ဒီကမ္ဘာမှာ ဘယ်သူမှ အကြွင်းမဲ့ ခွန်အားကို မပိုင် ပါဘူး။
Vol. 112 Ch. 1560
တစ်နာရီ ကုန်လွန် ပြီးနောက် မိုးကြိုး ဂိုဏ်းနှင့် ကောင်းကင် ဓားမော့ ခန်းမ ရောက်ရှိ လာ သည်။
မိုးကြိုး ဂိုဏ်းမှ လူငယ် နှစ်ဦးက ရောက်သည်နှင့် လင်းယွန်ကို ဦးစွာ ကြည့်၏။ တစ်ယောက်မှာ ကျင်းလင်း ဖြစ်ပြီး၊ ကျန် တစ်ယောက်မှာ တုကူယွင် ဖြစ်သည်။
ဓားတန်ခိုးရှင် တုကူယွင်သည် အပြာရောင် မိုးကြိုးဂိုဏ်း မှနေ၍ မိုးကြိုး ဂိုဏ်းသို့ ပူးပေါင်း ခဲ့ပုံ ရသည်။
ဤလူသည် သူ့အား ရှုံးနိမ့်ခဲ့ သော်လည်း မိုးကြိုးဓား မျက်လုံး များကြောင့်၊ အထင်ကြီး မိသည်။
မိုးကြိုး ဂိုဏ်းနှင့် အပြာရောင် မိုးကြိုး ဂိုဏ်းသည် တူညီသော ကိုယ်ခံ ပညာ များကို လေ့ကျင့် ကြသဖြင့်၊ တုကူယွင်အား ကြိုဆို သည်မှာ မဆန်းချေ။
ကောင်းကင် ဓားမော့ ခန်းမမှ၊ နန်းဂွန်းဇီ မှာမူ၊ မာနကြီး လွန်းသော အသွင်ဖြင့်၊ လူတိုင်း အပေါ်၊ လျစ်လျူရှု ထားသည်။
သွေ့ရော် ကျွန်းမှ ပြန်လာ ပြီးနောက် အရိယာ ကောင်းကင် ဓားမော့ကို နားလည် လာသဖြင့်၊ သွေး နထင် ရောက်နေခြင်း ဖြစ်သည်။
“ နန်းဂွန်းဇီ ... ဒီကောင့် ဓားမော့က ... ၊ စတုတ္ထတန်း အထွတ် အထိပ်ကို ရောက်သွား တာလား၊ မယုံ နိုင်စရာပဲ။ ”
“ ကောင်းကင်ယံ ဂိုဏ်းက မလာ သေးဖူးလား၊ ဘာလဲကွာ။ ”
“ ဟုတ်တယ် ... ၊ ကောင်းကင်ယံ ဂိုဏ်းက တမင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ။ ”
“ ဟား ဟား ဟား၊ အဲဒီလို မဟုတ် ပါဘူး၊ ငရဲ နတ်ဘုရား ဘိုးဘေး အသတ် ခံရလို့ သူတို့ မထွက် လာရဲ တော့တာ နေမှာပါ။ ”
“ ဟုတ်တယ် ... ၊ တကယ်ပဲ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ သူတို့ကို ရင်ဆိုင်ဝံ့ သူ မရှိဖူး လို့များ၊ ထင်နေ ကြလား မသိဘူး။ ”
အားလုံးထက် နောက်ကျ နေသော ကောင်းကင်ယံ ဂိုဏ်း အပေါ်၊ မကျေနပ် သံများ ထွက်ပေါ် လာသည်။ လူတိုင်းက ပွဲစ စေချင်ပြီ ဖြစ်သည်။
“ လောယွမ်က နောက်ကျတဲ့ အတွက် တောင်းပန် ပါတယ် ... ၊ သုံးခွက် သောက်ပြီး ကိုယ့်ကိုကိုယ် အပြစ်ပေး ပါ့မယ်။ ”
ရုတ်တရက် ကျယ်လောင်သော အသံ နှင့်အတူ၊ လူတစ်စု ရောက်ရှိ လာ၏။ ၎င်းမှာ သဘာဝ အတိုင်း၊ ကောင်းကင်ယံ ဂိုဏ်းမှ ဖြစ်သည်။
ကျောက်စိမ်း ခါးပတ်နှင့် အလှဆင် ထားသော အနက်ဝတ် လူငယ် တစ်ယောက်က၊ ဦးဆောင် လာခြင်း ဖြစ်၏။
ကျင့်ကြံမှုမှာ အထွတ် အထိပ် ဒုတိယ သွေးလွှတ် ကြောတွင် ဖြစ်သည်။ အသက် (၃၀) မတိုင်မီ၊ တတိယ သွေးလွှတ် ကြောသို့၊ ရောက် ရှိနေမှ သာလျှင်၊ တန်းဝင် ပေမည်။
၎င်းတို့ကို ရွှေမျိုးဆက် အဖြစ် သတ်မှတ်၏။ ဥပမာ အားဖြင့် ဓားဂိုဏ်း၏ ကူရို့ချန် ဖြစ်သည်။
ရီရွှမ်ချင်းနှင့် မူရွယ်ချင်း တို့မှာ၊ ထိုအဆင့် ရောက်ရန်၊ အချိန် အနည်းငယ် လိုသေးသည်။ နဂါး သွေးလွှတ်ကြော တစ်ကြော စီသည် ကပ်ဘေး တစ်ခု ဖြစ်ပြီး၊ ကျရှုံး ခြင်းမှာ သေခြင်းသာ ဖြစ်၏။
ထို့ကြောင့် သေချာသော ပြင်ဆင်မှုများ မရရှိခင်၊ မည်သူမျှ ထိုကပ်ဘေးကို ခံယူ ကြမည် မဟုတ်ချေ။
ဤလောယွမ်သည် မိုးကြိုး ဂိုဏ်းမှ ရွှေပါရမီရှင် တတိယ သွေးလွှတ် ကြောရှိ တပည့်ကို၊ လက်ရည်တူ တိုက်ခိုက် နိုင် သောကြောင့်၊ ကျော်ကြား လာခဲ့သည်။
ရွှေမျိုးဆက်အောက် အသန်မာဆုံး ကျွမ်းကျင်သူ အဖြစ် လူသိ များ၏။ အသက် (၃၀) မတိုင်မီ တတိယ သွေးကြောကို ဖွဲ့စည်း နိုင်မည်ဟု၊ ထင်ကြေးပေး ထားကြသည်။
ထို့ကြောင့် ဂိုဏ်းတိုင်း၏ ခေါင်းဆောင် များသည်၊ လေးနက်သော အမူ အရာကို ထုတ်ဖော် လာကြ လေသည်။
လင်းယွန် မှာမူ၊ သူ့ခွန်အား အရ နဂါး သွေးလွှတ်ကြော ပါရမီရှင် များကို ရင်ဆိုင်ရန် မဖြစ်နိုင် သေးချေ။
အခြေခံ အုတ်မြစ် မည်မျှ အားကောင်း စေကာမူ၊ ကျင့်ကြံမှု ကွာခြားချက်မှာ ကြီးမား လေသည်။
ထို့ကြောင့် နဂါး မူလကို ဖန်တီးထား နိုင်သော ရွှေမျိုးဆက် ပါရမီရှင် တစ်ဦးသည်၊ သူ ရင်ဆိုင် နိုင်သော အဆင့်ထက် သာလွန် နေသည်။
သို့သော် မူရွယ်ချင်း အနားတွင် ရှိသဖြင့်၊ လောယွမ်အား စိတ်မပူချေ။ ၎င်း ဘယ်ဘက်ရှိ မျက်နှာ ဖုံးစွပ် ထားသော လူငယ် ထံသာ ကျရောက် သွားသည်။
“ သူက ဘယ်သူလဲ ... ။ ”
လင်းယွန်က ကျင်းရွှမ်ရီကို လှည့်ကာ မေးလိုက်သည်။
“ ငါ မသိဘူး၊ ချင်းကန် နေမှာပေါ့ ... ။ ”
ကျင်းရွှမ်ရီက ဖြေသည်။ သို့သော် လင်းယွန်က မဖြစ် နိုင်ဟု ထင်၏။ ချင်းကန်၏ နဂါး နဂါး အရိုးကို ထုတ်ယူဖူး သဖြင့် ၎င်းနှင့် ကောင်းစွာ ရင်းနှီးသည်။
ထို့ကြောင့် ချင်းကန်သာ ဆိုက သူ သိမည် ဖြစ်၏။ လောယွမ်က မူရွယ်ချင်းထံ ကြည့်ကာ၊
“ ဓားဂိုဏ်းရဲ့ ... အလေး အနက်ထားမှု အပေါ် သုံးခွက် သောက်ပြီး ကြိုဆို ပါတယ်၊ ဒီပွဲ အတွက် သူတော်စင် တပည့်တွေ အားလုံးကို ခေါ်လာ တာပဲ။ ”
“ ဒီလောက်လည်း မဟုတ် သေးပါဘူး။ ”
“ ဟား ဟား ဟား ... ၊ မင်းက ဘာလို့ ငြင်းချင် နေရ တာလဲ ... ၊ ဘာပဲ ဖြစ်ဖြစ် ဒီနှစ် မှာလည်း၊ ဓားဂိုဏ်းက ထိပ်ဆုံး သုံးနေရာကို လက်လွှတ် ရဦး မှာပါ။ ”
“ သူတော်စင် တပည့်တွေက ဂိုဏ်းမှာ တစ်နှစ်ပဲ လေ့ကျင့်ရ သေးတယ်၊ ဒါကြောင့် ငါ နားလည်ပေး နိုင်တယ်၊ ဒီကမ္ဘာ ကြီးမှာ ပြိုင်ဘက်ကင်း ဆိုတာ မရှိ ပါဘူး၊ ...
... ငါတို့ ဂိုဏ်းရဲ့ သူတော်စင်တွေ သန်မာ တာကို မယုံရင် ... ၊ ငရဲ နတ်ဘုရား မိသားစုဆီ နင်ကိုယ်တိုင် သွားမေး လိုက်ပါ။ ”
လေထု အတွင်း ပေါက်ကွဲ စေနိုင်သော ရနံ့များ ရလာသည်။ ငရဲ နတ်ဘုရား ဘိုးဘေး သေဆုံး ခြင်းသည် ကောင်းကင်ယံ ဂိုဏ်း အတွက်၊ ဂုဏ်သိက္ခာ ထိခိုက် စေ၏။
၎င်းတို့ကြား အင်အားစု နှစ်စု အကြား၊ နက်ရှိုင်းသော ဆက်ဆံရေး ရှိကြောင်း လူတိုင်း သိသည်။ ထို့ကြောင့် လောယွမ် မျက်နှာရှိ အပြုံးများ ပျောက်ကွယ် သွားသည်။
“ ကမ္ဘာ ပေါ်မှာ၊ ပြိုင်ဘက်ကင်း ဆိုတာ မရှိဖူး တဲ့လား၊ ဟား ဟား ဟား ... ဒီစကားကို တစ်ယောက် ယောက် သဘော မတူမှာ၊ ကြောက်မိတယ်။ ”
လောယွမ်က သူ့ဘေးရှိ မျက်နှာဖုံးစွပ် လူငယ်ကို လှည့်ကြည့်ကာ ပြော၏။ လူငယ်က ဝိုင်ကို အရသာခံ သောက်နေရာမှ၊ လောယွမ် အကြည့်အား သတိထား မိသွားသည်။
“ ကမ္ဘာ ပေါ်မှာ ... ၊ ပြိုင်ဘက် ကင်းတဲ့ လူတွေ ရှိပါတယ်၊ ဧကရာဇ် ကိုးပါး ကိုပဲ ကြည့်၊ ပြီးတော့ လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ဓားဂိုဏ်း ရဲ့ ကျန့်ကျင်းရှန်၊ ဒီလို လူတွေက ပြိုင်ဘက် ကင်း တွေပဲ မဟုတ်လား။ ”
ဓားဂိုဏ်းမှ အပြာရောင် မုန်တိုင်း သူတော်စင် သခင် တပည့် ကျင်းချန်က မျက်မှောင် ကြုတ် လိုက်ပြီး၊
“ မင်း နာမည် ဘယ်လို ခေါ်လဲ။ ”
-ဟု ဝင်မေးသည်။
“ ကောင်းကင်ယံ ဂိုဏ်းက သာမန် တပည့် ရီရွှမ် ... ။ ”
“ ရီရွှမ် ... မကြား ဖူးဘူး၊ မျက်နှာတောင် မပြရဲဘဲ ဘာတွေများ စကားကြီး စကားကျယ် ဝင်ပြော နေရ တာလဲ၊ မင်းကိုယ်မင်း ပြိုင်ဘက် ကင်း ပါရမီရှင်များ ထင်နေလား။ ”
အခြားဂိုဏ်း များ၏ တပည့်များ ကလည်း ဝင်ပြော လာသည်။ ဤလူငယ်သည် သူ့ကိုယ်သူ ကျန့်ကျင်းရှန် ကဲ့သို့ ပြုမူ ပြနေ သည်မှာ၊ မျက်စိ စပါးမွှေး စူး စေ၏။
“ ဟား ဟား ဟား ... ။ ”
မျက်နှာဖုံး စွပ် လူငယ်က ရယ်မောပြီး၊ လျစ်လျူရှု လိုက်သည်။ သူတို့နှင့် ငြင်းခုံရန် ပျင်းရိ ပုံရ၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် သူတော်စင် ရောင်ဝါများ ပျံ့နှံ့ လာပြီး၊ ကောင်းကင် ရေကန် သူတော်စင် သခင် ရောက်ရှိ လာသည်။
“ ဒီဧည့်ခံပွဲ ပွဲရဲ့ ... စည်းမျဉ်း တွေက အရင်တုန်း ကနဲ့ အတူတူ ပါပဲ၊ ထိပ်ဆုံး လေး သင်းသာ နောက်တစ်ဆင့် တက်ခွင့် ရလိမ့်မယ်၊ ပထမ အဆင့် အတွက် ခွဲတမ်း လေးခု၊ ...
... ဒုတိယ အတွက် သုံးခု ... ၊ တတိယ အတွက် နှစ်ခုနဲ့ ... ၊ စတုတ္ထ အတွက် နှစ်ခုပဲ၊ ဖယ်ထုတ် ခံရတဲ့ အဖွဲ့တွေ ကတော့ ... ပုံမှန် ခွဲတမ်း နှစ်ခုသာ ရမယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ... ၊ တစ်ယောက် ယောက် ပြောစရာ ရှိလား။ ”
ကောင်းကင် ရေကန် သူတော်စင် သခင်က ခရီးရောက် မစိုက် ပြိုင်ပွဲကို စတင်ရန် ပြောလာ သည်။
ဤစည်းကမ်း များသည် ရှေးရှေး ကတည်းက၊ ချမှတ် ထားခြင်း ဖြစ်သဖြင့် မည်သူမျှ စောဒက မတတ် ကြချေ။
“ ကောင်းပြီ ... ၊ စည်းကမ်းချက် တွေကို လူတိုင်း သိပြီး သားပါ၊ ဂိုဏ်း တစ်ဂိုဏ်း စီက သုံးကြိမ် အနိုင် ရရှိ ဖို့ပဲ လိုတယ်၊ တစ်ဦး
... တစ်ယောက်က အားလုံးကို စိန်ခေါ် လို့လည်း ရတယ်၊ အကြိမ်ရေ ကန့်သက်ချက် မရှိဘူး။ ”
ဆိုလို သည်မှာ တစ်စုံ တစ်ဦးသည် အလုံ အလောက် သန်မာ နေပါက၊ အခြားသော ဂိုဏ်း များကို၊ စိတ်ကြိုက် စိန်ခေါ် နိုင်၏။
သို့သော် သတ်ဖြတ်ခြင်း ကိုမူ တားမြစ် ထားသည်။
“ ကဲ ... စလိုက် ရအောင်၊ စည်းကမ်းနဲ့ ပတ်သက်ပြီး ... ၊ ဘယ်သူ ကမှ ကန့်ကွက် စရာ မရှိရင် ... ၊ ဘယ်သူက အရင် ဖြစ်မလဲ။ ”
ကောင်းကင် ရေကန် သူတော်စင် သခင် စကားဆုံး သည်နှင့်၊ ကောင်းကင်ယံ ဂိုဏ်းမှ တပည့် တစ်ဦး စင်ပေါ် ခုန်တက် လာ၏။
“ ကောင်းကင်ယံ ဂိုဏ်းက လွီရှပါ၊ ဓားဂိုဏ်းရဲ့ သူတော်စင် တပည့် ယဲ့ဇီလင်ကို စိန်ခေါ် ပါတယ်။ ”
ပွဲစ သည်နှင့် ဓားဂိုဏ်းထံ ဦးတည် နေသော ရည်ရွယ်ချက်ကြောင့်၊ လင်းယွန်က သက်ပြင်းချ လိုက်သည်။
ကျင်းရွှမ်ရီက ချက်ချင်း ထရပ်ပြီး၊
“ မင်းက သူတော်စင် တပည့်ကို စိန်ခေါ်ဖို့ အရည် အချင်း မပြည့်မီ သေးပါဘူး၊ ငါပဲ မင်းကို တာဝန်ယူ ပါရစေ။ ”
-ဟု တုန့်ပြန် လိုက်သည်။
ယင်းကို မူရွယ်ချင်းက သဘော တူသည်။ အမည်မဲ့ လူတစ်ဦးမှ ယဲ့ဇီလင်အား စိန်ခေါ်နေ သည်ကို လက်မခံ နိုင်ချေ။
လောယွမ်က ပွဲစတော့ မည်ကို သိသော ကြောင့် ပြုံးလျက် ဝိုင်ခွက်အား အရသာ ခံပြီး၊ သောက်နေ မိသည်။
ဤဧည့်ခံ ပွဲ၌ ဓားဂိုဏ်း၏ သူတော်စင် တပည့် တိုင်းကို အရှက် ခွဲရန်မှာ၊ သူ၏ အဓိက တာဝန် ဖြစ်လေသည်။
***