← Chapters

ငါက ခွေးတွေကို မချစ်ဘူး။

Vol. 111 Ch. 1548

ငါက ခွေးတွေကို မချစ်ဘူး။

Vol. 111 Ch. 1548

အသူရာ မီးတောက် သူတော်စင်နှင့် မရဏ မိုးကြိုး သူတော်စင် တို့သည် ခွင့်ပြုချက် ရသည် နှင့်၊ ပန်းတစ်ရာ တောင်ကြားသို့ ဝင်ရောက် လာခဲ့သည်။

ထိုအချိန်၌ ထျန်ရွှမ်ဇီမှာ ပန်းပွင့် များကို နှစ်ခြိုက်စွာ ငေးကြည့် နေသည်ကို တွေ့လိုက် ရ၏။

၎င်းက သူတို့ ရှေ့တွင် ရှိနေ သော်လည်း၊ ပန်းချီကား တစ်ချပ် ကဲ့သို့ သူတို့ ထိကိုင်၍ မရ ဟူသော ခံစားချက်မျိုး ပေးစွမ်း လေသည်။

“ အကြီး အကဲတို့ ... ၊ မတွေ့တာ အတော်ကြာ ပြီနော်။ ”

ဖျန်ရွှမ်ဇီမှ ပြုံးပြီး နှုတ်ဆက်သည်။

“ ချင်းရှောင် သေသွားတာ ... ၊ မင်း မသိ ဖူးလို့ မငြင်းနဲ့။ ”

မရဏ မိုးကြိုး သူတော်စင် သခင်က တိုက်ရိုက် ပြောလိုက်သည်။

“ ဒီအတွက် စိတ်မကောင်း ဖြစ်မိ ပါတယ်၊ မူရွှမ်ကောင်က အရမ်း ဒေါသကြီး တာပဲ။ ”

ထျန်ရွှမ်ဇီမှ ချက်ချင်း ပြန်ပြော၏။ သူ့ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ် အယောင် ရှိမနေချေ။

“ ထျန်ရွှမ်ဇီ ... ၊ မင်း အရမ်း ဟန်လုပ် မနေနဲ့၊ မင်း သူတော်စင် မဖြစ်ခင်က၊ ငါတို့ ငရဲ နတ်ဘုရား မိသားစုရဲ့ အရင်း အမြစ်တွေ သုံးခဲ့တာ မေ့နေ ပြီလား။ ”

“ ငါ ဆယ်ဆ ပြန်ဆပ်ပြီးတာ ကြာပါပြီ၊ ပြီးတော့ ငါ ကတိ ပေးထားတဲ့ အတိုင်း အလုပ် သုံးခုလည်း ပြီးသွား ပြီ။ ”

“ မင်း ဝေ့လည် ကြောင်ပတ် လုပ်မနေနဲ့ ကျင်းကြွယ်ကို ရည်ရွယ်ချက် ရှိရှိနဲ့ ခွင့်ပြု ခဲ့တာ ငါ သိတယ်။ ”

“ အဲဒါတော့ မှန်တယ်။ ”

ထျန်ရွှမ်ဇီက မငြင်းချေ။ ထိုသို့ ဝန်ခံ လာသည် ကပင်၊ မရဏ မိုးကြိုး သူတော်စင် သခင်ကို သွေးအန် လုနီးပါး ဖြစ်စေ၏။

တစ်ချိန်လုံး တိတ်ဆိတ် နေသော အသူရာ မီးတောက် သူတော်စင် သခင်က၊

“ ဒီအကြောင်း တွေကို ကြိုသိ နေလို့ ကျင်းကြွယ်ကို ... ၊ အခုလို ထုတ်ပယ် လိုက်တာ မဟုတ်လား။ ”

“ ဒါလည်း ဟုတ်တယ်။ ”

ထျန်ရွှမ်ဇီမှ ခေါင်းညိတ် ပြန်၏။

“ အဲဒါဆို ငါတို့ ကိုယ်စား သက်တံဓား သူတော်စင်ဆီက ဖြေရှင်းချက် တောင်းပေးပါ။ ”

အသူရာ မီးတောက် သူတော်စင် သခင်က ပါးနပ် စွာဖြင့် ထျန်ရွှမ်ဇီကို ထောင်ချောက်ထဲ ဆွဲသွင်း လိုက်သည်။

သို့သော် တစ်ဖက် လူမှ၊ အရူး တစ်ယောက် မြင်လိုက် ရသကဲ့သို့၊ သူ့အား ပြန်ကြည့် လာ၏။ ၎င်းက သူ့ကို ဒေါသ ထွက်လာ စေသည်။

“ သက်တံဓား သူတော်စင် ရှေ့မှာ ... ၊ မင်းတို့ ဒေါသကို ပြ မလို့လား၊ အသတ် ခံရမှာ မကြောက် ဖူးလား။ ”

ထျန်ရွှမ်ဇီက စကားကို ခဏရပ် လိုက်ပြီး၊

“ မင်းတို့ မသိကြ သေးဖူး ထင်တယ်၊ လင်းယွန် ဆိုတာ ... ၊ သာမန် ပင်မ နတ်ဘုရား ပါရမီရှင် တစ်ယောက် မဟုတ်ဘူး၊ သက်တံဓား သူတော်စင်ရဲ့ တပည့်ပဲ၊ ...

... မကြာသေးမီ ကတောင်၊ ငရဲ ကမ္ဘာ ခန်းမကို သွားပြီး၊ အဲဒီ လင်းယွန် အတွက်၊ သူတော်စင် သုံးပါးကို သတ်ပစ် ခဲ့တယ်။ ”

ထိုစကားကြောင့် အသူရာ မီးတောက် သူတော်စင် သခင်နှင့် မရဏ မိုးကြိုး သူတော်စင် သခင်တို့ အကြည့်ချင်း ဖလှယ် လိုက်ကြသည်။

နောက်ဆုံးတွင် သူတို့ နှစ်ဦးမှာ၊ တံခါးပိတ် ကျင့်ကြံ နေကြ သောကြောင့် ထိုအကြောင်းကို မသိ ခဲ့ချေ။

ယင်းကို ချင်းရှောင် မှလည်း၊ ကြားသိ ထားခြင်း မရှိ သဖြင့်၊ ဤသို့ မကြောက် မရွံ့ စေခိုင်း ခဲ့ခြင်း ဖြစ်ပေမည်။

“ ဘယ်လိုလည်း ... ၊ မင်းတို့ နှစ်ယောက် အခု သွားချင် သေးလား။ ”

ထျန်ရွှမ်ဇီက သူတော်စင် သခင် နှစ်ပါးအား လှောင်ပြောင် သရော် လိုသော အကြည့်ဖြင့် မေး လိုက်သည်။

သူတော်စင် သခင် နှစ်ပါးမှ၊ အကြည့်ချင်း ဖလှယ်ကာ၊

“ ဒါဆို ... ၊ မင်း ဘာလုပ်ဖို့ စီစဉ် ထားလဲ။ ”

-ဟု ပြန်မေး မိကြသည်။

“ ငါတို့မှာ အချိန် အများကြီး ရှိပါ သေးတယ်။ ”

ထိုအဖြေက သူတို့အား ပို၍ မျက်နှာ ပျက်စေသည်။ ဤထျန်ရွှမ်ဇီသည် သူ့တို့ကို မျက်နှာသာ မပေးရုံ သာမက၊ အနည်းငယ် မျှပင် လေးစားမှု မရှိချေ။

တစ်ချိန်က ထျန်ရွှမ်ဇီ အပေါ် ရင်းနှီး စိုက်ထုတ် ပေးသော သူတို့သည်၊ မျက်စိကန်း နေခဲ့ပုံ ရသည်။

အကျိုးဆက် အနေဖြင့် သူတော်စင် တစ်ပါးကို ဆုံးရှုံး လိုက်ရပြီး၊ ဤခွေးကောင် ထျန်ရွှမ်ဇီမှ ပြုံးနေ ခဲ့သည်။

“ ဒါဆို ... မူရွှမ်ကောင်ဆီ၊ မင်း ... ဘာ စာပို့လိုက် တာလဲ။ ”

မရဏ မိုးကြိုး သူတော်စင် သခင်က မေးသည်။ ထိုမေးခွန်းကြောင့် ထျန်ရွှမ်ဇီ မျက်နှာမှာ အေးစက် သွားသည်။

“ ကြည့်ရတာ ... ၊ ငရဲ နတ်ဘုရား မိသားစုက၊ ကောင်းကင်ယံ ဂိုဏ်းမှာ သူလျှို လွှတ်ထား နိုင်ပြီ ထင်တယ်။ ”

“ခစာထဲမှာ ဘာရေး ထားလဲပဲ ပြောပါ။ ”

“ အဲဒါ ငါ့ကိစ္စပဲ ... ၊ မင်းတို့ သိစရာ မလို ပါဘူး။ ”

ထျန်ရွှမ်ဇီက ပြန်ဖြေလိုက် သည်နှင့်၊ လေထုမှာ ရုတ်တရက် အေးစက် လာသည်။

“ ဟမ့် ... ၊ ဒါဆို ငါတို့ ဘိုးဘေးနဲ့ စကား ပြောပါ။ ”

မရဏ မိုးကြိုး သူတော်စင် သခင်က ဟစ်အော် လိုက်သည်။ သူတို့ ဘိုးဘေး ဆိုသူ သည်၊ ချင် မိသားစု၏ အသန် မာဆုံး ပထမ ဘိုးဘေး ဖြစ်သည်။

၎င်းက နတ်နဂါး အင်ပါယာ အကျိုးကို ဆောင်နေ သောကြောင့်၊ ငရဲ နတ်ဘုရား ဘွဲ့ကို ရရှိ ခဲ့ခြင်း ဖြစ်သည်။

အမှောင် ခေတ်ကို အဆုံးသတ်သော တိုက်ပွဲ များတွင် ပါဝင် ခဲ့ပြီး၊ နှစ်ပေါင်း သုံးထောင်ကျော် သက်တမ်း ရှိနေပြီ ဖြစ်သည်။

လူတိုင်းက သူ့အား သေဆုံးသွား ပြီဟု ထင်ထား ကြသည်။ အမှန်မှာ ငရဲ နတ်ဘုရား စစ်မက် နယ်မြေတွင်၊ အသက်ရှင် နေ၏။ ၏

“ ငါ ဘယ်မှ မသွားဘူး ... ။ ”

ထျန်ရွှမ်ဇီက အမူ အယာမှာ ပြောင်းလဲ သွားပြီး ပြန်ဖြေသည်။

“ မင်းမှာ ရွေးစရာ မရှိဘူး၊ လိုက်ခဲ့ ရမယ်။ ”

မရဏ မိုးကြိုး သူတော်စင် သခင်က နှာခေါင်းရှုံ့ လျက် ယုံကြည်ချက် ပြင်းပြင်းနှင့် ထပ် ပြောသည်။

“ သ တိ ထား ... ။ ”

ရုတ်တရက် အငွေ့ အသက် ကြောင့်၊ အသူရာ မီးတောက် သူတော်စင် သခင်က အော်ဟစ် သတိ ပေးလိုက် သော်လည်း၊ နောက်ကျ သွားသည်။

ထျန်ရွှမ်ဇီမှာ သူတို့ အနား ရောက်လာပြီး၊ မရဏ မိုးကြိုး သူတော်စင် သခင်၏ လည်ပင်း ကို၊ လှမ်းကိုင် လိုက်၏။

မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပျက်ခြင်း ဖြစ်သဖြင့်၊ မရဏ မိုးကြိုး သူတော်စင် သခင်မှာ တုံ့ပြန်ရန် အချိန် မရ ခဲ့ပေ။

“ ငါ့ကို မင်းတို့ရဲ့ ဘိုးဘေးဆီ၊ သွားစေချင် နေတာလား၊ ဘာကြောင့်လဲ ... ၊ တောင်းပန်စေ ချင်လို့လား၊ ဘိုးဘေးက ငါ့ကို အပြစ် ပေးမှာလား၊ ...

... ငါ့ကို အတိတ် တုန်းက ထျန်ရွှမ်ဇီလို့ ထင်နေ တုန်းလား၊ ငါ့ ဘဝကို မင်းတို့ ပိုင်တယ် ထင် နေလား၊ ငါ မင်းကို မသတ် ရဲဖူး ထင်နေလား။ ”

ထျန်ရွှမ်ဇီမှ မေးခွန်းများ ဆက်တိုက် ထုတ်စဉ်၊ မရဏ မိုးကြိုး သူတော်စင် သခင်မှာ၊ မျက်နှာ နီရဲ လာပြီး အသက်ရှူ ကြပ်လာ တော့၏။

ထျန်ရွှမ်ဇီသည် သူ့အား သတ်ဝံ့ သည်ကို ယခု အချိန်၌ သံသယ မရှိ တော့ချေ။ ထို့ကြောင့် ချွေးများ ကျောပြင်ကို ဖုံးလွှမ်း လာသည်။

“ ထျန် ရွှမ် ဇီ ... ။ ”

“ ဝှစ် ... ။ ”

အသူရာ မီးတောက် သူတော်စင်က အော်ဟစ်လျက် ကူညီရန် ပြင်မိ၏။ သို့သော် ကြောင်ဖြူ တစ်ကောင်က၊ သူ့ပခုံးပေါ် ခုန်တက် လာသည်။

ဤသည်မှာ ကြောင် တစ်ကောင်သာ ဖြစ်သော်လည်း၊ သူ့ ခေါင်းကို ယူနိုင် သည်ဟု ခံစား လာရ စေသည်။

ကြောင်ဖြူက သမ်းဝေလျက် သူ့ပခုံးပေါ် ဝပ်ချ လိုက်သည်။ ထို့ကြောင့် မလှုပ်ရဲ တော့ဘဲ၊ တောင်းပန် လိုက်ရ၏။

“ နားလည်မှု လွဲတာ ... ၊ ဒါက နားလည်မှု လွဲနေ တာပါ၊ ထျန်ရွှမ်ဇီ ... သူ့ကို လွှတ်လိုက်ပါ၊ သူက အဲ့ဒီလို ပြောတာ မဟုတ် ဖူးလို့၊ ငါ ယုံတယ်။ ”

သို့သော် ထျန်ရွှမ်ဇီက မတုံ့ပြန်ဘဲ အပြုံးဖြင့်သာ ကြည့်နေ လေသည်။

“ ကောင်းကင်ဘုံ သူတော်စင် ဘုရင်၊ ငါတို့မှာ အပြစ် ရှိပါတယ် ... ၊ ဒါက နားလည်မှု လွဲနေ တာပါ၊ ခွင့်လွှတ် ပါ။ ”

အသူရာ မီးတောက် သူတော်စင်က ထျန်ရွှမ်ဇီ၏ ဆိုလိုရင်းကို နားလည် သဖြင့်၊ လေးလေး နက်နက် တောင်းပန် မိသည်။

“ ဝှစ် ... ။ ”

သို့မှသာ သူ့ ပခုံးပေါ်ရှိ နှင်းကျားသစ် မျိုးဆက်သွေး ပါရှိသော ကြောင်ဖြူက ခုန်ဆင်း သွားသည်။

“ ထွက် သွား ... ။ ”

“ သွား ရ အောင် ... ။ ”

ထို့နောက် ထျန်ရွှမ်ဇီ ပစ်ချ လိုက်သော သူ့အဖော်ကို အမြန် တွဲထူကာ ထွက်သွားရန် ပြင်လိုက်၏။

ထျန်ရွှမ်ဇီက နှင်းကျားသစ် ကြောင်ဖြူကို ပြန် ကြည့်ပြီး၊

“ ငါက ကြောင်တွေ ကိုပဲ ချစ်တာ၊ ခွေးတွေ မပါဘူး။ ”

-ဟု ပြောလာ တော့သည်။

ထိုစကား များက၊ သူတို့ နှစ်ဦးကို ရည်ရွယ်ကြောင်း အသူရာ မီးတောက် သူတော်စင် သခင်မှ သိ၏။

သိုသော် စကား တစ်ခွန်းပင် ပြန် မပြောရဲ ခဲ့ချေ။ အတော် ဝေးဝေးရောက် လာချိန် မှသာ မရဏ မိုးကြိုး သူတော်စင် သခင်က၊ စိတ် မထိန်းနိုင် တော့ဘဲ၊

“ အဲ့ဒီ ... မျိုးမစစ် ကောင်ကို၊ မြန်မြန် သတ်ပစ် ရမယ်။ ”

-ဟု ကြုံးဝါး လေသည်။

ထိုစကားကြောင့် လုံးဝ ပြီးဆုံး သွားပြီ ဖြစ်ကြောင့်း၊ အသူရာ မီးတောက် သူတော်စင် သခင်မှ သိလိုက်သည်။

ထျန်ရွှမ်ဇီမှ ပွေ့ဖက် ထားသော နှင်းကျားသစ် ကြောင်ဖြူမှာ၊ ရုတ်တရက် ခုန်ဆင်း သွားသည်။

တစ်ချိန်တည်း မှာပင်၊ သူတော်စင် ရောင်ဝါဖြင့်၊ သူတို့ နှစ်ဦးကို ဆက်မသွား နိုင်အောင် ချုပ်နှောင်ခြင်း ခံလိုက် ရ၏။

ပြီးနောက် ထျန်ရွှမ်ဇီက အနား ရောက် လာပြီး၊ မရဏ မိုးကြိုး သူတော်စင် သခင်၏ မျက်နှာကို ဖြုတ်ယူကာ၊ သူ့ထံ ပစ်ပေး လာသည်။

“ ဝှစ် ... ။ ”

ထျန်ရွှမ်ဇီ သန်မာကြောင်း သူ သိထား သော်လည်း၊ ၎င်း ခွန်အား အပေါ် တစ်ကြိမ်မျှ မတိုင်းတာ ဖူးချေ။

မိန်းမ ဆန်သော မျက်နှာ အသွင် အပြင်ကြောင့်၊ တစ်ဖက်လူ၏ ခွန်အားကို မကြာ ခဏ ဆိုသလို၊ လျစ်လျူရှု မိသည်။

ထျန်ရွှမ်ဇီကို အနိုင်ယူ နိုင်သူသည် ရှေးဟောင်း ပျက်သုဉ်း မြေကြီး၌၊ သက်တံဓား သူတော်စင် တစ်ဦး တည်းသာ ရှိသည်။

“ ဖမ်း ... ။ ”

မသိစိတ်မှ မရဏ မိုးကြိုး သူတော်စင် သခင်၏ ခေါင်းကို ဖမ်းလိုက် မိသည်။ အသိစိတ် ဝင်လာသော အခါ၊ လွှင့်ပစ် ချင်မိ သော်လည်း၊ ထျန်ရွှမ်ဇီမှ စိုက်ကြည့်နေ သဖြင့်၊ မလှုပ်ဝံ့ တော့ချေ။

“ ငါ ... စိတ်ပြောင်း သွားပြီ ... ၊ လာ ... ငရဲနတ် ဘုရား စစ်မက် နယ်မြေကို သွားကြ ရအောင်။ ”

“ ကောင်းကင်ဘုံ သူတော်စင် ဘုရင် ... ၊ မင်း နောက်နေ တာလား။ ”

“ မဟုတ်ဘူး ... ၊ ဟုတ်တယ် ငါ့မှာ အပြစ်ရှိတယ်၊ ဘိုးဘေးရဲ့ ... ခွင့်လွှတ်မှုကို တောင်းခံ ရမယ်။ ”

ထျန်ရွှမ်ဇီက ပြုံးပြီး၊ အသူရာ မီးတောက် သူတော်စင် သခင် လက်ကို ဆွဲကာ၊ ပန်းတစ်ရာ တောင်ကြားမှ ပျောက်ကွယ် သွားသည်။

နှင်းကျားသစ် ကြောင်ဖြူက မရဏ မိုးကြိုး သူတော်စင် သခင်၏၊ ခေါင်း မပါသော ခန္ဓာကို ကိုက်ဆွဲ ယူသွားသည်။

နောက်တစက္ကန့်တွင် ပန်း ပင်လယ် တစ်ခုလုံး တုန်ခါ သွားစေသည့်၊ အလောင်း ဖျက်ခြင်းကို စတင် လိုက်၏။

မရဏ မိုးကြိုး သူတော်စင် သခင်၏ ခန္ဓာကိုယ်မှာ အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲ သွားပြီး၊ ၎င်း၏ သွေးများကို ပန်းပင်လယ် ကြီးက၊ ချက်ချင်း စုပ်ယူ လိုက်တော့၏။

***

All Chapters