← Chapters

ဘုံ ရန်သူ ... ။

Vol. 112 Ch. 1562

ဘုံ ရန်သူ ... ။

Vol. 112 Ch. 1562

“ ငါ ... ငါ့ကို သွား ခွင့်ပြုပါ။ ”

လေထဲ၌ ခြေထောက်များ ယက်ကန် ယက်ဖြင့် လွီရှမှ တောင်းဆို လိုက်သည်။ သူ့ ခွန်အားသည် ယဲ့ဇီလင်နှင့် နီးစပ် သည်ဟု ထင်ကာ စိန်ခေါ်ခြင်း ဖြစ်သည်။

ရှုံးခဲ့ လျှင်ပင် ဤသို့ လည်ပင်းကို ညှစ်ခံ ရသည့် အခြေ အနေမျိုး မဖြစ်နိုင်ဟု ယုံကြည် ထားမိသည်။

သို့သော် မျှော်လင့် ထားသည့် အရာနှင့်၊ ခြားနားသော ရလာဒ်ကြောင့် နောင်တ များဖြင့် ပြည့်နှက် လာသည်။

အရာ အားလုံးက မြန်ဆန် လွန်းသည်။ လူတိုင်း တုန်လှုပ် ချောက်ချား နေရာမှ၊ သတိ ပြန်ဝင် စေရန် အချိန် အတော် ပေးရသည်။

လမင်း ပေါ်တွင် ကြီးစိုးစွာ ရပ်နေသော လွီရှသည် မည်သို့ မည်ပုံ ယဲ့ဇီလင် လက်ထဲ ကျရောက် ခဲ့မှန်း မသိ လိုက်ချေ။

“ နှင်း-လျှပ်စီး ရည်ရွယ်ချက်။ ”

“ ဒါက ရှားပါးတဲ့ သိုင်း ရည်ရွယ်ချက်ပဲ။ ”

“ နှင်းနဲ့ လျှပ်စီးက ဆန့်ကျင်ဘက် မဟုတ်လား၊ သူမ ဘယ်လိုများ ဆုပ်ကိုင် နိုင်ခဲ့ တာလဲ၊ မယုံနိုင် စရာ ပါ။ ”

ဤသည်မှာ လူတိုင်းကို ထိတ်လန့် စေသည်။

“ ငါကို လွှတ် ... တိရိစ္ဆာန်မ၊ နင့်မှာ သတ္တိ ရှိရင် ငါ့ကို လွှတ်ပြီး ပြန်တိုက်ပါ။ ”

လွီရှက ရှက်ဒေါသ ထွက်လာပြီး၊ ကျိန်ဆဲ တော့သည်။ အစောပိုင်း အချိန်၌ ၎င်းအား လွှတ် ပေးရန် ရည်ရွယ်ချက် ရှိသော်လည်း၊ ဆဲဆို လာ သော အခါတွင်၊ ယဲ့ဇီလင်မှာ စိတ်လွတ် သွားသည်။

အေးစက်သော အကြည့်များ ဖြစ်ပေါ် လာပြီး၊ ကွီရှ၏ အရိုး များကို ညှစ်ချိုးလျက် ကိုင်ပေါက် ပစ်လိုက် တော့၏။

ပြန်လည် တိုက်ခိုက်ရန် မဆိုနှင့် နာကျင်မှုကြောင့်၊ လွီရှ ခမျာ အသံပင် မထွက် နိုင် တော့ချေ။

“ မင်း ဘယ်လိုတောင် သတ္တိရှိ လိုက်လဲ။ ”

စင်မြင့် ပေါ်၌ ပျော့ခွေ ပုံကျ သွားသော လွီရှကို ကြည့်ကာ၊ လောယွမ် မျက်နှာ မည်းကျ သွားသည်။

ကြောက်မက်ဖွယ် အရိပ် အယောင်များ လွင့်ထွက် လာပြီး၊ ယဲ့ဇီလင်ကို လှမ်းကုပ်လာ တော့၏။

သူ ဟူသည် ဒုတိယ သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ဖြစ်ပြီး၊ ရွှေမျိုးဆက် အောက်တွင်၊ အသန်မာဆုံး ဖြစ်သည်။

ပထမ သွေးလွှတ် ကြော၌ နဂါး မူလကို ဖွဲ့စည်း နိုင်ခဲ့သည်။ ထို့ကြောင့် ယဲ့ဇီလင်အား သူ့ လက်ဖြင့် ဖမ်းမိသော်၊ စိတ်ကူး မကြည့် နိုင်ချေ။

“ ဝှစ် ... ။ ”

ဧည့်ခံပွဲ တစ်လျှောက်၊ ငိုက်မြည်း နေသော လင်းယွန် ထံမှ၊ သတ်ဖြတ် လိုသည့်၊ ဆန္ဒများ ထွက်ပေါ် လာကာ၊ ရုတ်တရက် ရွေ့လျား သွားသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

မူရွယ်ချင်း ထက်ပင် မြန်နေ ခဲ့သည်။ စင်မြင့်ပေါ် ဆင်းသက်ပြီး သည်နှင့်၊ ယဲ့ဇီလင် လက်ကို ဆွဲကာ နောက်သို့၊ အမြန် ဆုတ်ခွာ လိုက်မိသည်။

သို့သော် ပင်မ မဏ္ဍပ် ရှိ၊ ကောင်းကင် ရေကန် သူတော်စင် သခင်က၊ လောယွမ်ထက် မြန်၏။

လောဟွမ် လက်ဖဝါး ကွဲအက် သွားပြီး၊ ညည်းတွားလျက် ယိမ်းယိုင် သွားလေသည်။

“ ဒါက မင်း အတွက် နောက်ဆုံး သတိ ပေးချက်ပဲ။ ”

ကောင်းကင် ရေကန် သူတော်စင် သခင်မှ ပြောလာသည်။

“ ဟုတ်ကဲ့ ... တောင်းပန် ပါတယ်၊ နည်းနည်း စိတ်မြန် သွားတဲ့ အတွက်၊ ဝိုင် တစ်ခွက် သောက်ပြီး ကိုယ့်ကိုကိုယ် အပြစ် ပေးပါ့မယ်။ ”

ချက်ချင်း ဝိုင်ခွက်ကို မြှောက်ကာ မော့သောက် လိုက်သည်။ ခွက်က မျက်နှာကို ကွယ်သွားစဉ်၊ လောယွမ် အပြုံးများ ပျောက်ကွယ် သွား၏။

မျက်နှာဖုံး စွပ် လူငယ် ငြိမ်သက် နေရာမှ၊

“ ငါ ကူညီ ပေးမယ်။ ”

-ဟု ပြောလာ တော့သည်။

“ သခင်မလေး ... ၊ မင်း ငါ့ကို အပြစ် မတင် ဖူးလား။ ”

လောယွမ်က ဝိုင်ခွက်ကို ပြန်ချကာ မေးသည်။ သို့သော် မူရွယ်ချင်းမှ တစ်ခွန်းမျှ မတုန့် ပြန်ဘဲ၊ အေးစက်စွာ ကြည့်၏။

ကောင်းကင် ရေကန် သူတော်စင် သခင်က ဤကိစ္စကို မဆက် မိစေရန်၊ သတိ ပေးခဲ့သည်။ ထို့ကြောင့် မည့်သည် အရာမှ လုပ် မရချေ။

“ ငါ ရှောင်နိုင် ပါတယ်။ ”

သူ့လက်ကို ဆုပ်ကိုင်ကာ၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ် နေသော လင်းယွန်ကို ကြည့်ပြီး၊ ယဲ့ဇီလင်မှ နှစ်သိမ့်သည်။

သူမ မျက်နှာတွင် အပြုံး တစ်ပွင့် ပေါ်လာ သဖြင့်၊ အခြားသော ဂိုဏ်းများ၏ တပည့်များက ငေးမော မိကုန်သည်။

“ အရင် ... ၊ အောက်ဆင်း ရအောင်။ ”

လင်းယွန်က ခေါင်းညိတ် ပြပြီး၊ ယဲ့ဇီလင်အား လက်ဆွဲကာ၊ ဓားဂိုဏ်း ရှိရာ မဏ္ဍပ် ဆီသို့၊ ပျံသန်း သွားလေသည်။

“ နှင်း-လျှပ်စီး ရည်ရွယ်ချက်ကို ဘယ်တုန်းက ဆုပ်ကိုင် နိုင်တာလဲ။ ”

လင်းယွန်မှ မေးသည်။

“ မကြာ သေးဘူး၊ ပိတ်မိ နေတုန်းမှာ နင်ပေးတဲ့ အသီး ရခဲ့တယ်၊ ဒါက ငါ့ကို အများကြီး အထောက် အကူ ပေးတယ်။ ”

သူ့ ထင်ကြေး မှန်သဖြင့်၊ လင်းယွန်မှ ပြုံးလိုက်သည်။ ယဲ့ဇီလင် အကျိုး ဖြစ်ထွန်း ပါက သူ ပျော်၏။ သူတို့ နှစ်ဦး သူငယ်ချင်းများ ဖြစ်ပေသည်။

ဧည့်ခံပွဲမှာ ဆက်သွား နေသည်။ အခြားဂိုဏ်း များ၏ တပည့်များ တစ်ယောက် ပြီး၊ တစ်ယောက် ထွက်ကာ တိုက်ခိုက် နေ၏။

ကျင်းချန် သည်ပင် စင်ပေါ် တက်ကာ၊ သူ့ပြိုင်ဘက်ကို ဆယ်ကြိမ် အတွင်း အနိုင်ယူ နိုင်ခဲ့ သည်။ နင်ဖုန်း၊ ကျန်းလင်း၊ တုကူယွင်နှင့် စန်းယန် တို့ပင် တစ်ပွဲစီ အနိုင် ရထားသည်။

“ နန်းဂွန်းဇီ ... မင်း ငါ့ကို တိုက်ဖို့ သတ္တိ ရှိလား။ ”

မြကေျာက်စိမ်း စံအိမ်၏ တပည့် ချောင်ဖုန်းက၊ ကောင်းကင် ဓားမော့ ခန်းမ နေထိုင်ရာ အရပ်သို့ ကြည့်ပြီး၊ စိန်ခေါ် လိုက်သည်။

သူသည် ဓားသများ တစ်ဦး ဖြစ်ကာ၊ တစ်ကြိမ် နိုင်ပွဲရ ထားသည်။ ထို့ကြောင့် နန်းဂွန်ဇီကို စိန်ခေါ် ခြင်း ဖြစ်၏။

“ မင်းမှာ အရည် အချင်း မရှိဘူး။ ”

နန်းဂွန်းဇီက မောက်မာစွာ ငြင်းသည်။ ထို့ကြောင့် ချောင်ဖုန်းအား အဆင် မပြေ ဖြစ် လာစေ၏။

“ နန်းဂွန်းဇီ ... ၊ မင်း လွန် မလာနဲ့။ ”

နင်ဖုန်းက မျက်ခုံး ပင့်ကာ ဝင်ပြော လိုက်သည်။

“ ကောင်းပြီ ... ၊ မင်းက အရှက်ခွဲ ခံချင် နေမှတော့ ... ငါ ဖြည့်ဆည်း ပေးမယ်။ ”

နန်းဂွန်းဇီမှ ပြုံးကာ စင်မြင့်ပေါ် တက်လာသည်။ စိန်ခေါ်သူ ချောင်ဖုန်အား အေးစက်စွာ ကြည့်ပြီး၊

“ မင်းကို သုံးကြိမ် တိုက်ခွင့် ပေးမယ်။ ”

-ဟု ပြောလိုက်၏။

သူတို့ နှစ်ဦး စလုံးသည် ကြယ် ခုနစ်ပွင့် ပါရမီရှင်များ ဖြစ်သောကြောင့်၊ ဤစကားက ပရိသတ် များကို မျက်ခုံး ပင့်မိ စေသည်။

ချောင်ဖုန် မျက်နှာ နီရဲသွား သော်လည်း ဒေါသကို ထိန်းထား လိုက်သည်။ တိုက်ပွဲက အဖြေ ပေး ပေမည်။

စတုတ္ထတန်း မုန်တိုင်း ရည်ရွယ်ချက်ကို ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်နှင့်၊ ပေါင်းစပ် နိုင် သဖြင့်၊ နန်းဂွန်းဇီ၏ အရိယာ ကောင်းကင် ဓားမော့ကို ရင်ဆိုင် နိုင်မည်ဟု ယုံကြည်၏။

သို့သော် တကယ် တိုက်သည့် အချိန်၌၊ သူ့ဓားချက် တိုင်းသည် လေကိုသာ ခုတ်ပိုင်းမိ နေသည်။

ပြိုင်ဘက်၏ အဝတ် အစား မျှပင် မထိချေ။ နန်းဂွန်းဇီမှ မည်သည့် ရွေ့လျားမှု နည်းစနစ်မှ အသုံး မပြုဘဲ၊ ပေါ့ပေါ့ ပါးပါး ရှောင်တိမ်း နေခြင်း ဖြစ်သည်။

သူ လျှောက်လှမ်း လိုက်သော ခြေလှမ်း တိုင်းသည် ချောင်ဖုန်း၏ မုန်တိုင်း ဓားရည်ရွယ် ချက်ကို ခေျဖြတ် သွားမည် ဖြစ်သည်။

ချောင်ဖုန်းက အံကြိတ်လျက် မြေပြင်ပေါ် မဆင်းဘဲ၊ သူ့ဓားကို နောက် တစ်ကြိမ် လွှဲခုတ် လိုက်သည်။

“ ဝှစ် ... ။ ”

ပြိုးပြက် လင်းလက် နေသော ဓား ရောင်ခြည်များက၊ နန်းဂွန်းဇီထံ ပြေးဝင် သွား ပြန်သည်။ သို့သော် ဆံချည် တစ်မျှည် ကိုပင် မထိချေ။

“ အဟက် ... ။ ”

နန်းဂွန်းဇီက လှောင်ပြောင် ရယ်မော လိုသော အပြုံးမျိုး ထုတ်ဖော် ပြလာ သဖြင့်၊ ချောင်ဖုန်း တစ်ယောက် ပို၍ ဒေါသ ထွက် လာသည်။

“ ရွှပ် ရွှပ် ရွှပ် ... ။ ”

တစ္ဆေ ဝိဉာဉ် ပညာ ရပ်ကို ချက်ချင်း အကောင် အထည် ဖော်ကာ၊ ဓားချက် များ ဆက်တိုက် ထုတ်လွှတ် လိုက်သည်။

သို့တိုင် နန်းဂွန်းဇီမှာ ရှောင်တိမ်းဆဲ ဖြစ်သည်။ သည်မြင်ကွင်းက လူတိုင်းအား အသံတိတ် ကျသွား စေ၏။

သုံးကြိမ် ပြည့်ပြီ ဖြစ်သဖြင့်၊ နန်းဂွန်းဇီက သူ့တိုက်ခိုက်မှုကို စတင် လာသည်။ ရုတ်တရက် မြင်ကွင်း တစ်ခုလုံး မှုန်ဝါးလျက်၊ ၎င်းပုံရိပ် ပျောက်ကွယ် သွားသည်။

ယင်းက မျှော်လင့် ချက်ထက် ကျော်လွန် နေသောကြောင့်၊ ဒူး တဆက်ဆက် တုန်လာပြီး၊ ချောင်ဖုန်း ခမျာ ယုံကြည်မှု ဆုံးရှုံး သွားသည်။

“ ဟမ့် ... ဆင်း သွား စမ်း ... ၊ ငါ မင်းကို မရိုက် ချင်ဘူး။ ”

နန်းဂွန်းဇီ အသံက နားထဲ တိုးဝင် လာပြီးနောက်၊ လက်နှစ်ဖက် နောက်ပစ်လျက် ပြန်ပေါ် လာသည်။

“ တောင်းပန် ပါတယ် ... ၊ ငါ ... မင်းနဲ့ တိုက်ဖို့ ... ၊ အရည် အချင်း မရှိတာ အမှန် ပါပဲ။ ”

ချက်ချင်းပင် ရှက်ရွံ့ စွာဖြင့် ခေါင်းငုံ့ကာ ဆင်းသွား တော့သည်။ ပြိုင်ဘက်အား ခုခံရန် မဆိုနှင့်၊ မည်သည့် နေရာ၌ ရှိနေသည် ကိုပင် သူ မမြင်နိုင် ခဲ့ချေ။

“ သဘောပေါက် သွားတာ ကောင်းပါတယ်။ ”

နန်းဂွန်းဇီက ပျင်းရိစွာဖြင့် ရေရွတ် လိုက်တော့သည်။

“ ဟား ဟား ဟား ... ။ ”

ထို့စဉ် ရယ်မောသံ တစ်သံ ပဲ့တင် ထပ်လာလေရာ၊ နန်းဂွန်းဇီ အပါ အဝင် လူတိုင်း အသံရှင်ထံ လှည့်ကြည့် မိသည်။

ရယ်မော နေသူမှာ၊ ကောင်းကင်ယံ ဂိုဏ်းမှ မျက်နှာ ဖုံးစွပ် လူငယ် ရီရွှမ် ဆိုသူ ဖြစ်၏။

“ မင်းက ဘာရယ် တာလဲ။ ”

သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ထုတ်ဖော်လျက် နန်းဂွန်းဇီမှ အေးစက်စွာ မေး လိုက်သည်။

“ ရယ်ချင်လို့ ... ၊ ရယ်တာပေါ့။ ”

မျက်နှာ ဖုံးစွပ် ထားသည့် လူငယ်မှ ပြန်ဖြေသည်။

“ မျက်နှာ ကိုတောင် ... ၊ မပြဝံ့ ရ လောက်အောင် ... ၊ မင်း ရုပ်ဆိုး နေလို့ လား။ ”

“ မင်း ကြိုက်သလို ယူဆ နိုင်ပါတယ်။ ”

မျက်နှာ ဖုံးစွပ် လူငယ်မှ ထီမထင် ဟန်ဖြင့် နန်းဂွန်းဇီအား ပြန်ပြော လာသည်။ ပြီးနောက် လက်မှ ဝိုင်ခွက်ကို ပြန်ချကာ၊

“ ငါလည်း သောက်လို့ ဝပြီ ဆိုတော့ ... ။ ”

-အပျင်းကြော ဆွဲလျက်၊

“ သူတော်စင် သခင် ... ၊ တစ်စုံ တစ်ယောက်က ဒီမှာ ရှိတဲ့ ... ၊ လူ အားလုံးကို ကျော်ဖြတ် နိုင်ရင်၊ အကျိုး ခံစားခွင့်ကို တစ်ယောက် တည်း ယူလို့ ရမလား။ ”

-ဟု ကောင်းကန် ရေကန် သူတော်စင် သခင်ကို လှည့်မေး လိုက်သည်။

သူ့စကား များတွင် မာန ကြီးသော အငွေ့ အသက်များ ပါရှိနေ သောကြောင့်၊ လူတိုင်းမှ ပြန်ကြည့် လာကြသည်။ ဗုံးတစ်လုံး လိုပင်။

ကောင်းကင် ရေကန် သူတော်စင် သခင် သည်ပင် အနည်းငယ် အံ့အားသင့် သွားသည်။

“ ဘယ်သူ မှတော့ မရှိခဲ့ ဖူးဘူး၊ ဒါပေမဲ့ လူတိုင်းကို အနိုင်ယူ နိုင်ရင်၊ မင်း တစ်ယောက် တည်း ခံစား နိုင်ပါတယ်။ ”

“ ကောင်းပြီ ဒါဆို ... ။ ”

မျက်နှာဖုံးစွပ် လူငယ်က နန်းဂွန်းဇီ ဘက်သို့ ပြန်လှည့်ကာ၊

“ မင်းနဲ့ပဲ အရင် စလိုက် ရအောင်။ ”

-ဟု ပြောလိုက် တော့သည်။

ပြီးနောက် လျှပ်စီး တစ်စ ကဲ့သို့၊ ယုံကြည်ချက် အပြည့်ဖြင့် စင်မြင့်ပေါ် ဆင်းသက် လာသည်။

ဤနန်းဂွန်းဇီသည် သန်မာ သော်လည်း၊ သူနှင့် ယှဉ်က များစွာ အားနည်း နေသေးသည်။

“ မင်း ငါ့ကို အထင်သေး နေတာလား။ ”

နန်းဂွန်းဇီမှ အေးစက်စွာ မေးခွန်း ထုတ်သည်။

“ အထင် မလွဲပါနဲ့ ... ၊ မင်းမှ မဟုတ်ဘူး၊ ဒီမှာ ရှိနေတဲ့ လူတိုင်းက အမှိုက် တေွပါ၊ မင်းလို လူ တစ်ယောက်က ကျွမ်းကျင်သူ ဆိုရင်၊ ငါ ကရော ဘာလို့ မလုပ်နိုင် ရမှာလဲ။ ”

မျက်နှာ ဖုံးစွပ် လူငယ်က ပြန်ဖြေသည်။ သူ့စကားကြောင့် လူတိုင်း ဒေါသ ထွက် လာ၏။ ဤအမည်မဲ့ ရုပ်ဆိုး ကောင်သည်၊ သူတို့ အားလုံးကို စိန်ခေါ် လို သည်လော။

“ နန်းဂွန်းဇီ ... သူ့ကို သင်ခန်းစာ ပေးပါ။ ”

“ နန်းဂွန်းဇီ ... သူ့ကို ရိုက်။ ”

ထို့နောက် လူတိုင်းက မျက်နှာဖုံးစွပ် လူငယ်ကို သင်ခန်းစာ တစ်ခု သင်ပေးရန်၊ ဝိုင်းဝန်း တောင်းဆို လာမိ တော့သည်။

***

All Chapters