သူတော်စင် တပည့်များ။
Vol. 112 Ch. 1558
နတ်မိစ္ဆာ မှော်ကျား၏ မျက်နှာတွင် မယုံကြည် နိုင်စရာ အမူ အရာ ပေါ်လာသည်။ အဆုံးတွင် သူ ဟူသည် ဘုရင် သားရဲ ဖြစ်၏။
ထို့ကြောင့် အကြည့် တစ်ချက်ဖြင့် သွေးအန်စေ ခဲ့သည်မှာ အဓိပ္ပါယ် မရှိချေ။ ယင်းက နတ်နဂါး ရောင်ဝါ၏ စစ်မှန်သော စွမ်းအား ပေပင်။
“ ဘယ်လောက် သနား စရာ ကောင်း လိုက်လဲ ... ။ ”
ခရမ်းငယ်က မှော်ကျားအား ကြည့်ကာ ပြုံးသည်။ နဂါးလေးမှာ နားမလည် ဟန်ဖြင့်၊ ခေါင်းကုတ် ၏။
“ ဒီလက်သီး နည်းစနစ်က တကယ် မပြည့်စုံ ဘူး။ ”
လင်းယွန်က လေးနက်သော အမူအရာဖြင့် ပြောသည်။
“ ဟုတ်တယ် ... အရေးကြီးတဲ့ အပိုင်း ပျောက်နေတယ်၊ ပုံစံ လေးမျိုးပဲ နင် လေ့ကျင့် နိုင်မယ်။ ”
ခရမ်းငယ်မှ ပြန်ပြောသည်။
“ ဒါက နည်းနည်းခက် လိမ့်မယ် ... ၊ အားလုံးကို မေ့ မသွားအောင် အရင် မှတ်ထား ရမယ်။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ကျောက်စာတိုင် ပေါ်တွင် မှတ်တမ်းတင် ထား သည့်၊ ပုံစံ လေးမျိုးမှာ နတ်နဂါး ပျံသန်းခြင်း၊ နတ် နဂါး အမိန့်၊ နတ်နဂါး ဒေါသနှင့် နောင်တမဲ့ နတ်နဂါးတို့ ဖြစ်သည်။
ထိုအပြင် အဓိပတိ နဂါး တံဆိပ်လည်း ရှိသေးသည်။ ၎င်းတံဆိပ်သည် ဤလက်သီး နည်းစနစ်၏ အခြေခံ အုတ်မြစ် ဖြစ်၏။
တံဆိပ် မပါဘဲ၊ အဓိပတိ နဂါး လက်သီးကို ထုတ်ဖော်၍ မရချေ။
တစ်ဖက်တွင် ၎င်းတံဆိပ်အား နားလည် ထားပါက၊ အဓိပတိ နဂါး လက်သီး၏ ပုံစံ (၄) မျိုးကို၊ မထုတ်ဖော် နိုင်လျှင်ပင် နေမင်းနှင့်၊ လမင်း စွမ်းအားကို ထုတ်လွှတ် နိုင်မည်။
ထို့ကြောင့် တံဆိပ်ကို ကိုဖွဲ့စည်းရန် ကြိုးစားခြင်းသည် အကျိုးရှိ ပေ၏။ သိုသော် ကျောက်စာ တိုင်၌၊ တံဆိပ် ပုံစံ အပြည့် အ၀ ပါလျှင်ပင်၊ လေ့ကျင့်ရန် မလွယ် သေးချေ။ ၎င်းက နက်နဲ ပေသည်။
ခန္ဓာကိုယ် အတွင်း ကြယ် စွမ်းအင်များ ဖြန့်ကျက်ကာ ကြွက်သားများ၊ နဂါး ရူရ်များ၊ သွေးသား များနှင့်၊ အရိယာ ကောင်းကင် ဓားကို အသင့် ပြင်လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ နဂါး ခန္ဓာ၊ အရိယာ ဓားသုတ္တန်နှင့်၊ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားအား၊ ဖြန့်ဝေ မိ၏။
“ ဝှစ် ... ။ ”
ထို့နောက် လက်ချောင်း များက၊ လေထု အလယ် နှေးကွေးစွား လှုပ်ရှား လာတော့သည်။ ယင်းက တံဆိပ် တစ်ခု ပုံသဏ္ဍာန် ပေပင်။
တစ်ချက် လှုပ်တိုင်း၊ သွေးသား စွမ်းအင် များက၊ အကန့် အသတ်မဲ့ ကုန်ဆုံး သွားပြီး၊ နဂါး ရောင်ဝါ အဖြစ် ပြောင်းလဲ လာသည်။
တံဆိပ် ဆယ်ခုကို ပြီးနောက်၊ နဂါး ရောင်ဝါသည် ဆယ်ဆ တိုးလျက်၊ သူ့ ခန္ဓာမှ ရုန်းထွက် တော့၏။
ကန့်သတ်ချက် ရောက်ချိန်၌၊
“ အဓိပတိ နဂါး တံဆိပ်။ ”
-ဟု ကြွေးကြော် လိုက်သည်။
မျက်ဝန်းများ ရွှေရောင် တောက်ပ လာပြီးနောက်၊ ရိုင်းစိုင်း ကြမ်းကြုတ် လှသော ရောင်ဝါများ ပြေးထွက် သွားသည်။
သို့သော် ၎င်းအဓိပတိ နဂါး တံဆိပ်က အားနည်းလွန်း သဖြင့်၊ သူ့အား စိတ်ပျက်သွား စေတော့သည်။
“ လို သေး တယ် ... ။ ”
ကျောက်စာတိုင်မှ နဂါး ဟောက်သံ ထွက်ပေါ် လာပြီး၊ ရောင်စင် ခုနစ်သွယ် ဖြာ ထွက် လာသည်။
ဆိုလို သည်မှာ သူ့ လုပ်ငန်းစဉ် မှန်ကန်ကြောင်း တုန့်ပြန် လာခြင်း ဖြစ်သည်။ ဆက်သွား နေသရွေ့၊ သေချာပေါက် ပြည့်စုံ သော တံဆိပ် တစ်ခု ဖြစ်လာ နိုင်၏။
ပထမ နေ့တွင် အကြိမ်ပေါင်း (၃၀၀၀) ကြိုးစား ပြီးနောက်၊ သွေးသား စွမ်းအင်နှင့် ကြယ် စွမ်းအင်များ ကုန်ဆုံး သွားသည်။
ထို့ကြောင့် နတ်မိစ္ဆာ မှော်ကျားအား အသီးအနှံများ အဆတ် မပြတ် ထောက်ပံ့ စေ လိုက်၏။
ဒုတိယ နေ့တွင်၊ သွေးသား စွမ်းအင်နှင့် ကြယ်စွမ်းအင် (၄) ကြိမ် ကုန်ဆုံး သွားရကာ၊ တံဆိပ်ပေါင်း (၁၃၀၀၀) ဖွဲ့စည်း မိ၏။
တတိယ မြောက် နေ့၌၊ သွေးသား စွမ်းအင်နှင့်၊ ကြယ်စွမ်းအင်မှာ (၆)ကြိမ် ကုန်ဆုံး ပြီး၊ တံဆိပ် (၂၀၀၀၀) အထိ ဖန်တီး ခဲ့သည်။
အကြိမ်တိုင်း နာကျင်နေ သဖြင့် ရပ်ပြီး အနားယူ ချင်မိ၏။ ဤသို့ လုပ်မိ ပါက ကျရှုံး ခြင်း မည်ပေမည်။
ထို့ကြောင့် အံကြိတ်ကာ ခံနိုင်ရည် မွေးယူ လိုက်ရသည်။ အဆုံးတွင် ရောင်ခြည်တော် (၇) ပါး ထုတ်လွှတ် နေသည့်၊ တံဆိပ်အား ဖွဲ့စည်း နိုင်ခဲ့သည်။
“ အဓိပတိ နဂါး တံဆိပ်။ ”
တံဆိပ်မှ ရောင်ခြည် (၇)ပါး ဖြာထွက် လာပြီး၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။ သူ့ရောင်ဝါ သည်လည်း ပင်မ နတ်ဘုရား ကန့်သတ် ချက်ကို ကျော်ဖြတ် လာ၏။
ယင်းက ပထမ သွေးလွှတ်ကြော နယ်ပယ်ရောက်၊ ကျွမ်းကျင်သူ ထက်ပင် သာလွန် သိပ်သည်း နေသည်။
“ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”
“ နဂါး နေမင်းနှင့် လ ဆေးအိုး ... ။ ”
“ ထာဝရ အလင်း ... ။ ”
အဓိပတိ နဂါး တံဆိပ်ကြောင့်၊ ‘နေ-လ လက်သီး’ သည်ပင်၊ များစွာ ပြောင်းလဲ လာခဲ့ လေ သည်။
သုံးကြိမ် တိုင်တိုင် ထိုးနှက် ပြီးနောက်၊ ကောင်းကင်မှာ အရောင် ဖျော့လျက်၊ တုန်ယင် လာ၏။ ၎င်းသည် စင်ကြယ်သော ဝိညာဉ်တော် အဆင့်မှ၊ ကျိုးပြတ် သွားခြင်း ဖြစ်သည်။
“ အဓိပတိ နဂါး တံဆိပ်က၊ အခုမှ ဖွဲ့စည်းကာစ ဆိုပေမယ့်၊ အရမ်း အားကောင်း နေပြီ၊ ပထမ ပုံစံ ကိုသာ ကျွမ်းကျင်ရင် ဘယ်လောက် အစွမ်းထက် မလဲ။ ”
လင်းယွန်၏ မျက်လုံးများ မှေးစင်း လာသည်။ ပြီးခဲ့သော ရက်များ အတွင်း သူသည် တံဆိပ်အား ဖွဲ့စည်း နိုင်ခဲ့၏။
ထို့နောက် ‘အဓိပတိ နဂါး လက်သီး၏ နတ်နဂါး ပျံသန်းခြင်း’ ပုံစံကို၊ စတင် လေ့ကျင့် လိုက်သည်။
နောက်ထပ် တစ်လ ကုန်လွန် ပြီးနောက် ကျွမ်းကျင် လာ၏။ လက်သီးကို ပစ်သော အခါ၊ နတ်နဂါး ထွက်လာမည် ဖြစ်သည်။
“ ဟိတ် ... ။ ”
ကောင်းကင်ပေါ် ပျံတက်လျက်၊ အဓိပတိ နဂါး တံဆိပ်ကို ထုတ်ဖော် လိုက်ရာ၊ နတ်နဂါး တစ်ရာ ခန္ဓာ ကိုယ်မှ ပျံထွက် လာသည်။
ဆယ်မိုင် အကွာတွင် ရှိသော တောင်ကြီးသည် ထိုလက်သီး ချက်ကြောင့်၊ အမှုန် အဖြစ်သို့ ပြောင်းလဲ သွား၏။
ကနဦး ကျွမ်းကျင်မှုသို့ ရောက်ချိန်၌၊ နဂါး (၁၀၀၀)ကို လွှတ်ထုတ် နိုင်ပြီ ဖြစ်သည်။ အခြား ပုံစံ များကို ကျွမ်းကျင် ပြီးမှသာ၊ ထိုထက် ပိုသော ခွန်အား ပြသ နိုင်ပေမည်။
“ ဒါက ပင်မ နတ်ဘုရား နယ်ပယ်မှာ ချန်ပီယံ ဖြစ်နိုင် လောက်တယ် မဟုတ်လား၊ အနည်း ဆုံးတော့ ထိပ်တန်း ဆယ်ယောက် အတွင်း ဝင်ဖို့၊ သေချာ နေပြီ။ ”
ဤကာလ အတွင်း၊ နတ်နဂါးပြာ အရိုး၏ အလား အလာကို တူးဖော်ရန် အတွက်၊ အစွမ်း ထက်သော အသီး အနှံများ၊ ထပ်မံ စားသုံး ခဲ့သည်။
ထို့ကြောင့် ကြယ်ကိုးပွင့် အထွတ် အထိပ် သို့တိုင်၊ ရောက်ရှိ လာသည်။ ငရဲပန်းကို သန့်စင် ချိန်၌၊ နဂါး သွေးလွှတ်ကြော အထိ၊ တက်လှမ်း နိုင်သော်လည်း၊ အုတ်မြစ် ခိုင်မာ စေရန်၊ ဖိနှိမ် ထားခဲ့သည်။
ပြန်ချိန် တန်ပြီ ဖြစ်သဖြင့်၊ ကျောက်စာ တိုင်ကြီး ပေါ်ရှိ၊ အဓိပတိ နဂါး လက်သီး၏ ပုံ များကို၊ အလွတ် ကျက်မှတ် လိုက်သည်။
“ သခင် လင်း ... ၊ မင်း ပြန်တော့ မို့လား။ ”
နတ်မိစ္ဆာ မှော်ကျားက ရွှင်မြူးစွာ ပြေးလွှား လာသည်။
“ မင်းရဲ့ နှင်းဖြူ ဓားကို ... ၊ ငါ့ပေးစမ်း။ ”
လင်းယွန်မှ တောင်းဆို လိုက်၏။ ထိုစကားကို ကြားသော အခါ မှော်ကျားမှာ ထိတ်လန့် သွားပြီး၊
“ သခင် လင်း ... ၊ ဒီသူတော်စင် ဓားကို ပိုင်ဆိုင်ခွင့် ရအောင် ... ၊ အများကြီး ငါကြိုးစား ထားရတာ။ ”
“ ဘာတွေ ပြောနေ တာလဲ ... ၊ ထွက် သွားတော့ ... မင်း အတွက် ဒီဓားရေးကို၊ ငါ ပြင်ပေး မလို့၊ ...
... မင်း ဓားရေးက နတ်ဆိုး သားရဲတွေ အတွက် လုံလောက် ပေမယ့် ... ၊ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ အမြင် မှာတော့၊ အားနည်းချက် တွေ အများကြီး ရှိနေတယ်။ ”
ထိုစကားကြောင့် နတ်မိစ္ဆာ မှော်ကျားမှာ စိတ်လှုပ်ရှား လာသည်။ အဆုံးတွင် လင်းယွန်၏ ဓားရေး မည်မျှ ထက် သည်ကို သူ သိ၏။
၎င်းထံမှ သင်ကြားခွင့် ရပါက၊ ဝမ်းသာ စရာ ဖြစ်ပေမည်။
“ သေချာ ကြည့် ... ။ ”
လင်းယွန်က ဓားကို ယူပြီး၊ ကစားပြ လိုက်တော့သည်။ သူ့ဟန်၌ ပြီးပြည့် စုံသော ကျွမ်းကျင် ပိုင်နိုင်မှု လက္ခဏာများ၊ ပါဝင် နေ၏။
အဆုံးတွင် သရုပ်ဖော် အဆင့် အထိ၊ ရောက်ရှိသွား သောကြောင့် နတ်မိစ္ဆာ မှော်ကျား ခမျာ၊ တုန်လှုပ် သွားသည်။
“ ကောင်းပြီ ... ၊ ငါ သွားတော့မယ်။ ”
လင်းယွန်က ဓားကို ပြန်ပေးပြီး၊ ပြုံးကာ နှုတ်ဆက် လိုက်သည်။ ၎င်းနှင့် မရင်းနှီး သော်မှ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် ဖြစ် သဖြင့်၊ သူ့အတွက် မခက် လှချေ။
ဓားဂိုဏ်းသို့ ပြန်ရောက သည့်နှင့် ချက်ခြင်း အိပ်ပျော် သွား၏။ (၇)ရက် ကုန်လွန် ပြီးနောက် မူချင်းချင်း ရောက် ရှိလာသည်။
“ အစ်ကို လင်း၊ ငါတို့ သွားရမယ့် အချိန် ရောက်ပြီ။ ”
“ ... ။ ”
“ အစ်ကို လင်း ... ။ ”
တုန့်ပြန်မှု မရ သဖြင့်၊ မူချင်းချင်းမှ ထပ်ခေါ် လိုက်၏။
“ လာပြီ ... ၊ လာပြီ ... ။ ”
သို့မှသာ လင်းယွန် ပြန်ဖြေသံ ကြားလာ ရသည်။
“ ဘာတွေ လုပ်နေ တာလဲ၊ ယဲ့ဇီလင် တို့တောင် ရောက်နေပြီ ... ၊ နေဦး ထူးဆန်း တယ်၊ အစ်ကို လင်းက ပိုချော လာ သလိုပဲ။ ”
မူချင်းချင်းက လင်းယွန်အား၊ အထက်-အောက် အစုန် အဆန် ပြန်ကြည့်သည်။ သူမကို စွဲလမ်း စေသော ထိုမျက်လုံး များမှာ၊ ပို၍ပင် စူးရှ လာ၏။
“ ဒီဧည့်ခံ ပွဲမှာ အစ်ကို လင်း နောက်ကို၊ မိန်းကလေး ဘယ်လောက် များများ လိုက်လာ မလဲ သိချင်သား။ ”
“ ဂျူနီယာ ညီမလေး ... ၊ မင်း အရမ်း ဟာသတွေ ပြောတတ် တာပဲ။ ”
“ နေဦး ... ဒါက ကြယ်ခြောက်ပွင့် မဟုတ်လား။ ”
မူချင်းချင်းမှ အော်ဟစ် လိုက်၏။ လင်းယွန်က ပြန် မပြောဘဲ၊ ပြုံးရုံသာ ပြုံးပြ သည်။
အမှန် တကယ်တွင် သူ့ ခွန်အားမှာ၊ ကြယ်ကိုးပွင့် အထွတ် အထိပ်တွင် ရှိကာ၊ ဆန္ဒ ရှိသည့် အချိန်တိုင်း၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့၊ တက်ရောက် နိုင်သည်။
သို့သော် အာရုံ စူးစိုက်မှု မခံချင် သဖြင့်၊ သူ့ခွန်အားကို ဖုံးကွယ်ရန် လိပ်နက် သက်ရှူ နည်းဖြင့်၊ ဖုံးကွယ် ထားခြင်း ဖြစ်သည်။
“ အစ်ကို လင်းရဲ့ ... ကြီးထွား နှုန်းက သူတော်စင် တပည့် တွေထက် မနှေး ပါလား။ ”
သူတော်စင် တပည့် များသည်၊ သူတို့ ဆရာများ၏ လမ်းညွှန်မှု ခံယူကာ၊ သူတော်စင် တောင်ပေါ်၌ ကျင့်ကြံ ကြ၏။
ထို့ပြင့် အရင်း အမြစ် မျိုးစုံ သုံးစွဲခွင့် ရပြီး၊ တစ်နှစ် အတွင်း ကြယ်ခြောက် ပွင့်သို့ ရောက်ရှိ လာခဲ့ ကြ လေသည်။
***