သူတော်စင် တစ်ပါးကို သတ်ရန် ကြံခြင်း။
Vol. 111 Ch. 1545
မူရွှမ်ကောင်က ဓားကို ဆွဲလိုက် သဖြင့်၊ ချင်းရှောင် မျက်နှာ လေးနက် သွားလေသည်။ ဤအခိုက် အတန့်တွင်၊ သတ်ရန် ရောက်ရှိ လာ သည်မှာ၊ အမှန် ဖြစ်ကြောင်း၊ သိလိုက်၏။
ယင်းက လုံးဝ အဓိပ္ပါယ် မရှိချေ။ လင်းယွန်မှာ မသေဘဲ၊ ငရဲ နတ်ဘုရား မိသားစု ကို သတ်ချင် နေသည်။
ရှေးဟောင်း သူတော်စင် မိသားစုကို စော်ကား ခြင်းဖြင့်၊ ဓားဂိုဏ်း၌ မည်သို့သော အကျိုး ကျေးဇူးများ ရှိမည်နည်း။
“ မူရွှမ်ကောင် ... ၊ မင်းက ငါ့ကို သတ်ချင် နေတာလား။ ”
ချင်းရှောင်က မေးခွန်း ထုတ်ပြီး၊ သူ့ နက္ခတ်ကို ဖွင့်လိုက်သည်။ ကြေးဝါ တောင်ပေါ် တွင်၊ အနက်ရောင် နန်းတော် ပါရှိသော ပန်းချီကား တစ်ချပ် ပေါ်လာ၏။
နက္ခတ် ပတ်ပတ် လည်တွင်၊ နိယာမ များ လှိုင်းထ လာပြီး အာကာပြင်ကို ပျက်ယွင်းလာ စေသည်။
သူတော်စင် ရောင်ဝါ ထွက်ပေါ်လာ ပြီးနောက်၊ မူရွှမ်ကောင်၏ ဓားရောင်ဝါကို ပိတ်ဆို့ လိုက်သည်။
“ တခြား ဘာများ လုပ်ရ ဦးမှာလဲ၊ ငါ့ကို ခေါင်းပုတ်ပြီး၊ နောက်ဆုတ် ချင်နေ တာလား၊ ငါ မူရွှမ်ကောင် ဆုံးဖြတ်ချက် ချပြီးရင် စိတ် မပြောင်းဘူး။ ”
“ မင်းရဲ့ ကျင့်ကြံမှုက ငါ့ထက် နိမ့်တယ် ဆိုတာ မမေ့နဲ့။ ”
မူရွှမ်ကောင်ကို ကြည့်ပြီး၊ ချင်းရှောင်က အေးစက်စွာ ပြောသည်။ သည့်နောက် မီးလျှံ တစ်စကို၊ လက်ဖြင့် တောက်ထုတ် လိုက်၏။
၎င်းသည် ငရဲ နတ်ဘုရား မိသားစု၏၊ နဂါး ဝိညာဉ် အဆင့် ပညာရပ်၊ မီးနဂါး လက်ညှိုး ဖြစ် လေသည်။
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ လက်မှ စကာ၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ပြသ နိုင်မည် ဖြစ်သည်။ သူတော်စင် များ၌မူ၊ ဆိုဖွယ် မရှိချေ။
“ ချွင် ... ။ ”
သို့သော် ချင်ရှောင်ကို မျက်နှာမူကာ မူရွှမ်ကောင်က ဓားအား လက်မဝက်ခန့် ဆွဲ ထုတ် လိုက်သည်။
ထက်ရှ လွန်းသော ဓားရောင်ခြည်များ ထွက်လာပြီး၊ ချင်းရှောင်၏ မီးတောက်အား ချေဖျက် သွားသည်။
ပေါက်ကွဲမှု အသေး စားများ ဖြစ်ပွား လာကာ၊ မိုင်တစ်ရာ ပတ်လည် အတွင်းတွင်၊ နေ့မင်း ကဲ့သို့ လင်းလာသည်။
“ ချင်းရှောင် ... ၊ မင်းက သူတော်စင် ဖြစ်လာတာ နှစ်ပေါင်း ရှစ်ရာ ရှိနေပြီ၊ ဒါ အကုန် ပဲလား။ ”
မူရွှမ်ကောင်က လှောင်ပြောင် လိုက်၏။ ထိုစကားကြောင့် ချင်းရှောင်မှ လက် ဝှေ့ယမ်း လိုက်ရာ၊ အနက်ရောင် နန်းတော်က အသက်ဝင် လာသည်။
ထို့နောက်တွင် ၎င်းမှ အမှောင်ကို ထုတ်လွှတ် လာသဖြင့်၊ တစ်ကမ္ဘာလုံး မှောင်ကျ သွား၏။
မူရွှမ်ကောင် နောက်ကျောရှိ အလင်း စက်ဝိုင်း သည်ပင်၊ ထိုအမှောင် ထု၏ ဝါးမျိုခြင်း ခံလာ ရသည်။
“ ဒါ ငရဲ နတ်ဘုရား နန်းတော်ပဲ ... ၊ မမြင်ရတာ နှစ်တစ်ရာ တိုင်နေပြီ၊ သူတော်စင် တိုက်ပွဲ ဖြစ်တော့ မှာလား။ ”
သူတော်စင် တိုင်းက၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ အနောက်မြောက် ဘက်သို့၊ တစ်ပြိုင်နက် တည်း ကြည့်လိုက် ကြသည်။
ဂိုဏ်းများကြား ပြိုင်ဆိုင်မှု ပြင်းထန် သော်လည်း၊ သူတော်စင် စစ်ပွဲ ဆင်နွှဲခြင်း မရှိ ဖူးချေ။ အချိန် ကြာလာ သည်နှင့် အမျှ ယင်းမှာ၊ တားမြစ်ချက် ဖြစ်လာခဲ့သည်။
သူတော်စင် တစ်ပါး ဖြစ်ရန်၊ မလွယ်ကူ သောကြောင့်၊ အသက်စွန့် လိုသော သူတော်စင် ဟူ၍ မရှိ သည်မှာ သဘာဝ ဖြစ်၏။ ယနေ့ မှာမူ၊ ချွင်းချက် ဖြစ်လာ ပုံရသည်။
“ ကြက်သွေးရောင် ကောင်းကင်။ ”
မူရွှမ်ကောင်က ဓားကို လွှဲကာ၊ အမှောင် ထုအား ခွဲလျက်၊ အနက်ရောင် နန်းတော်ထံ ပိုင်းဖြတ် လိုက်သည်။
ဓားအလင်းနှင့် အနက်ရောင် နန်းတော် တိုက်မိမှုကြောင့်၊ လူတိုင်း နားစည်ကို နာကျင် လာစေသည့် အသံ လှိုင်းများ ထွက်ပေါ် လာ၏။
ယင်းက သူတော်စင် နှစ်ပါး၏ တိုက်ပွဲ ဖြစ်ပြီး၊ သူတို့ ကြည့်နိုင်သော အဆင့်၌ မဟုတ် လေရာ၊ ကြောက်လန့် ကုန်သည်။
ထို့ကြောင့် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များမှာ၊ ဆုတ်ခွာ ပြေးရန် ပြင်၏။ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များသည်၊ ရှေးမစွ အတည်း ကပင်၊ ထွက်ပြေး သွားကြပြီ ဖြစ်သည်။
ပေါက်ကွဲမှုမှာ အသံ လှိုင်းမှာ၊ ကျယ်လောင်စွာ ပဲ့တင်ထပ်လျက်၊ ကြယ်များ ပြိုကျတော့ မည်ဟု ခံစား လာရသည်။
“ ခရစ် ... ။ ”
အနက်ရောင် နန်းတော်သည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ သွားကာ၊ အပိုင်း အစ များက မြေပြင် ပေါ်သို့ ကျလာ၏။
ဤသည်မှာ နှစ်တစ်ထောင် စုဆောင်း ထားသော ချင်းရှောင်၏ အရင်း အမြစ် များကို ဖျက်ဆီးခြင်း မည်သည်။
“ ဒါက ... ။ ”
ချင်းရှောင်က အံ့သြ သွားသည်။ ထိုအနက်ရောင် နန်းတော်အား ငရဲ နတ်ဘုရား နန်းတော်ဟု ခေါ်တွင်ပြီး၊ သန့်စင်ရ မလွယ် ချေ။ ယင်းကို မူရွှမ်ကောင်မှ ဓားတစ်ချက် တည်းဖြင့်၊ ဖြေရှင်း လိုက်၏။
“ မူရွှမ်ကောင် မင်းတော့ သေပြီ။ ”
နောက်ဆုံးတွင် ချင်းရှောင်မှာ အသိစိတ် ဆုံးရှုံး သွားကာ၊ ရေခဲနှင့် မီး ဝိညာဉ် ပါရှိသည့်၊ ဘုန်းဝိညာဉ် သူတော်စင် လက်ရာ၊ လှံရှည်ကို ထုတ်ယူ သည်။
ဤလှံပေါ်တွင် ကြယ် (၃၅၀၀)၏ အနှစ်သာရ ပါ၏။ ၎င်းအမည်မှာ ‘နတ် သက်တံ လှံ၊’ ဖြစ်သည်။
ကြယ် ထောင်ဂဏန်း ဘုန်း သူတော်စင် လက်ရာ ဖြစ်သဖြင့်၊ ဘိုးဘေး တစ်ဦး တည်းသာ ကိုင်ဆောင် ခွင့် ရှိသည်။
ကန့်သတ်ချက်သို့ တွန်းပို့ နိုင်သော်၊ ဟင်းလင်းပြင် ကိုပင် ခွဲနိုင်သည့် စွမ်းအားမျိုး၊ ပိုင်ဆိုင် ပေ၏။
သို့သော် ကန့်သတ်ချက် ရောက်အောင် တွန်းပို့ရန် မလွယ်ချေ။ ချင်းရှောင်က လှံရှည်ကို ကိုင်မိ သည်နှင့်၊ မူရွှမ်ကောင်အား မဆိုင်း မတွ တိုက်ခိုက် တော့သည်။
“ ဝှစ် ... ။ ”
တစ်ချိန်တည်း မှာပင်၊ ငရဲ နတ်ဘုရား နန်းတော်မှ ကြွေကျ နေသော မီးအပိုင်း အစ များကို ပိတ်ဆို့ရန်၊ အနက်ရောင် အမြှေးပါး တစ်ခု လေထဲ ပေါ်လာသည်။
ယင်းသည် ငရဲ နတ်ဘုရား မိသားစု နယ်မြေကို ကာကွယ်ရန်၊ ဖွင့်လှစ် လိုက်သော ‘နတ်ဘုရား ကောင်းကင် အစီရင်’ ဖြစ်၏။
“ ရွှီး ... ။ ”
အစီရင် ပွင့်လာ သည်နှင့်၊ အနက်ရောင် အမြှေးပါးမှ အားကောင်းသည့် ရောင်ဝါ နှစ်စင်း ဖောက်ထွက် လာသည်။
သူတို့သည် ချင်းရှောင် ထက်ပင် အားကောင်းသော သူတော်စင်ကြီး နှစ်ပါး ဖြစ် ချေ၏။
“ သူတော်စင် သုံးပါး ... ။ ”
“ အိုး ... ငရဲ နတ်ဘုရား မိသားစုမှာ ... ၊ တကယ်ပဲ သူတော်စင် သုံးပါးတောင် ရှိနေ တာလား။ ”
“ စစ်မက် နယ်မြေက သူတော်စင် တွေပါ၊ ထည့်တွက် ခဲ့မယ်ရင်၊ ငရဲ နတ်ဘုရား မိသားစု မှာ၊ သူတော်စင် အရေ အတွက် (၅)ပါး အထိ၊ ရောက် နေပြီ။ ”
အဆိုပါ သူတော်စင် နှစ်ပါးသည်၊ အသက် နှစ်ထောင်ကျော် နေပြီ ဖြစ်သော ချင် မိသားစု၊ ဘိုးဘေးများ ဖြစ်သည်။
ဆိုလို သည်မှာ၊ သူတို့ သက်တမ်း သိပ် မကျန်တော့ သဖြင့်၊ အချိန်တိုင်း ကျင့်ကြံကာ အောင်မြင်မှု တစ်ခု ရအောင် ကြိုးစား နေ ကြခြင်း ပေပင်။
ထို့ကြောင့် လူမြင်ကွင်းသို့ မထွက်ကြ တော့ဘဲ၊ သူတိုင်း မေ့လျော့လု နီးပါး ဖြစ်လာခဲ့ ကြသည်။
“ မူရွှမ်ကောင် အတွက် ... ၊ ပြန်ဖို့တောင် မလွယ် တော့ဘူး။ ”
“ သူက ငရဲ နတ်ဘုရား မိသားစုရဲ့ ... ၊ အခြေခံ အုတ်မြစ်ကို လျှော့တွက် ခဲ့တာကိုး၊ သူတော်စင် တစ်ပါးကို သတ်ချင် ရအောင် ... ၊ နည်းနည်း နုံအ လွန်းတယ်။ ”
“ ဟုတ်တယ် ... သက်တံဓား သူတော်စင် ဆိုရင် ဖြစ်နိုင် ဦးမယ်၊ သူက သူတော်စင် သတ် ဓားသူတော်စင် မဟုတ်လား။ ”
“ ဒီကိစ္စကို ... မကိုင်တွယ် နိုင်ရင် ... ၊ သက်တံဓား သူတော်စင် လာရင်တောင်၊ ဓား ဂိုဏ်း ဂုဏ်သိက္ခာ ကျဆင်းသွား လိမ့်မယ်။ ”
အဝေးမှ လာရောက် စပ်စု နေသော တန်ခိုးကြီး ဂိုဏ်းများ၏ ဘုရင် များက တိုက်ပွဲ အပေါ်၊ အမြင်များ ဝေမျှ လာကြသည်။
***