← Chapters

နှင်းကြာပန်း ခံတပ်ဟောင်း မိုယွဲ့ကြယ်

Vol. 52 Ch. 731

နှင်းကြာပန်း ခံတပ်ဟောင်း မိုယွဲ့ကြယ်

Vol. 52 Ch. 731

"ချင်းရန် မတိုက်ခိုက်နဲ့။ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိတယ်။ ဖိအားပေးလို့မရဘူး"

နဂါးဘုရင်က ဖီးနစ်ဘုရင်မကို တားမြစ်လိုက်ပြီး နတ်အစေခံနှစ်ယောက်ကို အေးစက်စက်စိုက်ကြည့်ကာ ညာလက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ထို့နောက် သူတို့၏မျက်လုံးရှေ့တွင် အရိပ်တစ်ခု ဖြတ်သန်းသွားသကဲ့သို့ ထင်မှတ်လိုက်ရပြီး တဖြန်းဖြန်းမြည်သံများ ထွက်ပေါ်လာကာ ပါးရိုက်ခြင်းခံလိုက်ရသောကြောင့် ပါးပြင်များယောင်ကိုင်း၍ နှုတ်ခမ်းမှ သွေးများစီးကျလာသည်။ သူတို့က နတ်အစေခံအဆင့် ရှစ်နှင့်ကိုး ဖြစ်သောကြောင့် နဂါးဘုရင်ကို ထိတ်လန့်သွားကြသည်။ တစ်ဖ​က်လူက နတ်အစေခံအဆင့်တစ်ဆယ် ဖြစ်နေသော်လည်း နှစ်ယောက်ပေါင်းအရှိန်အဝါကို ချေဖျက်ပြီး သူတို့မတုံ့ပြန်နိုင်ခင်မှာပင် ရိုက်နှက်ခဲ့သည်။ ထို့ကြောင့် နဂါးဘုရင်၏ခွန်အားက နတ်အစေခံအဆင့်ထက် ကျော်လွန်နေသည်မှာ ထင်ရှားပြီး ကြယ်သခင်အဆင့်သို့ပင် ရောက်နေနိုင်သည်။

"ဒါက ရှင်းဟွမ်ကိုယ်စား အပြစ်ပေးလိုက်တာဖြစ်တယ်။ အခုကစလို့ မင်းတို့ဟာ ကောင်းကင်မူလကြယ်နဲ့ မသက်ဆိုင်ဘူး။ အခုချက်ချင်း ထွက်သွားစမ်း"

နဂါးဘုရင်က မောင်းထုတ်လိုက်ခြင်းဖြစ်သည်။

"သွားကြစို့"

နတ်အစေခံနှစ်ယောက်သည် သူတို့က တစ်ဖက်လူအော​က် များစွာအားနည်းကြောင်း သိလိုက်ရသဖြင့် နောက်လိုက်စစ်ဧကရာဇ်များဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။ ဘုရင်ရီနှင့် ဘုရင်ဟွမ်က ဦးဆောင်ကာ စစ်ဧကရာဇ်နန်းတော်အပြင်ဘက်သို့ ထွက်ခွာသွားပြီး မိုးကြိုးဧကရာဇ်၊ ဧကရာဇ်လင်းစသူတို့ လိုက်ပါသွားကြသည်။ အချို့က တုံ့ဆိုင်းနေသော်လည်း အံကြိတ်၍ ထွက်ခွာသွားသောကြောင့် နောက်ဆုံးတွင် စစ်ဧကရာဇ်၁၆ယောက်နှင့် နတ်အစေခံနှစ်ယောက်က ကောင်းကင်မူလကြယ်ကိုစွန့်ခွာရန် ရွေးချယ်ခဲ့ကြသည်။ သူတို့က ရှေးဟောင်းတျန်းယွမ်​မြို့တော်ထက်တွင် ရပ်နားထားသော ကောင်းကင်လှေထံ ပျံတက်သွားကြသည်။ ထို့နောက် မြို့အတွင်းမှ ရာချီသော ကျင့်ကြံသူများလည်း ထွက်ပေါ်လာကာ သိုင်းဒေသကြီးများ၏ ပါရမီရှင်တပည့်များဖြစ်သော်လည်း ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားရန် ပူးပေါင်းလိုက်သည်။

"အစ်ကိုကြီး ငါတို့ ဒီအတိုင်း ထွက်သွားကြတော့မှာလား"

လှေထွက်ခွာသွားသောအခါ နတ်အစေခံနှစ်ယောက်က အောက်သို့ငုံ့ကြည့်နေရင်း ဘုရင်ဟွမ်က ပြောလိုက်ခြင်းဖြစ်သည်။ နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့သော မြေပြင်နှင့် ရေပြင်အနေအထားများကို စွန့်ခွာရန် ခက်ခဲလှသည်။

"ငါတို့ပြန်လာဦးမှာပါ။ တစ်နေ့ကျရင် ငါတို့မှန်တယ်ဆိုတာကို နဂါးဘုရင်နဲ့ ရှင်းဟွမ် သိသွားစေရမယ်"

ဘုရင်ရီက လူပုံအလယ် ပါးရိုက်ခံခဲ့ရသောအဖြစ်ကို တွေးမိလိုက်သဖြင့် မျက်နှာပျက်သွားခဲ့သည်။

"လူတိုင်း ရောက်ကြပြီလား"

ကျိရင်က ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူတစ်စုကို ဝေ့ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။

"ရောက်ပြီ"

"ကောင်းပြီ။ သွားကြစို့"

နတ်အစေခံနှစ်ယောက်ကို ခေါ်ဆောင်လာနိုင်သည့်အတွက် ကျိရင်က အလွန်ကျေနပ်နေခဲ့သည်။ ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်ထက် ပို၍အစွမ်းထက်သော်လည်း နတ်အစေခံအဆင့်သုံးဆယ်သာရှိသောကြောင့် တစ်ယောက်ချင်းစီက အရေးကြီးပေသည်။ ခဏအကြာတွင် ကောင်းကင်လှေက စကြဝဠာအတွင်း ဝင်ရောက်သွားကာ လှစ်ခနဲပျံသန်း ပျောက်ကွယ်သွားခဲ့သည်။

စစ်ဧကရာဇ်နန်းတော်အတွင်း၌ နဂါးဘုရင်နှင့် စစ်ဧကရာဇ်များက ကောင်းကင်သို့မော့ကြည့်ရင်း ဝမ်းနည်းမှုကြောင့် မျက်နှာများ ညှိုးငယ်နေကြသည်။ ကောင်းကင်မူလကြယ်တွင် ပခုံးချင်းယှဥ်တိုက်ခိုက်လာသူများက စွန့်ခွာသွားရန် ရွေးချယ်ခဲ့ကြပြီး နှစ်ပေါင်းထောင်ချီ အတူတိုက်ပွဲဝင်လာသော နတ်အစေခံနှစ်ယောက်ပင် ပါဝင်နေသည်။ ဤသစ္စာဖောက်ခံရသော ခံစားချက်က နှလုံးသားကို ဓားထက်ထက်နှင့် မွှန်းနေသကဲ့သို့ နာကျင်စေသည်။

"လူတိုင်းက ကိုယ့်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်နိုင်တယ်။ မင်းတို့ဘယ်သူဖြစ်ဖြစ် ထွက်သွားချင်တယ်ဆိုရင် ငါက တားမှာမဟုတ်ဘူး။ ဒါပေမယ့် ကျန်နေရစ်ပြီး အတူတိုက်ပွဲဝင်ဖို့ ရွေးချယ်ခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်"

နဂါးဘုရင်က နတ်အစေခံများနှင့် စစ်ဧကရာဇ်များကို တစ်ချက်ဝေ့ကြည့်ကာ လေသံလေးလေးနှင့် ပြောလိုက်ခြင်းဖြစ်သည်။

"အရှင်က အတွေးလွန်နေပါပြီ"

"ကောင်းကင်မူလကြယ်က ငါတို့အိမ်ပါ။ ဘယ်တော့မှထွက်မသွားဘူး"

စစ်ဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် ပြတ်သားစွာ ပြောလာကြသည်။ အခြားလူများက ကောင်းကင်မူလကြယ်ကို သစ္စာဖောက်လျှင်ပင် သူတို့က ဤနေရာ၌ ခေါင်းချရန် ဆုံးဖြတ်ထားကြပြီး သေဆုံးရလျှင်ပင် ဂုဏ်ရှိသည်ဟု သတ်မှတ်ထားကြသည်။ သို့သော် ၂နှစ်အတွင်း ရောက်လာမည့် ကောင်းကင်နတ်ဆိုးအန္တရာယ်က လူတိုင်း၏စိတ်ကို အရိပ်မည်းကြီးပမာ ခြောက်လှန့်နေသည်။

"အရှင် ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ဖို့ ကျုပ်တို့ ဘာလုပ်ရမလဲ"

စစ်ဧကရာဇ်တစ်ယောက်က နဂါးဘုရင်ကို မျှော်လင့်တကြီးနှင့် မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ်။ ကျုပ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ"

"ကောင်းကင်မူလကြယ် ဆက်လက်တည်ရှိရေးအတွက် သေရမယ်ဆိုရင်တောင် နောင်တမရဘူး။ ကျုပ်တို့အသက်ကို ပေးရမယ်ဆိုရင်လည်း နောက်မတွန့်ပါဘူး။ ကျေးဇူးပြုပြီး လမ်းပြပေးပါ အရှင်"

စစ်ဧကရာဇ်များက သေရန်အသင့်ပြင်ထားဟန်ဖြင့် ဒူးထောက်ကာ တောင်းဆိုလိုက်ကြသည်။ အကယ်၍ ကျိယွမ်ကြယ်မှ နတ်အစေခံသုံးယောက် ပြန်ရောက်လာလျှင်ပင် အရေအတွက်က ကောင်းကင်နတ်ဆိုးများကို တွန်းလှန်ရန် မဖြစ်နိုင်ပေ။ နဂါးဘုရင်သည် လက်အောက်ငယ်သားများ၏စိတ်ဓာတ်ကို နားလည်သော်လည်း အဖြေမရှိသောကြောင့် မျက်လုံးများ နီရဲနေသည်။

"ထကြပါ"

သူက မတ်တပ်ရပ်ရန် အမိန့်ပေးလိုက်ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ နတ်အစေခံအဆင့် ရန်သူငါးရာကျော်ကို ရင်ဆိုင်ရန်အတွက် ကြယ်သခင်တစ်ယောက်သာမရှိလျှင် ကောင်းကင်မူလကြယ်တစ်ခုလုံး သုတ်သင်ခံလိုက်ရနိုင်သည်။ ထိုအချိန်၌ စစ်ဧကရာဇ်နန်းတော်ရှေ့တွင် ပုံရိပ်တစ်ခု ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။ သူမက ကျက်သရေရှိရှိလှပပြီး ဖော်ပြမရနိုင်သော မြင့်မြတ်မှုကို ပိုင်ဆိုင်ထားသဖြင့် မြင်ရသူအပေါင်းကို စိတ်အေးချမ်းသွားစေသည်။

"ရှင်းဟွမ်အရှင်"

သူမကို မြင်သောအခါ နတ်အစေခံများနှင့် စစ်ဧကရာဇ်များက ပျော်ရွှင်သွားကြသည်။ သူတို့က ရှင်းဟွမ်ကို တစ်ကြိမ်မျှမမြင်ဖူးသော်လည်း သူတို့ကို မိခင်ပမာစောင့်ကြည့်နေကြောင်းကို ခံစားနိုင်ကြသည်။ သူတို့၏ရင်ထဲတွင် သူမက အထူးတည်ရှိမှုတစ်ခုဖြစ်သကဲ့သို့ အမြင့်မြတ်ဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။ သူတို့က အသက်နှင့်ရင်းကာ ကောင်းကင်နတ်ဆိုးကို တွန်းလှန်နေရသော အကြောင်းအရင်းက သူမပင်ဖြစ်သည်။ ယနေ့တွင် သူတို့မြင်လိုက်ရသော ပုံရိပ်က တွေးထားသည့်အတိုင်း ကြင်နာသူဖြစ်နေခဲ့သည်။

"အားလုံး မတ်တပ်ရပ်ကြပါ။ မင်းတို့အားလုံးက ငါ့ရင်သွေးတွေပါ။ ဘာတွေဖြစ်လာလာ မင်းတို့ကို အပြစ်မတင်ရက်ပါဘူး။ ကောင်းကင်မူလကြယ် ဒီလောက်ကျဆင်းသွားတာက ငါ့အပြစ်ပါ။ ငါက ကြယ်သခင်တစ်ယောက် မရွေးချယ်ပေးနိုင်ခဲ့ဘူး"

ရှင်းဟွမ်၏လေသံသည် မိခင်က သားသမီးများကို ဂရုစိုက်နေသကဲ့သို့ နူးညံ့ညှင်သာနေခဲ့သည်။

"အရှင် ကျုပ်တို့ ဘာဆက်လုပ်ရမလဲ"

စစ်ဧကရာဇ်များက သူမ၏အမိန့်ကို မျှော်လင့်နေကြပြီး တစ်ချက်ပင်မတုံ့ဆိုင်းဘဲ လိုက်နာရန် အသင့်ဖြစ်နေကြသည်။

"ကောင်းကင်နတ်ဆိုးတွေမှာ အခြားအကြံတွေ ရှိရမယ်။ လွန်ခဲ့တဲ့နှစ်တစ်သန်းတုန်းက ကောင်းကင်မူလကြယ်ဟာ ဒီကြယ်အဖွဲ့အစည်းမှာ အရေးပါအရာရောက်ခဲ့တယ်။ ဒါပေမယ့် အရာရာ ပြောင်းလဲသွားခဲ့ပြီ"

သူမက ကျင့်ကြံသူအားလုံးကို ဝေ့ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။

"လွန်ခဲ့တဲ့နှစ်တစ်သန်းက ဘာတွေဖြစ်ခဲ့တာလဲ။ အဲ့အချိန်က ကောင်းကင်မူလကြယ်က ဘယ်လိုပုံစံမျိုးဖြစ်ခဲ့တာလဲ"

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ သူတို့သိထားသည်မှာ ကြယ်သခင်နှစ်ယောက်အ​ကြောင်းသာဖြစ်၍ တျန်းယွမ်၏ရှေ့ပိုင်းမှ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသော ရှေးစာအုပ်များ မရှိပေ။

"အများစုက သမိုင်းကြောင်းထဲက ဖျောက်ဖျက်ခံထားရပြီး ကြယ်ဝိညာဥ် မဟာတာအိုလက်နက်အနည်းငယ်သာ ကျန်ရစ်ခဲ့တယ်။ ဒါပေမယ့် ရန်သူကိုရင်ဆိုင်ဖို့ ကူညီပေးနိုင်တဲ့ အရာတွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို ကောင်းကင်နတ်ဆိုးတွေသိသွားရင် ပိုပြီးအာရုံစိုက်လာနိုင်ပြီး အန္တရာယ်ပိုများလာလိမ့်မယ်"

ရှင်းဟွမ်၏လေသံက နူးညံ့သော်လည်း နားထောင်သူများ၏ နှလုံးသားထဲအထိ ထိုးဖောက်နိုင်စွမ်းရှိနေသည်။

"ဘာက ငါတို့ကို ကူညီပေးနိုင်တာလဲ"

လူတိုင်း၏မျက်လုံးများက မျှော်လင့်ချက်ကြောင့် တောက်ပလာစဥ် ရှင်းဟွမ်က လေထဲတွင် ပုံရိပ်အချို့ ဖန်တီးလိုက်သည်။ ပထမဆုံးပုံရိပ်က မြေအောက်​ခံတပ်ကြီးတစ်ခုဖြစ်ကာ သတ္တုဖြင့်တည်ဆောက်ထားပြီး အလွန်ရှုပ်ထွေးပုံပေါ်သည်။ ၎င်းအတွင်း မျှော်စင်များ၊ နန်းဆောင်များနှင့် ထူးဆန်းသော အဆောက်အအုံများတည်ရှိကာ မီတာထောင်ချီအချင်းဝက်အထိ ကြီးမား၍ ခမ်းနားသည်။

"ဒါက လွန်ခဲ့တဲ့နှစ်တစ်သန်းက ခံတပ်တစ်ခုဖြစ်တယ်။ မူလက ဒါက မြေမျက်နှာပြင်ပေါ်မှာရှိခဲ့ပေမယ့် ငါက တာအိုအိမ်တော်ရဲ့မြေအောက်ကို ရွှေ့ပြောင်းလိုက်တယ်။ မင်းတို့က ဒီကရတနာအချို့ကို ယူနိုင်ရင် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးတွေကို ယှဥ်တိုက်နိုင်လိမ့်မယ်။ အထဲမှာတော့ အလွန်အန္တရာယ်များတယ်"

ရှင်းဟွမ်၏လေသံက လေးလံနေသည်။ ဒုတိယပုံရိပ်က ချော်ရည်များအကြား ဖူးပွင့်နေသော အဖြူရောင်ကြာပန်းတစ်ခုဖြစ်ကာ ဖြူစင်သန့်ရှင်းသည်။ ၎င်း၏ပွင့်ချပ်များက ကျောက်စိမ်းဖြူဖြင့် ထုလုပ်ထားသကဲ့သို့ ထင်မှတ်ရပြီး အလင်းရောင် တောက်ပနေသည်။ ၎င်းက ရဲရဲနီနေသော ချော်ရည်ပူများအလယ်တွင် ငွားငွားစွင့်စွင့် ပွင့်လန်းနေခဲ့သည်။

"ဒီနှင်းကြာပန်းရဲ့ သက်တမ်းက နှစ်တစ်သန်းကျော်ပြီဖြစ်လို့ ပွင့်ချပ်တစ်ခုချင်းစီက နတ်အစေခံတစ်ယောက် ဖြစ်လာစေနိုင်တယ်။ ဒါက အ​နောက်ပိုင်းတိုက်ကြီးမှာရှိတဲ့ မီးတောင်ဒေသမှာ ပေါက်နေတာဖြစ်တယ်။ ငါက အစီအရင်အချို့ ခင်းကျင်းပြီး ကောင်းကင်နတ်ဆိုးတွေမတွေ့အောင် ဖုံးကွယ်ထားခဲ့ပေမယ့် သူတို့က တစ်ခုခုကို အာရုံခံမိပြီး စောင့်ကြည့်နေကြတယ်"

တတိယမြောက်ပုံရိပ်က နက်မှောင်နေသော ကြယ်တစ်လုံး၏ပုံရိပ် ဖြစ်သည်။

"မင်းတို့က ကောင်းကင်နတ်ဆိုးတွေကို အနိုင်ယူချင်ရင် မိုယွဲ့ကြယ်ကို တစ်ချက်သွားကြည့်ရမယ်။ ဒါက အန္တရာယ်အများဆုံး ကြယ်တစ်လုံးဖြစ်တဲ့အတွက် ကောင်းကင်မူလကြယ်ကနေ လမ်းကြောင်းတစ်ခုရှိတာတောင် ဘယ်သူမှ အလျင်စလို မဝင်ရဲကြဘူး။ နေရာတိုင်းက အန္တရာယ်တွေပေါ်လာနိုင်ပေမယ့် ငါသိသလောက်ဆိုရင် ရှေးခေတ်ရဲ့အကြွင်းအကျန်တွေ ဒီနေရာမှာ ရှိတယ်။ တည်နေရာက ဝေးကွာလွန်းတဲ့အတွက် အစီအရင်နဲ့သွားမယ်ဆိုရင်တောင် ဆယ်မိနစ်ကြာပြီး အဝင်လွယ်ပေမယ့် အင်မတန် အထွက်ခက်တယ်"

"အစက နှင်းကြာပန်းကို ကြယ်သခင်အတွက် ငါ ရည်ရွယ်ထားခဲ့တယ်။ ခံတပ်ဟောင်းနဲ့ မိုယွဲ့ကြယ်က အန္တရာယ်များလွန်းတဲ့အတွက် မပြောပြချင်ခဲ့ဘူး။ အဲ့နေရာက ​ရတနာတွေရနိုင်ပေမယ့် လူတွေအများကြီး အသက်ဆုံးသွားနိုင်တယ်"

ရှင်းဟွမ်က သက်ပြင်းချ၍ လက်ကို ယမ်းလိုက်သောအခါ အပြာရောင်စာလိပ်နှစ်ခုက အနီးရှိစား ပွဲတစ်လုံးပေါ်၌ ထွက်ပေါ်လာခဲ့သည်။

"ခံတပ်ဟောင်းရဲ့ ဖွဲ့စည်းပုံနဲ့ မိုယွဲ့ကြယ်ရဲ့မြေပုံကို စစ်ဧကရာဇ်နန်းတော်မှာ ချန်ထားရစ်ခဲ့မယ်။ မင်းတို့ ကူးယူကြည့်ရှုနိုင်တယ်"

ထို့နောက် သူမက နဂါးဘုရင်ကို နောက်ဆုံးတစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားလေသည်။

All Chapters