← Chapters

ကောင်းကင် ရေကန် စံအိမ်။

Vol. 112 Ch. 1559

ကောင်းကင် ရေကန် စံအိမ်။

Vol. 112 Ch. 1559

နှစ်ယောက်သား တောင်ခြေ ဆင်းလျက်မှ စကား စမြည် ပြောလာခဲ့ ကြသည်။ သူတို့အား တောင်ခြေ ရင်း၌ လူ အနည်းငယ် စောင့်မျှော် နေ၏။

မူရွယ်ချင်းမှ အဖွဲ့ကို ဦးဆောင်ပြီး နောက်ထပ် လူငယ် နှစ်ယောက်က သူမ ဘေးတွင် ရပ်နေသည်။

၎င်းတို့သည် ကောင်းကင် အဆင့် တပည့်များ ဖြစ်၏။ တစ်ဦးသည် ကောင်းကင် အဆင့် (၁၀) ၌ ရှိသော ကြက်သွေးရောင် တောင်ထိပ် တပည့် ကျိုးယွမ် ဖြစ်သည်။

ဒုတိယ မြောက် သွေးလွှတ်ကြော နယ်ပယ်တွင် ဖြစ်၏။ ကျန် တစ်ယောက် မှာ လည်း၊ ကြက်သွေးရောင် တောင်ထိပ်မှ ဖြစ်ပြီး၊ ကောင်းကင် အဆင့် (၈) ဖြစ်သည်။

အထူး သဖြင့် ကောင်းကင် အဆင့်၏ တတိယ ဖြစ်သော မူရွယ်ချင်းသည် ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ ကျော်ကြားမှု အချို့ ရှိ၏။

သို့သော် ဤတစ်ကြိမ်တွင် သူမမှာ ဇာတ်ဆောင် မဟုတ်ချေ။ သူမ နောက်တွင် ရပ်နေသော လူငယ် လေးယောက် ဖြစ်သည်။

ထိုသူ များသည် သူတော်စင် တောင်တန်း ကြီးမှ ထွက်ခွာ လာသော သူတော်စင် တပည့် များ ပေပင်။

မြစိမ်းရောင် တောင်ထိပ် သူတော်စင် သခင်နှင့် တော်ဝင် တောင်ထိပ် သူတော်စင် သခင်သည်၊ ဓားပညာ အမွေ မပေးနိုင် သော ကြောင့်၊ သူတို့၏ တပည့် များအား ပေးပို့ နိုင်ခြင်း မရှိ ခဲ့ချေ။

ထို့ကြောင့် အပြာရောင် တောင်ထိပ်၏ အပြာရောင် မုန်တိုင်း သူတော်စင် သခင် တပည့် ကျင်းချန်၊ မရဏ တောင်ထိပ် သူတော်စင် သခင် တပည့် ယဲ့ဇီလင်၊ ရွှေတောင်ထိပ် ကောင်းကင် နှလုံးသား သူတော်စင် တပည့် ကျောက်ယန်နှင့်၊ ကြက်သွေးရောင် တောင်ထိပ်၊ ကြက်သွေးရောင် နေမင်း သူတော်စင် သခင် တပည့်၊ ယဲ့ဇီယွင်တို့ ဖြစ်သည်။

ထို့အပြင် မြေကြီး အဆင့်မှ၊ ကြယ်နှစ်ဖော် ဖြစ်သည့် ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် တို့လည်း ပါဝင်သည်။

လင်းယွန်က ယဲ့ဇီလင်နှင့် အကြည့်ချင်း ဆုံကာ ပြုံးပြ လိုက်မိသည်။ သူတို့ နှစ်ယောက် မတွေ့ ရသည်မှာ တစ်နှစ် ကျော်ရှိပြီ ဖြစ်သော် ငြားလည်း၊ စိမ်းကား သွားခြင်း မရှိချေ။

သူမ၏ ကျင့်ကြံမှုသည် ကြယ်ခုနစ်ပွင့်၌ ရှိနေ၏။ ကျောက်ယန်နှင့် ယဲ့ဇီယွင် မှာမူ ကြယ် ခြောက်ပွင့် ဖြစ်သည်။

ဤကဲ့သို့ မြင့်မားသော ကျင့်ကြံမှု ရရှိ ခြင်းသည် သူတော်စင် များ၏ လမ်းညွှန်မှုဖြင့် မရနိုင်ချေ။ ကိုယ်ပိုင် အရည် အချင်း ရှိရန်လည်း လိုသည်။

“ သခင်လေး လင်း၊ ငါတို့ မတွေ့တာ ကြာပြီနော်၊ ငါ မင်းကို အရမ်း လွမ်းတာပဲ။ ”

ယဲ့ဇီယွင်က ရွှတ်နောက် နောက်နှင့် နှုတ်ဆက် လာသည်။ သူမသည် လင်းယွန်ကို စိတ်ဝင်စား ခြင်းကြောင့် မဟုတ်ဘဲ ယဲ့ဇီလင် အပေါ်၊ စုံစမ်း လိုခြင်း ဖြစ်သည်။

“ မင်း ... ငါ့ကို စီနီယာ အစ်ကိုလို့ ခေါ်သင့်တယ်။ ”

လင်းယွန်မှ ပြုံးကာ ပြန်ပြော လိုက်သည်။

“ ဟား ဟား ဟား ... ၊ ဟုတ်တယ် ဒါက ငါတို့ကို ပိုနီးစပ် စေလိမ့်မယ်။ ”

ယဲ့ဇီလင်ကို ကြည့်ပြီး ပြန်ဖြေ၏။ ယဲ့ဇီလင်ထံမှ တုံ့ပြန်မှု မရှိ သည်ကို မြင်သော အခါတွင်၊ စိတ်ဝင်စားမှု ပျောက်ဆုံး သွားသည်။

“ အစ်ကို လင်း၊ မတွေ့တာ အတော် ကြာပြီနော်။ ”

ကျင်းချန်မှ ပြုံးပြီး နှုတ်ဆက် လာသဖြင့်၊ လင်းယွန်မှ ခေါင်းညိတ်ကာ တုံ့ပြန် လိုက်သည်။

“ သူတို့တွေ အားလုံးက ... ၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် တေွကို၊ လေ့ကျင့်ထား တယ်လို့ ကြားတယ်။ ”

“ ပင်မ နတ်ဘုရား နယ်ပယ်နဲ့ ... ၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ်၊ လေ့ကျင့် တာလား၊ ဒါက မဖြစ် နိုင်တာ ... ။ ”

“ မင်း အတွက် မဖြစ်နိုင် ပေမယ့် ... ၊ သူတို့လို သူတော်စင် တပည့်တွေ အတွက်တော့ ဖြစ်နိုင် ပါတယ်။ ”

“ စီနီယာ အစ်ကိုလင်း တောင်၊ သူတို့နဲ့ တွဲရပ် လိုက်တဲ့ အခါ၊ မှိန်ဖျော့ သွား သလိုပဲ … ။ ”

“ စီနီယာ အစ်ကို လင်းက၊ သူတော်စင် တပည့် ဖြစ်ပေမယ့်၊ သိုင်းဘိုးဘေး သက်တံက အချိန် အများကြီး မပေးနိုင် ခဲ့ဘူး၊ မဟုတ်ရင် သူတို့ထက် သာလွန် နေမှာ သေချာတယ်။ ”

နောက်မှ ရောက်ရှိလာ သူများက လင်းယွန်အား သူတော်စင် တပည့် များနှင့် နှိုင်းယှဉ် ကြည့်မိ ကြသည်။

သူတော်စင် တပည့်များ ကြားတွင်၊ ကျင်းချန်မှာ ကြယ် ခုနစ်ပွင့် အထွတ် အထိပ် ဖြစ်ပြီး၊ လူတိုင်းထက် ပေါ်လွင် နေသည်။

ကြယ်ရှစ်ပွင့်သို့ ရောက်ရှိ တော့မည့်၊ အရိပ်အယောင် များပင် ပြသ နေ၏။ ရောင်ဝါ အရ ဆိုသော် ယဲ့ဇီလင်မှာ၊ အတည် ငြိမ်ဆုံး ဖြစ်သည်။

ကျောက်ယန် ကမူ သိသိ သာသာ ပြောင်းလဲမှု မရှိချေ။ သူ၏ တည်ရှိမှုကို လူတိုင်း လျစ်လျူရှု မိစေသည်။

“ ဂျူနီယာ လင်း ... ၊ မင်း အချိန်တိုင်း ကျင့်ကြံ နေတာလား။ ”

မူရွယ်ချင်းမှ မေးသည်။

“ ဟုတ် ကဲ့ ... ။ ”

လင်းယွန်က ပြန်ဖြေ၏။ ထို့နောက် တိတ်ဆိတ် သွားပြီး၊ များမကြာမီ ဓားဂိုဏ်း အလံ လွှင့်ထူ ထားသော၊ လေသင်္ဘော တစ်စင်း တဖြည်း ဖြည်းချင်း ဆင်းသက် လာသည်။

“ သွား ရ အောင် ... ။ ”

မူရွယ်ချင်း ဦးဆောင်ကာ လူတိုင်း သင်္ဘောပေါ် တက်လိုက် ကြသည်။ ဓားဂိုဏ်းနှင့် ကောင်းကင် ရေကန်သည် ဝေး၏။

ကိုယ်တိုင် ပျံသန်း ရမည် ဆိုသော် အနည်းဆုံး ဆယ့်ငါးရက်ခန့် ကြာပေ လိမ့်မည်။ လေသင်္ဘော ဖြင့်ဆိုက၊ နှစ်ရက်- သုံးရက် မျှသာ ကြာ၏။

ထို့ပြင် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များမှ တိုက်ခိုက် ခြင်းကို၊ ခုခံပေး နိုင်သည်။

လေသင်္ဘောက တိမ်ပင်လယ် အတွင်း ပျံသန်း နေစဉ်၊ ကောင်းကင် ရေကန် ဧည့်ခံပွဲ၏ သတိထား ရမည့်၊ အရာများ အပါ အဝင် ဂိုဏ်း အသီးသီး၏ လက်ရှိ အခြေ အနေကို မျှဝေ ပေးသည်။

အင်အားကြီး ဂိုဏ်း ရှစ်ဂိုဏ်း အတွက်၊ ခွဲတမ်းကို အဆင့် အလိုက် ခွဲခြား ပေးထား သည်။

မူရွယ်ချင်း၊ ရီရွှမ်ချင်းနှင့် ကူရို့ချန်တို့၊ နဂါးသေွး လွှတ်ကြော ရောက်ရှိ ပြီးနောက်၊ ဓား ဂိုဏ်း၏ အဆင့်မှာ (၅) ဖြစ် သွားသည်။

ထို့ကြောင့် ဓားဂိုဏ်းသည် အမာခံ ခွဲတမ်း တစ်ခုသာ ရရှိ နိုင်ခဲ့သည်။ ၎င်းက ဂိုဏ်းအတွက် အလွန် အရှက်ရ စဖွယ် ဖြစ်၏။

ဤတစ်ကြိမ်တွင် တပည့် များ၏ စိတ်ဓာတ်ကို မြှင့်တင် ပေးရန်၊ မူရွယ်ချင်းမှ ဦးဆောင် ခဲ့ခြင်း ပေပင်။

“ ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက်က ဘယ်သူလဲ။ ”

ကျင်းချန်မှ မေးသည်။ သူသာ အလို ရှိက ကြယ်ရှစ်ပွင့်သို့ ရောက်နိုင် သဖြင့်၊ ယုံကြည်မှု အပြည့် ရှိနေသည်။

“ ပြိုင်ဖက် တွေက အများကြီး ရှိတယ်၊ အဓိက ပြိုင်ဘက် ဖြစ်တဲ့၊ ကောင်းကင်ယံ ဂိုဏ်း အပြင်၊ ကောင်းကင် ဓားမော့ ခန်းမ၊ မိုးကြိုး ကျောင်းတော်နဲ့ မြကျောက်စိမ်း စံအိမ် တို့လည်း ရှိတယ်၊ အထူး သဖြင့် ...

... မိုးကြိုး ကျောင်းတိုက်က သူတို့ရဲ့ ခွန်အားကို ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ် ထား ခဲ့တယ်၊ ဒါကြောင့် အသေးစိတ် အချက် အလက် တွေကို သိဖို့ မလွယ်ဘူး။ ”

ရှေးဟောင်း ပျက်သုဉ်း မြေသည် အမြင် အရ ငြိမ်သက် နေပုံရ သော်လည်း၊ ၎င်းအောက်တွင် ရေစီးကြောင်း တစ်ခု ရှိ နေပေသည်။

သက်တံဓား သူတော်စင် သေဆုံးသော ခါတွင် ထိုရေစီး ကြောင်းမှာ၊ လှိုင်းအသွင် ကူးလျက် တိုက်ပွဲ ဖြစ်လာ ပေလိမ့်မည်။

ထိုအချိန်တွင် ဓားဂိုဏ်းသည် အဓိက ပစ်မှတ် ဖြစ်လာပြီး၊ ဆိုးရွားသော ဘေးဒုက္ခကို ခံစား ရပေမည်။

အခြားသော အင်အားကြီး ဂိုဏ်းများ ကလည်း၊ လှိုင်းပုတ် ခံရ ဦးမည် ဖြစ်သည့်၊ အတွက် ပြင်ဆင် နေခဲ့ ကြသည်။

အခြားသော ဂိုဏ်း များ၏ သူတော်စင် သခင်များ ပင်လျှင်၊ တပည့်များ လက်ခံ လာ ကြသည်။

တစ်ဖက်တွင် လင်းယွန်မှာ ဤခရီးစဉ် အပေါ်၊ စိတ်ဝင် စားခြင်း မရှိချေ။ ကြယ်ကိုးပွင့် ရောက်ရှိ ပြီးနောက်၊ နဂါး မူလကို ပထမ သွေး လွှတ်ကြော ၌ပင်၊ ဖန်တီး နိုင်ကြောင်း ယုံကြည်ချက် ရှိသည်။

နဂါး အကြွင်း အကျန် ကြယ်နယ်မြေ ခရီးစဉ်သည်၊ ရွယ်တူများ အတွင်း သူ့အား နှာတဖျား သာစေ၏။

ထို့ကြောင့် ကျင်းချန်သာ အခြေ အနေကို ကိုင်တွယ် ဖြေရှင်း နိုင်သော် ခွဲတမ်းကို မယူဘဲ၊ သူ နောက်ဆုတ် ပေးမည် ဖြစ်သည်။

တစ်ခါ တစ်လေ၊ နိမ့်ကျသော အသွင် အပြင်ဖြင့် နေထိုင် ခြင်းသည် သက်တောင့် သက်သာ ဖြစ်စေသည်။

သုံးရက် အကြာ၌ မြင့်မားသော တောင် တစ်လုံးကို မြင်လာ ရသည်။ ဤတောင်သည် ဓား တစ်လက် ကဲ့သို့ တိမ်ပင်လယ် အတွင်း ဖောက်ဝင် နေ၏။

“ သခင်မလေး မူ၊ ငါ့ အဖေ မင်းကို စောင့်နေတာ ကြာပြီ။ ”

လေသင်္ဘော ဆင်းသက် လိုက်ချိန်၌ ညာလက်တွင် ဓားတစ်လက် ကိုင်ထားသော၊ လူငယ် တစ်ဦး ပေါ်လာပြီး၊ နှုတ်ဆက် စကား ဆိုသည်။

ဤလူသည် ကောင်းကင် ရေကန် စံအိမ် သခင်ငယ် ဖေးချိန် ဖြစ်၏။ ယဉ်ကျေး သိမ်မွေ့ ပြီး ဓားဂိုဏ်း အပေါ်၊ လေးလေး စားစား ဆက်ဆံ ပေသည်။

ထို့နောက် စုရပ်သို့ သူတို့အား ပို့ဆောင် ခဲ့သည်။ ကောင်းကင် ရေကန် စံအိမ် ဟူသည် တောင်တန်း ကြီး၏ ခါးပန်းတွင် တည်ရှိပြီး၊ အဆောက် အအုံ များစွာ ပျံဝဲ နေသည်။

သူတော်စင် မျိုးနွယ်စု၏၊ ဂုဏ်ယူဖွယ် အုတ်မြစ်များ ပေပင်။ ဧည့်ခံ ပွဲကို ကောင်းကင် ရေကန်တွင်၊ ကျင်းပမည် ဖြစ်သည်။

ရေကန် အလယ်၊ အထက် လေထု၌ ကြီးမားသော စင်မြင့် တစ်ခု ရှိနေပြီး၊ မဏ္ဍပ် (၉)လုံးမှ၊ စက်ဝိုင်း သဏ္ဍာန် ဝိုင်းရံ ထားသည်။

မဏ္ဍပ် များ အချင်းချင်း လေပေါ် လမ်းများနှင့် ချိတ်ဆက် ထား၏။ ဤအခင်း အကျင်း အရ၊ လူတိုင်းကို တိမ်ပင်လယ်တွင် ရှိသကဲ့သို့၊ ခံစားရ စေမည် ဖြစ်သည်။

ဖေးချိန်က ဓားဂိုဏ်း အတွက် ရည်ရွယ် ထားသော မဏ္ဍပ် တစ်ခုသို့ ပို့ဆောင် ခဲ့သည်။ အစေခံ များက အသီးအနှံ များနှင့်၊ စပျစ်ဝိုင်များ ယူဆောင် ဧည့်ခံသည်။

ပင်မ မဏ္ဍပ်သည် ဗလာ ဖြစ်ပြီး၊ ၎င်းမှာ ကောင်းကင် ရေကန် စံအိမ် သခင်ကြီး အတွက် ဖြစ်သည်။

စံအိမ် သခင်ကို ကောင်းကင် ရေကန် သူတော်စင် သခင်ဟု လူသိများပြီး၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ တန်ခိုးရှင် တစ်ဦး အဖြစ် သတ်မှတ် ထားသည်။

သူ့ခွန်အား ကြောင့်သာ အခြားသော အင်အားစု များက၊ ကောင်းကင် ရေကန်ကို လုယူ မဝံ့ကြခြင်း ပေပင်။

ဓားဂိုဏ်း ရောက်လာ ချိန်၌၊ အခြားဂိုဏ်း လေးဂိုဏ်း ရောက်ရှိ နေပြီ ဖြစ်သည်။ သူတို့၏ အဝတ်အစား များကို ကြည့်ပြီး၊ မည်သည့် ဂိုဏ်းမှ ဖြစ်မည်အား သိနိုင်၏။

မြကျောက်စိမ်း စံအိမ်၊ မိုးကြိုး ကျောင်းတိုက်၊ နက်ရှိုင်း တောင်ကြားနှင့်၊ ကောင်းကင် မှတ်စု ဂိုဏ်းတို့ ဖြစ်သည်။

ကောင်းကင် မှတ်စု ဂိုဏ်း၏ အဆင့်သည်၊ အောက်ဆုံး အဆင့် ဖြစ်သော်လည်း၊ သူတို့၏ တည်ရှိမှုကို မည်သူမျှ အထင် မသေး ဝံ့ချေ။

ဂီတ တာအိုသည် အဆင့် အတန်း မြင့်မား လှပြီး၊ ကျွမ်းကျင်သူ များကို မွေးထုတ် ပေးရန် လိုအပ်ချက် မြင့်မား ပေ၏။

သို့သော် ကောင်းကင် မှတ်စု ဂိုဏ်းတွင် သန်မာသော နောက်ခံ ရှိသည်။ အချက် အလက် စုဆောင်း နိုင်မှုမှာ၊ ပြိုင်ဘက် ကင်း၏။

မကြာခဏ ဆိုသလို လေလံပွဲ များနှင့် ဧည့်ခံပွဲ များကို ကျင်းပလေ့ ရှိပြီး၊ အင်အားစု များစွာနှင့်၊ ကောင်းမွန်သော ဆက်ဆံရေး၊ ဖန်တီးထား နိုင်သည်။

ဤသည်မှာ မည်သည့် ဂိုဏ်းမျှ ၎င်းတို့ အပေါ်၊ အထင် မသေး စေသည့် အကြောင်း အရင်းလည်း ဖြစ်သည်။

နက်ရှိုင်း တောင်ကြားနှင့် ပတ်သက် ၍မူ၊ ပြောစရာ မရှိချေ။ ရှေးဟောင်း ပျက်သုဉ်းမြေ၏ အတော်ဆုံးသော သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်များ စုဝေးရာ အရပ် ဖြစ်သည်။

မိုးကြိုး ကျောင်းတိုက်တွင် ဗုဒ္ဓ အမွေ အနှစ်များ ရှိပြီး၊ အုတ်မြစ် အရာ၌ ဓားဂိုဏ်းအား ရင်ပေါင်တန်း နိုင်သည်။

မြကျောက်စိမ်း စံအိမ် မှာမူ၊ ကောင်းကင် ရေကန် ဧည်ခံပွဲ၌၊ ထိပ်ဆုံး သုံးနေရာသို့ တက် လှမ်းထား နိုင်သည်။

ကျန်ရှိ နေသည့် ဂိုဏ်း များမှာ၊ ကောင်းကင်ယံ ဂိုဏ်း၊ ကောင်းကင် ဓားမော့ ခန်းမနှင့်၊ မိုးကြိုး ဂိုဏ်းတို့ ဖြစ်သည်။

ထိုင်ချ လိုက်သည်နှင့်၊ သူ့ ဦးတည်ရာသို့ အကြည့်ပေါင်း များစွာ ရောက်ရှိလာ သည်ကို လင်းယွန် ခံစား လိုက်ရသည် ။

နက်ရှိုင်း တောင်ကြားမှ တျန်ကျန့်၊ ကောင်းကင် မှတ်စုဂိုဏ်းမှ လောရှုရီ၊ မိုးကြိုး ကျောင်းတိုက်မှ စန်းယန်နှင့်၊ မြကျောက်စိမ်း စံအိမ်မှ၊ နင်ဖုန်းတို့ ဖြစ်၏။

သွေ့ရော် ကျွန်း၌ တစ်ကြိမ် ဆုံဖူးပြီး ဖြစ်ရာ၊ သဘာဝ အတိုင်း၊ လင်းယွန် အပေါ် စူးစမ်းလာ ကြသည်။

တျန်ကျန့်က စိတ်လှုပ်ရှား နေသော်လည်း သူ့ဆီ လာရန် အဆင် မပြေ သဖြင့်၊ ခွက်ကိုသာ မြှောက်ပြသည်။

ထို့ကြောင့် ပြုံးပြီး ခွက်ကို ပြန်မြှောက် ပြလိုက်၏။ သူ့ အသက်ကို ကယ်တင် ခဲ့သည့် အပေါ်၊ တျန်ကျန့်မှ၊ ကျေးဇူးတင် နေပုံ ရသည်။

“ ဒီကောင် လာတာလား ... ၊ သူ့ရဲ့ ကျင့်ကြံမှုက အား မနည်းဘူး ... ၊ ဒီဧည့်ခံပွဲက စိတ်ဝင် စားဖို့ ကောင်းလာပြီ။ ”

စန်းယန် ကိုယ်တော်က သူ့ခေါင်းကို ပွတ်သပ်ကာ၊ တစ်ကိုယ်တည်း ရေရွတ် လိုက် တော့သည်။

***

All Chapters