← Chapters

ကတိ စကား ။

Vol. 111 Ch. 1541

ကတိ စကား ။

Vol. 111 Ch. 1541

မုချွမ်က မူရွှမ်ကောင်နှင့် တွေ့ဆုံရန် ထွက်လာခဲ့ပြီး၊ လင်းယွန်က တိမ်ပျံတောင် ထိပ်သို့ ပြန်လာ ဖြစ်သည်။

ခေတ္တ အနားယူ ပြီးနောက်၊ သူ့ အသိ အကျွမ်း များထံ သွားရောက် လည်ပတ်ရန် ထွက်လာ မိ၏။

ဤအရိယာ ကောင်းကင် တောင်ထိပ်၏ တပည့်ကြီး ဖုန်လွမ်က၊ ကုန်းစွန်းယန်၊ ကြယ် နှစ်ဖော် ကျန့်ရှုရွှမ်နှင့် ကျင်းရွှမ်ယီ စသည်၊ တို့အား သူတော်စင် သစ်သီး (၂)လုံးစီ ပေးလျက်၊ ထွက်ခွာ လာခဲ့သည်။

နောက်ဆုံး၌ ကြက်သွေးရောင် တောင်ထိပ်ထံ၊ သွားရောက်ကာ မူချင်းချင်းနှင့် တွေ့ဆုံ လိုက်၏။

လက်ဆောင် အဖြစ်၊ သူတော်စင် အသီး (၃)လုံးကို လက်ခံ ယူကာ၊ မူချင်းချင်းမှ အံသြ သွားသည်။

“ အစ်ကို လင်း ... ၊ ဘယ်ကနေ ပြန်လာ တာလဲ၊ ဒါက မယုံ နိုင်စရာ ကောင်းလွန်းတယ်၊ သူတော်စင် သစ်သီး သုံးမျိုးတောင်။ ”

ဤသူတော်စင် သစ်သီး သုံးမျိုးသည်၊ မည်မျှ ရှားပါး အဖိုး တန်ကြောင်း၊ သူမ သဘာဝ ကျကျ သိသည်။

လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ ၎င်းအား လက်ဆောင် အဖြစ် ပေးလာ နိုင်မည် မဟုတ်ချေ။

“ ငါ ကံကောင်းခဲ့ တာပါ။ ”

လင်းယွန်မှ ပြုံးလျက် ပြန်ဖြေ၏။ အစ်ကို မုသည် နဂါး အကြွင်း အကျန်၊ ကြယ် နယ်မြေ အကြောင်း၊ မည်သူ့ ကိုမျှ ထုတ်မပြော ပြရန် သတိ ပေးခဲ့သည်။

အထူး သဖြင့် မွေးရာပါ နတ်ဘုရား ရူရ် ပါသော နတ်နဂါးပြာ အရိုး အကြောင်း ဖြစ်၏။ မည်သူမျှ မသိလေ ကောင်းလေ ပေပင်။

“ ငါလည်း ... ဒီလို ဘာလို့ ကံ မကောင်း ရတာလဲ။ ”

“ ကံကို ယုံပြီး ထိုင်နေရင် ... ၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ တကယ့် ကံကောင်းခြင်း တွေရဲ့၊ နောက်မှာ အန္တရာယ်တွေ ရှိနေတယ်၊ ဒါကြောင့် ... နင် သူ့လို ကံ မကောင်းတာ အကောင်းဆုံး ပါပဲ။ ”

ရုတ်တရက် မူရွယ်ချင်းက နူးညံ့ သိမ်မွေ့သော အသံနှင့်၊ ညင်သာစွာ လျှောက် လှမ်း လာလေသည်။

သူမအား ပန်းချီကား ထဲ၌ လင်းယွန် မြင်ဖူး၏။ သို့သော် အပြင်၌ ပို၍ ကြည့်ကောင်း ချေသည်။

“မင်္ဂလာပါ အစ်မ မူ ... ။ ”

လင်းယွန်က အရို အသေ ပေးကာ၊ နှုတ်ဆက် လိုက်သည်။ သူမ စကားကြောင့်၊ အကောင်း မြင်မိ၏။

သူတိုင်းသည် သူတော်စင် အသီး အနှံများ ကိုသာ မြင်ပြီး၊ မည်မျှ အန္တရာယ် များခဲ့ကြောင်း မသိ ကြချေ။

အကြိမ ်ကြိမ်ပင် အသက်ပေး ရလု နီးပါး တိုက်ပွဲဝင် ခဲ့ရသည်။ မိစ္ဆာဂိုဏ်း (၇)ဂိုဏ်း ကြား ခြေ တစ်လှမ်း မှားရုံဖြင့်၊ ပြန်လမ်း မရှိချေ။

“ ငါ့ကို ... ၊ ဒီလောက် ယဉ်ကျေး နေဖို့ ... ၊ မလို ပါဘူး၊ မင်းကို အဝေး ကနေ အကြိမ်ပေါင်း များစွာ ငါ မြင်ဖူးတယ်။ ”

“ ဟုတ်တယ် ... ၊ သွေ့ရော် ကျွန်းက ပြန် လာပြီး ကတည်းက၊ အစ်ကို လင်း အကြောင်း ပြောပြ ထားတယ်၊ ...

... ဒါကြောင့် မမက အစ်ကို လင်းကို စိတ်ဝင်စား နေတာ ... ၊ သူတော်စင် ကန်မှာ နှစ်ခြင်း ခံရတဲ့ အချိန်နဲ့၊ တောင်ထိပ် ငါးခု ပြိုင်ပွဲ ကျင်းပချိန် မှာတောင်၊ မမ လာကြည့်တယ်။ ”

မူချင်းချင်းက ဝမ်းသာ အားရ ဝင်ပြော လာသော်လည်း၊ လင်းယွန်မှာ ပျော်ရွှင် မလာ ချေ။ ဤသို့ အာရုံစိုက် ခံရခြင်းသည် သူ့အား စိတ်မသက် မသာ ဖြစ်စေသည်။

သူ့ညီမ စကားကြောင့် မူရွယ်ချင်း သည်လည်း မျက်နှာ နီရဲလျက် မူချင်းချင်းထံ ပြန်စိုက်ကြည့် မိသည်။

“ ဟီး ... ။ ”

မူချင်းချင်းမှ လျှာထုတ် ပြောင်ပြ လိုက်ပြီး၊

“ အဟဲ မမ ... ၊ ဘယ်တုန်းက ပြန်ရောက် တာလဲ၊ စီနီယာ အစ်ကို ကူနဲ့ ... ၊ တခြား သူတွေ ဘယ်မှာလဲ၊ သူတို့ ပြန်ရောက် ပြီလား။ ”

“ စီနီယာ အစ်ကို ကူက ပြန်မလာ နိုင်သေးဘူး၊ ရှေးဟောင်း ပျက်သုဉ်းမြေ အပြင် ဘက်၊ နတ်ဘုရား သင်္ချိုင်း တောအုပ်မှာ ကောင်းကင်က မီးလုံးတွေ ပြုတ်ကျပြီး ...

... လောင်ကျွမ်း နေတယ်၊ ဒါကြောင့် ... စီနီယာ ကူနဲ့၊ စီနီယာ ရီ အပါအဝင် ဂိုဏ်းတိုင်း ရဲ့ ... ၊ နဂါး သေွးလွှတ်ကြော ကျွမ်းကျင်သူ အားလုံးက စောင့်ကြည့် နေတယ်။ ”

မူရွယ်ချင်းက ပြန်ဖြေသည်။ ထို့ကြောင့် မူချင်းချင်း ခမျာ အံသြ ဟန်ဖြင့်၊ ပွင့်လာသော ပါးစပ်ကို လက်ဖဝါးနှင့်၊ အုပ်လိုက် သည်။

စီနီယာ အစ်ကို ကူ၊ အစ်ကို ရီ ဟူသည် ကောင်ကင် ပထမနှင့် ဒုတိယ အဆင့် တပည့် များ ဖြစ်သည်။

ဖြစ်စဉ်မှာ မည်မျှ ကြီးမား မည်ကို တွေးကြည့် နိုင်၏။ တစ်ဖက်တွင် ညီအစ်မ နှစ်ဦး၏ စကားဝိုင်းကို နားထောင်ပြီး၊ လင်းယွန် တစ်ယောက် အတွေးများ နေမိသည်။

ရှေးဟောင်း ပျက်သုဉ်း မြေ၌ နဂါး သွေးလွှတ်ကြော နယ်ပယ်ရောက်၊ လူငယ်များ သာလျှင်၊ သြဇာကြီး မားသည့် ပုဂ္ဂိုလ်များ အဖြစ်၊ သတ်မှတ် ကြပုံ ရသည်။

ကူချန်နှင့် ရီရွှမ်ချင်း ပင်လျှင် ဤပွဲ၌ ဇာတ်ဆောင် မဟုတ်ကြောင်း၊ မူရွယ်ချင်း၏ စကား အရ၊ မြင်နိုင်သည်။

“ မမ ... ကောင်းကင် ရေကန် ဧည်ခံပွဲကို ပြန်လာ တာလား။ ”

“ အင်း ... ဒါက ... ၊ ပင်မ နတ်ဘုရား နယ်ပယ် တပည့်တွေ အတွက် ... ပွဲဆိုတော့ သဘာဝ အတိုင်း၊ နဂါး သွေးလွှတ်ကြော နယ်ပယ် တပည့် တစ်ဦးက၊ ...

... ဦးဆောင် ရမယ် ... ၊ စီနီယာ ကူနဲ့ စီနီယာ ရီက ... ၊ အခု မအားတော့ ... ၊ ငါပဲ ပြန်လာခဲ့ လိုက်တာ။ ”

သူနှင့် ပတ်သတ်သော အကြောင်း အရာ မဟုတ်တော့ သဖြင့် လင်းယွန်မှ ထွက်ခွာရန် ပြင် လိုက်သည်။

ထို့ကြောင့် သူတော်စင် အသီး အနှံများ အားလုံးကို ထုတ်ယူကာ၊ မူချင်းချင်းလက် အပ် လိုက်၏။

“ အများကြီး ပါလား။ ”

မူချင်းချင်းနှင့် မူရွယ်ချင်း တို့မှာ၊ အလုံး (၃၀)ခန့် ရှိသော သစ်သီး များကို ကြည့်ပြီး၊ တုန်လှုပ် သွား ကြသည်။

“ အချိန် တစ်ခု တိုင်အောင် ကျင့်ကြံ တော့မယ်၊ ဘယ်လောက် ကြာမယ် မသိဘူး၊ ငါ့ရဲ့ စီနီယာ အစ်မနဲ့၊ တိမ်လွှာဓား ဂိုဏ်းက တပည့် တွေကို ပေး ပေးပါ၊ ညီမလေး မူ။ ”

“ အစ်ကို လင်း ... မယူ ထားတော့ ဖူးလား။ ”

“ ဒီသူတော်စင် အသီး တေွက ... ၊ တစ်ကြိမ်သာ အကျိုး အာနိသင် ရမယ်၊ ပြီး အချို့ ဂုဏ်သတ္တိ တေွက၊ တစ်ခုနဲ့ တစ်ခု ဆန့်ကျင် ဘက်ပဲ၊ ဒါကြောင့် ငါ မလို ပါဘူး။ ”

“ ကောင်းပြီ စိတ်ချ လိုက်တော့ ... ။ ”

မူချင်းချင်းက နားလည် သွားသည်။

“ ဒါနဲ့ ကောင်းကင် ရေကန် ဧည့်ခံပွဲက ဘာလဲ။ ”

“ ရှေးဟောင်း ပျက်သုဉ်းမြေ ထဲမှာ၊ နဂါးအသွင် ပြောင်းခြင်း ရေကန်လို့ ခေါ်တဲ့ ရတနာ ရေကန် တစ်ကန် ရှိတယ်၊ ပင်မ နတ်ဘုရား နယ်ပယ် အထိတ် အထိပ် ရောက်နေတဲ့ တပည့်တိုင်း အတွက် ...

... မယုံနိုင် လောက်အောင်၊ အကျိုး သက်ရောက်မှု ရှိတယ်၊ ကံကောင်းရင် ပထမ သွေးလွှတ်ကြော မှာတင်၊ နဂါး မူလကို စုစည်း နိုင်မယ်၊ ဒါကြောင့် ရေကန်ကို နဂါး အသွင် ပြောင်းခြင်း ရေကန်လို့ ခေါ်ကြ တာပဲ၊ ...

... ဂိုဏ်းတိုင်းက ပိုင်ဆိုင်ချင် ပေမယ့်၊ ကောင်းကင် ရေကန် စံအိမ် လက်ထဲ မှာပဲ၊ ထားဖို့ ဆုံးဖြတ် လိုက်တယ်၊ ဧည့်ခံပွဲ ကိုတော့ တစ်နှစ် တစ်ကြိမ် ကျင်းပ ပေးတယ်၊ ...

... ဂိုဏ်းတွေရဲ့ ထူးချွန်တဲ့ ... ၊ ပင်မ နတ်ဘုရား နယ်ပယ် တပည့်တိုင်း ဒီပွဲကို နွှဲ ကြတယ်၊ နှစ်ကာလ ကြာလာ တာနဲ့ အမျှ၊ အရှေ့ဘက် ပျက်စီးမြေ တစ်ခု လုံးရဲ့၊ ဧည့်ခံပွဲ တစ်ရပ် အဖြစ် ပြောင်းလဲ လာတော့တယ်။ ”

မူချင်းချင်းမှ ရှင်းပြ လာ၏။ ပထမ သွေးလွှတ် ကြောဖြင့်၊ နဂါး မူလကို စုစည်းနိုင် စွမ်းသည်၊ ပထမ တန်းစား ပါရမီ ရှင်များ အတွက်၊ ခက်ခဲသော အရာ မဟုတ်ချေ။

ဤသို့ ဆိုသော် ထိုရေကန်သည် အဘယ့်ကြောင့် ကျော်ကြား နေ သနည်း။ စိတ်ဝင်စား စရာ ပေပင်။

“ အဲ့ဒီမှာ ... နဂါး မူလကို ဖွဲ့စည်း နိုင်ရင် ဘာအကျိုးထူး မှာလဲ။ ”

မေးခွန်း နောက်ကွယ်ရှိ အဓိပ္ပါယ်ကို မြင်သဖြင့်၊ ညီအစ်မ နှစ်ယောက် အကြည့်ချင်း ဖလှယ် လိုက်ကြသည်။

လင်းယွန်မှ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ တက်ရောက်ကာ၊ နဂါး မူလ ဖွဲ့စည်ရန် ကြံစည် နေပုံ ရ၏။

ထို့ကြောင့် လင်းယွန်ကို မူရွယ်ချင်းမှ ပြန်ကြည့် လိုက်ရာ၊ ကြယ်ငါးပွင့် တွင်သာ ရှိ နေမှန်း၊ သေချာ လေသည်။

၎င်းကြယ် အဆင့်ဖြင့် ပထမ သွေး လွှတ်ကြော၌ နဂါး မူလအား စုစည်းရန် မဖြစ် နိုင်ချေ။

အနည်းဆုံး ကြယ် ခုနစ်ပွင့်သို့ ရောက်ရှိ နေသူ များသာ၊ နဂါး မူလကို စုစည်း နိုင်မည် ဖြစ်သည်။

“ အဲဒီ ရေကန် ထဲမှာ ... ၊ နဂါး မူလကို ဖွဲ့စည်း နိုင်ရင်၊ အရည် အသွေးပိုင်း မြင့်မား လာမယ်။ ”

မူရွယ်ချင်းက သူ့ညီမ အစား ဝင်ဖြေသည်။

“ နားလည် ပါပြီ ... ။ ”

လင်းယွန်က စိတ်ဝင် တစား ဖြစ်နေစဉ်၊ ရုတ်တရက် စူးရှသော ဓားအလင်း တစ်လက် ကောင်ကင်ပေါ် ထိုးတက် လာသည်။

ယင်းမှာ ဓားဂိုဏ်း၏ ပင်မ ခန်းဆောင် အတွင်းမှ လာခြင်း ဖြစ်ပြီး၊ လူတိုင်း၏ အာရုံကို ရယူသွား ချေသည်။

တောင်ထိပ် သခင်များ၊ ဓားထမ်း အကြီး အကဲ များနှင့် တပည့် များက ထိုဓား ရောင်ခြည် ကြောင့်၊ ထိတ်လန့် ကုန်၏။

“ ဂိုဏ်း ချုပ် ... ။ ”

အဆိုပါ ဓား ရည်ရွယ်ချက်တွင် ပြင်းထန်သော လူသတ် လိုခြင်း ဆန္ဒများ ပါရှိ နေသဖြင့်၊ သို့လော သို့လော ဖြစ်လာ ကြ၏။

ဂိုဏ်းချုပ်သည် ဤပုံစံဖြင့် ဂိုဏ်းမှ ထွက်ခွာသွား စရာ အကြောင်း မရှိချေ။ အံ့သြ စရာ ပေပင်။

မကြာ သေးမီက သိုင်းဦးလေး သက်တံဓားသည် ငရဲ ကမ္ဘာ ခန်းမသို့ သွားပြီး သူတော်စင် သုံးပါးကို သတ်ပစ် ခဲ့သည်။

ထို့ကြောင့် ဓားဂိုဏ်း အတွင်းရှိ လူတိုင်းက ဂိုဏ်းချုပ် ထွက်ခွာ ရသည့် အကြောင်း ရင်းမှာ၊ မရိုးရှင်း ကြောင်း ခန့်မှန်း နိုင် ကြသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

မူချင်းချင်းက သူ့မ အဖေကို မော့ကြည့် မိသည်။ သည်မျှ ပြင်းထန်သော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို သူမ အဖေ့ ထံ၌၊ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်၏။

ယင်းက နှလုံးသားကို လှီးယူ ခံလိုက်ရ သကဲ့သို့ ခံစား နေရ ပုပေပင်။ လုံးဝ ကြီးစိုးနေ ချေပြီ။

တစ်ဖက်တွင် ဤအရာက ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို ပြသရန်၊ သူမ အဖေ ထွက်သွား သည်ဟု၊ မူရွယ်ချင်းမှ ခံစား မိ၏။

ထို့ကြောင့် လင်းယွန်ကို လှည့်ကြည့်ကာ သည်လူငယ်နှင့် ဆက်နွယ် နေသည် လောဟု တွေးမိ လာမိ စေသည်။

လင်းယွန် မှာမူ ပြော မပြတတ် လောက်အောင် ထိတ်လန့် သွားသည်။ သူ့ အထင်သာ မှန်က၊ ကျင်းကြွယ်၏ လုပ်ကြံ သတ်ဖြတ် မှုနှင့်၊ ဆက်စပ်နေ ပေမည်။

သူ့အစား ဓားဂိုဏ်းမှ ကလဲ့စားချေ ပေးမည်မှန်း၊ သိထား သော်လည်း၊ ဂိုဏ်းချုပ် ကိုယ်တိုင် လှုပ်ရှား လိမ့်မည်ဟု မထင် မိချေ။

ဂိုဏ်းချုပ် အရိပ် အယောင်ကို ကြည့်ပြီး၊ ဓားဂိုဏ်း၏ အစွယ်အား၊ ရှေ့ဟောင်း ပျက်သုဉ်း မြေရှိ လူတိုင်း အပေါ်၊ ပြသ လိုမှန်း နားလည် လိုက်သည်။

“ ဂျူနီယာ လင်း ... ၊ ဒါက မင်းနဲ့ သက်ဆိုင် သလား။ ”

ခံစားချက် အမျိုးမျိုးဖြင့်၊ အမူအရာ ပြောင်းလဲ နေသော လင်းယွန်ကို၊ မူရွယ်ချင်းက မေးလိုက် မိသည်။

“ ကျွန်တော် မသိဘူး။ ”

လင်းယွန်မှ ခေါင်းခါသည်။ သူ တစ်ထစ်ချ မပြော နိုင်ချေ။ မဟုတ်သော် ရှက်စရာ ကောင်း ပေမည်။

သို့သော် စိုးရိမ်စိတ် ရှိနေဆဲ ဖြစ်သည်။ ဂိုဏ်းချုပ် မူရွှမ်ကောင်သည် ကောင်းကင်ယံ ဂိုဏ်းသို့ သွားမည်လော။

ကောင်းကင်ယံ ဂိုဏ်းသည် လွယ်ကူသော ဂိုဏ်း မဟုတ်ချေ။ ထျန်ရွှမ်ဇီ၏ ခွန်အားကို မြင် ထားဖူး သဖြင့်၊ ပိုစိုးရိမ်သည်။

တစ်ဖက်တွင် ဂိုဏ်းချုပ်၏ ဓား ရည်ရွယ်ချက်၌၊ သတ်ရန် ရည်ရွယ်ချက်အား ပြတ်ပြတ် သားသား ပြသ ထားသည်။

ဂိုဏ်းချုပ် မူရွှမ်ကောင်သည်၊ သူ့ဆရာ မဟုတ် သော်လည်း၊ ဂရုစိုက်မှုမှာ ဆရာ နီးနီး လိုက် လေသည်။

မုချွမ် အဆိုရ ဓားဂိုဏ်းသည်၊ သူ့အား ကျန့်ကျန်းရှန် ကဲ့သို့ အဖြစ် မခံ တော့ကြောင်း၊ ကတိ ပြုထား သည်ဟု ဆိုသည်။

ထိုကတိ အတိုင်း ဂိုဏ်းချုပ်မှ ပြုမူ ပြလာ သောကြောင့်၊ လင်းယွန် နှလုံးသားမှာ နာကျင် လာတော့သည်။

ဤပြဿနာ များသည် ဓားဂိုဏ်းနှင့် မသက်ဆိုင်ချေ။ ကျင်းကြွယ်နှင့် သူ၏ ပုဂ္ဂိုလ် ရေး အာဃာတ များသာ ဖြစ်သည်။ ၎င်းအတွက် ဓားဂိုဏ်းမှ၊ လက်စားချေ ပေးစရာ မလိုချေ။

***

All Chapters