ခဏနေ ... ငါ ပြန်မှာပါ။
Vol. 111 Ch. 1550
“ ဝှစ် ... ။ ”
ငရဲ နတ်ဘုရား စစ်မက် နယ်မြေ အပြင် ဘက်၌ ထျန်ရွှမ်ဇီ ပြန်ပေါ် လာ၏။ သူ ပေါ်လာ သည်နှင့်၊ လူရိပ် တစ်ရိပ် ပျံသန်း လာပြီး၊ ဘေးတွင် တလေး တစား လာရပ်သည်။
ထိုသူသည် အနက်ရောင် အဝတ် ပါးပြင်းနှင့်၊ ဝါးခမောက် တစ်လုံးကို ဆောင်း ထားသည်။
“ တပည့် ကျွားချင်ယန်က ဆရာ့ကို လေးစား ပါတယ်။ ”
ဤလူသည် သူ၏ အသန်မာဆုံး တပည့် ကျွားချင်ယန် ဖြစ်ပြီး၊ သူတော်စင်များ မရှိသော်၊ ၎င်းမှာ အသန် မာဆုံး ဖြစ်သည်။
“ မင်္ဂလာပါ သူတော်စင် ဘုရင်။ ”
နောက်ထပ် ပုံရိပ် (၆) ရိပ် ပေါ်လာ၏။ ၎င်းတို့ ထံမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ဖြာထွက် နေသည်။
၎င်းတို့သည် ကောင်းကင်ယံ ဂိုဏ်း၏ တန်ခိုးရှင်များ ဖြစ်သည်။ ကာကွယ်သူ မဟာ အကြီးအကဲ မှ လွဲပြီး၊ လူတိုင်း ရောက်လာခြင်း ဖြစ်၏။
ဤမျှ များပြား လှသော သူတော်စင် အရေ အတွက်ကို ဓားဂိုဏ်း သာလျှင် ပိုင်ဆိုင် မည်မှာ သေချာသည်။
ထျန်ရွှမ်ဇီက သူတော်စင် ခြောက်ပါးကို ကြည့်ကာ မျက်ခုံးပင့် လိုက်၏။
“ မင်းတို့ အားလုံး ... ၊ ဒီကို ဘာလာ လုပ်တာလဲ။ ”
“ ဆရာက ငရဲ နတ်ဘုရား ဘိုးဘေးကို သွားတွေ့တာ ကြားလို့ စိတ်ပူပြီး လိုက်လာ ခဲ့တာပါ။ ”
ကျွားချင်းယန်မှ ပြန်ဖြေသည်။ သူ့ အမြင်အရ၊ မှန်ကန်သော အရာကို လုပ်ဆောင် နေခြင်း ဖြစ်၏။
“ ဆရာ ... အပြစ်ပေး ချင်ရင်၊ တပည့်ကို ပေးနိုင် ပါတယ်၊ အခြား သူတွေနဲ့ မဆိုင် ပါဘူး။ ”
ထျန်ရွှမ်ဇီမှာ တိတ်ဆိတ် သွားသည်။ ဤကျွားချင်းယန်သည် တပည့်များ အနက် သူ့ အပေါ် လေးစားမှု မရှိဆုံး ဖြစ်သည်။
ချင်းကန်သာ ဆိုက စကား ပြောဝံ့မည် မဟုတ်ချေ။ သို့သော် လူတိုင်း၌ ကိုယ်ပိုင် စရိုက် များ ရှိသည်။ ထို့ကြောင့် လျစ်လျူရှု လိုက်၏။
“ ဒီလောက်လည်း မလို ပါဘူး။ ”
“ ဒါပေမယ့် ... ၊ ငရဲ နတ်ဘုရား မိသားစု ဘိုးဘေးက၊ သူတော်စင် နယ်ပယ် အထွတ် အထိပ် မှာ ရှိနေ တာပါ၊ သူ့အရည် အချင်းက သက်တံဓား သူတော်စင် နီးနီး ပါ။ ”
ကျွားချင်းယန်မှ ပြန်လည် ငြင်းခုံ မိ၏။ ငရဲ နတ်ဘုရား မိသားစု ဘိုးဘေးမှာ၊ ဘီလူး အိုကြီး ဖြစ်သည်။
သက်တံဓား သူတော်စင်သာ မရှိက ရှေးဟောင်း ပျက်သုဉ်း မြေကို သိမ်းပိုက်ပြီး ဖြစ် ပေမည်။ ထို့ကြောင့် ကျွားချင်းယန်မှ စိတ်ပူ မိခြင်း ဖြစ်၏။
“ ဓားဂိုဏ်းမှာ တစ်ခုခု ထူးသေးလား။ ”
ထျန်ရွှမ်ဇီက ခေါင်းစဉ် ပြောင်းကာ မေးလိုက်သည်။
“ ကောင်းကင် မှတ်စု ဂိုဏ်းချုပ်နဲ့ ... ၊ နက်ရှိုင်း တောင်ကြား သခင်တို့ နှစ်ယောက် စလုံး၊ ချက်ချင်း ရောက်လာ ပါတယ်၊ ...
... ကောင်းကင် ဓားမော့ ခန်းမလည်း လာနေတယ်လို့ ကြားပါတယ်၊ မိုးကြိုး ဂိုဏ်း၊ မိုးကြိုး ကျောင်းတိုက်နဲ့၊ မြကျောက်စိမ်း စံအိမ် တို့ကတော့၊ စိတ်ဝင် စားပုံ မပြ ပါဘူး။ ”
ကျွားချင်းယန်မှ ဖြေကြား လိုက်၏။ သူ့ အနေဖြင့် ဆရာ သခင် အပေါ် မလေးစားပဲ မနေ နိုင်ချေ။
ခဲတစ်လုံးနှင့် ငှက်သုံးကောင် ပစ်ခြင်း မည်သည်။ ငရဲ နတ်ဘုရား မိသားစု အင်အားကို လျော့ပါး စေသည် သာမက၊ ဓားဂိုဏ်းနှင့် ရန်ငြိုးကို ပို၍ နက်ရှိုင်း စေသည်။
သည့်အပြင် ဓားဂိုဏ်း၏ မဟာမိတ် အစစ် အမှန် မည်သူ ဖြစ်မည် ကိုလည်း သိစေ ခဲ့သည်။
“ နက်ရှိုင်း တောင်ကြားက အဲဒီကို ရောက်သွား ပြီလား၊ ဒါက စိတ်ဝင်စား စရာ ပါပဲ … ။ ”
ထျန်ရွှမ်ဇီ တစ်ယောက် အံ့သြ သွားသည်။ ကောင်းကင် မှတ်စုဂိုဏ်း ရောက်လာ ခြင်းမှာ သာမန် ဖြစ်၏။
ဓားဂိုဏ်းမှ မူရွှမ်ကောင်နှင့် ကောင်းကင် မှတ်စု ဂိုဏ်း၏ ဂိုဏ်းချုပ် လင်းဝမ် တို့ကြား နက်ရှိုင်းသော ဆက်ဆံရေး ရှိသည်။
သူ နားမလည် သည်မှာ နက်ရှိုင်း တောင်ကြား ဖြစ်သည်။ တန်ခိုး ကြီးဂိုဏ်း ရှစ် ဂိုဏ်း အနက်၊ ၎င်းတောင်ကြားသည် ဝိညာဉ် ရေးရာ ရူရ်များကို လေ့လာသော အဖွဲ့အစည်း ဖြစ်သည်။
မည်သည့် အင်အားစု နှင့်မျှ ပူးပေါင်းခြင်း မရှိခဲ့ဘဲ အမြဲ ကြားနေသည်။ ယနေ့ အထက်ပါ ရပ်တည်ချက်ကို ပြောင်းလဲ လိုက်ပုံ ရသည်။
“ ဆရာ ... ဒီကိစ္စကို စုံစမ်း ပေးရ မှာလား။ ”
ကျွားချင်ယန်က သူ့ဆရာ သခင်၏ အတွေး များကို သဘာဝ ကျကျ မြင် နိုင်သည်။
“ မလိုဘူး... ၊ ပုရွက်ဆိတ် တွေက ဆင်ကို မခြိမ်းခြောက် နိုင်ပါဘူး၊ အချိန် ကျရင် သူတို့ အားလုံး သေရ လိမ့်မယ်။ ”
ထျန်ရွှမ်ဇီက အေးစက်စွာ ဖြေပြီး ထွက်ခွာရန် အချက်ပြ လိုက်သည်။
ထိုအချိန်တွင် ဓားဂိုဏ်းကို ကာကွယ် ထားသော အစီရင် ရှေ့၌ လူတစ်ယောက် ရပ် နေသည်။
ဤအကာ အကွယ်သည် မည်မျှ အန္တရာယ် ရှိသည်ကို သူ သိသည်။ သူတော်စင် တစ်ပါး၏ အသက် ကိုပင် ယူနိုင်၏။ ဓားဂိုဏ်း၏ နာမည် ကျော်၊ ‘ကောင်းကင် ကိုးလွှာ ဓား အစီရင်’ ဖြစ်သည်။
ပုံရိပ်ရှင်မှာ မုတ်ဆိတ်မွှေး ငုတ်တိုနှင့်၊ သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ဖြစ်၏။
သူက ဓားဂိုဏ်းကို ကြည့်ပြီး၊
“ မူရွှမ်ကောင် ... ၊ မင်းရဲ့ ဧည့်သည်ကို ကြိုဖို့ ထွက် မလာ ဖူးလား။ ”
-ဟု အော်ဟစ် လိုက်၏။
မူရွှမ်ကောင်က အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို လက်ခံ တွေ့ဆုံကာ၊ စကား စမြည် ပြောနေသည်။
အမျိုးသားသည် နက်ရှိုင်း တောင်ကြား သခင် ဖြစ်ပြီး၊ အမျိုး သမီးသည် ကောင်းကင် မှတ်စု ဂိုဏ်းချုပ် ဖြစ်၏။
လှပပြီး ချစ်စရာ ကောင်းသည်။ ၎င်းတို့ နှစ်ဦးက၊ သတင်း ကြားကြားချင်း ရောက်လာ ကြခြင်း ပေပင်။
အဘယ့်ကြောင့် ဆိုသော် ဤကိစ္စကို အကြောင်း ပြပြီး၊ ကောင်းကင်ယံ ဂိုဏ်းမှ ဓားဂိုဏ်း အပေါ် တိုက်ခိုက်လာ မည်ကို ဆိုးသောကြောင့် ဖြစ်၏။
ငရဲ နတ်ဘုရား မိသားစုနှင့် ကောင်းကင်ယံ ဂိုဏ်းသည် နက်ရှိုင်းစွာ ပတ်သတ်မှု ရှိကြောင်း လူတိုင်း သိထသည်။
“ ထျန်ရွှမ်ဇီ မလာဘဲ၊ အဲဒီလူ လာတယ်။ ”
နက်ရှိုင်း တောင်ကြား သခင်က ပြုံး လိုက်သည်။ ကောင်းကင် ဓားမော့ ခန်းမ သခင် ချန်ယွီ သာလျှင်၊ ဤကဲ့သို့ ဒေါသ ကြီးသူ ဖြစ်၏။
“ ထျန်ရွှမ်ဇီ လာမှာ မဟုတ်ဘူး၊ မင်းတို့ နှစ်ယောက် ပြန်နိုင် ပါပြီ၊ အခုလို ရောက်လာ တာကို၊ ကျေးဇူး တင်တယ်။ ”
မူရွှမ်ကောင်က ပြုံးကာ ပြော လိုက်သည်။ နက်ရှိုင်း တောင်ကြား သခင်က မတ်တပ် ထရပ် လိုက်ပြီး၊
“ ဒါဆို ... ငါ ပြန်တော့မယ်၊ ဂိုဏ်းချုပ် မူ တစ်စုံ တစ်ရာ ပြဿနာ ကြုံလာရင် ... ၊ ငါတို့ ကြိုစား ကူညီ ပါ့မယ်၊ စိတ်ချ နေပါ။ ”
-ဟု နှုတ်ဆက် လိုက်၏။
မူရွှမ်ကောင်က ခေါင်းညိတ်ပြီး လက်ဝှေ့ ယမ်းပြ မိသည်။ လင်းယွန် ကယ်တင် ခဲ့သော တျန်ကျန့်သည် နက်ရှိုင်း တောင်ကြား သခင်၏ အငယ်ဆုံး သား ဖြစ်နေ ချေ၏။
ဓားဧကရာဇ် ယုချင်းဖန်က တျန်ကျန့် အသက်အား ပြန်ပေးပြီး၊ လင်းယွန် လုပ်ဆောင် ခဲ့သမျှကို ပြောပြ လိုက်သည်ဟု ကြားသိ ရ၏။
ထို့ကြောင့် တောင်ကြား သခင်သည် ဓားဂိုဏ်း ဘက်၌ အခိုင် အမာ ရပ်ပေး လာခြင်း ဖြစ်သည်။
“ ရွှမ်ကောင် ... ၊ ငါလည်း ပြန်တော့မယ်၊ နင့်ကိုယ့်နင် ဂရု စိုက်ပါ။ ”
လင်းဝမ်က တွန့်ဆုတ်သော အပြုံးဖြင့် လှည့်ထွက်ခွာ သွားသည်။ သူတို့ မဆုံ တွေ့ရ သည်မှာ နှစ်ပေါင်း များစွာ ကြာပြီ ဖြစ်သည်။ နောက်တစ်ကြိမ် ပြန်ဆုံ တွေ့ရန် မည်မျှ ကြာဦးမည် မသိချေ။
၎င်းတို့ နှစ်ယောက် ထွက်သွား ပြီးနောက်၊ ကောင်းကင် ဓားမော့ ခန်းမ သခင်၊ ချန်ယွီ ဝင် ရောက်လာသည်။
“ မူရွှမ်ကောင် ... မင်းရဲ့ ... ဓားနယ်မြေကို ဖန်တီး နိုင်ပြီဆို။ ”
စိတ်မရှည် ဟန်ဖြင့် ခရီးရောက် မစိုက် မေးသည်။ ၎င်းတို့ နှစ်ဦးသည် သက်ဆိုင်ရာ ဂိုဏ်း၌ သခင်များ ဖြစ်၏။
ဆယ်စုနှစ် တစ်ခု ကြာ သည့်တိုင်၊ အချင်းချင်း တိုက်ခိုက် နေခဲ့သည်။ ထို့ကြောင့် မူရွှမ်ကောင်မှ ဓားနယ်မြေဖြင့် ချင်းရှောင်အား သတ်လိုက် သည်ဟု ကြားချိန်၌၊ တည်ငြိမ်မှုကို မထိန်း နိုင်တော့ချေ။
“ ငါလည်း အဲ့ဒီလို ထင်တာပဲ။ ”
မူရွှမ်ကောင်မှ ပြုံးလိုက်သည်။
“ ငါ မယုံဘူး ... ။ မင်းကို ဓားနဲ့ ခုတ်မယ်။ ”
ချန်ယွီက သူ့ဓားမော့ကို ဆွဲထုတ်ပြီး၊ မူရွှမ်ကောင်အား ခုတ်ချ လိုက်သည်။ အခြားသူ တစ်ဦးသာ ရှိနေ ပါက၊ ဤမြင်ကွင်းကြောင့် ထိတ်လန့် သွားမည် ဖြစ်သည်။
မူရွှမ်ကောင် ပတ်ပတ် လည်၌ ဓား ရောင်ခြည်များ လည်ပတ် လာပြီး၊ နယ်မြေ တစ်ခု အဖြစ်သို့ ဖွဲ့တည် သွား၏။
ချန်ယွီက ဓားမော့ကို လက်နှစ်ဖက်နှင့် ဆုတ်ကိုင်ကာ၊ ထိုနယ်မြေကို ခုတ်ပိုင်းရန် ကြံ ရွယ်သည်။
“ ထန် ... ။ ”
သို့သော် မူရွှမ်ကောင် နဖူးမှ စူးရှသော ရွှေရောင် အလင်းများ ဖြာထွက် လာကာ၊ သူ့ ဓားမော့ ရပ်သွားသည်။
သည့်နောက် ရွှေရောင် အလင်းများ ပေါက်ကွဲ လာပြီး၊ ချန်ယွီအား နောက်သို့ ပျံသန်း စေတော့သည်။
“ ဟေ့ရောင် ... ဒါ ဓား နယ်မြေကွ၊ ထွီ ... ။ ”
ချန်ယွီမှာ တစ်တစ် ခွခွ ကျိန်ဆဲ လိုက်သည်။
“ ဒါပေမယ့် ... မင်းဓားက၊ သတ္တမတန်း အထွတ် အထိပ် မှာပဲ ရှိပါ သေးတယ်၊ ဒါကို မင်း ဘယ်လို လုပ်နိုင်ခဲ့ တာလဲ၊ ငါက မင်းထက် အားနည်း လှတာလည်း မဟုတ်ဘူး။ ”
“ ဓားဂိုဏ်းကို ဝင်လိုက်၊ ငါ သင်ပေးမယ်။ ”
မူရွှမ်ကောင်က ခပ်တည် တည်ဖြင့် ပြန်ပြော သည်။
“ ပါးစပ် ပိတ်ထား ... ။ ”
ချန်ယွီက အားရပါးရ ထပ်မံ ကျိန်ဆဲ လိုက်ပြီး၊
“ မူရွှမ်ကောင် ... မင်း မသေ စေနဲ့ဦး၊ ဓားမော့ နယ်မြေ ဖွဲ့ပြီးရင် ... ၊ ငါ ပြန်လာ ခဲ့မယ်။ ”
-ဟု ဆိုကာ ချက်ချင်း ပြန်ထွက် သွားတော့သည်။
မူရွှမ်ကောင်က စိတ်မဆိုးဘဲ ပြုံးသည်။ သူနှင့် ဦးစိတ်တိုသည် သူငယ်ချင်းများ ဖြစ်ပြီး၊ ပြိုင်ဆိုင်မှု ပြင်းထန် ချေ၏။
“ သိုင်း အန်ကယ်ကို နှုတ်ဆက်ဖို့ အချိန် ကျပြီ။ ”
သည့်နောက် မူရွှမ်ကောင် တစ်ယောက် သက်တံဓား သူတော်စင် ရှိရာ အရပ်၌ ပေါ်လာ သည်။ မြေပြင် တစ်ခုလုံး မက်မွန်ပွင့် များဖြင့် ဖုံးလွှမ်း နေ၏။
သက်တံဓား သူတော်စင်က လှည့်ကြည့်သည်။
“ မင်း ... ရောက်လာ ပြီလား။ ”
“ ဟုတ်ကဲ့ ... ။ ”
“ လာ ... ။ ”
သက်တံဓား သူတော်စင်က၊ တိမ်များကို ဖြတ်ပျံကာ၊ ကြယ်တာရာ လေ့လာရေး စင်မြင့် ထံသို့၊ မူရွှမ်ကောင်အား ခေါ်ဆောင် လာ၏။
ချောက်ကမ်းပါး အောက်ရှိ ရေကန် အလယ်တွင် ထိုင်လျက် ကျင့်ကြံ နေသော လင်းယွန်ကို မြင်ချိန်၌ မူရွှမ်ကောင်မှာ အံ့အားသင့် သွားသည်။
ရေမျက်နှာပြင် တစ်လျှောက် မီးလျှံများ လောင်ကျွမ်း နေသည်။ ဤသည်မှာ ယုချင်းဖန် ဓား ဖြစ်သည်။ အလွန် ကြောက်စရာ ကောင်း ပေ၏။
သို့သော် လင်းယွန်၏ ဓားတာအိုနှင့် ကာရန် (rhyme) မိနေသည်။
“ ယုချင်းဖန် ထားခဲ့တဲ့ ဓားကို ... ၊ သူ ရှာနေပုံ ရတယ် ... ။ ”
မူရွှမ်ကောင်မှ ရေရွတ် လိုက်သည်။
“ အတိ အကျတော့ မဟုတ်ဘူး။ ”
သက်တံဓား သူတော်စင်က သူ့ မုတ်ဆိတ်မွေး များကို ပွတ်သပ်လျက် ပြုံးသည်။
“ သူ့ကို ဓားဧကရာဇ် ကိုယ်တိုင်က လက်ဆောင် တစ်ခု ပေးခဲ့တယ် ... ၊ အဲဒါကို နားလည်အောင်၊ ဒီရေကန် အပေါ် သူ အားကိုး နေတာ။ ”
သက်တံဓား သူတော်စင်က ရှင်းပြသည်။
“ ယုချင်းဖန်က ဒီကလေးကို တော်တော် သဘောကျ နေပုံ ရတယ်၊ ဒါပေမယ့် ဓားဂိုဏ်းရဲ့ တပည့် ဆိုတော့ လက်လွှတ် လိုက်တာပဲ ဖြစ်မယ်။ ”
မူရွှမ်ကောင်က သူ့အမြင်အား ထုတ်ပြော မိသည်။
“ ဒါတော့ သေချာတယ်၊ လင်းယွန်က ငါ့ တပည့်ပဲ ... ။ ”
ထိုစကားကြောင့် သက်တံဓား သူတော်စင်က ဂုဏ်ယူ စွာဖြင့် ပြန်ပြော လာလေသည်။
“ သိုင်း ဦးလေး ... ၊ သူတော်စင် တောင်ကနေ အကြာကြီး ခွာမနေ ပါနဲ့ ...၊ သူ့ကို ကျွန်တော်ပဲ စောင့်ရှောက် လိုက်မယ်။ ”
“ အဆင် ပြေပါတယ် ၊ ခဏပဲ ... ငါ ပြန်မှာပါ၊ မင်း သူ့ကို ဂရုစိုက် နေစရာ မလိုဘူး၊ သူ ပြီးသွား ပါလိမ့်မယ်။ ”
သက်တံဓား သူတော်စင်က လင်းယွန်ထံ လှမ်းကြည့်ကာ သက်ပြင်း ချလျက် ခေါင်းရမ်း လိုက် တော့သည်။
***