← Chapters

နှင်း-လျှပ်စီး ရည်ရွယ်ချက်။

Vol. 112 Ch. 1561

နှင်း-လျှပ်စီး ရည်ရွယ်ချက်။

Vol. 112 Ch. 1561

“ ယဲ့ဇီလင် မင်း မထွက်ဝံ့ ဖူးလား ... ၊ ကောင်းပြီ ဒီအမြောက် စာကို ရှင်းပြီးရင် မင်း ဘာဆက်လုပ် မလဲ ကြည့်မယ်။ ”

လွီရှက စိတ်ပျက် လက်ပျက်ဖြင့် ကျင်းရွှမ်ရီကို ပြန်ကြည့် လိုက်လေသည်။

“ မင်း ... အရမ်း ဘဝ မြင့်နေပြီ။ ”

လွီရှသည် အနည်းငယ် မာနကြီး လွန်းသောကြောင့်၊ ကျင်းရွှမ်ရီ ခမျာ ဒေါသများ ထွက်လာ၏။

“ မင်း ... မယုံ ဖူးလား ... ၊ ဓားဂိုဏ်းက အရင်လို သန်မာ နေတုန်းလို့ ထင်နေ တာလား၊ ခေတ်ပြောင်း သွားပြီ၊ ...

... ကောင်းကင် သူတော်စင် ဘုရင် လက်အောက်မှာ၊ ငါ့ရဲ့ ဂိုဏ်းက ဓားဂိုဏ်းထက် သာလွန်တယ်၊ မင်းကို ရင်ဆိုင်ဖို့ ... ၊ ငါ ဓား ဆွဲဖို့တောင် မလိုဘူး။ ”

တစ်ဖက် လူ၏ စကားကြောင့် ကျင်းရွှမ်ရီ မျက်နှာ အေးခဲ သွားသည်။ ထိုစကား များသည် မမှားချေ။

တစ်ချိန်က ကောင်းကင်ယံ ဂိုဏ်းသည် နက်ရှိုင်း တောင်ကြား ထက်ပင် နိမ့်ကျ ခဲ့သည်။ ထျန်ရွှမ်ဇီ လက်၌ ကောင်းကင် ကျမ်းကို၊ အပြီး သတ်ကာ၊ ဓားဂိုဏ်းအား ဖြတ်ကျော် ခဲ့၏။

သို့သော် လွီရှမှ ဓားဆွဲစရာ မလိုဟု ပြောသော အခါ၊ အမှန် တကယ် မာနကြီး ကြောင်း မြင်သာသည်။

“ ဘယ်လိုတောင် မာနကြီး လိုက်လဲ။ ”

ကျင်းရွှမ်ရီက ဟစ်အော်ကာ ရွှေ ဓားသုတ္တန်ကို ဖြန့်ချီ လိုက်၏၊ ထက်ရှသော ဓားရောင်ဝါ ထွက်ပေါ် လာသည်။

ရွှေဓား သုတ္တန်ကို မြင့်မားသော အဆင့် ထိတိုင် ဆုပ်ကိုင် ထားနိုင်သည်။ ကျင့်ကြံမှုကို ဖိနှိမ် ထားသော ကြောင့်သာ၊ ဤအဆင့်၌ ရပ်နေခြင်း ဖြစ်၏။

ထိုအချိန်တွင် ချွေးပေါက် များမှ လရောင်ခြည်ကို ထုတ်လွှတ်လျက်၊ လွီရှက ပြုံးနေ ခဲ့ လေသည်။

“ ကောင်းကင် ကျမ်း၊ - လမင်း လက်သီး။ ”

“ ဝှစ် ... ။ ”

ထို့နောက် ကျင်းရှုရီထံ လက်သီးဖြင့်၊ ထိုးချ လိုက်၏။ ပေါက်ကွဲသံများ မြည်လာပြီး ကျင်းရှုရီ ဓားရောင်ဝါမှာ ပြိုကျ သွားသည်။

လွီရှသည် ဓားကို သူ့ လက်သီးတွင် ပေါင်းစပ်ထား သောကြောင့်၊ လင်းယွန်က အံ့အားသင့် သွားသည်။

သူ့အပြင် နောက်တစ်ယောက် ရှိနေသည့် အပေါ်၊ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်လေ သည်။

ယင်းက ကောင်းကင် လမင်း လက်သီး ဆိုသည်ထက်၊ ကောင်ကင် လမင်း ဓား ဟူသော အမည်က ပိုသင့် လျော်သည်။

ထျန်ရွှမ်ဇီမှာ တကယ်ပင် ကြောက်စရာ ကောင်းကြောင်း အသိအမှတ် ပြုလိုက် ရသည်။ နဂါး ဝိညာဉ် အဆင့်နှင့် ယှဉ်နိုင်သော ကျမ်းကို ဖန်တီး နိုင်သည်မှာ၊ လေးစား စရာ ပေပင်။

“ မကောင်း တော့ဘူး။ ”

ဤမြင်ကွင်းကို မြင်သော အခါတွင်၊ မူရွယ်ချင်း၏ နှလုံးသားမှာ အနည်းငယ် တုန်ခါ လာ၏။

ကောင်းကင် ကျမ်းမှ ဆင်းသက်သည့်၊ နည်းစနစ် အမျိုး မျိုးကို သိထား သော်လည်း၊ ဤလက်သီး နည်းစနစ် မပါချေ။

ထျန်ရွှမ်ဇီ တစ်ယောက် ထပ်မံ ရှာတွေ့ ထားပုံ ရသည်။

“ ဟီး ... ၊ ငါ့ဆီက နောက်ထပ် လက်သီး တစ်လုံး ထပ်ယူ ... ။ ”

လူတိုင်း တုန်လှုပ် ခြောက်ခြား စွာဖြင့်၊ လွီရှကို ကြည့်မိ နေကြစဉ်၊ လွီရှက ကောင်းကင် ပေါ်ခုန်တက် သွား၏။

“ ထန် ... ။ ”

ကောင်းကင်ကြီး မှောင်လာပြီး၊ လွီရှ လက်သီးမှာ၊ ကျင်းရွှမ်ရီ ဓားထိပ်နှင့် တိုက်မိ သွား လေသည်။

အကျိုးဆက် အနေဖြင့်၊ ကျင်းရွှမ်ရီ လက်မှ ဓားလွတ်ကျ လုနီးပါး တုန်ခါ လာသည်။ ရွှေဓား သုတ္တန်သည်၊ ပြတ်သားမှု၌ ကျော်ကြားသော် ငြားလည်း၊ လွီရှ လက်သီးကို မဖြတ် ကျော် နိုင်ချေ။

“ ဟား ဟား ဟား ... လာ ခဲ့ ။ ”

လွီရှက လ ရောင်ခြည်ကို ခြုံလျက် တဟားဟား အော်ရယ် လေသည်။ ထို့နောက် အကြိမ် အနည်းငယ် ဖလှယ် လိုက်ကြ၏။

“ ကောင်းကင်ကို ဖြိုခွင်းသော လမင်း။ ”

သူ့ဓား ရောင်ဝါ ဖိနှိမ်ခံ နေရ သဖြင့်၊ ကျင်းရွှမ်ရီမှာ ဒေါသ ထွက်မိသည်။ ဤတိုက်ပွဲ တွင် နက္ခတ် များကို အသုံးပြုခွင့် မရှိချေ။

ထို့ကြောင့် သူ၏ ဒုတိယ အပြင်းထန် ဆုံးသော ဓားကို ထုတ်ဖော် လိုက်ရာ၊ ရောင်ဝါ များ ထပ်မံ မြင့်တက် လာသည်။

“ လမင်းက ကောင်းကင်ကို ... ခွဲချင် လို့လား၊ ဒါက ငါ့ကို ရင်ဆိုင်ဖို့ ရည်ရွယ် ထားပုံ ရတယ်၊ ဒါပေမယ့် အသုံး မဝင်ဘူး။ ”

လွီရှမှ အော်ငေါက် လိုက်၏။ ထို့နောက် ကျောက်စိမ်း ရုပ်တု ကဲ့သို့၊ တောက်ပ နေသော သူ့ခေါင်း အပေါ်တွင်၊ လငယ် တစ်စင်း ပေါ်လာသည်။

“ အခု ငါ့ အလှည့် ... ။ ”

“ ဟိတ် ... ။

ကိုယ်ဟန်ကို ထိန်းညှိ ပြီးနောက်၊ ပြုံးပြီး ပြောလိုက်သည်။ ရှစ်ကြိမ် ဖလှယ်မှု အပြီးတွင် သူ့ လက်သီးက၊ ကျင်းရွှမ်ရီ ရင်ဘတ်ပေါ် ကျရောက် သွား၏။

နောက်ဆက်တွဲ အနေဖြင့် ကျင်းရွှမ်ရီ ခမျာ သွေးအန်ပြီး၊ မြေပြင်ပေါ် ဒူးထောက် ကျသွား တော့သည်။

“ မင်း ရှုံးပြီ ... ။ ”

လွီရှမှ ပြုံးကာ ပြောသည်။

“ ပြန်လာ ... ။ ”

မူရွယ်ချင်းမှ လှမ်းခေါ်၏။ ကျင်းရွှမ်ရီက ရှက်စိတ်ကြောင့် မျက်နှာ နီရဲ သွားလေသည်။

“ စကား မပြောနဲ့ ... ၊ မင်း ဒဏ်ရာကို ငါ ကြည့်ပေးမယ်။ ”

ဤတိုက်ပွဲ၏ ရလာဒ်သည်၊ အလွန် အရှက်ဖွယ် ကောင်း သော်လည်း၊ တပည့်များ ဘေးကင်း ရေးသည်၊ မူရွယ်ချင်း အတွက် ဦးစား ပေး ဖြစ်၏။

“ ဒါက ... ၊ ပြန်လည် ဖြည့်တင်းခြင်း သူတော်စင် ဆေးလုံးပဲ သောက်လိုက် ... ။ ”

ကျင်းရွှမ်ရီ ဒဏ်ရာမှာ၊ သူမ ထင်ထား သည်ထက်၊ ပို၍ ပြင်းထန် ချေပြီ။ ထိုမြင်ကွင်း အရ၊ မူရွယ်ချင်းသည် ဂိုဏ်းချုပ်နှင့်၊ တူညီသည့် နှလုံးသား ရှိကြောင်း လင်းယွန် သိလိုက်၏။

“ ဓားဂိုဏ်းရဲ့ ... ၊ နာမည်ကျော် ရွှေ ဓားသုတ္တန်က စိတ်ပျက် စရာ ပါပဲ၊ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ အသန်မာဆုံး ဓားဂိုဏ်း ဆိုတာ သံသယ ဝင်မိ ပါရဲ့၊ ...

... သူတော်စင် ယဲ့ဇီလင်၊ အခု ... ငါက မင်းကို တိုက်ဖို့ ... ၊ အရည် အချင်း ပြည့်မီ ပြီလား။ ”

နာမည် မရှိသော တပည့်မှ ယဲ့ဇီလင်အား ထွက်လာ စေနိုင် ခဲ့သည့် အတွက်၊ ဓားဂိုဏ်း၏ ဂုဏ် သိက္ခာမှာ ဆုံးရှုံး သွားပြီ ဖြစ်သည်။

ကျိရှုရွှမ်သည် ကျင်းရွှမ်ရီနှင့် အဆင့်တူ ဖြစ်သဖြင့်၊ ဒေါသ ထွက်သော်လည်း၊ အံကြိတ် ထားလိုက် ရသည်။

လောယွမ်က လက်ထဲရှိ ဝိုင်များကို လှုပ်ခါလျက် ပြုံးနေ ခဲ့သည်။ ဤအခြေ အနေ များကို မျှော်လင့် ထားပြီး ဖြစ်လေသည်။

“ အစ်မ မူ ... ။ ”

ကျန့်ရှုရွှမ်မှ မူချင်းချင်းအား ကြည့်သည်။ ဤပွဲတွင် အနိုင် ရမည် မဟုတ်မှန်း သိသော်မှ၊ သူ့အား ခွင့်ပြုရန် တောင်းဆို လိုက်သည်။

“ ထားလိုက်ပါ ... ၊ သူက ငါ့ကို စိန်ခေါ် နေတာ၊ ငါပဲ သွားလိုက်မယ်။ ”

မူရွှယ်ချင်းမှ ပြန်မဖြေ နိုင်ခင် မှာပင်၊ ယဲ့ဇီလင်မှာ မတ်တပ် ထရပ် လိုက်ပြီ ဖြစ်၏။ ဤအရာကြောင့် မူရွယ်ချင်းမှ တွေဝေ သွားပြီး၊ အဆုံးတွင် ခေါင်းညိတ် လိုက်သည်။

“ ဖပ် ... ။ ”

ယဲ့ဇီလင်က စင်မြင့် ပေါ်သို့ ညင်သာစွာ ဆင်းသက် လိုက်သည်။ သွယ်လျသော ခြေတံ များကို မြင်သာ စေသဖြင့်၊ လူတိုင်း ငေးခနဲ ဖြစ်လာ ကြ၏။

ခြေထောက် တစ်စုံဖြင့်၊ ယောက်ျား များစွာကို ရူးသွပ် သွားစေ နိုင်သော ယဲ့ဇီလင်ကို ကြည့်ပြီး၊ လွီရှမှ နှုတ်ခမ်း သပ်လိုက် မိသည်။

လက်ရှိ အချိန်၌ သူမကို အနိုင် ရယူလို စိတ်များ ပို၍ ပြင်းပြ လာ၏။ ဤသည်မှာ လူ့ သဘာဝ ပေပင်။

“ ယဲ့ဇီလင် ဆိုတာ ... ကျန့်ကျင်းရှန်ရဲ့ သမီးပဲ၊ မရဏ မိုးကြိုး သူတော်စင် သခင်က တပည့် အဖြစ်၊ ခေါ်သွား တယ်လို့ ကြား မိတယ်။ ”

“ မင်း ... ၊ တကယ် ပြောနေ တာလား။ ”

“ ဟုတ်တယ် ... ယဲ့ မျိုးရိုးကို ခံယူထား ပေမယ့်၊ သူမက ကျန့်ကျင်းရှန် သမီး ဆိုတာ သေချာတယ်။ ”

“ ဒါဆို စိတ်ဝင် စားစရာ ကောင်း လာပြီ။ ”

ယဲ့ဇီလင်၏ အလှနှင့် နောက်ခံသည်၊ လူတိုင်းအတွက်၊ အားရုံစိုက် စရာ ဖြစ်နေသည်။ ထိုအသံ များကို ကြားနေ ရသော လွီရှက ရမ္မက် ပြင်းသော အကြည့်ဖြင့်၊ ပြန်ကြည့်၏။

“ မင်း အဖေက ကျန့်ကျင်းရှန် ... ၊ ဆရာ သခင်က မရဏ တောင်ထိပ် သူတော်စင် သခင်၊ ဒါက တော်တော် အထင် ကြီးစရာ ကောင်းတဲ့ နောက်ခံ မျိုးပဲ၊ ဒီနေ့ ငါရှုံးခဲ့ ရင်တောင် သိမ်ငယ် စရာ မရှိတော့ ပါဘူး ။ ”

ယဲ့ဇီလင်၏ ဝိသေသ လက္ခဏာ များကို ထုတ်ဖော် ချီးကျူးကာ၊ သူရှုံး ခဲ့လျှင်ပင် အရှက် မကွဲအောင်၊ ကာပြော ပြောလိုက်သည်။

“ စကားများ မနေနဲ့ ... ၊ လာတိုက်။ ”

“ မိန်းကလေး ယဲ့ ... ၊ ငါ့ကို အားနာ မနေ ပါနဲ့။ ”

လွီရှက ပြုံးပြီး ကောင်းကင် ကျမ်းကို ဖြန့်ကျက်ကာ၊ လမင်း တစ်စင်းကို ချက်ချင်း ဖန်တီး လိုက်သည်။

“ ဝှစ် ... ။ ”

ဤတစ်ကြိမ်တွင်၊ ကြယ်ရှစ်ပွင့် ရောင်ဝါ ကိုပင် ပေါင်းစပ် ထားခဲ့၏။ လမင်း ကန့်သတ် ချက်သို့ ရောက်သော အခါ၊ မြေပြင်ပေါ် ပုတ်လျက် ပြေးတက် လာသည်။

ခန္ဓာကိုယ် အတွင်းရှိ ကြယ်စွမ်းအင်များ ပွက်ပွက်ဆူ လာကာ၊ လရောင်များ ဖြာဆင်း လာတော့သည်။

ဤမြင်ကွင်းက လူတိုင်းကို အသက်ရှူ ကြပ်လာ စေ၏။ နောက်ဆုံးတွင် သည်လွီရှမှ အဘယ့်ကြောင့် ဓား မသုံး သည်ကို၊ သိရှိ လာမိသည်။

၎င်းသည် ခန္ဓာကိုယ် သန့်စင်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။ သူ့ခန္ဓာ ကိုယ်အား၊ သူတော်စင် ဓားတစ်လက် ကဲ့သို့၊ သန့်စင် ထား ချေပြီ။ ထို့ကြောင့် သဘာဝ အားဖြင့် ဓား မလို တော့ခြင်း ဖြစ်၏။

သို့သော် ယဲ့ဇီလင်က ထိတ်လန့်သည့် အရိပ်အယောင် မရှိဘဲ၊နှင်းမုန်တိုင်း တစ်ခုအား ဆင့်ခေါ် လိုက်သည်။

“ ဝူး ... ။ ”

မယုံနိုင်ဖွယ် အအေးဓာတ် များနှင့် အတူ၊ နှင်းပန်းများ ပွင့်လာ တော့၏။ နဂါး ဟောက်သံ များ ပဲ့တင်ထပ် လာချိန်၌၊ သူမ လက်ဖဝါးကို ညင်သာစွာ တွန်းထုတ် လိုက်သည်။

“ ဖပ် ... ။ ”

ထိုလက်ဖဝါးက လွီရှ၏ အရှိန်ကို လေျာ့ချပေးကာ၊ နောက်သို့ ပြန်၍ တွန်းလွှတ် နိုင်ခဲ့သည်။

“ ဒါ ... ။ ”

လွီရှ တစ်ယောက် အံ့သြ သွားသည်။ ဤတိုက်ခိုက်မှု အတွင်း၊ သူ၏ ဝှက်ဖဲ နှစ်ချပ်ကို သုံးထား သဖြင့်၊ ရလာဒ် အပေါ်၊ မယုံ နိုင်ချေ။

သို့သော် ယင်းက သူ့အား ပြုံးမိ စေ၏။ လွယ်လွယ်ဖြင့် အနိုင် ရပါက စိတ်ပျက် စရာ ကောင်း ပေမည်။

“ ဟိတ် ... ။ ”

လေထဲ တစ်ပါတ်ဂျွမ်း ပစ်ပြီး၊ လွီရှက လမင်းပေါ် ဆင်းသက် လိုက်သည်။ သို့သော် ယဲ့ဇီလင်မှ ခွင့်မပြုချေ။

“ ဆင်း လာခဲ့။ ”

ညာလက်ဖြင့် လှမ်းဆွဲ လိုက်သည်။ အေးစက်သော အလင်းလှိုင်း တစ်ခု ပြေးထွက် သွား၏။ ယင်းက လျှပ်စီး လက်နေသော နှင်းနဂါး အဖြစ် ပြောင်းလဲ သွားသည်။

နှင်း-လျှပ်စီး နဂါး ကြီးက ပိတ်လှောင် လာသဖြင့်၊ လွီရှ ခမျာ ကြောက်ရွံ့စွာ ရုန်းကန် တော့သည်။

“ နှင်း-လျှပ်စီး ရည်ရွယ်ချက်။ ”

နှင်း-လျှပ်စီး ရည်ရွယ်ချက်ကို၊ နတ်နဂါး ဓားခန္ဓာနှင့် ပေါင်းစပ် ထားနိုင်ခဲ့ သောကြောင့်၊ လင်းယွန်မှာ ပြုံးလိုက် မိသည်။

“ ဖောင်း ... ။ ”

သူ ပြုံးနေစဉ် မှာပင်၊ လွီရှ ရပ်နေသော လမင်း ပေါက်ကွဲ သွားပြီး၊ နှင်း လျှပ်စီး နဂါး ကြီးက၊ လွီရှအား ဖမ်းမိ သွားသည်။

ယဲ့ဇီလင်မှ အေးစက် သော အသွင်ဖြင့်၊ အနား ရောက် လာသည့်၊ လွီရှ၏ လည်မျိုကို ဆုပ်ကိုင်လိုက် တော့၏။

***

All Chapters