← Chapters

အဓိပတိ နဂါး လက်သီး။

Vol. 112 Ch. 1556

အဓိပတိ နဂါး လက်သီး။

Vol. 112 Ch. 1556

နတ်မိစ္ဆာ မှော်ကျားက လွတ်မြောက်ရန် လမ်းစ ချန်ထား ခဲ့သည်။ သို့သော် ကြောက်နက် တစ်ကောင်က သူ့ကျော်ပေါ် ခွစီး လိုက်သော အခါ၌၊ စိတ်ပျက် သွား၏။

၎င်းထံမှ ဘုရင် ရောင်ဝါထက် ပို၍ ရှေးကျသော ရောင်ဝါကို ခံစား မိသည်။ ရေကန် များစွာကို ဖြတ်သန်းကာ၊ အဆိပ်ပြင်းသော အခိုး အငွေ့များ ဖုံးလွှမ်း နေသည့်၊ တောအုပ် ထဲသို့ ရောက်ရှိ လာ၏။

ဤနေရာသည် မတော် တဆ ရောက်ရှိ လာလျှင်ပင်၊ ဝင်ရောက် စူးစမ်းရန် စိတ်ကူး ရှိ မည် မဟုတ်ချေ။

“ သခင် ... ဒီနေရာပဲ ။ ”

နတ်မိစ္ဆာ မှော်ကျားက လင်းယွန်ကို ရပ်စောင့်ကာ ပြောသည်။

“ ဒီနေရာက ဘာလဲ ... ။ ”

“ ဒီဘုရင် ကျင့်ကြံ နေတဲ့ နေရာပါ ... ၊ ဒီဘုရင်က အဆိပ် အခိုး အငွေ့နဲ့ ... ၊ မြက်ပင် တေွကို သဘော ကျတယ်။ ”

နတ်မိစ္ဆာ မှော်ကျားက ဂုဏ်ယူစွာ ပြောသည်။ ၎င်းမှ မြက်ပင် ဆိုသော အရာမှာ ဆေးဘက်ဝင် အဆိပ် ပင်များ ဖြစ်သည်။

“ ဒါဆို ဝင်ကြည့် ရအောင်။ ”

“ ဟုတ်ကဲ့ ... ။ ”

ရုတ်တရက် အလွန် နာခံ လာသော မှော်ကျားကြောင့် ပြုံးမိသည်။ ၎င်းသည် ဘုရင် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ် သဖြင့်၊ မာန ရှိသင့် သည်ဟု ထင်၏။

ရုတ်တရက် ပန်းပင်လယ် ကြီးကို မြင်လာ ရသည်။ ၎င်းပတ်ဝန်းကျင်သည် ပြင်ပမှ မြင်ရ သော မြင်ကွင်းနှင့် လုံးဝ ခြားနား နေ၏။

ပန်းပင်လယ် အတွင်း၌၊ အတော် အတန် အရွယ် အစား ရှိသော ဝိညာဉ် ရေကန် တစ်ကန် ရှိသည်။

ရေကန် အတွင်း ရေတံခွန် တစ်ခု စီးကျ နေခဲ့၏။ ကန်စပ်၌ ပျိုးပဲ့ နေသော ကျောက်စာ တိုင်ကြီး တစ်တိုင် ရှိသည်။

အမြင့် နှစ်မီတာ ရှိပြီး၊ မျက်နှာ ပြင်၌ ပုံရိပ်များစွာ ရေးဆွဲ မှတ်တမ်းတင် ထားသည်။ ယင်းမှာ ကျင့်ကြံမှု နည်းစနစ်များ၊ ဓါးရေး များနှင့် ကိုယ်ခံ ပညာ မျိုးစုံ ဖြစ်၏။

တစ်ချက် ကြည့်ရုံဖြင့် စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်များ ဖြစ်ကြောင်း သိနိုင် လေသည်။

နတ်မိစ္ဆာ မှော်ကျားမှ အသုံးခဲ့ ပြုသော ဓါးရေး ကိုလည်း ၎င်းပေါ်တွင် မှတ်တမ်းတင် ထားသည်။

“ ဒီကျောက်စာတိုင်ကို မင်း ဘယ်က ရခဲ့ တာလဲ။ ”

လင်းယွန်မှ မေးမိသည်။

“ တားမြစ် နယ်မြေရဲ့ နယ်နိမိတ် အစပ် ကနေ ကောက်ရ လာတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ လောက်က၊ အဲဒီ နယ်မြေ ထဲကို၊ ...

... နတ်မိစ္ဆာ မိသားစုရဲ့၊ သူတော်စင် သခင်၊ အများ အပြားက ဝင်ရောက် ခဲ့တယ်၊ အထဲမှာ ကြောက်မက် ဖွယ်ရာ တိုက်ပွဲ တစ်ခု ဖြစ်ပွား လာပြီး၊ ...

... အရာ တော်တော် များများ လွင့်ထွက် လာတယ်၊ ဒီကျောက်တုံး ကြီးက အဲဒီ ထဲက တစ်ခုပဲ။ ”

နတ်မိစ္ဆာ မှော်ကျားမှ ပြန်ဖြေသည်။

“ ဒီတောင်တန်း ပေါ်မှာ ... ၊ တားမြစ် နယ်မြေတွေ အများကြီး ရှိတယ် မဟုတ်လား။ ”

“ ငါတို့လို ... ၊ နတ်ဆိုး သားရဲတွေ အတွက်တော့ ... ၊ တားမြစ် နယ်မြေက တစ်ခုပဲ ရှိတယ်၊ အဲဒါက ဒီရေကန်ရဲ့ အရင်းအမြစ် ဖြစ်တဲ့၊ အနန္တ နတ်မိစ္ဆာ တောင်ထိပ်။ ”

( ဧကရီ၊ မင်း ဒီနာမည် ကြားဖူးလား။)

( မကြား ဖူးဘူး၊ ငါက သမုဒ္ဒရာ (၄) စင်း၊ ပျက်သုဉ်းမြေ (၈) ပါး၊ ကောင်းကင် (၃၆) လွှာနဲ့ မြေကမ္ဘာ (၇၂) ထပ်ကို ပိုင်စိုးတဲ့၊ နတ်ဖီးနစ် မိသားစုဝင် ...

... ကောင်းကင် တရား စီရင်ရေး ဧကရီပဲ၊ ဒီလို သေးငယ်တဲ့ ခွန်လွန် နယ်မြေကို အာရုံစိုက် စရာလား။ )

ခရမ်းငယ်၏ ဝါကြွား နေသော စကား များကြောင့် လင်းယွန်က ထပ်မမေး တော့ချေ။

“ အဲဒီ သူတော်စင်တွေ ဘာဖြစ် သွားလဲ။ ”

“ သေကုန်ပြီ ... ၊ တားမြစ် နယ်မြေ အပြင် ရောက်တာနဲ့ ... ၊ သွေးမြူ အဖြစ် ... ၊ ပြောင်းလဲ သွားတဲ့၊ သူတော်စင် တစ်ဦးကို တွေ့လိုက် ရတယ်၊ အထဲမှာ ...

... ဘာဖြစ် ခဲ့လဲ ဆိုတာတော့ မသိဘူး၊ ဒီကျောက်တုံးကို ကောက်ယူပြီး ... ၊ ငါလည်း ချက်ချင်း ထွက်ပြေး လာခဲ့ တာပဲ။ ”

“ ဒါဆို သူတော်စင် ဓားကိုရော ဘယ်က ရလဲ။ ”

“ ငါ့ သားရဲ အမြုတေနဲ့ ... ၊ ကျားဘုရင် အရိုးကို လိုချင်တဲ့၊ လေလွင့် ကျင့်ကြံသူ တစ်ဦး ကို သတ်ပြီး ယူလိုက်တာ။ ”

“ ..... ။ ”

လင်းယွန်က စိတ်ဝင်စား စွာဖြင့် သူ့အား စိုက်ကြည့် သောကြောင့်၊ နတ်မိစ္ဆာ မှော်ကျားမှာ စိတ်မသက် မသာ ဖြစ်လာသည်။

“ ကျားဘုရင် အရိုးက တော်တော် အဖိုးတန်မဲ့ ပုံပဲ၊ ခန္ဓာကိုယ် အတွက် အရမ်း အာဟာရ ဖြစ်တယ် မဟုတ်လား ။ ”

ထိုမေးခွန်းကြောင့် မှော်ကျားမှာ၊ တုန်လှုပ် လာတော့သည်။ ယင်းကို ကြည့်ပြီး လင်းယွန်မှ ပြုံး လိုက်၏။

“ ဟား ဟား ဟား ... ၊ မင်း အရင် ထွက်သွား လို့ရပြီ။ ”

“ ဟုတ်ကဲ့ သခင် ... ၊ တစ်ခုခု လိုအပ်ရင် ငါ့ကို ခေါ်လိုက်ပါ၊ ဒီဘုရင်က အရင် သွားနှင့် ပါတော့မယ်။ ”

နတ်မိစ္ဆာ မှော်ကျားမှာ၊ ဝမ်းသာ အားရ လှည့်ထွက် သွားတော့သည်။ လင်းယွန် ကသာ ကျောက်စာတိုင် ကြီးအား ကြည့်ရှုလျက် ကျန်ရစ် ခဲ့၏။

တစ္ဆေ ဝိညာဉ် ပညာရပ် များကို ကျောက်တိုင်တွင် မှတ်တမ်းတင် ထားသော ကြောင့် အနန္တ နတ်မိစ္ဆာ တောင်ထိပ်သည် မည်သို့သော တားမြစ်မြေ အမျိုးအစား ဖြစ်မည်အား၊ သိချင် လာသည်။

ဓားဂိုဏ်း ၌ပင် တစ္ဆေ ဝိညာဉ် ပညာရပ် အများကြီး မရှိချေ။ အများ စုမှာ မဟာ တော်ဝင် ဓားကျမ်းမှ ဆင်းသက် လာခြင်း ဖြစ်သည်။

“ ဒီတုတ်ရိုက် နည်းစနစ်က နဂါးလေးနဲ့ သင့်တော်တယ်။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက် လာပြီး၊ ကျောက်တိုင် ပေါ်တွင် မှတ်တမ်းတင် ထားသော၊ တုတ် ရိုက်နည်းကို ညွှန်ပြ လိုက်သည်။

၎င်းကို ‘ကောင်းကင် (၃၆)လွှာ မျောက်ဝံ တုတ်ရိုက်နည်း၊’ ဟု ခေါ်၏။ ပုံစံ တိုင်းမှာ ကြယ် ပတ်လမ်း အသွင်၊ လွှဲယမ်း ရခြင်း ဖြစ်သည်။

တုတ်ရိုက်ချက် (၃၆)ကြိမ် ပြည့်ချိန်၌၊ ရှေးဟောင်း ကောင်းကင် မျောက်ဝံ များ၏ ကြောက်မက်ဖွယ် ကောင်းသော အသွင် အပြင်ကို ရရှိမည် ဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်း နဂါး မျောက်ဝံ အသွင် ပြောင်းလဲခြင်းကို ကျင့်ကြံ ထားသည့်၊ နဂါးလေး အတွက် သင့်လေျာ် ပေ၏။

“ ဒါဆို မင်း သူ့ကို သင်ပေးလိုက်။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။

“ ဟမ့် ... ၊ ဒီဧကရီထက် သာလွန်တဲ့ ဆရာမျိုး နဂါးလေး အတွက် မရှိ နိုင်ပါဘူး။ ”

ခရမ်းငယ်က ဂုဏ်ယူစွာ ပြောသည်။

“ ဒါက ဘာလဲ ... ။ ”

ကျောက်စာတိုင် ထိပ်ရှိ ပုံရိပ် များထံ ကြည့်ကာ၊ လင်းယွန်က စိတ်ဝင်စား သွားသည်။ သူသာ မမှားသော်၊ နဂါး မိသားစု၏ လက်သီး ထိုးနည်း ဖြစ်နိုင်၏။

ရုပ်ပုံ အမျိုး မျိုးနှင့် ဆက်စပ်သော ရှင်းပြချက်များ ပါရှိသည် သာမက၊ ဆေးကြိုအိုး များ ကိုလည်း၊ ရေးဆွဲ ထားသည်။

နေနှင့် လသည် ဆေးအိုး အထက်တွင် ထွန်းလင်း နေပြီး လူတစ်ဦးက ထိုအိုးပေါ်၌ မတ်တပ် ရပ်ကာ၊ လက်သီး ထိုး ဟန်များ လုပ်ဆောင် ပြနေသည်။

“ အဲဒါ နဂါး နေမင်းနဲ့ လ ဆေးအိုး မဟုတ်လား။ ”

နေ-လ ပုံသဏ္ဍာန် အရ၊ ၎င်းသည် ဘုန်းနေမင်းနှင့် ဘုန်းလမင်း ဖြစ်ချေမည်။ ထို့ကြောင့် အတည်ပြု နိုင်ရန် ဂရု တစိုက် ကြည့် လိုက်သော အခါ၊ ကွင်းဆက် ပြတ် သွား၏။

မပြည့်စုံ သော်မှ စွမ်းအားကို ခံစား နိုင် လေသည်။ တစ်ချက် ကြည့်လိုက် ရုံဖြင့် သွေး များ ဆူပွက် လာပြီး၊ နတ်နဂါးပြာ အရိုးမှ၊ တုန့်ပြန် တော့သည်။

“ အပြည့် အစုံ မရှိ ဖူးလား ... ။ ”

အရေး ပါသော အစိတ် အပိုင်း မရှိ သောကြောင့်၊ ကျောက်တိုင် အနောက် ဘက်သို့ ခုန်ဆင်းကာ၊ ရှာဖွေ လိုက်သည်။

ကျောက်တိုင် နောက်ကျောတွင်၊ မှတ်တမ်းတင် ထားခြင်း မရှိ သဖြင့် စိတ်ပျက် သွား၏။

“ ဒါက ... နဂါး မျိုးရိုးရဲ့ အဓိပတိ နဂါး လက်သီးပဲ၊ နဂါး ဝိညာဉ် အဆင့် ပညာရပ် ဖြစ်ပုံ ရမယ်။ ”

“ အဓိ ပတိ နဂါး လက်သီးလား ... ၊ ငါ လေ့ကျင့်လို့ ရမလား။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာ ဝင်မေး မိသည်။

“ ပုံမှန်ဆို ... နင့် ခွန်အားနဲ့ မဖြစ် နိုင်ဘူး၊ ဒါပေမယ့် ... နင့်မှာ နတ်နဂါးပြာ အရိုး ရှိနေလို့၊ ကြိုးစား ကြည့် နိုင်တယ်၊ ...

... ရုပ်ပုံတွေ အရ ဆိုရင်၊ နင် ... ပိုင်ဆိုင် ထားတဲ့၊ စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါးက သော့ချက် ... ၊ ဒီလိုမှ မဟုတ်ရင် ဒီရုပ်ပုံ တွေကို အားကိုးရုံနဲ့ နားလည်မှာ မဟုတ်ဘူး။ ”

ခရမ်းငယ်က ပြန်ပြော သည်။

“ စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါးက အဓိပတိ နဂါး လက်သီးရဲ့ လျှို့ဝှက်ချက်လား၊ မယုံနိုင် စရာ ပါပဲ ။ ”

ဝိညာဉ်တော် နှစ်ပါးတွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု ပါရှိ သည်ဟု၊ ကောင်းကင် လမ်း၌ ကြားသိထား ခဲ့ဖူးသည်။

ဤသို့ နဂါး ဝိညာဉ် အဆင့် ပညာရပ် တစ်ခု၏ အုတ်မြစ် ဖြစ်နေလိမ့် မည်ဟု ထင် မထား မိချေ။

“ ပျော်မနေနဲ့ ... ၊ ဒါက ဘုန်းဝိညာဉ် သူတော်စင် လက်ရာကို အသုံး ပြုခဲ့ သလိုဘဲ၊ စစ်မှန်တဲ့ စွမ်းအားမျိုး ထုတ်နိုင် ဦးမှာ မဟုတ်ဘူး။ ”

အရမ်း စိတ်လှုပ်ရှား နေသော လင်းယွန်ကို ခရမ်းငယ်မှ သတိ ပေးသည်။

“ ပြီးတော့ ... ဒီနဂါး နေမင်း ... ၊ လ ဆေးအိုးက တကယ် ဆန်းကြယ်တယ် ... ၊ နင် အောင်မြင်မှာ မဟုတ်ဘူး။ ”

“ ဘာပဲ ဖြစ်ဖြစ် ... ၊ ဒါက တစ္ဆေ ဝိညာဉ် ပညာရပ် တေွနဲ့ ယှဉ်နိုင် ပါသေးတယ်၊ ငါ့ ဆရာ စကား အရ၊ တစ္ဆေ ဝိညာဉ် အဆင့် ဓားရေးကို လေ့ကျင့်ခွင့် မရှိတာ၊ လက်သီး ထိုးနည်း အတွက် တားမြစ်ချက် မရှိဘူး။ ”

ထို့နောက် နဂါးလေးက ခရမ်းငယ်၏ လမ်းညွှန်မှု အောက်တွင် ကောင်းကင် မျောက်ဝံ တုတ်ရိုက် နည်းစနစ်ကို လေ့ကျင့်ပြီး၊ လင်းယွန် မှ ဘုန်းဝိညာဉ် နှစ်ပါးကို သန့်စင်ရန်၊ ကြိုးစား နေခဲ့သည်။

ဘုန်းဝိညာဉ် နှစ်ပါး ဖြစ်လာရန်၊ သန့်စင် ခြင်းသည် သူ မျှော်လင့်ထား သည်ထက်၊ ပို၍ ဒုက္ခ ပေးသည်။

နဂါး သွေးကို ပံ့ပိုး ပေးခြင်းဖြင့်၊ ဝိညာဉ် နှစ်ပါးအား အဆင့်မြင့် ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်လာအောင် ကြိုးစား ရခြင်း ဖြစ်သည်။

ဆိုလို သည်မှာ၊ ညာ မျက်လုံးကို နေမင်း ကဲ့သို့ အစွမ်း ထက်စေပြီး၊ ဘယ် မျက်လုံးအား လမင်း ကဲ့သို့၊ အစွမ်း ရှိလာ စေရန်၊ နဂါးသွေး ဖြင့် ပြုပြင် ရခြင်း ဖြစ်၏။

နဂါး မိသားစုဝင် တစ်ဦး မဟုတ် သောကြောင့်၊ ဤလုပ်ငန်း စဉ်သည် သူတော်စင် ဆေးလုံးများ သန့်စင် ခြင်းထက် ပို၍ ခက်ခဲသည်။

နတ်နဂါး အရိုး ရှိသော်လည်း နဂါး သွေး မရှိချေ။ သူ့ သွေးတွင် ရောနှော နေသော နဂါး သွေးသည်၊ ပါးလွှာ ကျဲပါး၏။ ညှစ်ထုတ် သော်မှ၊ အနည်း ငယ်သာ ရရှိသည်။

သို့သော် နတ်နဂါးပြာ အရိုးက အဆိုပါ ဖြစ်စဉ် အတွင်း၊ နာကျင်မှု မရရှိ စေရန် ကူညီ ပေးခဲ့သည်။

မပြည့် စုံသော နဂါး ဝိညာဉ် အဆင့်၊ ပညာရပ် ဖြစ်ခဲ့ လျှင်ပင်၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် များနှင့် ယှဉ်နိုင်၏။

မြင့်မားသော နယ်ပယ်သို့ ရောက်ရှိ လာသော် မည်မျှ ကြောက်စရာ ကောင်းမည် မသိချေ။

မျက်စိ တစ်မှိတ် အတွင်း တစ်လ နီးပါး ကုန်လွန် လာသည်။ အရေ ပြားမှာ အရိုးတွင် ကပ်နေပြီး မျက်နှာ ဖြူဖျော့ နေ၏။

အဘယ်ကြောင့် ဆိုသော် နဂါး သွေးကို လုပ်ငန်းစဉ်၌ သုံးစွဲရ သဖြင့်၊ သွေးသား စွမ်းအင် ကုန်ဆုံးမှုသည် နဂါး ထွက်သက်ထက် ပို၍ လျင်မြန် နေသည်။

“ ဟီး ... သခင် လင်း။ ”

ရုတ်တရက် နတ်မိစ္ဆာ မှော်ကျား ရောက်လာပြီး၊ အသီး အနှံ များကို ထုတ်ပေး လာ၏။ ၎င်းတို့တွင် ကြောက်စရာ ကောင်းသော သွေးသား စွမ်းအင် များပါ ရှိနေသည်။ နှလုံး အလား တဆက်ဆက် တုန်ခါ နေ၏။

“ ဘာတွေလဲ ... ။ ”

ထို့ကြောင့် လင်းယွန်မှ မေးမိသည်။

“ သစ်သီး တွေလေ ... သူတို့ အားလုံးက သူတော်စင် အသီး မဟုတ် ပေမယ့်၊ သွေးသား စွမ်းအင်ကို ပြန်ပြီး ဖြည့်တင်း ပေးနိုင်တယ်။ ”

ဖြူစင်သော အပြုံးဖြင့် ရိုးသားစွာ ဖြေ၏။ ဤရက်များ အတွင်း လင်းယွန်၌ ဖြည့်စွက်စာ လိုအပ် နေသည်။

ထို့ကြောင့် ကျားဘုရင် အရိုး အပေါ်၊ မျက်စိကျ လာမည်ကို စိုးရိမ်ပြီး၊ ဤနည်းလမ်း ရှာတွေ့ လာခြင်း ဖြစ်သည်။

“ ထား ခဲ့ လိုက် ... ။ ”

လင်းယွန်က ပြုံးသည်။ အသီး အနှံ များသည် အချိန်ကိုက် ရောက်လာခြင်း ဖြစ် သဖြင့်၊ ငြင်းပယ်ရန် အကြောင်း မရှိချေ။

***

All Chapters