← Chapters

ခွန်အား မြှင့်တင်ခြင်း။

Vol. 111 Ch. 1552

ခွန်အား မြှင့်တင်ခြင်း။

Vol. 111 Ch. 1552

“ မိုးရေနဲ့ နှင်း တွေက၊ တံတားပေါ် ရွာကျ နေတဲ့ အချိန်၊ ကောင်းကင်မှာ လမင်း တစ်စင်း တောက်ပ နေတယ်၊ ...

... ငါ့ နှလုံးသားက လနဲ့ တူတယ်၊ ပန်းချီကား ထဲမှာ ဘယ်သူ မိုလို့၊ ဘယ်သူက ပျက်ရယ် ပြုဝံ့ တာလဲ ... ။ ”

ဓားဧကရာဇ် ယုချင်းဖန် ရွတ်ဆို ခဲ့သော ကဗျာကို ပြန်လည် ရွတ်ဆိုလျက်၊ ရေမျက်နှာ ပြင်ပေါ်တွင် လှဲလျောင်း နေလေသည်။

ဤသည်မှာ ယုချင်းဖန် ပေးခဲ့သော လက်ဆောင် ဖြစ်သည်။ မူရွှမ်ကောင် ရှင်းပြ ပြီးနောက်၊ ယုချင်းဖန် အကြောင်း ပို၍- ပို၍ သိချင် လာမိ၏။

တောင်ထိပ် နှစ်လုံး ခုတ်ဖြတ် ခံရ သော်လည်း၊ ယုချင်းဖန် ထားခဲ့သော ဓားချက် ကြောင့်၊ အင်ပါယာမှ ဓားဂိုဏ်း အပေါ် မထိ ဝံ့ချေ။

ထို့နောက် သက်တံဓား သူတော်စင် တက်လာကာ၊ ဓားဂိုဏ်း၏ ဂုဏ် သတင်းကို ပြန်လည် ရယူ ပေးခဲ့သည်။

တောင်ပိုင်း ဧကရာဇ် သေဆုံး ပြီးနောက်၊ နတ်မိစ္ဆာ ဧကရာဇ်သည် အင်ပါယာ နတ်မိစ္ဆာ နယ်မြေကို ထူထောင် သွား၏။

တစ်ချိန်တည်း မှာပင်၊ ဓား ဧကရာဇ်မှ ထွက်ခွာ လာ သဖြင့်၊ နတ်နဂါး အင်ပါယာကို၊ ဧကရီမှ ဆက်လက် အုပ်ချုပ် သည်။

ကျန်သော ဧကရာဇ် ငါးပါး အတွက်မူ၊ ၎င်းတို့ကြား ဆက်ဆံရေးသည် အနည်းငယ် ထူးခြား ချေ၏။

“ ပဉ္စမတန်း ဓား ရည်ရွယ် ချက်ကို ... ၊ မရနိုင် ဖူးလား၊ ဒါဆို ငရဲပန်းပဲ ... သန့်စင်လိုက် ရအောင်။ ”

လင်းယွန်က ချက်ချင်း ထပြီး၊ ငရဲပန်းကို ထုတ်လိုက်သည်။ ပန်းပွင့်အား မြင် သည်နှင့်၊ နှလုံး သားမှာ အဆက် မပြတ် တုန်ခါ လာ၏။

ချွေးပေါက် များမှ တဆင့်၊ မွေးရနံ့များ စိမ့်ဝင်သွား သောကြောင့်၊ အရိယာ ဓားသုတ္တန် ခမျာ၊ စိတ်လှုပ်ရှား သွားသည်။

သေခြင်း တရားသည် ဝမ်းနည်း စရာ ဖြစ်သော်လည်း ထိုအချိန်၌ တစ်စုံ တစ်ဦးသည်၊ မီးရှူး မီးပန်း ကဲ့သို့ အစွန်းကုန် ထွန်းလင်း ပေမည်။

ဘဝ၏ အဓိပ္ပါယ်နှင့်၊ ပေါင်းစပ် နိုင်က၊ ဒဏ္ဍာရီလာ နိဗ္ဗာန်ကို ရရှိ နိုင်မည် ဖြစ်၏။ သို့သော် ကိုယ်တိုင် ကြုံတွေ့ ရသူ တစ်ဦးသည် ထိုဖြစ်စဉ်ကို မမြင်နိုင်၊ မခံစား နိုင်ချေ။

“ ဒါက တကယ့် ရတနာပဲ ... ။ ”

မျက်ဝန်း များ၌ စိတ်လှုပ်ရှား မှုများ တောက်လောင် လာသည်။ နတ်နဂါးပြာ နဂါး အရိုး ရ ပြီးနောက်၊ ဤရတနာသည် အသုံး အဝင်ဆုံး ဖြစ်သည်။

၎င်းနှင့် နှိုင်းယှဉ်သော် သူတော်စင် သစ်သီး များသည်၊ သူ့ ကျင့်ကြံမှုကို တိုးစေမည် မဟုတ် ချေ။

“ ဒီငရဲ ပန်းနဲ့ ... အရိယာ ဓားသုတ္တန် ... ၊ ပဉ္စမ အဆင့် ကိုတောင် ... ၊ ရောက်နိုင် မယ် ထင်တယ်။ ”

အရိယာ ဓားသုတ္တန်သည် ဓားဂိုဏ်း၌ အခက်ခဲဆုံး သုတ္တန် ဖြစ်ပြီး၊ နဂါး သွေးလွှတ် ကြော နယ်ပယ် ကျွမ်းကျင်သူ များပင်၊ ပဉ္စမ အဆင့် မရောက် နိုင်ချေ။

ထို့ကြောင့် လူများ စွာသည် အခြားသော၊ ဓားသုတ္တန် များကို ရွေးချယ် ကြခြင်း ဖြစ်သည်။ ပွင့်ချပ် တစ်ချပ်အား ဖြုတ်ယူ လိုက်ပြီး၊ ကိုက်ဝါး လိုက်သည်။

နောက် တစ်ရွက်။ နောက် တစ်ရွက်။ နောက်တစ်ရွက်။ ဤနည်းဖြင့် သူတောင်စင် သစ်သီးများ စားနေ သကဲ့သို့ စား မိ၏။

ဤသည်မှာ အရိုးရှင်းဆုံး နည်းလမ်း ဖြစ်သည်။ ခန္ဓာကိုယ် အတွင်း၌ မြစ်များ ကဲ့သို့ စွမ်းအင် စီးကြောင်းများ ပြည့်နှက် လာသည်။

သူ့ မျက်ဝန်း များတွင်၊ အနက်ရောင် အလင်းတန်းများ တောက်လောင် လာပြီး၊ ခန္ဓာ တစ်ခုလုံး ငြိမ်းအေး သွား၏။

ထို့ကြောင့် ၎င်းစွမ်းအင်ကို ထိန်းချုပ်ရန်၊ အရိယာ ဓားသုတ္တန်အား အမြန် ဖြန့်ကျက်လိုက် ရလေသည်။

သို့မှသာ ခန္ဓာ တစ်ခုလုံး လှုပ်ရှား သက်ဝင် လာပြီး၊ ဓားသုတ္တန်၏ လမ်းညွှန်မှု အောက်တွင်၊ ခရမ်းရောင် နန်းတော်ရှိ ငရဲပန်း ထံသို့၊ စိမ့်ဝင် တော့၏။

ငရဲပန်း အလယ်တွင် လွင့်မျော နေသော ငရဲဓားက၊ ဓားရောင်ခြည်ကို ထုတ်လွှတ်လျက် တုန်ယင် လာသည်။

(၁၀) ကြိမ် တိတိ လှည့်ပတ် ပြီးနောက်၊ ခန္ဓာကိုယ် တွင်းရှိ စွမ်းအင်များမှာ အနက်ရောင် မြစ်ရေများ သဖွယ် အပ်စိုက်မှတ် များကို ဖြတ်သန်း နေသည်။

အကြိမ်ပေါင်း (၃၆) ကြိမ် ပြည့်သည်နှင့်၊ ခန္ဓာကိုယ် အတွင်၌ ကြီးမားသော ပြောင်းလဲမှု များ ဖြစ်ပေါ် လာ၏။

သူ့ခန္ဓာကိုယ် ပြင်ပတွင်၊ ပေသုံးရာခန့် ရှည်သော ဓားရောင်ခြည်များ စိမ့်ထွက် ဖုံးလွှမ်း နေသည်။ ယင်းမှာ အရိယာ ဓားသုတ္တန် စတုတ္ထ အဆင့် ဖြစ်သည်။

လေးနာရီကြာ ပြီးနောက်၊ သူ့ အပေါ် ဖုံးအုပ်နေသော ဓား ရောင်ခြည်က၊ ရုတ်တရက် ပေါက်ကွဲလျက်၊ ပေ တစ်ထောင် နီးပါး ရောက်ရှိ လာသည်။

မျက်လုံး ဖွင့်လိုက်သော အခါတွင်၊ ကောင်းကင်ကို တုန်ခါ စေသော လှိုင်းလုံးများ ပြေးထွက် သွား၏။

အဆုံးတွင် အရိယာ ဓားသုတ္တန်က ပဉ္စမ အဆင့် ရောက်ရှိ သွားလေပြီ။ ဤသတင်းသာ ပျံ့နှံ့ သွားသော်၊ ဓားဂိုဏ်း တစ်ခုလုံး တုန်လှုပ် သွားနိုင်၏။

“ ဟား ... ဟား ... ဟား ... ။ ”

သူ့ရယ်သံက မိုးခြိမ်းသံလို တဟုန်ထိုး မြည်ဟည်း လာပြီး၊ ရေကန်ပေါ်၌ ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာတော့သည်။

၎င်းပေါက်ကွဲမှုမှ ဖြစ်ပေါ် လာသော ဖိအားသည် အမြင့်ပေ ထောင်ဂဏန်း ရှိသည့်၊ ရေဆင်နှာမောင်း တစ်စင်း ဖြစ်လာ စေ၏။

များမကြာခင် ရာနှင့် ချီသော နောက်ထပ် လေဆင် နှာမောင်းများ ထပ်မံ ပေါ်ပေါက် လာ တော့သည်။

ကောင်းကင် လေ့လာရေး ရေကန်ရှိ၊ နတ်ဆိုး သားရဲများ အားလုံး ကြောက်လန့် တကြားဖြင့်၊ ရေကန် ထဲသို့ ငုပ်လျှိုး ကုန်၏။

“ ဟား ... ဟား ... ဟား ... ။ ”

သူ့ရယ်သံမှာ အချိန် အတော်ကြာ ပျံလွင့် နေဆဲ ဖြစ်သည်။ ဤတစ်ကြိမ်၌ နှလုံးသား ထဲရှိ မကျေနပ် ချက်များ အားလုံး ပါ၏။

“ ဒါက ... ဘာ အဓိပ္ပာယ်လဲ။ ”

မျက်လုံးများ မှေးစင်းလျက်၊ ဓားတာအို အမြင်များ ပို၍ တိုးလာ သည်ကို ခံစား လိုက်ရ သည်။

ထိုအချိန်က ဓားဂိုဏ်းမှ ထွက်သွားသော မူရွှမ်ကောင်နှင့် ဆရာ သခင် ကိုယ်ပွား ခေါ်ယူ မိသည့်၊ အဖြစ် အပျက်မှာ၊ သူ့အား ကူကယ်ရာ မဲ့ စေခဲ့သည်။

သိုင်းဦးလေး အလင်း မြူနှင့် စကား စမြည် ပြောပြီး သည့်တိုင်၊ ထိုမကျေနပ်ချက် များသည် ပျောက်ကွယ်ခြင်း မရှိ ခဲ့ချေ။

“ ဒါက ဓားသမား တစ်ယောက်လား။ ”

မကောင်းမြင် စိတ်များဖြင့်၊ ပြည့်နှက် နေချိန်၌၊ ကောင်းကင် အမိုးဓားကို ဆုပ်ကိုင်ရန် ကြိုးစား ခြင်းသည် သေခြင်းသာ ဖြစ်၏။

အဘယ့်ကြောင့် ဆိုမူ၊ တစ်စုံ တစ်ရာ ဖြစ်ပျက် မည်ကို စိုးရိမ် နေချိန်၌၊ လုပ်ဆောင် ရသော အရာ ရာတိုင်း၊ ချို့ယွင်းချက် ရှိလာ ခြင်းကြောင့် ဖြစ်ပေသည်။

မျက်ဝန်းများ ပြန်လည် မှိတ်ချလျက်၊

‘ဓားနှင့် တစ်သားတည်း ဖြစ်ခြင်း၊’ ဟူသော အဓိပ္ပါယ်ကို ဖျတ်ခနဲ ခံစား လိုက်ရသည်။ အပြုံး တစ်ပွင့် ပေါ်လာ၏။

“ ဓားဆိုတာ နှလုံးသားမှာ ရှိတဲ့၊ မကျေနပ်ချက် တွေကို ရှင်းပစ် ဖို့ပဲ။ ”

ထို့နောက်တွင် နေ့ဘက်၌၊ အပူပင် ကင်းသော ဓား(၉) ကွက်ကို လေ့ကျင့် ခဲ့ပြီး၊ ည အချိန်၌ နတ်နဂါးပြာ အရိုးအား နားလည်ရန် ကြိုးစား မိသည်။

ကျန်အားလပ်ချိန် များ၌ ငရဲပန်းနှင့် နတ်ဘုရား ပုံရိပ်ယောင် ဓားကို လေ့ကျင့်၏။ ၎င်းတို့ နှစ်ခုအား ပေါင်းစည်း ခြင်းဖြင့်၊ ပို၍ စွမ်းအား ပြင်းလာသည်။

မောပန်းလာ ချိန်တွင်၊ ပလွေ တီးမှုတ်ကာ အနားယူ မိ၏။ ပြင်းပြင်း ထန်ထန် လေ့ကျင့် နေ ခြင်း ဖြစ်သော်မှ၊ သူ့အတွက် ပေါ့ပေါ့ ပါးပါး ပေပင်။

တစ်လကြာ ပြီးနောက်၊ အပူပင် ကင်းသော ဓား (၉)ကွက်မှ၊ ပထမဓား (၄)ကွက် အထိ၊ ကျွမ်းကျင် လာသည်။

ကောင်းကင် ဓား ပုံစံတွင် ကြီးကျယ် ခမ်းနားသော ရောင်ဝါကို အာရုံစိုက် ရသော ဓားချက် (၃၆)ချက် ပါရှိ၏။

မြေကြီး ဓားသည်၊ ဆွဲငင်အား ဖြစ်ပေါ် စေသော ဓား(၇၂)ချက် ဖြစ်ပြီး၊ တော်ဝင် ဓားပုံစံ တွင်မူ၊ ဓားချက် (၁၈)ချက် ပါ၏။

ယင်းက မည်သည့် သဘာဝကို ရည်ရွယ်ကြောင်း ရှင်းရှင်း လင်းလင်း မသိ နိုင်သေးချေ။

ပျက်စီးခြင်း ဓားတွင်၊ သုတ်သင်ခြင်း ဟူသော အဓိပ္ပါယ်ကို ပေါ်လွင် စေသော ဓား (၉) ချက် ရှိသည်။

၎င်းအတိုင်း ဆိုက၊ ကျန်ရှိ နေသော ပုံစံ (၄) မျိုး တွင်လည်း၊ သဘာဝ အတိုင်း ရည်ရွယ်ချက် (၄) မျိုး၊ ထည့်သွင်း ရပေမည်။

လွယ်ကူ သည်ဟု ထင်ရ သော်လည်း ခက်ခဲချေ၏။ မြင့်မားသော ကျင့်ကြံမှု ရှိရမည် သာမက၊ ထိုးထွင်း နားလည် မှုလည်း မြင့်မား ရပေမည်။

ဆိုလို သည်မှာ သူ့ဓား အစွမ်းထက် လှသည့်တိုင်၊ ၎င်းကို လေ့ကျင့်ရန် အရည် အချင်း မပြည့်မီ သေးဟု အဓိပ္ပါယ် ရ၏။

“ ကောင်းကင်၊ မြေကြီး၊ တော်ဝင်၊ ပျက်စီးခြင်း၊ လေ၊ မီး၊ လျှပ်စီး၊ ရေခဲ ဆိုတဲ့ စကားလုံး လေးလုံးက၊ ရှေးဟောင်း နယ်မြေ (၈) နဲ့များ ဆက်စပ် နေမလား။ ”

တိုက်ဆိုင်မှု တစ်ခုလည်း ဖြစ်နိုင်၏။ တောင်ပိုင်း ဧကရာဇ်သည် ရှေးဟောင်း နယ်မြေ (၉)ခု၏ အတွေ့ အကြုံများပေါ် မူတည်ကာ၊ ဤဓားရေးကို ဖန်တီး ထားပုံ ရသည်။

အဆုံးတွင် တောင်ပိုင်း ဧကရာဇ် ဟူသည် ဧကရာဇ် (၉)ပါး အနက် အသန်မာဆုံး ဧကရာဇ် ဖြစ်လေသည်။

ဓား (၉)ကွက်သည် ရှေးဟောင်း နယ်မြေ (၉)ပါးနှင့် ဆက်စပ် နေပါက၊ နောက်ဆုံး ဓားမှာ ‘သူတော်စင်’ ဖြစ်နိုင်၏။

သို့သော် တောင်ပိုင်း ဧကရာဇ်သည် ထိုဓားပုံစံအား၊ အဘယ့်ကြောင့် ဖျက်ပစ် ခဲ့ရ သည်ကို နားမလည် နိုင်ချေ။

သေခြင်း တရားနှင့် တွေ့ကြုံ ရစဉ်၊ ခံစား ခဲ့ရသော ၎င်း၏ ဝေဒနာနှင့် သက်ဆိုင် နေမည် လော။

“ ထား လိုက် ပါ ... ၊ ငါ အပြင် ထွက်ပြီး စမ်းကြည့် ရမယ်၊ ဓားရေး တိုင်းက တိုက်ပွဲမှာ၊ အသက်နဲ့ သေခြင်း အတွက်၊ ဖန်တီး ထား တာပဲ။ ”

အပူပင် ကင်းသော ဓား (၉)ကွက် စွမ်းအားကို စမ်းသပ်ရန်၊ ဓားဂိုဏ်း၏ အနောက် ဘက် တောင်တန်းများ ဆီသို့၊ ခရီး ထွက်ရ ပေမည်။

***

All Chapters