← Chapters

နတ်နဂါး ခေတ်၏ တန်ခိုးရှင်များ။

Vol. 111 Ch. 1551

နတ်နဂါး ခေတ်၏ တန်ခိုးရှင်များ။

Vol. 111 Ch. 1551

သိုင်းဦးလေး အလင်းမြူ ထံမှ၊ အရိယာ ဓားသုတ္တန်ကို ရယူ ပြီးနောက်၊ ကောင်းကင် အမိုး ဓားအား စောင့်ကြည့်ရန်၊ ကြယ်တာရာ လေ့လာရေး စင်မြင့်သို့၊ ဦးတည် မိ၏။

သူ့ ကျင့်ကြံမှုနှင့် ရုပ်ခန္ဓာ ကိုယ်သည် ကြီးကျယ် ခမ်းနားသော ပါရမီရှင် များနှင့် တန်းတူ ဖြစ်သည်။

ဓား ရည်ရွယ်ချက် သည်သာ၊ ထူးထူး ခြားခြား သူ့ကို သန်မာ စေသော အရာ ဖြစ်၏။ ပင်မ နတ်ဘုရား နယ်ပယ် ထိပ်ဆုံး ဓားသမား ငါးရာတွင်၊ အရိယာ ကောင်းကင်ဓား ရှိသည်။

ထို့ကြောင့် အရိယာ ကောင်းကင် ဓားဖြင့်၊ အသာစီး ရရန်မှာ ခဲယဉ်းပြီး၊ အမည်ခံ အဆင့်မှ ထပ်မံ တက်လှမ်း ရပေမည်။

သုံးရက် အကြာတွင် ရေကန် အလယ်မှ၊ တောက်ပသော ဓားတစ်လက် ဖြာထွက် လာ လေသည်။

လင်းယွန်က မျက်စိ ဖွင့်ကြည့် ချိန်၌၊ ထိုအလင်းများ ပျောက်ကွယ်ကာ၊ ကျက်သရေ တိုးလာ၏။

ခုနစ်ရက် အတွင်း ကောင်းကင် အမိုးဓားသို့ နီးကပ် လာသည်။ သို့သော် ပြဿနာ တစ်ခုခုက ပိတ်ဆို့ နေဆဲ ဖြစ်သည်။

“ ငါက ကောင်းကင်ကြီးပဲ၊ ငါ့ဓားက အမိုးတစ်ခုလို ကောင်းကင်ကို ကာကွယ်ပေး ရမယ်။ ”

ကောင်းကင် အမိုး ဓားသည်၊ အရိယာ ကောင်းကင် ဓားထက်၊ ဆယ်ဆ ပိုမို ခက်ခဲပြီး၊ သူ့အား ရူးသွပ် လုနီးပါး ဖြစ်လာ၏။

ဓားဧကရာဇ် ယုချင်းဖန် ထားရစ် ခဲ့သော ဓားကို (၇)ရက် တိုင်တိုင် မှီခို ခဲ့သော်မှ၊ လိုအပ် နေသေးသည်။

ခွက်ထဲရှိ ရေစက်များလို မျက်နှာ ပြင်မှာ တည်ငြိမ် နေခဲ့၏။ အသွင်း ကူးပြောင်းမှု ခေါ် လှုံ့ဆော်မှု တစ်ခု လိုနေသည်။

ကောင်းကင်ကို မော့ကြည့် လိုက်ပြီး၊

“ ငါက ... ကောင်းကင်ကြီး ဆိုတာ ဘာလဲ၊ ဓား တစ်လက်ရဲ့ ရည်ရွယ်ချက် ကရော။ ”

ဤရက်များတွင် ‘ကောင်းကင် အမိုး’နှင့်၊ ‘ဓား တစ်လက်’ ဟူသော အဓိပ္ပါယ်ကို သူ မသိ ခဲ့ချေ။

စကားလုံး (၁၄) လုံးသည် သူ့စိတ်ထဲ တဝဲလည်လည် ဖြစ်လာပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး မှုန်ဝါး လာတော့သည်။

“ ကောင်းကင်ကြီး ... ၊ ဓား တစ်လက်။ ”

၎င်းအား တစ်တွတ်တွတ် ရွတ်ဆိုလျက်၊ မောဟ ဖြစ်လာကာ၊ သွေးအန်လျက် ရေပြင်ပေါ် လဲကျ သွားတော့သည်။

“ ဒီကောင်လေး ... ။ ”

သက်တံဓား သူတော်စင်နှင့်၊ မူရွှမ်ကောင် တို့က ထိုမြင်ကွင်းကို မြင်သော အခါ သက်ပြင်း ချမိ ကုန်၏။

ပဉ္စမတန်း ဓား ရည်ရွယ်ချက်ကို၊ ဆုပ်ကိုင်ရန် မည်မျှ ခက်ခဲ သည်အား သူတို့ သိသည်။

နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များပင်၊ ၎င်းကို နားလည်ရန် အရည် အချင်း ပြည့်မီခြင်း မရှိချေ။

လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များသာ ဖြစ်နိုင်သည်။ ပင်မ နတ်ဘုရား တစ်ပါး မှ ကြိုးစား အားထုတ်မှုသည်၊ စကားလုံး မဲ့ စေ၏။

“ မင်း သူ့ကို သွားကြည့်လိုက် ... ။ ”

ပန်း လှိုဏ်ဂူသို့၊ မပြန်မီ သက်တံဓား သူတော်စင်မှ ပြောသည်။ သူ့၌ သက်တမ်း သိပ် မကျန်တော့ သဖြင့်၊ သူတော်စင် တောင်မှ မခွာ လိုချေ။

လေးနာရီ ကုန်လွန် ပြီးနောက် လင်းယွန် ပြန်သတိရ လာသည်။ မျက်လုံး ဖွင့်လိုက် ချိန်၌၊ မူရွှမ်ကောင် ရပ်နေသည်ကို မြင်လိုက် ရ၏။

ရွှေချည်ဖြင့် အနားသပ် ထားသော ဝတ်ရုံရှည် ကြီးကို ဝတ်ဆင်လျက်၊ မျက်ဝန်း များက စူးရှ နေသည်။

သူတော်စင် များသည် သက်တမ်း မကုန်ဆုံးသေး သရွေ့၊ နုပျိုသော အသွင် အပြင် ကို၊ ရယူထား နိုင်၏။

အချို့မှာ ထိုအသွင် ယူရန် မလိုအပ်ဟု ယူဆကာ၊ တဖြည်းဖြည်း အိုမင်း လာနေ ပုံကို လက်ခံ ကြသည်။

“ နိုး ပြီ လား ... ။ ”

မူရွှမ်ကောင်မှ မေးသည်။

“ ဂိုဏ်းချုပ် ... ။ ”

လင်းယွန်က ဝမ်းသာ သွားသည်။ သူ့ ကျင့်ကြံမှု မစခင်၊ ငရဲ နတ်ဘုရား မိသားစုထံ ထွက်ခွာ သွားခဲ့ သည်ကို၊ သတိရ လာ၏။

၎င်းတို့သည် အားနည်း သူများ မဟုတ် သဖြင့်၊ စိတ်ပူ ခဲ့သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကို မြင်သည်နှင့်၊ ဝမ်းသာ မိခြင်း ဖြစ်၏။

သို့သော် ပဉ္စမတန်း ဓား ရည်ရွယ်ချက် အပေါ်၊ ဆုပ်ကိုင် နိုင်ခြင်း မရှိသည်အား သတိရ လာကာ၊ စိတ်ဓာတ် ကျသွား ပြန်၏။

လင်းယွန်၏ စိတ်ခံစား ချက်များ ပြောင်းလဲနေ သည်ကို မြင်သော အခါ၌၊ မူရွှမ်ကောင်မှ ပြုံးသည်။

“ ဂိုဏ်းချုပ် ဘယ်တုန်းက ပြန်ရောက် တာလဲ။ ”

“ လွန်ခဲ့တဲ့ သုံးရက် ... ၊ ယုချင်းဖန် ဓားကို မင်း နားလည်ဖို့ ... ၊ ကြိုးစား နေတုန်းက သိုင်း ဦးလေးနဲ့ အတူ၊ ငါ ရှိနေတယ်။ ”

ထိုစကားကို ကြားသော အခါ အလွန် နာကျည်းသော အသွင်ဖြင့်၊ လင်းယွန် မျက်နှာ ရှုံ့မဲ့ လာသည်။

“ အခွင့် အလမ်း တွေက စက္ကန့်ပိုင်း လောက်သာ ပေါ်လာမှာ ဖြစ်လို့ ... ၊ လွတ်သွား ခဲ့ရင် အတင်း လိုက်ဖမ်းလို့ မရဘူး၊ ... ထားလိုက်ပါ၊ ...

... အတင်း အကြပ် ကြိုးစား နေရင် ... ၊ မင်းသေလိမ့်မယ်၊ ဓား ရည်ရွယ်ချက် ဆိုတာ သဘာဝ အတိုင်း၊ ဖြစ်ပေါ် လာတာ။ ”

မူရွှမ်ကောင်မှ ပြောသည်။

“ ဟုတ်ကဲ့ ... ။ ”

ဤမျှ အလောတကြီး လုပ်နေရ သည်မှာ၊ ဂိုဏ်းချုပ် ကြောင့် ဖြစ်သည်။ ငရဲ နတ်ဘုရား မိသားစုထံ ဒေါသဖြင့် ထွက်ခွာ သွားခဲ့သည့် မြင်ကွင်းက၊ သူ့အား စိတ်ထိခိုက် စေသည်။

ဂိုဏ်းချုပ်မှ ဘေးကင်းစွာ ပြန်လာနိုင် သည်ကို တွေ့ရသော အခါ၊ သဘာဝ အတိုင်း စိတ် သက်သာရာ ရသွား၏။

သူ မသိခင် ကပင်၊ ဓားဂိုဏ်း အပေါ်၊ ခံစားချက်များ အလေး အနက် ရှိလာပုံ ရလေ သည်။

“ မင်း ... ယုချင်းဖန်နဲ့ တွေ့ခဲ့ တာလား။ ”

“ အဲလိုတော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ စကား အချို့ ပြောခဲ့ ဖူးပါတယ်၊ ထျန်ရွှမ်ဇီက ကျွန်တော့်ကို၊ ဖိနှိမ် တုန်းက ခန္ဓာကိုယ်ကို ယူပြီး၊ ...

... အသက် ဘေးကနေ ... ၊ ကယ်တင် ပေးပြီး၊ လက်ဆောင် တောင် ပေးခဲ့ သေးတယ်၊ ဒါပေမယ့် ခုထိ နားမလည် နိုင်သေးဘူး။ ”

“ သူ ပေးခဲ့တဲ့ လက်ဆောင် အကြောင်း ငါ့ကို ပြောပြ စရာ မလို ပါဘူး။ ”

“ ဂိုဏ်းချုပ် ... ၊ ဓားဧကရာဇ်က ဘာလို့ ဓားဂိုဏ်းဆီ လာခဲ့ တာလဲ။ ”

အချိန် အတော်ကြာ သိချင် နေခဲ့သော အကြောင်း အရာကို လင်းယွန်က အရဲ ကိုးကာ မေးလိုက်သည်။

“ ဒါက နတ်နဂါး အင်ပါယာ ကြောင့်ပဲ၊ ဧကရာဇ် ကိုးပါးက အမှောင်ခေတ်ကို အဆုံး သတ်ဖို့၊ နတ်နဂါး အင်ပါယာကို တည်ထောင် လိုခဲ့တယ်၊ ...

... အင်ပါယာရဲ့ အာဏာကို တည်ဖို့၊ အင်အားစု အသီးသီး အပေါ် နှိမ်နင်း ရတယ်၊ မြင့်မြတ်မြေ တွေစွာကို ဖျက်ဆီးပြီး လက်အောက်ခံ စေတယ်၊ ...

... ငါတို့ ဓားဂိုဏ်းလည်း ... ၊ တောင်ထိပ် နှစ်ခု ခုတ်ပိုင်းခံ လိုက်ရတယ်၊ ခေတ်ဟောင်းကို အဆုံး သတ်ပြီး၊ ခေတ်သစ် ဖွင့်ဖို့ အတွက်၊ ပေးဆပ် လိုက်ရတဲ့ တန်ဖိုးပဲ။ ”

“ ဒါဆို ဓားဂိုဏ်းဟာ ... ၊ ခေတ်သစ် အတွက် အနစ်နာ ခံလိုက် ရတဲ့ သဘောပေါ့။ ”

မူရွှမ်ကောင်မှ စကားအား ချန်ပြော လိုက်သော်လည်း၊ လင်းယွန်က ဆိုလို ရင်းကို သဘောပေါက် လာ၏။

ဧကရာဇ် ကိုးပါးသည် ရှုပ်ထွေးသော ထိုခေတ်ကို အဆုံး သတ်ရန် ဓားဂိုဏ်းအား၊ ယဇ်ကောင် သဖွယ်၊ ပြုမူ သွားခြင်း ပေပင်။

မူရွှမ်ကောင်က ခေါင်းညိတ်လျက်၊

“ နတ်နဂါး အင်ပါယာကို တည်ထောင်ဖို့ အတွက်၊ ဧကရာဇ် ကိုးပါးက ခွန်လွန်ဘုံ တစ်ခု လုံးရဲ့၊ စွမ်းအားကို စုစည်း ရတယ်၊ ဓားဂိုဏ်းက ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ အုပ်စိုးရှင် ဖြစ်တာကြောင့်၊ ...

... အင်ပါယာကို ဘယ် ဦးညွှတ်ချင် မှာလဲ၊ ဓားဂိုဏ်းသာ မကဘူး ... ၊ ကျန်တဲ့ ရှေးဟောင်း မြင့်မြတ် မြေတွေ ကလည်း၊ လက်မခံ ကြတာ သဘာဝပါ၊ သူတို့ ထဲက အချို့ဆို၊ ဓားဂိုဏ်း ထက်တောင် သန်မာ ကြသေးတယ်၊ ...

... အဲဒီ တုန်းက ကောင်းကင် နယ်မြေကို တောင်ပိုင်း ဧကရာဇ် သွားခဲ့တယ်၊ ဗုဒ္ဓ ဧကရာဇ် က မြေကြီး နယ်မြေ၊ ဓားမော့ ဧကရာဇ်က၊ တော်ဝင် နယ်မြေ၊ ...

... သူတို့ကို ဦး မညွှတ်တဲ့ ဘယ် အင်အားစုကို မဆို ဖျက်ဆီး ပစ်လိုက်တယ်၊ ဓားဧကရာဇ်က ရှေးဟောင်း ပျက်သုဉ်း မြေကို လာပြီး၊ ဂိုဏ်းချုပ်ကို အနိုင် ယူခဲ့တယ်။ ”

နောက်ဆုံးတွင် ဧကရာဇ် ကိုးပါးသည် မြင့်မြတ်မြေ ကိုးခုကို နှိမ်နင်းပြီး ၎င်းတို့၏ အာဏာကို ရယူ သွားခြင်း ဖြစ်၏။

“ ဓားဧကရာဇ်က ဓားဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ကို ဖျက်ဆီး ပြီးနောက် အမှောင်ခတ် အဆုံးသတ် သွားတယ်၊ ဒါကြောင့် ဓားဂိုဏ်းက ဓားဧကရာဇ်ကို စိတ်မဆိုးဘူး၊ ...

... ဘာလို့လဲ ဆိုတော့၊ ငါတို့ အားလုံးမှာ ဘုံရန်သူ ရှိတယ်၊ ဒါကြောင့် ဓားဂိုဏ်း ကလည်း နတ်နဂါး အင်ပါယာရဲ့ အမိန့်ကို နာခံပြီး၊ ရန်သူ တွေကို ဝင်တိုက် ပေးခဲ့တယ်။ ”

“ ပြီးတော့ ဘာ ဆက်ဖြစ်လဲ ... ။ ”

လက်ရှိ အခြေ အနေ အရ၊ ရှေးဟောင်း ပျက်သုဉ်း မြေသည်၊ အင်ပါယာ လက်အောက်ခံ မဟုတ် တော့ကြောင်း၊ ခံစား မိသည်။

“ မင်း ဘာတွေ တွေးနေ တာလဲ ... ငါသိတယ်၊ တောင်ပိုင်း ဧကရာဇ်သာ အသက် ရှင်နေ သေးရင်၊ လူတိုင်းက စည်းလုံး နေဦး မှာပဲ၊ သူက ဧကရာဇ် ကိုးပါး ထဲမှာ၊ မယုံနိုင် လောက်အောင် သန်မာတယ်၊ ...

... သူ ကွယ်လွန် ပြီးတဲ့နောက်၊ ဧကရာဇ် ရှစ်ပါးကြား ဆက်ဆံရေး ပြောင်းလဲ လာတယ်၊ အသိသာ ဆုံးက ... ဓားဧကရာဇ် ယုချင်းဖန် ပဲ၊ သူက နတ်နဂါး အင်ပါယာနဲ့ ဆက်ဆံရေး ဖြတ်ပစ် လိုက်တယ်၊ ...

... မြင့်မြတ်မြေ အများ အပြား ကလည်း၊ အရင် ကလို အင်ပါယာ အပေါ်၊ အလေးမထား တော့ဘူး၊ ...

... ငါတို့ရဲ့ ရှေးဟောင်း ပျက်သုဉ်းမြေက နတ်နဂါး အင်ပါယာ လက်အောက်ခံ ဆိုပေမယ့်၊ အင်ပါယာ ဩဇာ မသက်ရောက်ဘူး၊ ဘာလို့လဲ ဆိုတော့ ဓားဧရာဇ်က ဒီနယ်မြေကို အနိုင်ယူ ခဲ့တာ မို့ပဲ၊ ...

... သူကိုယ် တိုင်က နတ်နဂါး အင်ပါယာ အောက်မှာ မနေ တော့တဲ့ အတွက်၊ သူ သိမ်းယူ ထားတဲ့၊ ပျက်သုဉ်းမြေ အပေါ်၊ အင်ပါယာက မျက်စောင်း မထိုး ရဲဘူး။ ”

ရှင်းလင်းချက်များ ကြားသော အခါ၊ လင်းယွန်မှ သက်ပြင်းချ မိ၏။ ဓားဧကရာဇ်နှင့် ဓားဂိုဏ်းကြား ဆက်ဆံရေးမှာ၊ အမှန်ပင် ရှုပ်ထွေး ချေပြီ။

မည်သို့ပင် ဆိုစေ ကာမူ၊ ဓားဂိုဏ်းနှင့် ဓားဧကရာဇ်ကြား ရန်ငြိုး ရန်စ မရှိခဲ့ သည်မှာ၊ စိတ်သက်သာရာ ရစေ၏။

“ ဒီအကြောင်း အရာ တွေကို၊ ငါ ပြောပြ နေတာက၊ ဓားဧကရာဇ် ပေးခဲ့တဲ့၊ အခွင့် အရေး အပေါ်၊ စိတ်ချ လက်ချ မင်းရယူ နိုင်တယ် ဆိုတာ သိအောင်ပါ၊ ...

... ဒါပေမယ့် အခုတော့ အခွင့် အရေး လွတ်သွားပြီ၊ ထပ်ပြီး အတင်း အကြပ် မလုပ် နဲ့တော့။ ”

“ ဟုတ်ကဲ့ ... ၊ ကျွန်တော် နားလည် ပါပြီ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။

“ ဒါဆို ... ၊ ငါ မင်းကို အနှောက် အယှက် မပေး တော့ဘူး၊ ကောင်းကင် ရေကန် ဧည့်ခံပွဲ စတော့မယ်၊ ဓားနောက် လိုက်နေတာ ရပ်ပြီး၊ ကျင့်ကြံပါ။ ”

သတိပေး စကား ပြောကြား လိုက် ပြီးနောက်၊ မူရွှမ်ကောင်မှ ပြုံးကာ ထွက်ခွာ သွား တော့သည်။

***

All Chapters