သနား စရာ ကောင်းသော ကျား။
Vol. 112 Ch. 1557
“ ဟုတ်ကဲ့ ... ၊ သခင်လေး လင်း ။ ”
နတ်မိစ္ဆာ မှော်ကျားက နှိမ့်ချသော အပြုံးကို ပြသပြီး၊ နောက်ဆုတ်သွား လေသည်။
“ ဟဲဟဲ ... ၊ ဒီကျားက တော်တော် ချစ်စရာ ကောင်းတာပဲ။ ”
ခရမ်းငယ် ရောက်လာပြီး၊ သစ်သီး တစ်လုံးကို ကောက်ယူ စစ်ဆေး လိုက်သည်။ နဂါးလေး မှလည်း အသီး အနှံကို စားချင်၍ ပြေးလာ၏။
ခရမ်းငယ်က သူ့ခေါင်းကို ပိတ်ခေါက် လိုက်ပြီး၊
“ ဒါ ... မင်း အတွက် မဟုတ်ဘူး။ ”
-ဟု ငေါက်ပြော ပြောသည်။
နာကျင် မှုကြောင့် နဂါးလေးက ခေါင်းကို ပွတ်သပ် လိုက်သည်။ ဤမြင်ကွင်းက လင်းယွန် အား ရယ်မောမိ စေ၏။
ထို့စဉ် ခရမ်းငယ်က၊ သူ့ ပါးစပ်ထဲ သစ်သီး တစ်လုံး ထိုးထည့် လာသဖြင့်၊ ရယ်သံ ရပ်သွား တော့၏။
“ နင် ဘာရယ် တာလဲ ... ၊ နင့်ကိုယ်နင် ပြန်ကြည့်ဦး ... ၊ အရိုးစုနဲ့ တူနေပြီ။ ”
သူ့ကိုပါ လှည့်၍၊ အော်ငေါက် လာ၏။ လင်းယွန်မှ သစ်သီးကို ကိုက်ဝါး လိုက်သော အခါတွင်၊ သွေးသား စွမ်းအင်များ အရှိန် အဟုန်ဖြင့်၊ ပြန်လည် ရရှိ လာသည်။
ဤအရာက ပျော်ရွှင် လာ စေပြီး၊ သစ်သီးများ တစ်လုံးပြီး- တစ်လုံး ကောက်စား မိစေသည်။
ခန္ဓာ ကိုယ်သည် လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာ၏။ အသီး အနှံ များကို စားသုံး နေစဉ်၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်အား၊ အသက်သွင်း ထားခဲ့သည်။
ဖြူဖျော့သော မျက်နှာမှာ၊ ခဏချင်း နှင်းဆီရောင် သန်းလာ၏။ ခန္ဓာကိုယ် အတွင်း သွေးသား စွမ်းအင်များက မီးချော်ရည်များ ကဲ့သို့ ပွက်ပွက်ဆူ တော့သည်။
သည့်နောက် ရုတ်တရက် ရောင်ဝါများ ပေါက်ကွဲ လာပြီး၊ ခရမ်းငယ်နှင့် နဂါးလေးအား အဝေးသို့ တွန်းထုတ် ပစ်၏။
နဂါး အငွေ့ အသက်သည်၊ ခန္ဓာကိုယ် အတွင်း၌ အချိန် အတော် ကြာအောင် ဖိနှိပ်ထား သောကြောင့်၊ ထိန်းချုပ်မှုမှ ရုတ်တရက် လွင့်ထွက် သွားခြင်း ဖြစ်သည်။
“ ညောင် ... ။ ”
နဂါးလေးက လေထဲ တစ်ပတ်ဂျွမ်း ပစ်ရှောင်တိမ်း လိုက်ရာ၊ နတ်မိစ္ဆာ မှော်ကျား ပေါ်သို့၊ ကျရောက် သွားသည်။
နတ်မိစ္ဆာ မှော်ကျားမှာ၊ လင်းယွန်မှ အသီးအနှံများ စားနေ သည်ကို မြင်သဖြင့်၊ ပျော်ရွှင် လာသည်။
သို့သော် ကြောင်နက်က သူ့ကျောပေါ် ခုန်ချ လာသော အခါ၊ ထိုသို့ ကောင်းမွန်သော ခံစား ချက်မှာ၊ ပျောက်ကွယ် သွားသည်။
“ အရမ်း အဆင်ပြေတယ်။ ”
လင်းယွန် နှုတ်ခမ်း ပေါ်၌၊ အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။ ထိုနောက် ဘုန်း နေမင်းနှင့်၊ ဘုန်းလမင်း ဝိညာဉ် တော်များ ရရှိရန်၊ ဆက်၍ သန့်စင် မိတော့သည်။
လက်နှစ်ဖက်ကို ဖြန့်လိုက် လိုက်သော အခါတွင်၊ ဝိညာဉ်တော် နှစ်ပါးက လက်ဖဝါး ပေါ်တွင် တောက်လောင် လာ၏။
ယင်းက နေနှင့် လကို လက်ထဲ ထည့်ထား သလို ပေပင်။
“ ပေါင်း စပ် ... ။ ”
ရုတ်တရက် လက်နှစ်ဖက်ကို ဆုပ်ကိုင် လိုက်သည်။ ကြယ်နှစ်စင်း တိုက်မိ သကဲ့သို့၊ ပေါက်ကွဲ သံများ ထွက်ပေါ် လာ၏။
မကြာမီ နေနှင့်လ စွမ်းအင်များ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ လာသည်။ ဤသည်မှာ လွန်ခဲ့သော ရက်များ အတွင်း၊ ကြိုးစား အားထုတ်မှု၏ ရလာဒ် ပေပင်။
ဝိညာဉ်တော် များကို နဂါး သွေးဖြင့် အရည်ဖျော်ကာ၊ မျက်ဝန်း တစ်စုံ အဖြစ် ပြန်၍ သွန်းသောင်း လိုက်သည်။
ထို့ကြောင့် ၎င်းတို့သည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ဖြစ်လာကာ၊ ပြင်ပသို့ စွမ်းအား လွှတ်ရာ ကြားခံ ဖြစ်လာမည်။
နောက်ဆုံးတွင် ဘုန်းနေမင်း ဝိညာဉ် တော်သည်၊ ဘယ်ဘက် မျက်လုံး အဖြစ် ထုဆစ် နေပြီး၊ ဘုန်းလမင်း ဝိညာဉ် တော်မှာ၊ ညာ မျက်လုံး အဖြစ်၊ နေရာ ယူ၏။
မျက်ဝန်းများ အတွင်းမှ သွေးများ စီးကျလျက်၊ နဂါး ရောင်ဝါများ ပေါက်ကွဲ လာ တော့သည်။
“ ဒါ ... ဒါက ... ၊ ဘယ်လို ငရဲ မျိုးလဲ။ ”
နတ်မိစ္ဆာ မှော်ကျား ခမျာ တုန်ယင် လာပြီး၊ ဒူးထောက် ကျသွား၏။ တစ်ဖက်တွင် လင်းယွန် ကို နဂါး ဝိညာဉ် ပညာရပ် လေ့ကျင့်ရန်၊ ခွင့်ပြု မိသည့် အပေါ်၊ ခရမ်းငယ်မှ နောင်တ ရလာ သည်။
လင်းယွန် သည်သာ တစ်ခုခု ဖြစ်သွား ပါက၊ သူမ အပြစ် မကင်းချေ။ မပြည့်စုံ ခဲ့လျှင်ပင် နဂါး အဆင့် ပညာရပ် များမှာ၊ အစွမ်း ထက် ချေ၏။
သာမာန် လူများ ကျင့်ကြံရန် မဖြစ်နိုင်။ လင်းယွန်သည် သူတော်စင် မိုးပြာ နဂါး ခန္ဓာကို မလေ့ကျင့် ထားပါက၊ သေဆုံးရန် (၉၉) ရာခိုင်နှုန်း သေချာသည်။
“ သူ့ရဲ့ ကျင့်ကြံမှုက အားနည်း လွန်းတယ်။ ”
ခရမ်းငယ်မှ ညည်းတွား လိုက်၏။ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ သည်သာ၊ နဂါး သွေးလွှတ် ကြောကို ပိုင်ဆိုင် ထားသည့် အတွက်၊ နဂါး ခန္ဓာ အစိတ် အပိုင်း တစ်ခု ဖတ်တီးရန်၊ နီးစပ် ပေသည်။
သို့တိုင် ခက်ခဲ ပေ၏။ လောက နိယာမ နယ်ပယ် ရောက်မှ သာလျှင်၊ အလွယ် တကူ ပြီးမြောက် နိုင်သည်။
လင်းယွန် မှာမူ၊ ကျင့်ကြံမှု မမြင့်မား သော်လည်း၊ ရုပ်ခန္ဓာသည် တတိယ သွေးလွှတ် ကြောနှင့် ယှဉ်နိုင်သည်။
အဓိပတိ နဂါး လက်သီးသည်၊ နဂါး မိသားစု၌ ကာလ ကြာရှည် ပျောက်ကွယ်နေ ခဲ့သော၊ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်သည်။
ဧကရာဇ် နဂါး လက်သီးထက် ပို၍ ကြမ်းတမ်း သည်ဟု လူသိ များ၏။ ဧကရာဇ် လက်သီး ကပင်၊ အစွမ်းထက် နေပြီ ဖြစ်ရာ၊
“ အမှန်တော ... ငါ သူ့ကို ခွင့်မပြု သင့်ဘူး။ ”
-ဟု နောင်တရစွာ ညည်းညူ လိုက်မိသည်။
နည်းစနစ်မှာ မပြည့်စုံ သဖြင့်၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် မျှသာ၊ ခက်ခဲ မည်ဟု ထင်မိ ခဲ့ခြင်း ဖြစ်သည်။
အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် အများသည်၊ နဂါး ဝိညာဉ် ပညာရပ် များမှ ဆင်းသက် လာခြင်း ဖြစ်သဖြင့်၊ ထိုသို့ ယူဆ မိခြင်းလည်း ဖြစ်၏။
မပြည့် စုံသော၊ နဂါး ဝိညာဉ် ပညာရပ် တစ်ခု၏ အဆင့်သည်၊ ထိပ်တန်း တစ္ဆေ ဝိဉာဉ် ပညာရပ် အဆင့် နှင့်သာ ညီမျှ သည်။
သို့သော် လက်ရှိ မြင်ကွင်း အရ၊ လင်းယွန် တစ်ယောက် အမြင် အာရုံကို ဆုံးရှုံး နိုင်ချေ များ နေ၏။
သူတော်စင် တစ်ပါးပင်၊ မပြည့် စုံသော တာအို တစ်ခုကို ဆုပ်ကိုင်ရန်၊ ခက်ခဲကြောင်း သတိ ရလာ မိသည်။
“ ငါ ... ငါ အမှား လုပ်မိပြီ ... တောင်းပန် ပါတယ်။ ”
ခရမ်းငယ်က ထိုင်ပြီး ငိုတော့၏။ အချိန် မည်မျှ ကြခဲ့သည် မသိ၊ လက် တစ်ဖက်က သူမ ခေါင်းပေါ် လာအုပ် မှ သာလျှင်၊ အသိ ဝင် လာသည်။
“ ..... ။ ”
“ မင်း ... ၊ ဘာလို့ ငိုနေ တာလဲ။ ”
ထိုအသံ ရှင်ကို မော့မကြည့်ဘဲ၊ ခါးမှ သိုင်းဖတ်ကာ၊
“ တောင်းပန် ပါတယ် ... ၊ တောင်းပန် ပါတယ်၊ နင့် မျက်လုံးတွေ အစားထိုး နိုင်အောင် ငါပြန် ရှာပေး ပါ့မယ်၊ ကတိပေး ပါတယ်။ ”
-ဟု ဝမ်းနည်း လွန်းသော အသံဖြင့် တောင်းပန် မိသည်။
“ မင်း ဘာတွေ ပြောနေ တာလဲ ဧကရီ။ ”
လင်းယွန်မှ ပြုံးသည်။
“ နင် ... မျက်စိ ကန်းသွားတာ မဟုတ် ဖူးလား။ ”
အံ့အားသင့် သွားပြီး၊ ခရမ်းငယ်က ခေါင်း မော့ကြည့် လိုက်၏။ တောက်ပသော မျက်ဝန်း တစ်စုံနှင့် လင်းယွန်မှ သူမအား ကြည့်နေသည်။
“ မင်းက ဖီးနစ် တစ်ကောင်ပဲ၊ ဘာလို့ အမြဲ ငိုနေ ရတာလဲ။ ”
“ ဟမ့် ... ၊ ငါ မငိုဘူး၊ လေက အရမ်း တိုက်လာလို့ ... ၊ အမှိုက်ဝင် သွားတာ။ ”
“ ကောင်းပြီ ... လေကြောင့်ပဲ ဖြစ်ပါစေ၊ ဟား ဟား ဟား ... ။ ”
“ နင် မရယ်နဲ့ ... ၊ ငါ စိတ်ဆိုး လာပြီ။ ”
“ ကောင်းပြီ ... ၊ ကောင်းပြီ ... ငါ မရယ် တော့ဘူး။ ”
လင်းယွန်က ခရမ်းငယ်ကို ပခုံးပေါ် ကောက်တင်ကာ၊ ကျောက်စာတိုင် ဆီသို့ လျှောက်လှမ်း လာခဲ့ သည်။
ကျောက်စာတိုင် ရှေ့တွင် ရပ်လိုက်ပြီး၊ ပျောက်ဆုံး နေသော အဓိပတိ နဂါး လက်သီး၏ အစိတ် အပိုင်းများ ရှိ-မရှိ၊ ထပ်မံ စစ်ဆေး၏။
စောစောပိုင်း၌၊ မျက်စိ ကွယ်လုနီးပါး အန္တရာယ် ကြုံခဲ့ ရသည်။ သို့သော် နတ်နဂါးပြာ အရိုး၏ နတ်ဘုရား ရူရ်က၊ ထိုအခြေ အနေမှ၊ သူ့ကို ကယ်ခဲ့၏။
“ အဓိပတိ နဂါး လက်သီး အတွက်၊ ဘုန်းဝိညာဉ် တွေကို ... ၊ ဘာကြောင့် သန့်စင်ဖို့ လိုအပ်လဲ ဆိုတာ ငါ သိပြီ။ ”
လင်းယွန်က ကျောက်စာ တိုင်အား ဂရုတစိုက် ဖတ်ကြည့် ပြီးနောက် ပြောလိုက် သည်။
“ ဘာကြောင့်လဲ ... ။ ”
ခရမ်းငယ်မှ မေး၏။
“ နဂါး ရောင်ဝါ ... ။ ”
လင်းယွန်က ပြန်ဖြေသည်။
“ တကယ်တော့ ကျင့်ကြံ သူပဲ ဖြစ်ဖြစ် ... ၊ နတ်ဆိုး သားရဲပဲ ဖြစ်ဖြစ်၊ နဂါး အဆင့် ပညာရပ် တွေကို လေ့ကျင့် ချင်ရင်၊ မျက်ဝန်းတွေ ကနေ နဂါး ရောင်ဝါကို ထုတ်လွှတ် ပေးရမယ်၊ ငါ့မှာ နတ်နဂါး အရိုးနဲ့၊ ...
... မွေးရာပါ သူတော်စင် နဂါး ခန္ဓာကိုယ် အဆင့်ကို ရောက်နေတာ တောင်မှ၊ မျက်ဝန်းက လူသား မျက်ဝန်း အဆင့် မှာပဲ ဖြစ်နေလို့၊ ...
... နဂါး ရောင်ဝါ ထုတ်လွှတ်လို့ မရဘူး၊ ဒါကြောင့် မျက်ဝန်း တွေကို ... သန့်စင် ပေးဖို့ လိုနေ တာပဲ။ ”
လင်းယွန် စကားကြောင့်၊ ခရမ်းငယ်က နားလည် သွားသည်။ ယခင် အချိန် များ၌ နဂါး အရိုးမှ ရောင်ဝါ ထုတ်လွှတ် ပေးသော်လည်း၊ ယင်းက အတု ပေပင်။ ရောင်ဝါ ဟူသည် မျက်ဝန်းမှ ထုတ်လွှတ်ရခြင်း ဖြစ်၏။
ဆိုလို သည်မှာ နေမင်းနှင့် လမင်းကဲ့သို့၊ သူ့မျက်ဝန်း များမှ ကြီးစိုးသော ရောင်ဝါအား၊ ထုတ်လွှတ် နိုင်မည် ဖြစ်သည်။
ဝိညာဉ် များသည် နဂါး သွေးပေါ် အခြေပြုကာ မွေးဖွား ထားသဖြင့်၊ မျက်ဝန်း အသစ် တစ်စုံ ဖြစ်လာခြင်း ဖြစ်၏။
သို့သော် လောလော ဆယ်၌ မျိုးစေ့ အဆင့် တွင်သာ ဖြစ်သည်။ ယင်းကြောင့် တဖြည်းဖြည်း ကြိုးစား သန့်စင် ပေးရ ပေမည်။
ရုတ်တရက် စမ်းကြည့်ရန် စိတ်ကူး ရလာ၏။
“ ကျားလေး ... ၊ ငါ့ကို ကြည့်စမ်း ... ။ ”
လင်းယွန်က နတ်နဂါးပြာ အရိုးကို အသက်သွင်း လိုက်သည်။ မျက်ဝန်းများ ထဲသို့ နဂါး ရောင်ဝါများ ဝင်လာပြီး၊ နတ်မိစ္ဆာ မှော်ကျားထံ ကြည့်လိုက်၏။
“ အွန် ... ။ ”
နတ်မိစ္ဆာ မှော်ကျားမှာ အနည်းငယ် ထစ်ငေါ့ သွားသည်။ သို့သော် လင်းယွန် မျက်ဝန်း များကို ကြည့်မိဆဲ ဖြစ်သည်။
ယင်းက နတ်နဂါးကို ကြည့်မိ သကဲ့သို့ ရုတ်တရက် မထင်မှတ် နိုင်သော ဖိအား တစ်ခု ခံစား လိုက်ရ၏။
လင်းယွန် မျက်ဝန်း အတွင်း၌၊ နေနှင့် လ ပြိုင်တူ လင်းနေသည့်၊ ကြယ်စုံ ကောင်းကင် ကြီးကို၊ မြင်တွေ့ နိုင်သည်။
“ ဝေါ့ ... ။ ”
ထို့ကြောင့် ကျားဘုရင် အရိုးကို အသက် သွင်းမိ၏။ သို့သော် မည်မျှ ကြိုးစားစေ ကာမူ တောင့်မခံ နိုင်ချေ။ သွေးသုံးကြိမ် အန်လျက်၊ မြေပြင်ပေါ် လဲကျသွား လေသည်။
***