← Chapters

သစ်တော အတွင်းသို့- (၂)။

Vol. 111 Ch. 1554

သစ်တော အတွင်းသို့- (၂)။

Vol. 111 Ch. 1554

လွန်ခဲ့သည့် (၁၅)ရက် အတွင်း၊ အပူပင် ကင်းမဲ့သော ဓား(၉) ကွက်ကို၊ နတ်ဆိုး သားရဲ များနှင့် လေ့ကျင့် ခဲ့သည်။

ကောင်းကင်၊ မြေကြီး၊ တော်ဝင်နှင့် ပျက်စီးခြင်း ဓားပုံစံ များသည် သူ့ လက်ထဲ၌၊ ပို၍ ကျွမ်းကျင် လာပြီး ဆန္ဒ ရှိသည့် အတိုင်း ထိန်းချုပ် လာနိုင်၏။

ဓားရည်ရွယ်ချက်ကို ပဉ္စမတန်းသို့ တက်ရောက် ကြည့်ရာတွင် မအောင် နိုင်ခဲ့ သော်လည်း၊ အန္တရာယ် များကို ကြိုမြင် လာသည်။

အဆုံးတွင်၊ သူ၏ ဓားရည်ရွယ်ချက်သည် ကောင်းကင်နှင့် မြေကြီး ကဲ့သို့ တစ်သားတည်း ဖြစ်တည် သွားချေ၏။

ဆိုလို သည်မှာ အန္တရာယ် တစ်စုံ တစ်ရာ ရှိလာ ပါက၊ ဆဋ္ဌမ အာရုံ ကဲ့သို့၊ သူ့ကို သတိ ပေးမည် ဖြစ်သည်။

တောင်တန်း နယ်နိမိတ်ရှိ နတ်ဆိုး သားရဲ များသည် အားနည်းလွန်း လှ၏။ ကြယ်ကိုးပွင့် ဘုရင် အဆင့်မှ လွဲ၍၊ အခြား အဆင့် သားရဲ များမှာ၊ သူ့ကို မခြိမ်းခြောက် နိုင်ချေ။

ထို့ကြောင့် ကောင်းကင်နှင့် မြေကြီး၊ ထုတ်ဖော် ရုံဖြင့်၊ ၎င်းတို့အား ဖြေရှင်း နိုင်ခဲ့ သည်။

ဘုရင် အဆင့် သားရဲ များမှာ ရှားပါးပြီး၊ ဉာဏ်ရည် ဉာဏ်သွေး ရှိသဖြင့်၊ အန္တရာယ်ကို ခံစား မိချိန်၌၊ ထွက်ပြေး ကုန်ကြသည်။

လက်ရှိ အင်အား အရ၊ ၎င်းတို့ နောက်သို့ အမီ မလိုက် နိုင်ချေ။ ထို့ကြောင့် တောင်တန်း ဗဟိုသို့ မျှော်ကြည့်ကာ၊

“ နဂါး သွေးလွှတ်ကြော နယ်ပယ် သားရဲ တွေက အဲဒီမှာ ရှိပုံ ရတယ်။ ”

-ဟု ရေရွတ် လိုက်သည်။

ပန်းသင်္ချိုင်း ဓားမှ သွေးကို သုတ်ကာ၊ မြေပြင်၌ သေဆုံး နေသော ပင်မ နတ်ဘုရား နယ်ပယ် သားရဲထံ၊ ငုံ့ကြည့် လိုက်သည်။

“ နင် ... အရမ်း မောက်မာ မနေနဲ့ ... ၊ နတ်ဆိုး သားရဲ တွေက လူသား တွေနဲ့ မတူဘူး၊ နဂါး သွေး လွှတ်ကြော နယ်ပယ် ရောက်တာနဲ့၊ နဂါး မူလကို စုစည်း နိုင်တယ်။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍ သတိပေး လာသည်။

“ ဒါဆို စမ်းကြည့် ရအောင်။ ”

ပန်းသင်္ချိုင်း ဓားကို သိမ်းလျက် ထိုဒေသသို့၊ ဦးတည် လိုက်တော့၏။ နေ့ တစ်ဝက် အကြာ၌၊ မြူအချို့ ရစ်သိုင်း နေသော ဒေသသို့ ရောက်ရှိ လာသည်။

ပေတစ်ရာ အရှည် ရှိသော အဆိပ်ပြင်း လွန်းသည့် စပါးအုံး မြွေ ကြီးက သူ့ကို မြင်ပြီး၊ ရန်လို တော့၏။

ဦးခေါင်း ပေါ်တွင် ဦးချို တစ်ချောင်း ပါရှိကာ၊ အနက်ရောင် အကြေးခွံ များနှင့် စူးရှ သေးသွယ်သော ခရမ်းရောင် မျက်ဝန်းများ ရှိသည်။

၎င်း၏ ကျောကုန်းတွင် တိမ်ပုံစံ အရေး အကြောင်းများ ပါရှိ နေသော၊ မရဏ တိမ်မိစ္ဆာ စပါးအုံး မြွေ ဖြစ်သည်။

တိမ်ပုံစံ များမှ၊ သူ့ သားကောင်ကို ထင်ယောင် ထင်မှား ဖြစ်စေမည့် အဆိပ် တစ်မျိုး ထုတ်လွှတ် ပေးပေမည်။

သေးသွယ်သော မျက်ဝန်းများ မှလည်း၊ အဆိပ် ရှိသည့် နတ်ဆိုး မီးတောက်များ ပစ် လွှတ်နိုင်သည်။

ထို့ကြောင့် ထိပ်တန်း ပထမ သွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူနှင့်၊ ယှဉ်နိုင် ချေ၏။

ကြယ်ကိုးပွင့် အုပ်စိုးရှင် နတ်ဆိုး သားရဲ များကို ၎င်းမှ တစ်ကြိမ် တည်းဖြင့် သတ်ပစ် နိုင် ပေမည်။

လင်းယွန်သည် နဂါး ခန္ဓာ ကိုယ်ကို ကျင့်ကြံထား သောကြောင့်၊ သွေးသား စွမ်းအင် များက၊ ဤမြွေကို လောဘ ဖြစ်စေပုံ ရသည်။

လိပ်နက် အသက်ရှူခြင်း နည်းစနစ်ကို အသက်သွင်း လိုက်ခြင်း ဖြင့်ပင်၊ ထိုစွမ်းအင် များအား ဖုံးကွယ် မရချေ။

စပါးအုံး မြွေကြီးက တောအုပ် ထဲမှ ပျံသန်း လာသည်။

“ ဘယ်လောက် တောင် မြန်လိုက်လဲ။ ”

လင်းယွန်က လျှပ်စီး ကဲ့သို့၊ တောအုပ် အတွင်းမှ ပြေးထွက် လာသည့်၊ မရဏ တိမ်မိစ္ဆာ စပါးအုံး မြွေကို ကြည့်ကာ အံ့သြ သွား၏။

၎င်းထံမှ အဆိပ်ကို ကြယ်စွမ်းအင် ဖြင့်ပင်၊ မကာကွယ် နိုင်ချေ။ အရေပြား အတွင်း စိမ့်ဝင် လာသည်။

ထို့ကြောင့် အဆိပ် အတောက် များကို ခန္ဓာကိုယ် အတွင်း ဝင်ခွင့် ပြုလိုက်ကာ၊ ပြန်၍ သန့်စင်ရန် အတွက်သာ၊ အာရုံစိုက် မိသည်။

ထို့စဉ် အလင်းတန်း နှစ်ခု ဝင်ရောက် လာသဖြင့်၊ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉) မျိုးကို ထုတ်ဖော်ကာ၊ ရှောင်တိမ်း လိုက် ရသည်။

“ ရွှီး ... ။ ”

သို့တိုင် တိမ်မိစ္ဆာ စပါးအုံး မြွေက၊ သူ့အား ဝါးမျိုရန် ပါးစပ် ဟလျက်၊ ကောင်းကင်မှ ဆင်း လာ၏။

မြန်လွန်း သောကြောင့် ရှောင်ချိန် မရ လိုက်ဘဲ၊ စုပ်ယူမှ စွမ်းအား တစ်ခု၏ ဆွဲယူခြင်း ခံလိုက် ရသည်။

“ ဘောင်း ... ။ ”

မဆိုင်း မတွဘဲ ကောင်းကင်ဓား ပုံစံကို ထုတ်ဖော်ကာ၊ ရုန်းထွက် လိုက်၏။ ကောင်းကင် က ကျဆင်း လာသော မြွေ ပါးစပ်ကို ထိမှန် ပေါက်ကွဲ သွားသည်။

သည့်နောက် မြေကြီးအား ထပ်မံ ဖော်ဆောင်စဉ်၊ ပတ်ဝန်းကျင်၌ ဆွဲငင်အား နယ်မြေ အဖြစ်၊ ပြောင်းလဲ လာ၏။

မြေကြီး ပုံစံ အလုံးဆုံ ဖြစ်ပေါ် သည်နှင့်၊ ထိုဆွဲငင် အားမှာ၊ (၇၂)ဆ အထိ၊ တိုးလာ တော့ သည်။

“ ဝရူး ... ။ ”

ယင်းက တိမ်မိစ္ဆာ စပါးအုံး မြွေကို၊ ကြီးမားတောင် တစ်လုံးနှင့် ဖိအား သကဲ့သို့၊ မြေပြင်၌ ကပ်နေ စေ၏။

“ ရွှီး ... ။ ”

မည်မျှပင် ရုန်းကန် စေကာမူ၊ မြေပြင်မှ ပြန်ထ နိုင်ခြင်း မရှိ သဖြင့်၊ မြေကြီး ဟူသော စကား လုံးထံ၊ အနက်ရောင် အလင်းတန်း များနှင့် ပစ်ခတ် ဖျက်ဆီးသည်။

“ ခရစ် ... ။ ”

လေထဲတွင် ပျံဝဲ နေသော ‘မြေကြီး’မှာ အက်ကွဲ ကြောင်းများ ပေါ်လာ တော့၏။ သို့မှ သာလျှင်၊ တိမ်မိစ္ဆာ စပါးအုံးမြွေက ထရပ် လာ နိုင်သည်။

“ ဖရူး ... ။ ”

၎င်းက ဆွဲငင်အား နယ်မြေမှ လွတ်မြောက် သွားသည်နှင့်၊ လျှပ်စီး ကဲ့သို့ တောထဲ လှည့်ကာ ဝင်ပြေး တော့သည်။

“ နဂါး မူလက တကယ် ကြောက်စရာ ကောင်းတာပဲ။ ”

လင်းယွန်က မျက်လုံး မှေးစင်းလျက်၊ ရေရွတ် လိုက်သည်။ နောက်ဆုံး ပစ်လွှတ်သော အလင်းတန်းမှာ၊ နဂါး မူလ စွမ်းအင် ဖြစ်၏။

“ ဂါး ... ။ ”

လင်းယွန် လိုက်မလာ သဖြင့်၊ တိမ်မိစ္ဆာ စပါးအုံး မြွေကြီးမှ စိတ်သက်သာရာ ရနေစဉ်၊ နဂါး မျောက်ဝံ တစ်ကောင် ကောင်းကင်မှ ကျ လာပြီး၊ သူ့ ဦးခေါင်းထံ တက်နင်း လေသည်။

တစ်ချက်တည်းနှင့် ဦးခေါင်းခွံ ကွဲကြေ သွားတော့၏။ သည့်နောက် ခန္ဓာ ကိုယ်အား လှုပ်ခါလျက် ကြောင်ပုံစံ အဖြစ် ပြောင်းလဲ၊ ပြေးထွက် သွားတော့သည်။

ဤသည်မှာ သူတို့ နှစ်ဦး၏ ပူးပေါင်း တိုက်ပွဲဝင် ပုံစံ ဖြစ်သည်။ သူ့၌ တိုက်ခိုက် လို စိတ် မရှိ တော့သည့် အချိန်၌၊ နဂါးလေးမှ လက်စ သတ်ပေမည်။

နဂါးလေးက လင်းယွန် ပခုံးပေါ် ခုန်တက် လိုက်၏။ နှစ်ဦးသား ထွက်ခွာ တော့မည့် အချိန် ၌၊ မျက်ဝန်း တစ်စုံကို သတိထား မိလိုက်သည်။

ထိုမျက်ဝန်းသည် သူနှင့် ရင်းနှီးသော ခံစားချက်ကို ပေးစွမ်း နေသဖြင့်၊ လင်းယွန်မှ ချက်ခြင်း သတိရ သွား၏။

“ ဘုရင် အဆင့် နတ်မိစ္ဆာ မှော်ကျား။ ”

၎င်းသည် နတ်မိစ္ဆာ မိသားစု၏ ကျင့်ကြံမှု နည်းစနစ်ကို ဆုပ်ကိုင် ထားသည်။ ထို့ကြောင့် လူ့ဘာသာ စကားကို ပြောဆို နိုင်၏။

သူတို့ နောက်ဆုံး တွေ့ခဲ့ သည်မှာ၊ နှစ်တစ်ဝက်လောက် ရှိချေပြီ။ ထို့ကြောင့် နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ ရောက်ရှိ နေနိုင်၏။

နတ်မိစ္ဆာ မှော်ကျားက လင်းယွန် လှည့်ကြည့် လာသည်ကို မြင်ချိန်၌၊ အမှောင် ထဲသို့ ခုန်လွှား လှည့်ပြေး တော့သည်။

သို့သော် လင်းယွန်မှ အလွတ် မပေးချေ။ လျင်မြန်သော အဟုန်ဖြင့်၊ ၎င်းနောက် ရွေ့လျား လိုက်ပါ သွားသည်။

***

All Chapters