← Chapters

နတ်မိစ္ဆာ မှော်ကျားအား နှိမ်နင်းခြင်း။

Vol. 112 Ch. 1555

နတ်မိစ္ဆာ မှော်ကျားအား နှိမ်နင်းခြင်း။

Vol. 112 Ch. 1555

တောအုပ် အတွင်း လူရိပ် တစ်ရိပ် လျင်မြန်စွာ ဖြတ်ပျံ နေ၏။ မှုန်ဝါးလွန်း သဖြင့်၊ အလင်းတန်း အလား ထင်မှား စေသည်။

“ စိတ်ဝင် စားစရာပဲ ... ။ ”

နတ်မိစ္ဆာ မှော်ကျားသည် နေရာသစ် တစ်ခုသို့၊ ပြေးလွှား နေသဖြင့် လင်းယွန်မှ အံ့ဩ သွားသည်။

လေးနာရီ ကြာ ပြီးနောက် အနက်ရောင် မြူများ ရစ်သိုင်း နေသော တောင်ကြား တစ်ခု တွင် ရပ်စောင့် နေသည်။

“ ဓားဂိုဏ်းရဲ့ တပည့်၊ ဒီဘုရင်ကို မှတ်မိသေး သလား။ ”

လူသား အသွင် ယူလျက်၊ နတ်မိစ္ဆာ မှော်ကျားက လင်းယွန်အား လက်ညှိုး ထိုးကာ မေးသည်။

“ မှတ်မိတယ် ... ၊ ငါ့ကို ကြောက်ပြီး ထွက်ပြေး သွားတဲ့ ကျားပေါက် ကလေး။ ”

ထိုအချိန်က သူ့ကို ခိုးကြောင် ခိုးဝှက် တိုက်ခိုက်ပြီး၊ ထွက်ပြေး သွားခဲ့ ဖူးသည်ကို ထုတ်ပြော လိုက်၏။ နဂါးလေးက သူ့ပခုံးပေါ် ခုန်တက်ကာ၊ တခွီးခွီး ရယ်လေသည်။

ထိုအမူ အရာက မှော်ကျားကို ဒေါသ ထွက်လာ စေ၏။ ၎င်းခန္ဓာ ကိုယ်မှ အနက်ရောင် အငွေ့ အသက်များ ထွက်လာပြီး၊

“ ဟား ဟား ဟား ... ၊ အခု မင်းကို ငါသတ်နိုင်ပြီ၊ ငါ့လို ထွက်ပြေးချင် ရင်တောင် မင်း လွတ်မှာ မဟုတ်ဘူး ။”

-ဟု ဆိုလိုက် တော့သည်။

နတ်မိစ္ဆာ မှော်ကျားက အေးစက်စွာ ပြန်ပြော လိုက်သည်။ မျက်ဝန်း၌ မီးလျှံများ တောက်ပ လာပြီး၊ လက်ဖဝါးတွင် အခိုး အငွေ့များ စုရုံး လာ၏။

“ နဂါး မူလ ... ။ ”

လင်းယွန်က နဂါး မူလဟု ယူဆ ရသည့် အနက်ရောင် အခိုး အငွေ့ ထံမှ အန္တရာယ်ကို ခံစား ရသည်။

“ ဟား ... ၊ အခု ကြောက်နေ ပြီလား၊ ဒါပေမယ့် မင်း ဒီနယ်မြေ ကနေ ထွက်သွားဖို့ မစဉ်းစားနဲ့။ ”

၎င်းစကား ဆုံးသည်နှင့်၊ စစ်ကူများ တောင်ကြားသို့၊ ဆင်းသက် လာသည်။ ဝံပုလွေ၊ မျောက်ဝံနှင့် ကျားသစ်တို့ ဖြစ်၏။

အားလုံးသည် ပထမ သွေးလွှတ်ကြော နယ်ပယ်၊ အုပ်စိုး ရှင်များ ဖြစ်သည်။ သူသတ် ခဲ့သော မရဏ တိမ်မိစ္ဆာ စပါးအုံး မြွေထက် များစွာ အားကောင်း၏။

သို့သော် လင်းယွန်က စိတ်ပျက် သွားပြီး၊ နောက်ထပ် တစ်စုံ တစ်ရာကို ထပ်မံ မျှော်လင့် နေခဲ့သည်။

နတ်မိစ္ဆာ မှော်ကျားသည်၊ ဘုရင် တစ်ပါး ဖြစ်သော်မှ၊ အချိန်တို အတွင်း လက်အောက် ငယ်သား များစွာ၊ ရရှိရန် မလွယ်ချေ။

အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ သုံးကောင်ကို နှိမ်နင်း နိုင်ခဲ့ သည်မှာပင်၊ အထင် ကြီးစရာ ဖြစ်သည်။

လင်းယွန် တစ်ယောက် စိတ်ပျက် သွားသည်ကို၊ မြင်သော အခါ၊ နတ်မိစ္ဆာ မှော် ကျားက၊ ဒေါသ ထွက် လာ၏။

“ ပင်မ နတ်ဘုရား အဆင့် လူသားက၊ ဒီဘုရင်ကို လျှော့တွက် ဝံ့သလား၊ မင်း သေချင် နေတာပဲ။ ”

သူ့ လက်ဖဝါး၌ အနက်ရောင် မီးလျှံများ ထတောက် လာပြီး၊ လင်းယွန်ထံ လှမ်းပုတ်လေ သည်။

နတ်မိစ္ဆာ မှော်ကျား၏ မိစ္ဆာ ရောင်ဝါကို အသုံးချ နိုင်စွမ်းသည်၊ မရဏ တိမ်မိစ္ဆာ စပါးအုံး မြွေထက်၊ လုံးဝ သာလွန်၏။

တစ်ချိန်တည်း မှာပင် နတ်ဆိုး သားရဲ သုံးကောင် တို့မှလည်း၊ ခုန်ပေါက် ဝင်ရောက် လာလေသည်။

“ ဝှစ် ... ။ ”

နဂါး လေးက အနတ္တ ဓားကို ထုတ်ကာ၊ ၎င်းတို့ သုံးကောင်ထံ ခုန်ဆင်း သွားလေသည်။ ကျားလက် ကျရောက် ခါနီးတွင် လင်းယွန်က လက်သီးနှင့် ပြန်ထိုး လိုက်၏။

“ ဝုန်း ... ။ ”

‘ကောင်းကင်၊’ ဟူသော စကား လုံးက၊ ကျားလက်သည်း နှင့် တိုက်မိပြီး၊ လေဟာနယ် အက်ကွဲ ကြောင်းများ၊ ပြန့်ကျဲ လာစေ၏။

“ ဟား ဟား ဟား ... ကျားလေး၊ မင်းရဲ့ နတ်မိစ္ဆာ ကျင့်ကြံမှု နည်းစနစ်ကို ... ၊ ငါ ပိုပြီး စိတ်ဝင်စား လာပြီ။ ”

လင်းယွန်က ပြောလိုက်သည်။

“ ဟမ့် ... ၊ သေတွင်းဝ ရောက်နေ တာတောင် ... ၊ မင်းက ရယ်နေ သေးတာလား။ ”

လက်ကို ဝှေ့ယမ်းလျက်၊ နတ်မိစ္ဆာ မှော်ကျား၏ မျက်ဝန်းများ တောက်ပ လာသည်။ ထိုစဉ် အဝေး တစ်နေရာရှိ တောင်တန်း မြေပြင် မှာ၊ အက်ကွဲ ကြောင်းများ ပြန့်ကျဲလျက်၊ နှင်းများ ကျဆင်း လာ၏။

ဤဖြစ်စဉ်က လင်းယွန်အား ထိတ်လန့် သွားစေသည်။ နတ်မိစ္ဆာ မှော်ကျားက ‘ဓါး’ဟု ခေါ်လိုက်၏။

“ ဝုန်း ... ။ ”

ထိုအသံကြောင့် တောင်ကြီး ပေါက်ကွဲ သွားကာ၊ နှင်းဖြူရောင် ဓားမော့ တစ်လက် ကောင်းကင်ပေါ် ပျံတက် လာပြီး၊ နတ်မိစ္ဆာ မှော်ကျား လက်ထဲ၊ ဆင်းသက် လာသည်။

ထို့နောက် ပြိုင်ဘက်ထံ ခုတ်ပိုင်း ချလိုက်၏။ လင်းယွန်က လက်ဗလာဖြင့် ဓားကို တားဆီးရန် ကြိုးစား လေသည်။

ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို အသုံးပြုကာ၊ မှော်ကျားနှင့် အကြိမ် တစ်ရာ ဖလှယ် လိုက်ကြသည်။

အကြိမ်တစ်ရာ ကျော်ချိန်၌၊ နတ်မိစ္ဆာ မှော်ကျားမှာ ပင်ပန်း နွမ်းနယ် လာတော့၏။ နဂါး မူလကို ဖန်တီးနိုင် သဖြင့်၊ ဤဓားသမား အား သတ်နိုင် မည်ဟု၊ သူ ယုံကြည် ခဲ့သည်။

သို့သော် ဝှက်ဖဲ များစွာကို ထုတ်ပြီး သည့်တိုင်၊ ပြိုင်ဘက်မှ ဓားမဆွဲ ရသေးချေ။ မည်မျှ သနား စရာ ကောင်းသနည်း။

“ တောင်နှင့် မြစ်များ ပျံသန်းခြင်း။ ”

နတ်မိစ္ဆာ မှော်ကျားက၊ နဂါး မူလကို အသက် သွင်းလျက် အော်ဟစ် လိုက်၏။ ကောင်းကင်နှင့် မြေကြီး အက်ကွဲ လာတော့သည်။

နှင်းဖြူ ဓားမော့သည် လင်းယွန် အနား ရောက်တော့မည့် အချိန်၌ ဓားချက် (၁၈)ချက် အဖြစ်၊ ခွဲထွက် သွားသည်။

ဓါးတစ်လက် စီ၏ အစွမ်းသည် တောင်ကြီးကို ဖြိုနိုင် သကဲ့သို့ ကြောက်မက် ဖွယ် ကောင်းသော ရောင်ဝါမျိုး ပါရှိ၏။

လင်းယွန်က နောက်ပြန် မဆုတ်ဘဲ၊ ပန်းသင်္ချိုင်း ဓားကို ဆွဲကာ ပိတ်ဆို့ ပစ်လိုက် လေသည်။

“ တော်ဝင် ... ။ ”

ဓား (၁၈) လက်ကို ပိတ်ဆို့ ပြီးနောက် ‘တော်ဝင်’ ဟူသော စကားလုံးကို ဖန်တီးလိုက် သည်။

နှင်းဖြူ ဓားမော့ ကျဆင်း လာချိန်၌၊ ‘တော်ဝင်’ ဟူသော စကားစု ပေါ်လာပြီး၊ ဒိုင်း သဖွယ် သူ့အား ကာကွယ် ပေးသည်။

“ ဝုန်း ... ။ ”

ပေပေါင်း ထောင်ဂဏန်း အထိ နက်ရှိုင်းသော ပြတ်ရှရာကြီး မြေပြင်တွင် ဖြစ်ပေါ် လာ၏။

ထိုအချိန်၌ လင်းယွန်က ဓားကို ခုတ်ချ လိုက်ရာ၊ ‘တော်ဝင်’ ဟူသော စကား လုံးသည် ဓားရိပ် (၁၈) ရိပ် အဖြစ်၊ ပြောင်းလဲကာ ပြန်၍ ပြေးဝင် သွားသည်။

နတ်မိစ္ဆာ မှော်ကျား၏ ခန္ဓာ ပေါ်တွင် ဓားဒဏ်ရာ (၁၈) ချက် ထွက်ပေါ် လာပြီး၊ ပြန်၍ လွင့်စဉ် သွား၏။

“ ငါ သိပြီ ... ။ ”

လင်းယွန်၏ မျက်ဝန်းများ မှေးစင်းသွား လေသည်။ ‘တော်ဝင်’ ဓားပုံစံမှာ တွန်းကန်အား ဖြစ်သည်။

ပြိုင်ဘက်သည် ‘တော်ဝင်’ကို မဖျက်ဆီး နိုင်ပါက၊ ၎င်း၏ တိုက်ခိုက်မှု ပုံစံများ အတိုင်း ပြန်လည် တိုက်ခိုက်ခံ ရရှိမည် ဖြစ်၏။

နတ်မိစ္ဆာ မှော်ကျားက ကုန်းထလျက် သွေးအန်ကာ၊ ထိတ်လန့် သွားသည်။ ပြီးနောက် လင်းယွန်ထံ ပြန်ကြည့်၏။

“ ဘာလဲ ... ၊ ငါ့ရဲ့ ဓားက မင်းကို ဒဏ်ရာ မပေးနိုင် ဖူးလား ။ ”

ထိုအချိန်တွင် သူ့ လက်အောက်ခံ နတ်ဆိုး သားရဲ သုံးကောင် စလုံး မြေပြင် ပေါ်သို့၊ လဲကျ သွား တော့သည်။ နဂါး မျောက်ဝံက ဂုဏ်ယူ ဝံ့ကြွား စွာဖြင့်၊ မတ်တပ်ရပ် နေ၏။

“ သားရဲ တစ်ကောင် ဖြစ်ပေမယ့်၊ ငါက တတိယ ဓားကို အသုံးပြု ခဲ့ရတယ်၊ ဒီအတွက် ဂုဏ်ယူနိုင် ပါတယ်။ ”

လင်းယွန်က ပြောသည်။ နတ်ဆိုး သားရဲ အများစုသည် ကိုယ်ခံ ပညာ များကို မသိသဖြင့်၊ လူသား များနှင့် တိုက်ခိုက် ရာ၌၊ တစ်ဆင့် နိမ့်နေ ကြခြင်း ဖြစ်သည်။

နတ်မိစ္ဆာ မှော်ကျား မှာမူ၊ အစွမ်းထက် လွန်းသောကြောင့်၊ ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်ရှိ၊ ထိပ်တန်း တစ်ရာ အတွင်း ဝင်သူများ မှ သာလျှင် နှိမ်နှင်း နိုင်ပေမည်။

“ နား မရှင်း သေးဖူးလား ... ၊ ဒါက တောင်ပိုင်း ဧကရာဇ် ထားခဲ့တဲ့ ဓား ဖြစ်တာမို့၊ မင်းကိုယ်မင်း ဂုဏ်ယူလို့ ရတယ်လို့ ပြောတာ။ ”

လင်းယွန်က ခေါင်းခါပြီး ထပ်ပြော လိုက်သည်။ နတ်မိစ္ဆာ မှော်ကျား အနေဖြင့်၊ တောင်ပိုင်း ဧကရာဇ် မည်မျှ အားကောင်း သည်ကို မသိ သဖြင့်၊ လင်းယွန်မှ သူ့အား လျှော့တွက် နေသည်ဟု မြင်မိ၏။

“ ကောင်လေး ... ၊ ငါ ထွက်သွား ချင်ရင် မင်း တားလို့ မရ ပါဘူး။ ”

နောက်တစ်ကြိမ် တိုက်ခိုက်ရန် မရည်ရွယ်ဘဲ ပြေးလွှား လျက်မှ အော်ဟစ် လိုက်သည်။

ဤတစ်ကြိမ်တွင် လင်းယွန်က နတ်မိစ္ဆာ မှော်ကျားနှင့် ကစားရန် စိတ်ကူး မရှိ တော့ချေ။ နောက်တစ်ကြိမ် လွတ်မြောက် ခဲ့သော်၊ သူ ကျင့်ကြံ ထားသမျှ အလကား ဖြစ်ပေမည်။

“ ရွှပ် ... ။ ”

အရိယာ ဓားသုတ္တန်ကို လှည့်ပတ်လျက် ငရဲပန်းကို ဆင့်ခေါ်သည်။ ပြီး ဓားရောင်ခြည် များဖြင့်၊ တောက်ထုတ် ပစ်၏။

ဓားရောင်ခြည် ပြေးဝင် လာ သဖြင့်၊ နတ်မိစ္ဆာ မှော်ကျားက ဓားဖြင့် ခုတ်ပိုင်းလျက် ပယ်ဖျက် လိုက်ရသည်။

“ ရွှပ် ... ရွှပ် ... ။ ”

ယင်းက အဆုံး မဟုတ်ချေ။ လင်းယွန်မှ နောက်ထပ် ဓားရောင်ခြည် များနှင့်၊ ထပ်မံ ပစ် လာပြန်သည်။

ဓား ရောင်ခြည်များ တရစပ် ပြေးထွက် လာ၏။ ဤတစ်ကြိမ်၌ နတ်မိစ္ဆာ မှော်ကျားမှာ၊ မရှောင် နိုင်တော့ဘဲ၊ ဒူးထောက် ကျသွားသည်။

ဓား ရည်ရွယ်ချက်က ကောင်းကင်ကို ခွဲပစ်ကာ၊ မိုင်တစ်ထောင် အချင်းဝက် အတွင်း၊ ဖုံးလွှမ်း လာ၏။

သူ့ လက်မောင်း လွှဲလိုက် သည်နှင့်၊ ၎င်းတို့က နတ်မိစ္ဆာ မှော်ကျားထံ ဦးတည်လာ လေသည်။

“ ငါ့ အသက်ကို ချမ်းသာ ပေးပါ။ ”

နတ်မိစ္ဆာ မှော်ကျားက ဓားကို ဘေးသို့ ပစ်ချလိုက်ပြီး၊ တုန်ယင် စွာဖြင့်၊ တောင်းပန် တော့သည်။

ယင်းကြောင့် လင်းယွန်က လက်ဝှေ့ ယမ်းကာ၊ ပန်းသင်္ချိုင်း ဓားကို သိမ်းဆည်း လိုက်၏။

သူ့ နောက်တွင် ပန်း ပင်လယ်ကြီး တဟုန်းဟုန်း တောက်လောင် နေပြီး၊ ဘုရင် တစ်ပါး ကဲ့သို့၊ မှော်ကျားအား ငုံ့ကြည့်သည်။

“ မင်းရဲ့ နတ်မိစ္ဆာ မိသားစု ပညာ ရပ်ကို ဘယ်က ရခဲ့ တာလဲ။ ”

“ ငါ လိုက်ပို့ ပေးမယ်။ ”

နတ်မိစ္ဆာ မှော်ကျားက ကျားအသွင် ပြောင်းလဲကာ၊ အနောက် အရပ်သို့၊ ဦးတည် ပြေးလွှား တော့သည်။

“ ဝှစ် ... ။ ”

ရုတ်တရက် နဂါးလေးက အလွတ် မပေးခဲ့ဘဲ၊ ကြောင် ပုံစံ ခံယူကာ၊ နတ်မိစ္ဆာ မှော်ကျား၏ ကျောပေါ်သို့ ခုန်တက် ခွစီးကာ၊ လင်းယွန်ထံ လှည့်ပြီး၊ ပြုံးပြ လေသည်။

“ ဒီလူမိုက်က အရင် အတိုင်းပဲ။ ”

လင်းယွန်သည် ပန်း ပင်လယ်ကို ပယ်ဖျက်လျက် ပြုံးရယ် မိသည်။ ငရဲပန်းရှိ ငရဲ ဓားကို မသုံး သော်မှ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားမှာ၊ ကြောက်စရာ ကောင်းနေပြီ ဖြစ်၏။

ထို့အပြင် ကံကောင်း ထောက်မ စွာဖြင့် ၎င်းနည်း စနစ်သည် အရိယာ ဓားသုတ္တန်နှင့် လိုက်ဖက် နေခဲ့သည်။

“ ဒီကောင်က ... ရတနာ ဆိုတဲ့ အသံ၊ ကြားလို့ကို မရဘူး ။ ”

လင်းယွန်မှ ရေရွတ် လိုက်၏။ နတ်မိစ္ဆာ မှော်ကျား၏ သိုင်းပညာရပ် များသည် နဂါးလေး အပေါ်၊ ဆွဲဆောင် နိုင်သွားပုံ ရသည်။

***

All Chapters