သစ်တော အတွင်းသို့- (၁)။
Vol. 111 Ch. 1553
လင်းယွန် လက်နှစ်ဖက်ကို ခွဲကာ ကောင်းကင်ပေါ်၊ သစ်ရွက် တစ်ရွက်လို ပျံတက် သွားလေသည်။
တိမ်ပင်လယ် အတွင်းမှ၊ ကောင်းကင် လေ့လာရေး ရေကန်ထံ၊ တစ်ချက် ငုံ့ ကြည့် မိ၏။
ရုတ်တရက် ဓားရည်ရွယ်ချက်ဖြင့် ဖန်တီး ထားသော လတစ်စင်း ရေကန် ထဲမှ မြင့်တက် လာ လေသည်။
လမင်းသည် ရေပြင်မှ လွတ်ထွက် လာပြီး၊ ကောင်းကင်၌ ရပ်တန့်ကာ၊ မိုးပြာ ဓားကြာပန်း များအပေါ်၊ အလင်း ရောင်ဖြင့် ခွန်အား ပေး၏။
ယင်းမှာ ယုချင်းဖန် ထားခဲ့သော ဓား ဖြစ်သည်။ မိုးပြာ ဓားကြာပန်းမှာ ထိုဓား လမင်း ဖြင့်၊ ပွင့်သော ပန်း ဖြစ်ချေ၏။
ထိုမြင်ကွင်းကို မြင်သော လူသည်၊ အဆိုပါ ဓားလမင်းအား မှီကာ၊ ဓားတာအို၌ တိုးတက်မှု ရယူ နိုင်မည် ဖြစ်သည်။
ပဉ္စမတန်း ဓား ရည်ရွယ်ချက်အား နားလည်ရန် ကြိုးစားစဉ်က ထိုမြင်ကွင်းကို လင်းယွန် မမြင်ရ သဖြင့်၊ စိတ်မကောင်း စရာ ဖြစ်လာသည်။
လက်ရှိ အချိန်၌ သူ၏ စိတ်ထားကို ပြင်ယူလိုက်ပြီ ဖြစ်ရာ၊ မြင်သော်မှ လှပသော ပန်းချီကား တစ်ချပ်ထက်၊ ပို၍ အကျိုးမဖြစ် ထွန်း တော့ချေ။
“ နောက်တစ်ခေါက် ပြန်လာ ခဲ့မယ်။ ”
ပြုံးလျက် အကြည့် လွှဲကာ၊ အရှိန် မြှင့်ပြီး တိမ်ပင်လယ်ထဲ ဝင်ရောက် ပျောက်ကွယ် သွား တော့သည်။
ပြီးနောက် ကောင်းကင် လေ့လာရေး စင်မြင့်ပေါ် ပြန်လည် ဆင်းသက် လိုက်မိ၏။ ဓားသေတ္တာမှာ စင်ပေါ်တွင် ရှိနေဆဲ ဖြစ်ပြီး၊ အနားတွင် မည်သူမျှ မရှိကြောင်း သေချာ သည်နှင့်၊ တံဆိပ် ဖွဲ့စည်း လိုက်သည်။
ဓားသေတ္တာ မျက်နှာပြင်၌၊ လှိုင်းတစ်ခု ဖြစ်ပေါ် လာပြီး၊ သူ့ခန္ဓာ ကိုယ်ကို စုပ်ယူသွား တော့သည်။
“ ဝိညာဉ် စွမ်းအင် သိပ်သည်းဆ တိုးလာတယ် ... ။ ”
ခရမ်းရောင် လျှို့ဝှက် နယ်မြေ ထဲတွင်၊ ဝိညာဉ် စွမ်းအင် အပြောင်း အလဲ ရှိနေ သည်ကို ချက်ချင်း ခံစား မိ၏။
ယခင် အချိန် များ၌၊ ဤနယ်မြေသည် လွင်တီးခေါင် တစ်ခုလို၊ မီးလောင်ကျွမ်း ထား သည့်၊ ရနံ့များ လှိုင်လှိုင် ထွက်နေ ခဲ့သည်။
ဖီးနစ် သစ်ပင်မှာ၊ တစ်မီတာ တိုင်အောင် ကြီးထွား နေပြီး တက်ကြွ သော အသွေး အမွေး ရှိနေ၏ ။
ခရမ်းငယ်က အဖြူရောင် ဝတ်ရုံဖြင့်၊ သစ်ပင် ဘေး၌ ထိုင်နေသည်။ ရွှေနှင့် အနီရောင် နတ်ရူရ် နှစ်လုံးက၊ အပြစ် ကင်းသော သူမ မျက်နှာကို ပို၍ ရုပ်လုံးကြွ စေ၏။
နဂါး သွေးရည်ကြည် အားလုံးကို စုပ်ယူ ပြီးနောက်၊ ဖီးနစ် သစ်ပင် ကြီးထွား လာသည် သာမက၊ သူမ ကိုပင် ခွန်အား ပေးပုံ ရသည်။
ရောင်ဝါ အရ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်နှင့် နီးကပ် လာသည်။ သူမသည် ဖီးနစ် တစ်ကောင် ဖြစ်သဖြင့်၊ သာမန် နဂါး သွေးလွှတ် ကြော ကျွမ်းကျင် သူမှာ၊ ပြိုင်ဘက် ဖြစ်မလာ နိုင်ချေ။
“ ရောက် ... လာ ပြီလား။ ”
ခရမ်းငယ်က မျက်လုံးဖွင့် ကြည့်သည်။
“ မင်း ပို သန်မာပြီး၊ အရပ်လည်း မြင့်လာတယ်။ ”
လင်းယွန်မှ ခရမ်းငယ်အား စစ်ဆေး ကြည့်ကာ၊ ပြောလိုက်သည်။
“ ငါ အရပ် မြင့်လာ ပြီလား၊ ဒါကို ဘာလို့ ငါ မခံစားမိ ရတာလဲ။ ”
ခရမ်းငယ်က ခေါင်းကုတ်ကာ ညည်းတွား လိုက်လေသည်။
“ လူတွေ ပါးစပ်က ... ဘယ်တော့မှ အမှန် မပြောဘူး၊ ဟမ့် ... ငါ အရပ် မရှည်သေး ပါဘူး၊ ငါ ငယ်သေးတယ်။ ”
အဆုံးတွင် ခရမ်းငယ်က အလိုမကျ ဟန်ဖြင့်၊ ပြောလိုက် တော့သည်။
“ နဂါးလေး ရော။ ”
သူ့ကိုယ်သူ ငုံကြည့်ကာ၊ ခေါင်းယမ်း နေသော ခရမ်းငယ်အား ပြန်လည် ငြင်းဆိုခြင်း မပြု တော့ဘဲ၊ လင်းယွန်က အကြောင်း အရာ ပြောင်း လိုက်သည်။
“ လျှပ်စီးကန် ထဲမှာ။ ”
“ ..... ။ ”
လင်းယွန် မျက်လုံးများ တောက်ပပြီး၊ ချက်ချင်း ပြေးသွား မိသည်။ သို့သော် လျှပ်စီး ကန်ကို မြင်ချိန်၌ စိတ်ပျက် သွား၏။
လျှပ်စီး ကန်ကို ပြန်လည် ရရှိမည်ဟု မျှော်လင့် ထားသော်လည်း၊ ရေကွက် တစ်ကွက် မျှထက် မပို ခဲ့ချေ။
၎င်းက သန့်ရှင်း စင်ကြယ်သော လျှပ်စီး စွမ်းအင်နှင့် မယှဉ်နိုင် သေးချေ။ လျှပ်စီး အနက် သည်၊ ခြေသလုံး အထိသာ ရောက်၏။
နဂါးလေးသည် ကြောင်ပုံစံ ပြောင်းထား သဖြင့်သာ၊ ကိုယ်လုံး မြှပ်အောင် စိမ်နေ နိုင်ခြင်း ဖြစ်သည်။
သူ့အား မြင်သည်နှင့်၊ ခန္ဓာကိုယ် ပေါ်၌ လျှပ်စီးများ တဖျပ်ဖျပ် ပြေးနေသော အသွင်ဖြင့်၊ နဂါးလေးက ပြုံးကာ ထွက်လာသည်။
ထိုလျှပ်စီး စက်ကွင်းသည် လင်းယွန်အား ထိမှန်သဖြင့်၊ မျက်နှာ ရှုံ့တွလျက် ‘နာတယ်၊’ ဟု ညည်းတွား လိုက်မိ၏။
“ ဒီလျှပ်စီး ရေကန်က၊ သုံးရက်နဲ့ သုံးည တိတိ မိုးအဖြစ် ရွာချပြီး ... ၊ စုဆောင်း နိုင်ခဲ့တဲ့၊ ပမာဏပဲ၊ နင် ... ခူရင်ကို သတ်ဖို့ သုံးတုန်းက ငါ ဘယ်လောက် နာကျင်ခဲ့ ရလဲ၊ သိပြီလား။ ”
လင်းယွန် နာကျင်သည့် အပေါ်၊ ကျေနပ် နေဟန်ဖြင့်၊ နဂါးလေး ဦးခေါင်းထံ လက်လှမ်း လျက်၊ ခရမ်းငယ်မှ ထိုင်ချ လိုက်သည်။
သူမနှင့် တွေ့ချိန်၌ နဂါးလေးမှာ၊ လျှပ်စီးကြောင်းကို ရုတ်သိမ်း ထားပြီး ဖြစ် လေသည်။ ထို့ကြောင့် ပွေ့ယူလျက်၊ အမွှေး များကို ပွတ်သပ်ပေး တော့၏။
“ သွား ရ အောင် ။ ”
လင်းယွန်က ကူကယ်ရာ မဲ့စွာ ပြုံးလျက်၊ ခရမ်းရောင် လျှို့ဝှက် နယ်မြေမှ ထွက်လိုက် လေသည်။
“ ဘယ်သွား မို့လဲ။ ”
“ အနောက်ဘက် တောင်တန်း တွေဆီ။ ”
ဂိုဏ်း အနောက် ဘက်၌ ရှည်လျားသော တောင်တန်းများ ရှိ၏။ ၎င်းတို့က ရှေးဟောင်း ပျက်သုဉ်းမြေ တစ်ဝက်ကို သိမ်းပိုက် ထားသည်။
ဓားဂိုဏ်း၏ တပည့် အများစုနှင့် အခြား တန်ခိုးကြီး ဂိုဏ်း၏ တပည့် များက၊ ၎င်းသို့ ဝင်ကာ၊ လေ့ကျင့်လေ့ ရှိကြသည်။
ထိုတောင်တန်းတွင် လျှို့ဝှက်ချက် များနှင့် တားမြစ် နယ်မြေ များစွာ ရှိသည်။ အများစုမှာ တောင်တန်း နယ်နိမိတ် အစပ် ၌သာ လှည့်လည် ဝံ့ချေ၏။
တားမြစ် ဇုန်များ အတွင်းသို့၊ လမ်းမှား ဝင်ရောက် မိသော်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ အသက် ရှင်လျက် ထွက်လာ နိုင်မည် မဟုတ်ချေ။
တောင်တန်း ဗဟို၌၊ အဆိပ် ရှိသော မီးခိုးရောင် မြူများ ဖုံးလွှမ်း နေပြီး အရာရာကို မမြင် နိုင်ချေ။
ဤတောင်တန်းသို့ ယခင် တစ်ခေါက် ရောက်ဖူး သဖြင့်၊ လင်းယွန် အတွက် ဝင်ရောက် ရာ၌၊ လွယ်ကူ နေသည်။
အရိယာ ဓားသုတ္တန်၊ အပူပင် ကင်းသော ဓား(၉)ကွက်၊ နတ်ဘုရား ပုံရိပ်ယောင် ဓားနှင့်၊ နတ်နဂါးပြာ အရိုး တို့ကြောင့်၊ သူ့ ခွန်အားမှာ အဆ မတန် တိုးတက် လာသည်။
ထို့ကြောင့် တိုက်ပွဲဝင် စွမ်းအား ရရှိရန်၊ တိုက်ပွဲများ လိုအပ်၏။ ကောင်းကင်ဘုံ ရေကန် ဧည့်ခံ ပွဲသည် တန်ခိုးကြီး ဂိုဏ်း (၈) ဂိုဏ်း တွေ့ဆုံပွဲ ဖြစ်သည်။
သူ သည်သာ ၎င်းသို့ တတ်ရောက်မည် ဆိုက၊ လူတိုင်း၏ အာရုံ စူးစိုက်မှု ဗဟိုချက် ဖြစ် လာနိုင်၏။
သက်တံဓား သူတော်စင် တပည့်ကို မနင်းချေ ချင်သော လူဟူ၍ မရှိချေ။ သူ ရှုံးသော် ဆရာ သခင် ရှုံးခြင်းနှင့် ညီသည်။
ဦးတည်ရာ အရပ်သို့ ရောက်ပြီးနောက် ပျံသန်းခြင်းကို ရပ်ကာ၊ လမ်းလျှောက် လာခဲ့ သည်။ မျက်စိ တစ်မှိတ် အတွင်း လဝက် ကုန်ဆုံး သွားတော့၏။
***