ပထမ ဆုံးသော ခရီးစဉ်။
Vol. 111 Ch. 1546
ဘိုးဘေး နှစ်ဦး၏ အမည်မှာ၊ အသူရာ မီးတောက် သူတော်စင် သခင်နှင့် မရဏ မိုးကြိုး သူတော်စင် သခင်တို့ ဖြစ်သည်။
တစ်ဦးသည်၊ မီး သဘာဝ နိယာမကို ကျွမ်းကျင်ကာ၊ ကျန် တစ်ဦး သည်၊ မိုးကြိုး အပေါ် ကျွမ်းကျင်၏။
၎င်းတို့က ချက်ချင်းပင် ကောင်းကင်ပေါ် ပျံတက် လာပြီး၊ မူရွှမ်ကောင်အား တိုက်ခိုက်ပစ် လိုက်သည်။
“ ဝှစ် ... ။ ”
အသူရာ မီးတောက် သူတော်စင် သခင်က၊ မူရွှမ်ကောင် ဦးခေါင်းထံ လက်ဖဝါးဖြင့် ရိုက်ချ ပစ်သည်။
ဤလက်ဖဝါးသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ အာကာပြင်အား အက်ကွဲ ကြေမွှ လာစေ၏။
ပတ်ဝန်းကျင် တစ်ခုလုံး မီးမိုးများ ရွာကျ လာသည်။ ထိုနယ်မြေ အတွင်း လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူပင် မဝင် ရဲချေ။
သို့သော် မီးတာအို ကျင့်ကြံသူများ အတွက်မူ၊ နားလည်မှု ရယူရန် အကောင်းဆုံး အခွင့်ရေး ဖြစ်သည်။
သူတော်စင် တစ်ပါး၏ နားလည် နိုင်စွမ်းသည်၊ အခြေခံ ကျသည်။ မည်သူ မဆို စိတ်ကူး ယဉ်နိုင်သော အရာ မဟုတ်ချေ။
ထို့ကြောင့် ၎င်းတို့ ကိုင်စွဲ သမျှသော သိုင်းရည်ရွယ်ချက် များသည်၊ သိုင်း နိယာမ အဆင့်သို့ ရောက်ရှိ သွားခြင်း ဖြစ်သည်။
“ ဂျိန်း ... ။ ”
သည့်စဉ် မရဏ မိုးကြိုး သူတော်စင် သခင်က၊ ဓားကို လွှဲလိုက်ရာ၊ မိုးခြိမ်း သံများ ညံလာ တော့သည်။
နိယာမများ သုံးနိုင် သောကြောင့်၊ သဘာဝ ဖြစ်စဉ်က လေးနက်ပြီး၊ ကြောက်စရာ ကောင်း သည်။ ယင်းက ၎င်းအဆင့် ကျွမ်းကျင် သူကို၊ တန်ခိုးရှင်ဟု ခေါ်ကြခြင်း ဖြစ်၏။
လွန်ခဲ့သည့် နှစ်သုံးရာမှ၊ သူတော်စင် ဖြစ်လာသည့် မူရွှမ်ကောင် အပေါ်၊ သူတော်စင် သခင် (၃) ပါးက၊ ဝိုင်းဖွဲ့ လာကြသည်။
“ သက်တံဓား သူတော်စင် လာခဲ့ ရင်တောင်၊ သူ့ကို သတ်ပစ် ရမယ်၊ ဘိုးဘေးတို့ ကျွန်တော့်ကို အကူ အညီပါ။ ”
ချင်းရှောင်က ထိုမြင်ကွင်းကြောင့် ယုံကြည်မှုများ ပြန်ရပြီး၊ ဘိုးဘေး သူတော်စင် သခင် နှစ်ပါးထံ၊ ဆက်သွယ် ပြောကြား လိုက်သည်။
ဘုန်း ဝိညာဉ်တော် ကြယ် တစ်ထောင်၊ သူတော်စင် လက်ရာကို ကိုင်ဆွဲ ထားသော်မှ၊ မူရွှမ်ကောင်အား သူ တစ်ဦးတည်း ကိုင် တွယ်ရန် မလွယ်ကြောင်း သိသည်။
“ ကောင်းကင် ဖျက်သိမ်းခြင်း။ ”
အလွန် ကြီးမားသော မီးလက်ဖဝါးကို ဖြတ်ရန် မူရွှမ်ကောင်က ဓားအလင်းများ လွှတ် လိုက်သည်။
ကောင်းကင်ကို အရည် ပျော်ကျ သွား စေမည့်၊ ကြောက်မက်ဖွယ် အပူ စွမ်းအင် တစ်ခု ထွက်လာသည်။
ထိုအပူ စွမ်းအင်သည်၊ ကမ္ဘာ ပေါ်ရှိ အရာရာကို၊ ဖျက်သိမ်း နိုင်သော ခံစား ချက်မျိုး ပေးစွမ်း၏။
ကောင်းကင်ကြီး ရုတ်တရက် ပျောက်ကွယ် သွားသည်ဟု ခံစား ရကာ၊ ရပ်ကြည့်နေ သူတိုင်း ကြောက်လန့် ကုန်သည်။
“ ထန် ... ။ ”
ဓား ရောင်ခြည်က မိုးကြိုး နိယာမအား ဖျက်ဆီးကာ ချင်းရှောင်၏ လှံကို တွန်းထုတ် လိုက်သည်။
“ ဟိတ် ... ။ ”
ထို့ကြောင့် အသူရာ မီးတောက် သူတော်စင် သခင်က၊ ကျယ်လောင်သော ကြုံးဝါး သံပြုပြီး၊ မီးနိယာမကို အဆုံး စွန်ထိ ထုတ်ဖော် မိ၏။
သို့သော် မူရွှမ်ကောင် ဓားသည်၊ သူ မီးနိယာမကို၊ ဖျက်ဆီး ပစ်လိုက် ပြန်သည်။ ထို့ကြောင့် တိုက်ပွဲ ရလဒ် ပေါ်လာသည်။
“ ဝေါ့ ... ။ ”
အသူရာ မီးတောက် သူတော်စင် သခင် တစ်ယောက်၊ သွေးအန်လျက် နောက်ဆုတ် သွားသည်။
တစ်ဖက် လူ၏ ဓား ရောင်ခြည်က သူတော်စင် ချပ်ဝတ်အား ဖြတ်ကာ၊ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် လာခြင်း ဖြစ်သည်။
တိုက်ပွဲကို ကြည့်ရှု နေသော လောက နိယာမ နယ်ပယ်နှင့် သူတော်စင်များ အားလုံး ထိတ်လန့် သွား၏။
အနှစ် နှစ်ထောင်ကျော် နေထိုင် ခဲ့သော သူတော်စင် သခင် တစ်ပါးအား မူရွှမ်ကောင်မှ၊ သွေးမိုး ရွာစေ ခဲ့သည်။
“ မင်း ... နှစ်ပေါင်း သုံးရာ လောက်ပဲ ရှိသေးတယ်၊ နိယာမ တွေကို ဘယ်လို ဆုပ်ကိုင် လာနိုင် တာလဲ။ ”
မရဏ မိုးကြိုး သူတော်စင် သခင်က မယုံကြည် နိုင်စွာဖြင့်၊ မူရွှမ်ကောင်အား မေး မိသည်။
သူသည် သက်တံဓား သူတော်စင်နှင့်၊ ခေတ်ပြိုင် ဖြစ်သည်။ ထို့ကြောင့် မူရွှမ်ကောင် အပေါ်၊ သဘာဝ အတိုင်း အထင်ကြီးမှု မရှိချေ။
ယနေ့တွင် မူရွှမ်ကောင်က ထိုအမြင်ကို ချိုးဖြတ် ပြလိုက်သည်။ မူရွှမ်ကောင်က ပြန် မဖြေ ချေ။
သူ့လက် ထဲရှိ ကြက်သွေးရောင် ဓားမှာ၊ အဆက် မပြတ် တုန်ခါလာသည်။ သူတော်စင် သွေးနှင့် ထိတွေ့ ပြီးနောက်၊ ပို၍ တောင်းတ လာပုံ ပေပင်။
ထိုအချိန်တွင် ချင်းရှောင် မျက်နှာမှာ၊ ပျက်ယွင်း နေသည်။ ဘိုးဘေး နှစ်ဦးကြောင့် အလွယ် တကူ အနိုင်ယူ နိုင်မည် ဟူသော အတွေးက၊ ဟာသ တစ်ပုဒ် ဖြစ်သွားသည်။
“ ဒီနေ့ ... ချင်းရှောင်ကို ငါ သတ်မယ်၊ မင်းတို့ နှစ်ယောက် ဟန့်တား ချင်ရင်၊ သေခြင်း ဆိုတဲ့ ဝေါဟာရကို စာလုံးပေါင်း ထားပါ။ ”
မူရွှမ်ကောင်က တွေဝေခြင်း မရှိဘဲ၊ ပြတ်သားစွာ ကြေငြာ လေသည်။ မရဏ မိုးကြိုး သူတော်စင် သခင်နှင့်၊ အသူရာ မီးတောက် သူတော်စင် သခင် တို့မှာ၊ ထိုစကားကြောင့် မျက်နှာ ရှုံ့တွ ကုန်၏။
မူရွှမ်ကောင်သည် သက်တံဓား သူတော်စင်နှင့် တူနေသည်။ စိတ်နေ စိတ်ထား သို့မဟုတ် စကားလုံး များသည်ပင်၊ ၎င်းကဲ့သို့ မောက်မာ ချေ၏။
သူတောင်စင် သခင် တစ်ပါးအား ကြက်ကလေး ငှက်ကလေး ကဲ့သို့ ယူဆ နေပုံ ရသည်။
“ ဘိုးဘေး တို့၊ မကြောက်နဲ့ ... ၊ သူက သူတော်စင် ဖြစ်လာတာ၊ နှစ်ပေါင်း သုံးရာပဲ ရှိပါ သေးတယ်၊ ချာတိတ်လေး တစ်ယောက်ပါ၊ ဒီမှာ လာပြီး ...
... သူ့ဓားကို သွေးချင် နေတာ၊ အဲဒီလို ဓားမျိုး နောက်တစ်ကြိမ် သူ သုံးနိုင် တော့မှာ မဟုတ်ဘူး။ ”
လက်ထဲရှိ ‘ဘုန်း ကြယ် တစ်ထောင် သူတော်စင် လက်ရာကို ကန့်သတ်ချက် အထိ တွန်းထုတ်ကာ၊ ချင်းရှောင်မှ ဆိုလေသည်။
သူ့ခေါင်း ထက်၌ ကြယ်သုံးထောင် ပွင့်လာ၏။ ကြယ်ရောင်သည် သူ့ ရုပ်သွင်ကို ဖုံးလွှမ်း ထားပြီး၊ အလင်းများ ဖြာထွက် စေသည်။
ယင်းက မူရွှမ်ကောင် နောက်ရှိ၊ နေရောင်ခြည် ထက်ပင် ပို၍ တောက်ပနေ တော့၏။
“ ဘုန်း ကြယ်တစ်ထောင် သူတော်စင် လက်ရာကို၊ ချင်းရှောင်က စွမ်းအား အပြည့်၊ ထုတ်နိုင် တာလား၊ မယုံနိုင် စရာပဲ။ ”
လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ အားလုံး၊ ထိတ်လန့် သွားသည်။
“ နတ် သက်တံ။ ”
ချင်းရှောင်က အော်လိုက်ရာ၊ သူ့လှံ ထဲမှ ရောင်ခြည် ခုနှစ်သွယ် ပေါ်လာကာ ကောင်းကင် (၃၆) လွှာကို၊ ခွဲပစ် လိုက်သည်။
ထို့နောက်တွင် ဘုန်း ဝိညာဉ်တော် သူတော်စင် လက်ရာ စွမ်းအားမှာ မူရွှမ်ကောင် ထံသို့၊ ဦးတည် လာ၏။
“ မူရွှမ်ကောင် ... ၊ မင်းကိုယ်မင်း ဒုတိယ သက်တံဓား သူတော်စင်လို့ ထင်နေ တာလား၊ ငရဲ နတ်ဘုရား မိသားစု ထဲကို တစ်ယောက်ထဲ လာခဲ့တဲ့ မင်းအတွက် စိတ်မကောင်း ပါဘူး၊ ...
... ဒီနေ့တော့ ဘုန်း ဝိညာဉ်တော် သူတော်စင် လက်ရာရဲ့၊ စစ်မှန်တဲ့ စွမ်းအားကို ငါ ပြမယ်။ ”
မိုးကုပ် စက်ဝိုင်းကို ဖြတ်ပြီး၊ အလင်းတန်းများ ဖြာထွက် နေချိန်တွင် ချင်းရှောင်မှ ပြောသည်။
“ ခရစ် ... ။ ”
ကောင်းကင်ကြီး ကွဲအက် လာသဖြင့်၊ လေဆင်နှာမောင်း ကဲ့သို့ အာကာပြင် တစ်ခုလုံး တွန့်ခေါက် လာ၏။
သို့သော် မူရွှမ်ကောင် ပတ်လည်တွင်၊ ထိုအလင်း များကို ဟန့်တား ပစ်နိုင်သော နယ်မြေကြီး တစ်ခု ပေါ်လာသည်။
“ ဟိတ် ... ။ ”
မူရွှမ်ကောင်မှ လေထဲ ခုန်တက်ပြီး၊ တွန်ခေါက် နေသော အာကာပြင် အပိုင်း အစ များကို၊ အစိတ်စိတ် အမွှာမွှာ ခွဲ ပစ်လိုက်၏။
“ ဓား နယ်မြေ ... ။ ”
“ ချင်းရှောင် ... ပြန်ဆုတ် ... ၊ မြန်မြန် ... မြန် မြန် ။ ”
ဘိုးဘေး သူတော်စင် နှစ်ပါးက ထိတ်လန့် သွားပြီး၊ မျက်နှာများ ပြောင်းလဲကာ၊ အော်ပြော လိုက်ကြသည်။
မူရွှမ်ကောင် နဖူးမှ ဓား အလင်းများ ဖြာထွက် လာကာ၊ သူ့ရှေ့ရှိ နေရာ လွတ်ကို ကွဲအက် သွားစေ၏။
သည့်နောက် ချင်းရှောင် တစ်ဝိုက်ရှိ သူတော်စင် ရောင်ဝါနှင့် နိယာမ ချက်ချင်း ပြိုကျ လာတော့သည်။
“ လှီးဖြတ် ... ။ ”
မူရွှမ်ကောင် အော်သံကြောင့် ဓားသံများ မြည်ဟည်း နေသော အလုံပိတ် နယ်မြေ ကြီးမှ၊ ဓားတစ်လက် ထွက်လာသည်။
ယင်းက ချင်းရှောင် နှလုံးသား ထိတိုင်၊ ဖောက်ထွင်း ဝင်ရောက်ပြီး၊ သူတော်စင် မူလကို ဖျက်ဆီး တော့သည်။
“ မဟုတ်ဘူး ... ၊ မဟုတ်ဘူး ... ၊ မဟုတ်ဘူး ... ။ ”
နောက်ထပ် ဓားရောင်ခြည် တစ်စင်း လင်းလက် သွားပြီး၊ ချင်းရှောင်၏ ဦးခေါင်းမှာ လေထဲ လွင့်ဝဲ လာသည်။
မူရွှမ်ကောင်က ချင်းရှောင် ဦးခေါင်းကို ဆံပင်မှ ဖမ်းဆွဲလျက်၊ ဘိုးဘေး သူတော်စင် သခင် နှစ်ပါးထံ၊ ပြန်လှည့် ကြည့်သည်။
ထိုအကြည့် ကြောင့်၊ သူတော်စင် သခင် နှစ်ပါးမှာ ထိတ်လန့် သွားပြီး၊ မိုင်ပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် မိသည်။
ဤနည်းဖြင့်၊ ချင်း မိသားစု၏ သခင်ကို သတ်ကာ၊ ဘိုးဘေး နှစ်ဦးအား၊ ပါးစပ် ပိတ်ကျ သွားစေ ခဲ့သည်။
ချက်ချင်း ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား တော့၏။ မူရွှမ်ကောင်သည် သူတော်စင် ဖြစ်လာ ပြီးနောက်၊ ဓားဂိုဏ်းမှ ခြေ တစ်ဖဝါးမှ မခွာ ခဲ့ချေ။
ယနေ့မူ ဂိုဏ်းမှ ထွက်ကာ၊ သူတော်စင် သခင် တစ်ပါး၏ ခေါင်းအား၊ ဖြတ်ယူ သွားလေ ပြီ။ ကြောက်စရာ ကောင်းပေ၏။
***