သူတော်စင် တိုက်ပွဲ ပင်လော။
Vol. 111 Ch. 1542
မူရွှမ်ကောင် ထွက်သွားသော လမ်းကြောင်းကို ကြည့်ပြီး၊ မှင်တတ် နေရာမှ လင်းယွန်က သတိဝင် လာသည်။
“ ကျွန်တော်မှာ လုပ်စရာတွေ ရှိသေးလို့ သွားခွင့် ပြုပါဦး။ ”
ထွက်ခွာ သွားသော လင်းယွန် နောက်ကျောထံ စိုက်ကြည့်လျက်၊ ညီအစ်မ နှစ်ယောက် အတွေးများ ကုန်သည်။
“ မမ ... ၊ အစ်ကို လင်းက အများကြီး ပြောင်းလဲ သွား တယ်လို့ မထင် ဖူးလား၊ ဒါက ထူးဆန်း တယ်နော် ... သူက ငါတို့ထက် အဖေ့ကို ပိုစိုးရိမ် နေသလိုပဲ။ ”
“ သူက ပို နားမလည် နိုင်အောင် ဖြစ်လာတယ်၊ သူ့ရဲ့ ကျင့်ကြံ မှုက ကြယ်ငါးပွင့် မှာတင် မဟုတ် ဖူးလို့ ခံစား မိတယ်။ ”
မူရွယ်ချင်းမှ ပြန်ဖြေသည်။
“ နင် ... တကယ် ပြောတာ နေလား၊ အစ်ကိုလင်း ထွက်သွား တုန်းက၊ ကြယ်နှစ်ပွင့် အထွတ် အထိပ် မှာပဲ ရှိသေးတယ်၊ လေးလနဲ့ ကြယ်ငါးပွင့် အထိ၊ ရောက်လာ တာလား၊ မယုံ နိုင် စရာ ကောင်းနေပြီ။ ”
မူချင်းချင်းက ပြန်ပြောသည်။
“ ငါ မှားတာလည်း ဖြစ်နိုင် ပါတယ်၊ ထားတော့ ... အဖေ ဘာလို့ ဂိုဏ်းက ထွက်သွား တာလဲ၊ ငါ စုံစမ်း လိုက်ဦးမယ်။ ”
လင်းယွန် မျက်နှာ ပေါ်ရှိ အပြောင်း အလဲကြောင့်၊ သူတို့ နှစ်ယောက်လုံး အကြောင်း အရာ အပေါ်၊ စိတ်ဝင်စား လာတော့သည်။
ထိုအချိန်တွင် လင်းယွန်မှာ၊ အရိယာ သိုင်းကျမ်းဆောင် ငရဲ နန်းတော်သို့ လေးကန် စွာ၊ ဝင်ရောက် လာခဲ့သည်။
အလုံပိတ် ထားသော နန်းတော်တွင်၊ မီးခိုးရောင် ဝတ် လူကြီး တစ်ဦးက သူ့အား ခရီး ဦးကြို ပြု၏။
“ မင်္ဂလာပါ သိုင်းဦးလေး။ ”
လင်းယွန်က လက်ဝှေ့ ယမ်းလျက်၊ နှုတ်ဆက် လိုက်သည်။ အဖိုးအိုမှ အစ ပိုင်းတွင် ပေါ့ပေါ့ ပါးပါး ကြည့်လိုက်ခြင်း ဖြစ်သော်လည်း၊ ချက်ချင်း တုန်လှုပ် သွား၏။
“ ကြည့်ရတာ ... ကောင်လေး မုချွမ်က လိပ်နက် အသက် ရှူနည်းကို သင်ပေး လိုက်ပြီ ထင်တယ်။ ”
“ သိုင်း ဦးလေးလည်း ... သိတယ်လား။ ”
“ အဲဒါက လိပ်နက်ရဲ့ အမွေပဲ ... ၊ မုချွမ်က ငါနဲ့ ဆွေးနွေး ဖူးတယ်၊ ဒါပေမယ့် အဲဒီ လိပ်ခွံကို မမြင်နိုင်တာ နှမျော စရာပဲ၊ မဟုတ်ရင် ပြည့်စုံ အောင် လုပ်ဖို့၊ အခွင့် အရေး ရလာမှာ။ ”
အဖိုးအိုက ပြုံးကာ ပြန်ပြောသည်။ စကားပြော ပြီးသည်နှင့် လင်းယွန်ထံ ပြန်ကြည့် လာ၏။
“ မင်းက ဘာလို့ ငါ့ကို လာရှာ တာလဲ။ ”
“ အရိယာ ဓားသုတ္တန် ... ၊ နောက်အပိုင်း အတွက် လာတာပါ။ ”
“ ငရဲဓား မျိုးစေ့ ပေါက်ပြီလား။ ”
“ ဟုတ်ကဲ့... ကြည့်ပါ သိုင်းဦးလေး။ ”
လင်းယွန်မှ ငရဲပန်းအား ပွင့်စေလျက်၊ အနက်ရောင် ဓားကို ပြသ လိုက်လေသည်။
“ ငရဲဓား ... ၊ မဆိုးဘူး။ ”
အဖိုးအိုက ပြုံးသည်။ ဤတစ်ကြိမ်တွင် သိုင်းဦးလေးမှာ၊ ဆရာ သခင်ထက် အသက် ကြီးကြောင်း၊ သတိ ထားမိ လာ၏။
ဤအရာက သူ့ အတွက် လက်စား ချေရန် သွားခဲ့သည့်၊ ဆရာ သခင်နှင့် မူရွှမ်ကောင်အား သတိရ လာစေသည်။
ဓားဂိုဏ်းကို များစွာ အကြွေးတင် နေကြောင်း သူသိ လိုက် သဖြင့်၊ ခံစားချက်များ အတက် အကျ ဖြစ်လာပြီး၊ ငရဲဓား အက်ကွဲ လုနီးပါး ဖြစ်လာသည်။
“ ဘာတွေ တွေးနေ တာလဲ။ ”
အဖိုးအိုက လက်ဝှေ့ ယမ်းပြီး၊ အဆိုပါ ငရဲဓားအား ငြိမ်သက် စေကာ၊ ပွင့်ချပ် များကို သိမ်းလျက်၊ လင်းယွန် ခန္ဓာ ကိုယ်ထဲ ပြန်ဝင် စေလိုက်၏။
“ တောင်းပန် ပါတယ်၊ တောင်းပန် ပါတယ်။”
လင်းယွန်မှ ခေါင်းငုံ့ကာ အမြန် တောင်းပန် မိ၏။ သူသည် အရိယာ ဓားသုတ္တန် အတွက်လာ ခဲ့မှန်း၊ သတိရ သွားသည်။
သိုင်းဦးလေး အမြင်၌၊ သူတွင် စွမ်းဆောင်ရည် ကောင်းမရှိ ပါက၊ ၎င်းကို ပေးအပ်မည် မဟုတ်ကြောင်း နားလည်ထား သဖြင့်၊ စိတ်မသက် မသာ ဖြစ်သွားသည်။
“ မင်းရဲ့ နှလုံးသားကို ကြည့်ပါဦး ... ၊ သွားတော့ နဂါး သေွးလွှတ်ကြော နယ်ပယ် ရောက်မှ ငါ့ကို လာရှာ။ ”
သူ ထင်သည့် အတိုင်း အဖိုးအိုမှ ပြောလာ လေသည်။ စိတ်ပျက် အားငယ်မှုများ ဝင်ရောက် လာပြီး၊ စကားထပ် မဆိုဝံ့ တော့ချေ။
“ ဘာဖြစ် လာတာလဲ၊ ငါ့ကို ပြောပြစမ်း၊ ငယ်ငယ် ရွယ်ရွယ်နဲ့ မင်း နှလုံးသားက ဘာလို့ ဒီလောက် လေးကန် နေရ တာလဲ။ ”
အဖိုးအိုက စိတ်ပြောင်း သွားပြီး ဖော်ရွေသော အပြုံးဖြင့် မေးမြန်း လာသည်။ လင်းယွန်က တုန့်ဆိုင်း နေသောကြောင့်၊
“ စိတ်မပူ ပါနဲ့... ၊ ဒီငရဲ နန်းတော် ကနေ၊ ငါ ထွက်သွားလို့ မရ ပါဘူး ...၊ မင်းရဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှာ မစိုးရိမ် ပါနဲ့။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူလျက်၊ နဂါးအကြွင်း အကျန် ကြယ်နယ်မြေမှ စကာ သူ ကြုံလာရ သမျှကို ပြန်ပြော ပြလိုက်သည်။
“ ငါ နားလည်ပြီ ... ၊ စီနီယာ အစ်ကိုက အချိန် သိပ်မကျန် တော့ဖူး ထင်တယ်။ ”
အဖိုးအိုမှ သက်ပြင်းချ လိုက်၏။ လင်းယွန်ကို ပြန်ကြည့် ချိန်၌ ကျောက်စိမ်း အရိုင်း တုံးနှင့်၊ တူနေမှန်း နားလည် လာ တော့သည်။
“ သိုင်းဦးလေး ... ၊ ဆရာက အောင်မြင်မှု ရယူဖို့ ခက်နေ သလား။ ”
လင်းယွန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ အလင်းမြူ သူတော်စင်က ထိုမေးခွန်းကို မဖြေဘဲ၊ ခေါင်းစဉ် ပြောင်း၏။
“ မင်း နှလုံးသား ထဲမှာ ... ၊ ကြေကွဲ စရာတွေ အများကြီး ရှိနေတယ် ဆိုတာ ငါ သိပြီ၊ အကူအညီ မဲ့နေ တာလား၊ ဒါတွေက ဖုန်းကျွယ်၊ မင်းရဲ့ ဆရာ၊ မူရွှမ်ကောင်၊ သူတို့ ...
... တစ်ယောက် ယောက်နဲ့ ပတ်သတ်ပြီး ခံစား နေရ ပုံပဲ၊ မင်းကြောင့် အစပြု ခဲ့တာတွေ အများကြီး ရှိပေမယ့်၊ မင်း ဘာမှ လုပ်မပေးနိုင် ခဲ့ဘူး ဟုတ်တယ် မလား။ ”
“ သိုင်း ဦးလေး ... ။ ”
ထိုစကား များက သူ့စိတ်ကို ဖတ်နေ သကဲ့သို့ မှန်ကန် နေသဖြင့်၊ လင်းယွန် ခမျာ တုန်ယင်စွာ မော့ကြည့် လိုက် မိသည်။
“ မင်း လူမိုက်လား ... ၊ စီနီယာ အစ်ကို သူတော်စင် ဖြစ်လာ ပြီးတဲ့နောက် ဓားဂိုဏ်းပေါ် နှစ်ပေါင်း နှစ်ထောင်ကြာ ကာကွယ် စောင့်ရှောက် ပေးခဲ့တယ်၊ ...
... အခု သူတော်စင် သက်တမ်း ကုန်လာ ချိန်မှာတောင်၊ အစွမ်းကုန် ကြိုးစား ပေးနေခဲ့ တုန်းပဲ၊ မူရွှမ်ကောင်က ဂိုဏ်းချုပ် ဖြစ်တာ တောင်မှ ဒေါသတကြီးနဲ့ ဂိုဏ်းကနေ ထွက်သွားတယ်၊ ...
... ဖုန်းကျွယ် ဆိုရင်လည်း၊ အားနည်း နေပေမယ့်၊ မင်းကို ကာကွယ်ဖို့ သူ့ အသက် ပေး ထားတယ်၊ ဒါတွေ အားလုံးက၊ ဘာ အတွက်လဲ မင်းစဉ်းစား ဖူးလား။ ”
“ မသိ ပါဘူး ... ။ ”
“ ဂိုဏ်း အတွက်ပဲ ... ၊ မိုင် ကိုးသောင်း လွှမ်းခြုံ ထားတဲ့ ...၊ ငါတို့ရဲ့ ထီးတော်က နန်းစံ နှစ်ပေါင်း ရှစ်ထောင် တိုင်နေပြီ၊ လမင်း ရှိနေ သရွေ့ ဓားဂိုဏ်းက ဘယ်ကိုမှ မရွေ့ဘူး၊ ...
... ငါတို့က ... ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က စပြီး၊ မြေမြတ်မြေ အဖြစ် ကနေ ဆင်းပေး လိုက်ရတယ်၊ ဒါကြောင့် ... မြင့်မြတ် မြေ အဖြစ်၊ ပြန်လာ နိုင်ဖို့က ဂိုဏ်းမှာ ရှိတဲ့ လူတိုင်းရဲ့ တာဝန်ပဲ၊ ...
... အဲ့ဒီ မျှော်လင့်ချက်က ... မင်းကို မြင် ပြီးနောက်၊ သူတို့မှာ ပိုပြင်းပြ လာတယ်၊ စီနီယာ အစ်ကို၊ မူရွှမ်ကောင်၊ ဖုန်းကျွယ်၊ ဘယ်သူပဲ ဖြစ်နေ ပါစေ၊ ဓားဂိုဏ်းကို ...
... မြင့်မြတ်မြေ အဖြစ်၊ ပြန်ရမယ် ဆိုရင် အသက်စွန့် ဖို့တောင် ဝန်မလေး ကြဘူး၊ ဒါက ဓားဂိုဏ်းရဲ့ တာအိုပဲ၊ ဓားသမား တစ်ယောက် အနေနဲ့၊ ပြတ်သားတဲ့ သစ္စာ။ ”
ထိုစကား များကြောင့် လင်းယွန် နှလုံးသား၌၊ စိတ်အား တက်ကြွမှုများ အနည်းငယ် ဖြစ်ပေါ် လာသည်။
“ မင်းကို မေးပါ ရစေ ... ၊ မင်း ဓားကို ဆွဲခဲ့လို့ ... ၊ အပြစ် ရှိတယ်လို့ ထင်နေ ခဲ့တာ လား။ ”
“ ကျွန်တော် ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ချက်ချင်း ဆုပ်ကိုင်ပြီး၊
“ ဓားဆွဲတာ အပြစ် မဟုတ်ဘူး။ ”
-ဟု ပြန်ဖြေ လိုက်သည်။
“ ဓားဂိုဏ်း ကလည်း၊ ... မင်း ဓားဆွဲ ခဲ့တာကို အပြစ် မမြင်ဘူး၊ ဒါဆို ... ဘာလို့များ ဒီလောက် အထိ၊ စိုးရိမ် နေရ တာလဲ။ ”
အလင်းမြူ သူတော်စင်က ပေါ့ပေါ့ ပါးပါးပင် ပြုံးပြ လာသည်။
“ ကျေးဇူး တင်ပါတယ် ... သိုင်းဦးလေး။ ”
အတွေးများ ရှင်းသွားကာ၊ နှလုံးသား တစ်ခုလုံး ယခင်ထက် ကြည်လင် ပြတ်သား လာတော့သည်။
“ ယူ ... ၊ ဒါ နဂါးသွေး လွှတ်ကြော နယ်ပယ်နဲ့ ၊ လောက နိယာမ နယ်ပယ် ပုံစံပဲ၊ စတုတ္ထ အဆင့် ကနေ၊ ဒွာဒသမ အဆင့်ထိ ပါတယ်။ ”
အလင်းမြူ သူတော်စင်က လက်ကို ဝှေ့ယမ်းကာ လင်းယွန် ထံသို့ စာလိပ် နှစ်လိပ် ပေးလာသည်။
“ လောက နိယာမ ပုံစံက ... ။ ”
“ ဟုတ်တယ် ... ၊ ဒီရက်ထဲ မင်း အပြင် ထွက်နေ တာကို မမြင်ချင် တော့လို့၊ စိတ်ဝင်စား နေရင်၊ ငါ့ဆီ လာလည်လို့ ရတယ်။ ”
အလင်းမြူ သူတော်စင်က ပြုံးကာ ခေါင်းညိတ် ပြသည်။ လင်းယွန်မှ ရုတ်တရက် တစ်စုံ တစ်ရာကို ပြန် သတိရ လာပြီး၊
“ ဒါနဲ့ ... ငရဲ ကမ္ဘာ ခန်းမက တပည့်တွေ မှာလည်း၊ အရိယာ ဓားသုတ္တန်နဲ့ ဆင်ဆင် တူတဲ့ နည်းစနစ် ရှိပုံ ရတယ်။ ”
“ ဟား ဟား ဟား ... ။ ”
သူ့ စကားကြောင့် အလင်းမြူ သူတော်စင်က ရယ်သည်။
“ အခု ... ဒီနန်းတော်ရဲ့ နာမည်က ဘာလဲ။ ”
“ ငရဲ နန်းတော် ... ။ ”
နာမည် အစချင်း တူနေ သည်ကို၊ သတိ ထားမိ သောကြောင့်၊ လင်းယွန် မျက်လုံးပြူး သွားသည်။
“ ငရဲ ကမ္ဘာ ခန်းမ ဆိုတာ လွန်ခဲ့တဲ့၊ နှစ်သုံးထောင်က ဓားဂိုဏ်းရဲ့ ... ဂိုဏ်းခွဲလေး တစ်ခုပဲ၊ လက်ရှိ ခန်းမ သခင်က ဓားဂိုဏ်းကို သစ္စာဖောက် ခဲ့တယ်၊ ဒါပေမယ့် ...
... သူ့ အရည်အချင်းက အတော်လေး၊ အထင် ကြီးစရာ ကောင်းတဲ့ အတွက်၊ မကြာဖူး မိစ္ဆာဂိုဏ်း (၇) ဂိုဏ်းရဲ့ အုပ်စိုးရှင် ဖြစ်လာ ခဲ့တယ်၊ ...
... ဒါကြောင့် သစ္စာဖောက် ... တစ်ယောက် အနေနဲ့၊ ဓားဂိုဏ်း တပည့် အပေါ် ... ၊ လက်တင် ဝံ့ တာကို မြင်တော့၊ စီနီယာ အစ်ကိုက ဒေါသကို မထိန်းနိုင် တော့တာပဲ။ ”၊
လင်းယွန်က အံသြ သွားသည်။
“ ဒါကြောင့် သိပ်ပြီး စဉ်းစား မနေနဲ့ ... ၊ ကျင့်ကြံမှု ပေါ်မှာပဲ အာရုံစိုက် ... ၊ မင်း ငါ့ကို ပြန်ဖြေ ခဲ့ သလိုပဲ၊ ဘယ်တော့မှ ဓားဆွဲခဲ့ တာကို နောင်တ မရနဲ့။ ”
“ ကျေးဇူး တင်ပါတယ် သိုင်းဦးလေး ... ။ ”
လင်းယွန်က စာလိပ် များကို သိမ်းကာ၊ နှုတ်ဆက် ထွက်ခွာ လာခဲ့သည်။ တိမ်ပျံ တောင် သို့ မသွား တော့ဘဲ၊ ကြယ်စင် လေ့လာရေး စင်မြင့်ထံ၊ ဦးတည် လိုက်၏။
ဓားသေတ္တာကို ဖြုတ်ချ လိုက်သော အခါတွင်၊ စင်မြင့် တစ်ခုလုံး ယိမ်းထိုး သွား လေသည်။
စင်မြင့်အောက် ချိုင့်ဝှမ်း ထဲရှိ၊ ကြယ်စင် လေ့လာရေး ရေကန်သည် မြူများဖြင့် ဖုံးလွှမ်း နေဆဲ ဖြစ်သည်။
လွန်ခဲ့သော နှစ်သုံးထောင်က ပိုင်းဖြတ် ခံလိုက် ရသော တောင်ထိပ် နှစ်လုံးထံ လှည့် ကြည့် မိ၏။
ထိုဓားသည် အနှစ် သုံးထောင် ကြာ သည့်တိုင်၊ ဓားဂိုဏ်း၏ တပည့်များ အပေါ်၊ အကျိုးပြု နေ ခဲ့သည်။
ဓားဂိုဏ်၏ တပည့်များ ကလည်း၊ တကျော့ပြန် လာနိုင် မည်ဟု၊ ဂုဏ်ယူ ဝင့်ကြွား စွာ ယုံကြည် နေကြသည်။
သိုင်း ဦးလေး ပြောခဲ့ သည်မှာ မှန်၏။ သူ့ဆရာ၊ ဂိုဏ်းချုပ်၊ အစ်ကို ဖုန်း မည်သူ မဆို၊ တတ်စွမ်း သမျှ၊ ကြိုးစား နေကြသည်။
“ ဝှစ် ... ။ ”
ထိုအတွေး နှင့်အတူ၊ ကြယ်တာရာ လေ့လာရေး ရေကန် ပေါ်သို့၊ ခုန်ချ လိုက်တော့ ၏။
ယင်းနောက် ရေကန်ပေါ် ရောက် သည်နှင့်၊ ပန်းသင်္ချိုင်း ဓားကို နံဘေးသို့ ချထား လိုက်ပြီး၊ မျက်လုံး မှိတ်ကာ၊ ထိုင်ချ မိသည်။
တစ်ချိန် တည်း မှာပင်၊ မူရွှမ်ကောင် ရွေ့လျား သွားသည့် နေရာတိုင်း၌၊ လေဟာနယ် အက်ကွဲ ကြောင်းများ ကျန်ရစ် ခဲ့၏။
ကောင်းကင်တွင် တောက်ပ နေသော နေရောင်ကြောင့်၊ ရှေးဟောင်း ပျက်သုဉ်းမြေ တစ်ခုလုံး၊ ရုတ်ရုတ် သဲသဲ ဖြစ်လာသည်။
နေနှစ်စင်း ထွန်းလင်း နေခြင်းနှင့် တူနေချေ၏။ မည်သူ မဆို မြင်ချိန်၌ ထိတ်လန့် စေသော၊ မြင်ကွင်းမျိုး ပေပင်။
အမျိုး မျိုးသော အင်အားစု များ၏ ဘုရင် များနှင့် သူတော်စင် များက၊ ထိုနေ ရောင်ခြည် အတွင်းမှ၊ လူကို ရှင်းရှင်း လင်းလင်း မြင်နေရ သဖြင့်၊ မျက်လုံးပြူး ကုန်သည်။
ထိုလူမှာ ဓားဂိုဏ်း၏ ဂိုဏ်းချုပ် မူရွှမ်ကောင် ပေပင်။ ယင်းကြောင့် သူတော်စင် များပင်၊ လန့်ဖြန့် ကုန်သည်။
ဤမူရွှမ်ကောင်သည် သူတော်စင် ဖြစ် ပြီးနောက်၊ ဓားဂိုဏ်းမှ တစ်ဖဝါးမျှ မခွာ ခဲ့ချေ။ ဤသည်မှာ ပထမဆုံး အကြိမ်ဟု ဆိုနိုင်၏။
“ မူရွှမ်ကောင်က ဘာလုပ်ဖို့ ကြံရွယ် နေတာလဲ၊ သူတော်စင် တွေကြား တိုက်ပွဲ စချင် နေတာလား။ ”
ရှေးဟောင်း ပျက်သုဉ်း မြေ၌ သူတော်စင် တိုက်ပွဲ မဖြစ်ပွား ခဲ့သည်မှာ၊ နှစ်ပေါင်း များစွာ ကြာပြီ ဖြစ်လေသည်။
ထို့ကြောင့် အင်အားစု အသီးသီး၏၊ ကျွမ်းကျင်သူ များက၊ မူရွှမ်ကောင် နောက်သို့ လိုက်ပါ ပျံသန်းလာ တော့သည်။
***