← Chapters

နှစ်ပေါင်း (၃၀၀) မဆွဲ ခဲ့သော ဓား။

Vol. 111 Ch. 1544

နှစ်ပေါင်း (၃၀၀) မဆွဲ ခဲ့သော ဓား။

Vol. 111 Ch. 1544

“ ဒါတော့ ဟုတ်တယ်၊ မူရွှမ်ကောင်က သူတော်စင် ဖြစ်လာပြီး ထဲက၊ ဓားဂိုဏ်း ကနေ ခြေ တစ်လှမ်းမှ မလှမ်း ခဲ့ဘူး၊ သူတော်စင် ဆိုတဲ့ မာနတောင် ရှိရဲ့လား သိတယ်။ ”

ချင်းရှောင် စကားကို မဟာ အကြီးအကဲ ချင်းကြွယ်က ပြုံးကာ ထောက်ခံ လေသည်။ ပြီး သူ ကပင်၊

“ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ အပြောင်းအလဲ အချို့ လုပ်ဖို့ အချိန် တန်နေပြီ၊ ဒါကို ထျန်ရွှမ်ဇီ မို့သာ သက်တံဓား သူတော်စင် သေမဲ့ အချိန်ကို စိတ်ရှည် လက်ရှည် စောင့် နေတယ်။

-ဟု ပြောလာ တော့၏။

“ ဓားဂိုဏ်းရဲ့ မူရွှမ်ကောင်က ... ၊ ငရဲ နတ်ဘုရား မိသားစု၊ လက်ရှိ ဘိုးဘေးနဲ့ တွေ့လို ပါတယ်။ ”

ရုတ်တရက် အသံ လှိုင်းများ ပြန့်ကား လာပြီး၊ ရာနှင့် ချီသော ဘုံဗိမာန်များ လှုပ်ခတ် ကာ၊ ပြိုကျ သွားတော့သည်။

ကောင်းကင်တွင် နေမင်းကြီး တစ်စင်း ပေါ်လာ သည်ကို တွေ့လိုက် ရသည့် အတွက်၊ လူတိုင်း ထိတ်လန့် သွားသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

“ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ... ၊ ဘာလို့ ဒီကို ရောက်လာ ရတာလဲ။ ”

ငရဲ နတ်ဘုရား မိသားစု၏ လောက နိယာမ နယ်ပယ် အောက်ရှိ တပည့်များ အားလုံး၊ မူးဝေ ယိမ်းထိုး သွားကုန်သည်။

တစ်ချိန် တည်း မှာပင် အဆုံး မရှိသော ဓားတစ်လက်၊ ကောင်းကင်မှ ဆင်းသက် လာ တော့၏။

၎င်းမှာ အစွမ်းထက် လွန်းသဖြင့်၊ ငရဲ နတ်ဘုရား မိသားစု၏ သူတော်စင် ဝိညာဉ် ရေးရာ၊ အကာ အကွယ်ပေါ် အကျိုး သက်ရောက်မှု ရှိလေသည်။

“ သူ တကယ် လာတာလား။ ”

အစည်းအဝေး ခန်းဆောင် အတွင်းမှ အကြီးအကဲများ အားလုံး အကြည့်ချင်း ဖလှယ် လိုက်မိ ကြသည်။

“ ဘိုးဘေး ... ။ ”

“ မူရွှမ်ကောင် ရောက်လာပြီ။ ”

အကြီးအကဲ များက ကောင်းကင်သို့ လမ်းကြောင်း အမျိုးမျိုးမှ ပျံတက်ကာ၊ ပင်မ ခန်းဆောင်ဆီ စုရုံးလာ ကြသည်။

မူရွှမ်ကောင်၏ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်မှာ ပြင်းထန်လှ သဖြင့်၊ မည်သူမျှ တိုက်ရိုက် စကား မပြောဝံ့ ကြချေ။

တစ်ဖက် လူသာ ဆန္ဒ ရှိနေသော်၊ မည်သို့ မည်ပုံ သေသွားခဲ့ မည်မှန်း သိလိုက်မည် မဟုတ် ချေ။ ထို့ကြောင့် ဘိုးဘေး ချင်းရှောင်ထံ စုရုံး လာခြင်း ဖြစ်သည်။

တစ်ဖက်တွင် ချင်းရှောင်၏ မျက်နှာမှာ ရှုံ့တွ သွားသည်။

“ ဓားဂိုဏ်းရဲ့ မူရွှမ်ကောင်က ... ၊ ငရဲ နတ်ဘုရား မိသားစု၊ လက်ရှိ ဘိုးဘေးနဲ့ တွေ့လို ပါတယ်။ ”

“ ဝေါ့ ... ။ ”

ဤတစ်ကြိမ်၌ အသံလှိုင်း အတွင်း ဓားရည်ရွယ် ချက်ကို ထည့်သွင်း ထား သဖြင့်၊ လောက နိယာမ နယ်ပယ် အကြီး အကဲ များပင် သွေးအန် ကုန်၏။

ထိုအချိန်တွင် လေပေါ် နန်းတော် (၁၀) လုံး ကောင်းကင်မှ ပြုတ်ကျ သွားပြီး၊ ငရဲ နတ်ဘုရား မိသားစု အတွင်း၊ ရှုပ်ပွ ကုန်တော့သည်။

“ ဒီကောင် တကယ် လုပ်ရဲလား။ ”

ချင်းရှောင်က ဒေါသတကြီး ပြေးထွက် သွားသည်။ အကြီး အကဲများက သူနှင့် အတူ လိုက်ပါ လာ၏။

မူရွှမ်ကောင်နှင့် မီတာ တစ်ထောင် အကွာတွင် ရပ်လျက်၊ ချင်းရှောင်အား မျက်နှာ ချင်းဆိုင် ၊ မေးမြန်း လိုက်သည်။

“ မူရွှမ်ကောင် ဒါက ဘာ အဓိပ္ပါယ်လဲ၊ မင်းက သူတော်စင် ဖြစ်တာတောင် ငါ့မိသားစုရဲ့ သာမန် တပည့် တွေကို အနိုင်ကျင့် နေတာလား၊ ဒီနေ့ ကောင်းကောင်း ရှင်းမပြ နိုင်ရင်၊ ငါ မင်းကို လွယ်လွယ်နဲ့ ခွင့် မပြုဘူး။ ”

ချင်းရှောင်က အေးစက်စွာ စိုက်ကြည့် နေမိသည်။ တစ်ဖက် လူမှ သူ့အား မျက်နှာသာ မပေး သဖြင့်၊ သူသည်လည်း ယဉ်ကျေး နေစရာ မလိုချေ။

အမှောင် ထဲ၌ လူမည်မျှ စောင့်ကြည့် နေမည်ကို မသိနိုင်။ ထို့ကြောင့် ဤအရေးအား ကောင်းစွာ မကိုင်တွယ် နိုင်ပါက၊ ဂုဏ်သိက္ခာ ကျဆင်းရ ပေလိမ့်မည်။

မူရွှမ်ကောင်က အလင်း စက်ဝန်းကြီး ထဲမှ ထွက်လာစဉ်၊ ကြက်သွေးရောင် ဓားတစ်လက် လေထဲ ပျံဝဲ လိုက်ပါ လာသည်။

“ သူ ဘယ်မှာလဲ။ ”

“ ဘယ်သူလဲ ... ။ ”

“ မင်း မသိဖူးလား။ ”

မူရွှမ်ကောင် ရင်၌ ဒေါသများ တောက်လောင် လာပြီး၊ စကားပြော လိုစိတ် မရှိ တော့ဘဲ၊ ညာလက်ကို ဝှေ့ယမ်း လိုက်၏။

“ ဝုန်း ... ။ ”

ဓား ရည်ရွယ်ချက် ပါသည့် မီးလျှံများ၊ လမ်းကြောင်း လေးခုမှ ပျံ့လွင့် သွားပြီး၊ ကျန်ရှိ နေသည့် လေပေါ် ဘုံဗိမာန်များ အားလုံးကို ဖျက်ဆီးပစ် လိုက်တော့သည်။

မြေပြင်မှ ဝိညာဉ် ရေးရာ အစီ အရင် အများအပြား လွင့်တက်လာ သော်လည်း၊ ထို ပျက်စီးခြင်းကို မရပ်တန့် နိုင်တော့ချေ။

အစီရင် ဗဟိုချက်ရှိ သူတော်စင် ရူရ်များ ၌ပင်၊ သေးငယ်သော အက်ကြောင်းများ ပေါ် လာသည်။

ထိုမြင်ကွင်းကြောင့် ငရဲ နတ်ဘုရား မိသားစု၏ တပည့်များ အားလုံး မျက်လုံးပြူး သွားသည်။

ထိုကဲ့သို့ ကြောက်စရာ ကောင်းသော စွမ်းအားသည် သူတို့၏ စိတ်ကူး စိတ်သန်း များထက် ကျော်လွန် နေ၏။

သူတို့ ဂုဏ်ယူ ခဲ့ရသော၊ သူတော်စင် ဝိညာဉ်ရေး အစီရင်သည် လက်ဝှေ့ ယမ်းရုံဖြင့် စက္ကူ တစ်ရွက် ကဲ့သို့၊ စုပ်ဖြဲ ခံလိုက် ရသည်။

“ မူ ရွှမ် ကောင် ... ။ ”

ချင်းရှောင်၏ ဒေါသ တကြီး အော်ဟစ် လိုက်သံက ကျယ်လောင်စွာ ပဲ့တင်ထပ် လာ တော့သည်။

“ ဓားဂိုဏ်းက ငရဲ နတ်ဘုရား မိသားစုကို စစ်ကြေငြာချင် နေတာလား။ ”

“ ဘာလို့လဲ ... မရဖူးလား။ ”

မူရွှမ်ကောင်မှ မျက်ခုံး ပင့်ကာ ပြန်မေး လိုက်သည်။ ချင်းရှောင် ခမျာ မည်သို့ တန့်ပြန် ရမည်မှန်း မသိ သဖြင့် ခဏကြာ တိတ်ဆိတ် သွား၏။

တစ်ဖက် လူမှ ထိုစကားများ ပြန်လည် ပြောကြားရန် တွန့်ဆုတ် မနေခဲ့ ခြင်းကြောင့် စဉ်းစား စရာ ဖြစ်လာသည်။

“ သူ ဘယ်မှာလဲ။ ”

မူရွှမ်ကောင်က ထပ်မေး သည်။ ဓား ရည်ရွယ်ချက် ရုန်းကြွ လာသဖြင့်၊ သူ့ရှေ့တွင် ပျံဝဲ နေသော ကြက်သွေးရောင် ဓားမှာ၊ လှုပ်ခါ လာသည်။

ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လျက် ထုတ်လွှတ် ထားသော ရောင်ဝါ အရ၊ မည်သူမျှ သူ့အား တည့်တည့် မကြည့် ရဲချေ။

“ မူရွှမ်ကောင် မရိုင်းနဲ့ ... ၊ မင်း လေးဘက်တွားစဉ် ကတည်းက ... ငါက သူတောင်စင် ဖြစ်နေတာ။ ”

“ ငါက ဓားဂိုဏ်းရဲ့ သခင်ပဲ ... ၊ ငါ့ နာမည်ခေါ်ခွင့် ... ၊ မင်းကို ဘယ်သူ ပေးထား လို့လဲ။ ”

မူရွှမ်ကောင်က ဓားရောင်ဝါဖြင့် ပစ်ပြီး ပြန်ပြော လိုက်၏။ ထို့ကြောင့် ချင်းရှောင် ခမျာ၊ ခြေလှမ်းပေါင်း များစွာ၊ ဆုတ်ခွာ ရှောင်တိမ်း လိုက်သော်လည်း၊ ထိမှန် သွားဆဲ ဖြစ်သည်။

ယင်းကြောင့် သွေးများ ပါးစပ်မှ စီးကျ လာ၏။

“ နောက်ဆုံး တစ်ကြိမ် မေးမယ်၊ သူ ဘယ်မှာလဲ။ ”

မူရွှမ်ကောင်က ခြေလှမ်း တစ်လှမ်း လှမ်းတက် လိုက်ရာ၊ သူ့ရှေ့မှ ကြက်သွေးရောင် ဓားရှည်သည် ပို၍ပင် တုန်ခါ လာ၏။

၎င်းဓားသည် တုပ်နှောင် ခြင်းမှ လွတ်မြောက်ရန် ကြိုးပမ်း နေသည့်၊ နဂါး တစ်ကောင်နှင့် တူသည်။

ရောင်ဝါ ထိပ်တိုက် တွေ့ဆုံမှု၌၊ ရှုံးသွား သဖြင့်၊ တစ်ထစ် ဖြေလျော့ ပေးရန် ချင်းရှောင်မှ ဆုံးဖြတ် လိုက်သည်။

“ မင်း သိချင် နေလား ပြောပြမယ်၊ အခု အချိန်ဆို ငရဲ နတ်ဘုရား စစ်မက် နယ်မြေကို ရောက်ရှိ နေလောက်ပြီ၊ မင်းက ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား၊ လိုက်သွားလေ။ ”

“ ငါ့ဒေါသကို စမ်းကြည့် နေတာလား၊ ကောင်းပြီ လောလော သူ့အစား မင်းဘဝကို အရင် ယူသွားမယ်။ ”

မူရွှမ်ကောင်က ကြက်သွေးရောင် ဓားကို ဖမ်းဆွဲ လိုက်စဉ်၊ နေမင်းကြီး ကဲ့သို့ စူးရှသော အလင်းများ ဖြာကျ လာသည်။

၎င်းနေမင်း ကြီးက၊ ကမ္ဘာ ပေါ်ရှိ နေရာတိုင်းကို အလင်းရောင် ပေးနေ သကဲ့သို့၊ တိုး၍- တိုး၍ တောက်ပ တော့သည်။

သူတော်စင် ဖြစ်ပြီးနောက်၊ မူရွှမ်ကောင် ဓားမဆွဲ တော့သည်မှာ၊ နှစ် (၃၀၀)တိုင် ခဲ့သည်။ ယနေ့ တွင်မူ၊ ထိုစံချိန်ကို ဖြတ်၍၊ သူတော်စင် တစ်ပါးအား သတ်ရန်၊ ဓားဆွဲ နေပြီ ဖြစ်၏။

***

All Chapters