← Chapters

လာပါစေ။

Vol. 111 Ch. 1543

လာပါစေ။

Vol. 111 Ch. 1543

ငရဲ နတ်ဘုရား မိသားစု ဟူသည် ရှေးဟောင်း ပျက်သုဉ်း မြေရှိ၊ သူတော်စင် မိသားစု များ၏ ခေါင်းဆောင် ဖြစ်သည်။

ရှေးဟောင်း ပျက်သုဉ်းမြေ ကြီး၏ အနောက်မြောက် ဘက်တွင် တည်ရှိသည်။ ၎င်းမှာ မိသားစု မျှသာ ဖြစ်သော်လည်း၊ တပည့်များ လက်ခံကာ၊ လေ့ကျင့် သင်ကြား ပေး၏။

ခွန်အား အရာ၌၊ တန်ခိုးကြီး ဂိုဏ်း (၈)ဂိုဏ်းကို မမီ သော်လည်း၊ နောက်ခံမှာ နတ် နဂါး အင်ပါယာ ဖြစ်သဖြင့်၊ မည်သူမျှ မထိ ဝံ့ချေ။

အဆုံးတွင် ခွန်လွန် နယ်မြေ အတွင်းရှိ သူတော်စင် မျိုးနွယ်စု (၁၀)စုကို သာလျှင် အင်ပါယာမှ ဘွဲ့တံဆိပ် ချီးမြှင့် ပေးထား ပေသည်။

ငရဲ နတ်ဘုရား မိသားစုတွင်၊ နတ်ငရဲ ခန်းမသည် ဂိုဏ်း များ၏ အကြီး အကဲ ခန်းမ ကဲ့သို့၊ အရေး ပါသည်။

ငရဲ နတ်ဘုရား မိသားစု၏၊ လက်ရှိ ဘိုးဘေးမှာ၊ ချင်းရှောင် ဖြစ်ပြီး၊ မျိုးနွယ်၏ အကြီး အကဲများ အားလုံးကို ခေါ်ယူပြီး၊ ဆွေးနွေးပွဲ ပြုလုပ် နေသည်။

ချင်းရှောင်သည် လူငယ် မျိုးဆက် အတွင်း အသန်မာဆုံး ကျွမ်းကျင်သူ ဖြစ်ကာ၊ နှစ်ပေါင်း (၈၀၀) ခန့်က သူတော်စင် ဖြစ်လာ ခဲ့သည်။

သူ့အသွင်ကို လူလတ်ပိုင်း အရွယ် ရယူ ထားပြီး၊ မြွေးပွေး ကဲ့သို့ ရက်စက်သော စိတ်နေ စိတ်ထားမျိုး ပိုင်ဆိုင် ထားချေသည်။

အခန်း ထဲရှိ အခြား အကြီအကဲ များမှာ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ဖြစ်၏။

သည်နေ့သည် သာမန် အစည်း အဝေး မျှသာဖြစ် သော်လည်း၊ အင်အား အရာ၌ မနည်း လှချေ။ အရှေ့ဘက် ပျက်စီးမြေ အတွင်း အကြီး မားဆုံး ဖွဲ့စည်းမှု ဖြစ်နေသည်။

အင်အား ကြီးမားသော နက်ရှိုင်း တောင်ကြားမှ လွဲ၍၊ အနောက် မြောက်ဘက် တွင်၊ မည်သူမျှ ၎င်းတို့အား ရင်ဆိုင် ဝံခြင်း မရှိချေ။

“ ချင်းကြွယ် ... ၊ မင်း ... ကျင်းကြွယ် အတွက်၊ စီစဉ် ပေးခဲ့ ပြီးပြီလား။ ”

ချင်းရှောင်က သူ့ ဘယ်ဘက်တွင် ထိုင်နေသည့် မီးခိုးရောင် ဝတ် အဘိုးအိုကို ကြည့်ကာ မေးသည်။

ဤအဘိုးအိုသည် ချင်း မိသားစု၏ အကြီးအမှူး ဖြစ်ပြီး မိသားစု အတွင်း၊ ဒုတိယ အသန်မာဆုံး ကျွမ်းကျင်သူ ဖြစ်သည်။

“ ဘိုးဘေး ချင်း ... ၊ စီစဉ် ပြီးပါပြီ ... ။ ”

“ အခု အချိန်ဆို ... ၊ ငရဲ နတ်ဘုရား စစ်မက်နယ်မြေ ဆီကို ရောက်နေ လောက်ပါပြီ၊ သက်တံဓား သူတော်စင် ကိုယ်တိုင် လာ ရင်တောင်၊ သူ့ အသက်ကို မခြိမ်းခြောက် နိုင်တော့ ပါဘူး။ ”

“ ကောင်းတယ် ... ။ ”

ချင်းရှောင် မျက်နှာ ပေါ်တွင် ကျေနပ်သော အပြုံး တစ်ပွင့် ပေါ်လာသည်။

“ ကျင်းကြွယ်က ... ငါတို့နဲ့ မျိုးရိုး မတူ ပေမယ့် ... ၊ ချင် မိသားစု အပေါ် သစ္စာ စောင့် သိတယ်၊ သူ့ အသက်တောင် ပေးရလု နီးပါးပဲ၊ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် ...

... သူ့ကို ကာကွယ် ပါ၊ မဟုတ်ရင် ... ဘယ်သူမှ ငါတို့ အတွက်၊ အသက် စွန့်ပြီး သစ္စာ စောင့်သိ တော့မှာ မဟုတ်ဘူး။ ”

ချင်း မိသားစုသည်၊ တပည့်များ လက်ခံ ပြီးနောက်၊ ကျင်းကြွယ် ခဲ့သို့သော ကျေးကျွန် များ ပိုင်ဆိုင် လာခြင်း ဖြစ်သည်။

“ နှမျော စရာပဲ၊ ကောင်းကင်ယံ ဂိုဏ်းမှာ အကြီးအကဲ တစ်ဦး ဖြစ်ဖို့၊ သူ ခြေတစ်လှမ်း ပဲ လိုတော့တယ်။ ”

ချင်းကြွယ်မှ ပြောသည်။

“ ဒီကောင့်ကို ... ၊ မသတ်နိုင် ခဲ့တာက ပိုနှမျောဖို့ ကောင်းတယ်၊ ဒီနှစ်တွေ ထဲမှာ ဓား ဂိုဏ်းက အစွယ် ထွက်ချင် လာတယ်၊ အခြား တန်ခိုး ကြီးဂိုဏ်းတွေတောင်၊ ...

... ငါတို့ ချင် မိသားစုကို မျက်နှာသာ ပေးရတယ်၊ ဓားဂိုဏ်းက သူတို့ကိုယ် သူတို့၊ မြင့်မြတ်မြေ လို့များ၊ ထင်နေ တုန်းလား မသိဘူး။ ”

ကျင်းကြွယ်၏ ခြိမ်ခြောက် မှုကြောင့် ကောင်းကင်လမ်း အဆုံးတွင်၊ တန်ခိုးကြီး ဂိုဏ်း များမှ လင်းယွန်အား လက်မခံ ဝံ့ကြချေ။

သို့သော်လည်း ဓားဂိုဏ်းက လက်ခံသည်။ ထိုအမုန်း တရားကို ငရဲ နတ်ဘုရား မိသားစုမှ လုံးဝ မမေ့ချေ။

ချင်းရှောင် မျက်ဝန်း၌ အေးစက်သော အငွေ့အသက်များ ရစ်သိုင်း တောက်ပလာ လေသည်။

သူ့အနေဖြင့် ဓားဂိုဏ်း အပေါ်၊ မကျေနပ် သည်မှာ ကြာပြီ ဖြစ်၏။ လင်းယွန် သတ်ခဲ့သော ငရဲ နတ်ဘုရား သခင်ငယ်သည် သူ့မြေး ပေပင်။

သူ့တွင် မြေးများစွာ ရှိသော်လည်း၊ ဤမြေးအား သခင်ငယ် ဟူသော ဘွဲ့အပ်ခြင်း ဖြင့်၊ မည်မျှ ထူးချွန်ကြောင်း၊ သိနိုင် ပေမည်။

ကျော်ကြားမှုနှင့် ကံကြမ္မာကို ရရှိစေ လိုသောကြောင့်၊ ကောင်းကင်လမ်း ပေါ်သို့ ဆင်းစေ ခဲ့ခြင်း ဖြစ်၏။

ကောင်းကင် လမ်း၌ ချန်ပီယံ ဖြစ်သော်၊ ခွန်လွန်၌ သူတော်စင် ဖြစ်ရန် အလား အလာ ရှိကြသည်။

သို့သော် မြေးအတွက် ဖွင့်ပေး ထားသော လမ်းသည်၊ လင်းယွန်ကြောင့် မြောင်းထဲ ရောက် သွား ခဲ့သည်။

“ အဲ့ဒီ လူယုတ်မာ ... ထျန်ရွှမ်ဇီက အရမ်း ရက်စက်လွန်းတယ်၊ သူကိုယ် တိုင်သာ လှုပ်ရှား ခဲ့မယ် ဆိုရင်၊ လင်းယွန် သေတယ်။ ”

ချင်းရှောင်မှ ညည်းညူ လိုက်သည်။ ထျန်ရွှမ်ဇီနှင့် ပတ်သတ်ပြီး၊ မည်သည့် အကြီး အကဲမျှ စကားဝင် မပြောရဲ ကြပေ။

“ သူ့ကို ငါတို့ ပံ့ပိုးပေး ခဲ့တာ မေ့သွားပုံ ရတယ်။ ”

ကျင်းကြွယ်အား ကောင်းကင်ယံ ဂိုဏ်းမှ ထုတ်ပယ် လိုက်သည့် လုပ်ရပ်ကြောင့်၊ သဘာဝ အတိုင်း၊ မဟာ အကြီး အကဲ ချင်းကြွယ်မှ မကျေ မနပ် ဖြစ်နေသည်။

ချင်းကန် အတွက်မူ၊ မျိုးနွယ်စုကို သစ္စာ ဖောက်သူ အဖြစ် သတ်မှတ် ထားသည်။ ချင် မိသားစုမှ ဆင်းသက်လာ သူ ဖြစ်သော်မှ၊ မျိုးနွယ်စု အရေးကို စိတ်ထဲ မထည့်ချေ။

အမှန် ဆိုက သွေ့ရော် ကျွန်းတွင် လင်းယွန်ကို မြင်သည်နှင့်၊ ချက်ချင်း သတ်ပစ် သင့်သည်။

“ ဓားဂိုဏ်းက ... ၊ ဒီကိစ္စ နောက်ကို လိုက်လာ နိုင်တယ်၊ သူတို့က မြင့်မြတ်မြေ မဟုတ် ရင်တောင်၊ ကုလားအုတ် ဘယ်လောက် ပိန်ပိန်၊ မြင်း ထက်တော့ သာပါ သေးတယ်။ ”

“ ဟား ဟား ဟား ... ။ ”

မဟာ အကြီးအကဲ ချင်းကြွယ် စကားကို ကြားသော အခါတွင်၊ ချင်းရှောင်က ရယ်သည်။

“ ကုလားအုတ် ပိန်ပိန်က ... ၊ မြင်းထက် ပိုကြီး သတဲ့လား၊ ဒါဆိုလည်း ... လာပါ လေ့စေ၊ ဘယ်သူ လာဝံ့ မလဲ ကြည့်ချင်တယ်၊ သက်တံဓား သူတော်စင်လား၊ ...

... ဒါမှ မဟုတ် မူရွှမ်ကောင်လား ... ၊ သက်တံဓား သူတော်စင် ဆိုတာ၊ သက်တမ်း မကျန် တော့တဲ့၊ အဖိုးအို တစ်ဦးပဲ၊ မူရွှမ်ကောင် ကတော့ ... ငါ သူတော်စင် ဖြစ်လာ ချိန်မှာ၊ သူက လေးဘက် တွားတုန်းပါ၊ ...

... ဓားဂိုဏ်းက မကြာခင် ပျက်စီး သွား တော့မယ်၊ ဒါကြောင့် မူရွှမ်ကောင် ငါတို့ ဆီကို လာဖို့ ၊သတ္တိ မရှိ ပါဘူး။ ”

ချင်းရေှာင်က ယုံကြည်ချက် ရှိရှိဖြင့် ပြောလိုက်သည်။ ဓားဂိုဏ်းနှင့် ယှဉ်သော် သူတို့ ခွန်အားမှာ၊ အနည်းငယ် အားနည်း သည်။

သို့သော် နတ်နဂါး အင်ပါယာနှင့်၊ ကောင်းကင်ယံ ဂိုဏ်းသည် သူတို့အား၊ ကျောထောက် နောက်ခံ ပြုထား၏။

ချင်းရှောင်က လင်းယွန်အား လွှဲပြောင်း ပေးရန် ဓားဂိုဏ်း ထံမှ မတောင်းဆို ဝံ့ သကဲ့သို့၊ ဓားဂိုဏ်း မှလည်း သူ့တို့ထံ လာဝံ့မည် မဟုတ် ဟု၊ ယုံကြည်သည်။

သက်တံဓား သူတော်စင် ကွယ်လွန် သွားသည်နှင့်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌ ဓားဂိုဏ်း ဟူသည် ရှိတော့မည် မဟုတ်ချေ။

***

All Chapters