ အရင်းအမြစ်အားလုံးကို သန့်စင်ပြီး မင်းအတွက် ထောက်ပံ့ပေးမယ်။ နတ်အစေခံအဆင့်တစ်ဆယ်ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်အောင် ကြိုးစား။ ကောင်းကင်မူလကြယ်ရဲ့ကံကြမ္မာက မင်းလက်ထဲကို ရောက်နေပြီ"

"ဒါပေမယ့် ၂နှစ်အတွင်း ဖြစ်နိုင်ပါ့မလား"

ကောင်းကင်နတ်ဆိုးများက ၂နှစ်အတွင်း ရောက်လာနိုင်သောကြောင့် ယဲ့ချန်အတွက် နတ်အစေခံအဆင့်တစ်ဆယ်သို့တက်ရန် အချိန်အကန့်အသတ် ရှိနေခဲ့သည်။

"မင်းက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပြီး ကျန်တာ ငါ့တာဝန်ထားလိုက်ပါ။ ကောင်းကင်မူလကြယ်က ကပ်ဘေးတွေအများကြီးကို ကျော်ဖြတ်လာတဲ့အတွက် ရှင်းဟွမ်မှာ ဝှက်ဖဲတွေရှိတယ်"

နဂါးဘုရင်က လက်ကာပြလိုက်သည်။ ထို့နောက် သူတို့က ရှေးဟောင်းတျန်းယွမ်မြို့တော်သို့ လျင်မြန်စွာ ပြန်လာခဲ့ပြီး မကြာခင် နဂါးဘုရင်က အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ တာအိုအိမ်တော်ဖြစ်စေ ၊သိုင်းဒေသကြီးများဖြစ်စေ အရင်းအမြစ်များကို ယဲ့ချန်အတွက် ထောက်ပံ့ပေးရမည်ဖြစ်သည်။ သူ၏အမိန့်ကို အထူးသဖြင့် သိုင်းဒေသကြီးများ၏ဂိုဏ်းချုပ်များက မကျေနပ်သော်လည်း ကောင်းကင်မူလကြယ်၏ အာဏာအလုံးစုံကို ချုပ်ကိုင်ထားသူအား မလွန်ဆန်နိုင်ပေ။ ယဲ့ချန်က တံခါးပိတ်ကျင့်စဥ်မဝင်ခင် ရန်ယွင်မြို့သို့သွားရောက်ကာ ထန်တိုက်လင်နှင့် တန်းအာကို နှုတ်ဆက်ခဲ့သည်။

ဆယ်ရက်အကြာတွင် ကောင်းကင်မူလကြယ်သို့ ရင်ယွမ်ကြယ်၏ ကောင်းကင်လှေက ပြန်လည်ရောက်ရှိလာသည်။

"ဒီခွေးကောင်တွေ ရောက်လာပြန်ပြီ"

နဂါးဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ ရင်ယွမ်ကြယ်မှ သံတမန်များက မောက်မာလွန်းပြီး ယခင်တစ်ခေါက်တွင် သူ့ကို မကျေမနပ်ဖြစ်စေခဲ့သည်။ လှေပေါ်မှ ကျိရင်နှင့်အဖွဲ့က နောက်တစ်ကြိမ် ပြန်လည်ဆင်းသက်လာခဲ့သည်။

"မင်းတို့က ဘာကြောင့် နောက်တစ်ကြိမ် ရောက်လာတာလဲ"

နဂါးဘုရင်က လေသံတင်းတင်းနှင့် မေးလိုက်သည်။

"စိတ်ဆိုးစရာ မလိုပါဘူး။ ကျုပ်တို့အတွက် ကောင်းကင်မူလကြယ်က လက်အောက်ခံမဖြစ်လာလည်း အဆင်ပြေပါတယ်။ အကုန်လုံးက ထာဝရပြည်ထောင်ရဲ့ ကြယ်တွေဖြစ်နေမှတော့ ရှင်းဟွမ်ကို ကာကွယ်ရမှာဖြစ်တဲ့အတွက် ရည်မှန်းချက်ချင်း တူညီတယ်။ တကယ်လို့ ကောင်းကင်မူလကြယ်တိုက်ခိုက်ခံရရင် ရင်ယွမ်ကြယ်က ဝင်မကူညီပေးနိုင်ပေမယ့် ကုန်သွယ်ပေးလို့တော့ ရပါတယ်"

ကျိရင်၏မျက်နှာထက်တွင် ဖော်ရွေသော အပြုံးတစ်ခု ရှိနေခဲ့သည်။

"ဘာကုန်သွယ်မှာလဲ"

နဂါးဘုရင်သည် မသိစိတ်မှ တစ်ဖက်လူ၏ရည်ရွယ်ချက်က ဆိုးဝါးကြောင်း အာရုံခံမိနေခဲ့သည်။

"ရင်ယွမ်ကြယ်က ဒီကြယ်အဖွဲ့အစည်းမှာ အခြားကြယ်တွေနဲ့ စီးပွားရေးလုပ်ကိုင်တဲ့အတွက် မင်းတို့လိုအပ်သမျှ ရောင်းပေးနိုင်တယ်"

ကျိရင်က တစ်လုံးချင်း ဖြေလိုက်သည်။

"ကောင်းကင်လှေ"

"ဒါကိုတော့ ခွင့်လွှတ်ပေးပါ။ ရင်ယွမ်ကြယ်မှာတောင် သုံးစီးသာရှိတဲ့အတွက် မရောင်းနိုင်ပါဘူး။ ဒါပေမယ့် တာအိုလက်နက်တွေနဲ့ ကြယ်ရတနာတွေကိုတော့ ရောင်းပေးနိုင်ပါတယ်"

နဂါးဘုရင်၏တောင်းဆိုချက်ကြောင့် ကျိရင်၏အပြုံးက အေးခဲသွားသော်လည်း ခဏအကြာတွင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ကောင်းကင်မူလကြယ်က စကြဝဠာနှင့် မဆက်သွယ်သည့်နိုင်သည့် အချက်ကို အခွင့်ကောင်းယူရန် ရောက်လာခြင်းဖြစ်​ကြောင်း နဂါးဘုရင်က နားလည်လိုက်သည်။ တစ်ဖက်လူက တာအိုလက်နက်များကို စျေးတင်ရောင်းချခြင်းဖြင့် သေချာပေါက် အမြတ်ထွက်ပေလိမ့်မည်။ သို့သော်လည်း ကောင်းကင်မူလကြယ်၌ရှိနေသော ငွေ​ကြေးများက ပိတ်ဆို့နေသောကြောင့် မည်မျှချမ်းသာပါစေ၊ တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိပေ။ တစ်ချိန်လျှင် ကောင်းကင်နတ်ဆိုးများ သိမ်းပိုက်သွားပါက အကျိုးမရှိဖြစ်နိုင်သောကြောင့် ယဲ့ချန်ကို ထောက်ပံ့ရန်အတွက် အရင်းအမြစ်များ ဝယ်ယူရပေလိမ့်မည်။ သို့မှသာကျော က်စိမ်းနန်းတော်အတွင်းရှိ ရတနာများကို အသုံးပြုနိုင်မည်ဖြစ်သည်။

"ကောင်းပြီ။ ဒါပေမယ့် မင်းတို့က မျှမျှတတ စီးပွားရေးလုပ်ဖို့တော့ မျှော်လင့်တယ်"

နဂါးဘုရင်က အလေးအနက်စဥ်းစားပြီးနောက် ခွင့်ပြုလိုက်သည်။ ကျိရင်က လူကောင်းမဟုတ်ကြောင်း သိသာနေသော်လည်း ကောင်းကင်မူလကြယ်၏ လက်ရှိအ​ခြေအနေက ရင်ယွမ်ကြယ်နှင့် ရန်သူဖြစ်ရန် မသင့်တော်ပေ။

"ကောင်းပါပြီ"

ကျိရင်က ဦးညွှတ်လိုက်သော်လည်း မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ ထင်ဟပ်နေသည်။

"မောက်မာနေတဲ့ တောသားတွေကို အနိုင်ကျင့်ရမယ်။ သူတို့က ဆည်းဆာရွှေ၊ မိစ္ဆာရွှေနဲ့ ခရမ်းရောင်ရွှေရဲ့တန်ဖိုးကို မသိတာ သေချာတယ်။ ဒီကောင်တွေကို ကြယ်ရတနာတွေနဲ့မျှားပြီး သေချာပေါက် အမြတ်ထုတ်ရမယ်"

ကောင်းကင်လှေပေါ်သို့ ပြန်ရောက်သောအခါ ကျိရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"စျေးကို ဘယ်လိုသတ်မှတ်ကြမလဲ"

"မှောင်ခိုစျေးမှာ ကြယ်ကျောက်တုံး တစ်ကတ်တီကို ဆည်းဆာရွှေတစ်သန်း စျေးပေါက်တယ်။ ငါတို့က ဆယ်ဆစျေးတင်ပြီး ရောင်းမယ်။ တာအိုလက်နက်နဲ့ ဆေးလုံးတွေကိုလည်း ဆယ်ဆစျေးတင်ပြီး ရောင်းလိုက်မယ်။ ဒီလိုဆိုရင် သူတို့အချင်းချင်းကြားမှာ ပြန်ရောင်းဝယ်ရင်တောင် ရတနာတိုင်းက အနည်းဆုံး မိစ္ဆာရွှေတစ်သန်း ရလိမ့်မယ်"

ကျိရင်က တစ်ချက်ပြုံးကာ ရှင်းပြလိုက်သည်။ ကောင်းကင်မူလကြယ်က နှစ်ပေါင်းသောင်းချီကြာအောင် နတ်ဆိုးသားရဲများကို မွေးမြူထားပြီး သွေးပြည်ထောင်၏ ငွေကြေးပမာဏများစွာကို စုဆောင်းထားနိုင်သော်လည်း သီးသန့်ဖြစ်ကာ ပိတ်မိနေခြင်း​ကြောင့် တာအိုလက်နက်များ၊ ကြယ်ရတနာများ ရှားပါးပေသည်။

"ဒါဆိုရင် ငါတို့က အနီးအနားကြယ်တွေမှာ နတ်ဆိုးသားရဲတွေကို အမဲလိုက်ကြမလား"

ကျိရင်၏ အဖော်တစ်ယောက်က အကြံပေးလိုက်ခြင်းဖြစ်သည်။

"မလိုအပ်ဘူး။ ကောင်းကင်မူလကြယ်ကကောင်တွေက နေ့တိုင်း အမဲလိုက်နေတာဆိုတော့ နှစ်ပေါင်းများစွာကြာတဲ့နောက်မှာ အမှန်တကယ် ချမ်းသာနေလောက်တယ်။ ငါတို့က ရတနာတွေကို အသုံးချပြီး နတ်အစေခံတွေ၊ ပါရမီရှင်တွေနဲ့ မိန်းမလှတွေကို သိမ်းပိုက်ရမယ်။ အင်အားစုတချို့ကို ထောက်ပံ့ပေးလိုက်ရင် သူတို့က နဂါးဘုရင်ကိုပုန်ကန်မှာ သေချာတယ်"

ကျိရင်၏မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေသည်။ သူ၏စကားကိုကြားသောအခါ အဖော်နှစ်ယောက်၏မျက်လုံးများ တောက်ပသွားကြသည်။ ဤအကြံကို ရင်ယွမ်ကြယ်သခင်က ကြံစည်ခဲ့ခြင်းဖြစ်ကာ ပထမဆုံးခြေလှမ်းက ဆွဲဆောင်ရန်အတွက် ကြယ်ကျောက်တုံးများ ရောင်းချရန်ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူတို့က သိုလှောင်အိတ်ထောင်ချီဖြင့် ၎င်းတို့ကို သယ်ဆောင်လာခြင်းမှာ ကောင်းကင်မူလကြယ်၌ ပြတ်လပ်နေသောကြောင့်ဖြစ်သည်။ ရှင်းဟွမ်က အနီးရှိကြယ်တစ်လုံးကို ဖျက်ဆီး၍ ကြယ်ကျောက်တုံးများ ဖန်တီးပေးခဲ့သော်လည်း နှစ်ပေါင်းများစွာ အသုံးပြုပြီးနောက် ကုန်ခမ်းစပြုလာပြီဖြစ်သည်။

ကျိရင်က ကြယ်ကျောက်တုံးများ ရောင်းချလိုက်သောအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများက အလျင်စလိုလာဝယ်ကြပြီး သွေးပြည်ထောင်၏ငွေကြေးများစွာ အမြတ်ထွက်ခဲ့သည်။ ရှားပါးမှုကို သိသောအခါ ကောက်ကျစ်သော ကျိရင်က စျေးနှုန်းကို ထပ်ကာထပ်ကာ တိုးမြှင့်ခဲ့သည်။ ကြယ်ကျောက်တုံးများရောင်းချပြီးနောက် အဆင့်ကိုးနှင့်တစ်ဆယ် တာအိုလက်နက်များကို စတင်ရောင်းချလိုက်သည်။ ၎င်းတို့က သွေးပြည်ထောင်၏နတ်ဆိုးယာဥ်ကြီးနှင့် မှောင်ခိုစျေးမှ ပေါက်စျေးထက် အဆများစွာစျေးကြီးနေသော်လည်း ကောင်းကင်မူလကြယ်၏ အင်အားစုများက သွေးရူးသွေးတန်း ဝယ်ယူခဲ့ကြသည်။ ကျိရင်က ပြန်လည်ထွက်ခွာသွားချိန်တွင် မရေမတွက်နိုင်သော ဆည်းဆာရွှေများ၊ မိစ္ဆာရွှေတစ်သန်းကျော်နှင့် ခရမ်းရောင်ရွှေခြောက်ထောင်အထိ ပြန်သယ်သွားခဲ့သည်။ ဆယ်ရက်အကြာတွင် သူက နောက်တစ်ကြိမ် ပြန်ရောက်လာပြီး ကြယ်အမြုတေနှင့် ကြယ်အဆီအနှစ်ကဲ့သို့ ကုန်ပစ္စည်းများကို အမြတ်ကြီးစားရန် သယ်ဆောင်လာခဲ့သည်။ ကောင်းကင်မူလကြယ်တွင် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ငွေကြေးများက စီးထွက်သွားခဲ့သည်။ ထို့အပြင် ကျိရင်နှင့်အဖော်များက အခြားနတ်အစေခံများနှင့် စစ်ဧကရာဇ်များထံ အကြောင်းအရင်းတစ်ခုနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။

"အဖေ ဒီခွေးကောင်တွေက မရိုးသားဘူးနော်"

စစ်ဧကရာဇ်နန်းတော်အတွင်း ထန်းယွမ်က သတိပေးလိုက်ခြင်းဖြစ်သည်။ သူက ကျိရင်သည် နတ်အစေခံများနှင့် စစ်ဧကရာဇ်များကိုသိမ်းသွင်းရန် ကြိုးစားနေကြောင်း သတင်းရခဲ့သည်။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ကောင်းကင်မူလကြယ်၌ ပြည်တွင်းစစ် ဖြစ်လာနိုင်သည်။

"အေး ငါလည်း တွေးမိပါတယ်"

နဂါးဘုရင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ လက်ရှိ၌ အတွင်းရန်ကိုရော အပြင်ရန်ကိုပါ တပြိုင်နက် ရင်ဆိုင်နေရသည်။ ကောင်းကင်နတ်ဆိုးများက မျက်စိဒေါက်ထောက်စောင့်ကြည့်နေချိန်တွင် ကျိရင်၏လုပ်ရပ်က ကောင်းကင်မူလကြယ်အတွက် ဆိုးကျိုးများကိုသာ ယူဆောင်လာခဲ့သည်။ သို့သော် ကျိရင်ကို မောင်းထုတ်လိုက်လျှင် ရင်ယွမ်ကြယ်နှင့် စစ်ပွဲစတင်ရမည်ဖြစ်သောကြောင့် သူ့အတွက် အကျပ်ရိုက်နေခဲ့သည်။ လက်ရှိတွင် ကောင်းကင်နတ်ဆိုးများဘက်မှလည်း တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ဖြစ်လာကာ ကျွန်ပိုးကောင်များစွာက ရှေးဟောင်းတျန်းယွမ်မြို့တော်ကို နေ့စဥ် လာရောက်တိုက်ခိုက်နေခဲ့သည်။

ယဲ့ချန်က တံခါးပိတ်ကျင့်စဥ်ဝင်နေပြီး ရှင်းဟွမ်က ပျောက်ကွယ်နေသောအခါ နဂါးဘုရင်တစ်ယောက်တည်း ခက်ခဲနေခဲ့သည်။ ရှင်းဟွမ်က တန်းအာ၏ကြီးပြင်းလာရေးအတွက် အာရုံစိုက်ထားပုံပေါ်သည်။ ကောင်းကင်မူလကြယ်၏လုံခြုံရေးအတွက် ကြယ်သခင်တစ်ယောက်ကိုလည်း အရေးတကြီး လိုအပ်နေသည်။ စိတ်အေးရသော အချက်တစ်ခုမှာ တန်းအာက လျင်လျင်မြန်မြန် အစွမ်းထက်လာနေပြီး အသက်၂နှစ်ဉာဏ်ရည်မျိုးသာ ရှိသေးသော်လည်း စစ်ဧကရာဇ်အဆင့်ငါးသို့ ရောက်နေပြီဖြစ်သည်။ လူတိုင်းက သူ့ကို အသက်ငါးနှစ်တွင် နတ်အစေခံအဆင့်သို့ရောက်မည်ဟု တွေးထားကြသော်လည်း လက်ရှိနှုန်းအရ ထင်ထားသည်ထက် မြန်ဆန်နေသည်။ ထို့အပြင် ထန်တိုက်လင်နှင့် ရှင်းဟွမ်က ယဲ့တန်းရွှမ်ကို သင်ကြားလေ့ကျင့်ပေးနေသဖြင့် တိုးတက်မှုက အလွန်တရာမြန်ဆန်နေသည်။ ထို့အပြင် သူက ကစားဖော်ဖြစ်သော ရေလိပ်ပြာနှင့် ပို၍ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ရေလိပ်ပြာက ကောင်းကင်နတ်ဆိုးများထက် ပို၍အစွမ်းထက်သော အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်သောကြောင့် အကျိုးမယုတ်ပေ။

ရှင်းဟွမ်၏တည်ငြိမ်မှုက နဂါးဘုရင်ကို စိတ်အေးစေခဲ့ပြီး သူမက အစီအစဥ်တချို့ ချမှတ်ထားသည်ဟု ယုံကြည်လိုက်သည်။ ကောင်းကင်မူလကြယ်၏ရှင်းဟွမ်က အလွန်အသက်ရှည်ပြီး ဗဟုသုတများသောကြောင့် ရန်သူများ အလွယ်တကူအနိုင်ယူနိုင်သည့် ဖြစ်တည်မှုမျိုး မဟုတ်ချေ။

All Chapters