← Chapters

ငါ့ကို အရင် အနိုင် ယူ ... ။

Vol. 112 Ch. 1563

ငါ့ကို အရင် အနိုင် ယူ ... ။

Vol. 112 Ch. 1563

“ မင်း ငါ့ကို အနိုင် ယူပြီးမှ ပြောပါ။ ”

နန်းဂွန်းဇီမှ စိတ်လှုပ်ရှား လာ၏။ ရောင်ဝါများ ပွင့်ထွက်ပြီး ထက်ရှသော ဓား တစ်လက် ကောင်းကင်ပေါ် ထိုးတက် သွားသည်။

“ အရိယာ ကောင်းကင် ... ။ ”

၎င်းကို ဓားမော့နှင့် ပေါင်းစပ် လိုက်သော အခါတွင်၊ တိမ်များက မျက်နှာကြတ် တစ်ခုလို နိမ့်ဆင်း လာတော့၏။

လက်မြှောက်လိုက် ရုံဖြင့် ကောင်းကင် ကြီးကို ထိမည်ဟု ခံစားရ စေသည်။ သူသည် လည်း ဤဧည့်ခံ ပွဲကို ငြီးငွေ့ နေပြီ ဖြစ်၏။

ပင်မ နတ်ဘုရား နယ်ပယ်နှင့်၊ အရိယာ ကောင်းကင် ဓားမော့ကို၊ ဆုပ်ကိုင် ထားနိုင် ခဲ့ သောကြောင့်၊ မာနကြီး သည်မှာ သဘာဝ ပေပင်။

ပုံမှန် အားဖြင့် ဆိုသော်၊ စတုတ္ထတန်း ဓားမော့ ရည်ရွယ်ချက်ကို ရရှိရန်၊ နဂါးသွေး လွှတ်ကြော နယ်ပယ်၌ ရှိရ ပေမည်။

၎င်းကို ဆုပ်ကိုင် နိုင်သည်နှင့် တူညီသော နယ်ပယ်ရှိ ပြိုင်ဘက် ဆယ်ဦးအား ရင်ဆိုင် နိုင် ၏။

ထိုအရာကို တေွးမိ ပြီးနောက်၊ လူတိုင်း၏ အကြည့် များက လင်းယွန် ပေါ်သို့ ကျဆင်းသွား လေသည်။

ဤလူ သည်လည်း အရိယာ ကောင်းကင် ဓားကို နားလည် ထား၏။ ကောင်းကင်ကို အံတု နိုင်သော ပါရမီရှင် တစ်ဦး ဖြစ်သည်။

သို့သော် ငယ်လွန်း သဖြင့် စိတ်မကောင်း စရာ ပေပင်။ နန်းဂွန်းဇီထက် ဦးစွာ နားလည် ထား သော်မှ နိမ့်ကျသော ကျင့်ကြံ မှုကြောင့် ဤပွဲ၌ အသုံး မဝင်ချေ။

ကြယ်ခြောက်ပွင့် အဆင့် ခွန်အားသည်၊ ဤဧည့်ပွဲ၌ ချောင်ကပ် ရုံသာ တတ်နိုင် ပေမည်။ မဟုတ်သော် သက်တံဓား သူတော်စင် တပည့် အဖြစ်၊ နန်းဂွန်းဇီထက် စိတ်ဝင်စားမှုကို ပိုရမည် ဖြစ်သည်။

“ ဒါက ... အရိယာ ကောင်းကင် ဓားမော့လေးပါ၊ မျိုးဆက်တူ အတွင်း ပြိုင်ဘက် ကင်းမယ်လို့ မဆိုလို ပါဘူး။ ”

သို့သော် မျက်နှာ ဖုံးစွပ် လူငယ်က ခရမ်းရောင် အလင်းများ ထုတ်လွှတ် လျက်မှ၊ ဂရု မစိုက် ဟန်ဖြင့် ဆိုလေသည်။

ဤသည်မှာ ရှားပါးသော မေွရာပါ၊ သူတော်စင် လျှပ်စီး ကိုယ်လုံး ကိုယ်ပေါက် ဖြစ်သည်။

“ ဝှစ် ... ။ ”

“ ဂျိန်း ... ။ ”

သည့်နောက် ဓားမော့နှင့် ထိုးလာသော နန်းဂွန်းဇီကို လက်သီးဖြင့် ပြန်၍ ထိုးချ ပစ်၏။ မိုးခြိမ်းသံများ တဟုန်ထိုး မြည်လာပြီး၊ ၎င်းအား ဗဟိုပြုလျက် လျှပ်စီးများ ပြိုကျ ကုန်သည်။

ယင်းက လျှပ်စီး စက်ဝိုင်း (၃)ကွင်း အဖြစ် ပြောင်းလဲကာ၊ နန်းဂွန်းဇီ၏ ဓားရောင်ခြည်ကို ဖြေရှင်း ပစ်သည်။

လျှံကျ လာသော ဓားရောင်ခြည် များ အတွက်မူ၊ နောက်ဆုတ်ကာ ရှောင်တိမ်း လိုက် သည်။ ထိမှန်ပါက သူ့အား နှစ်ခြမ်း ခွဲနိုင်၏။

ပင်မ နတ်ဘုရား နယ်ပယ်၌ မည်သည့် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် ဖြစ်နေစေ ကာမူ၊ ပြီးပြည့် စုံသော ဓါး တစ်လက်၏ စွမ်းအားကို ခံနိုင်ရည် မရှိချေ။

“ ဟိတ် ... ။ ”

ဓားချက် များကို ဖြေရှင်း ပြီးသည်နှင့်၊ မျက်နှာဖုံးစွပ် လူငယ်က လက်သီးဖြင့် ထပ်မံ ထိုးနှက် လိုက်သည်။

ထို့ကြောင့် လျှပ်စီးကွင်း (၁၈) ကွင်းက သူ့လက်မောင်း တစ်လျှောက် ဖြစ်ပေါ် လာ၏။ အဆိုပါ လျှပ်စီးကွင်း များက စွမ်းအား ပြည့်လာ သော အခါ၊ လက်သီး လမ်းကြောင်း၌ လှိုင်း ဂယက်များ ဖြစ်ပေါ် လာစေသည်။

“ ဝုန်း ... ။ ”

ဤသာမန် တိုက်ခိုက်မှုသည်၊ အရိယာ ကောင်းကင် ဓားမော့ ရည်ရွယ် ချက်ကို ပျက်စီး စေသဖြင့်၊ နန်းဂွန်းယန်မှာ မျက်နှာ ပြောင်းလဲ သွားသည်။

ထို့နောက် နှစ်ဖက် စလုံးက ခရမ်းရောင် နန်းတော်ရှိ ကြယ်များကို၊ အသက်သွင်း လာကြ၏။

“ အဲဒီ လူက ဘယ်သူလဲ ...၊ လျှပ်စီး ရည်ရွယ်ချက်နဲ့ ... လျှပ်စီး ခန္ဓာကို သုံးပြီး၊ အရိယာ ကောင်းကင် ဓားမော့ အပေါ်၊ ချိုးနှိမ်ထား နိုင်တာပဲ။ ”

“ ဟုတ်တယ် ... ၊ နန်းဂွန်းယန်က သူ့ ဓားမော့ ရည်ရွယ်ချက်ကို၊ အထွတ် အထိပ် အထိ ထုတ်ဖော်လို့ မရဘူး။ ”

တိုက်ပွဲကို ကြည့်ကာ လူတိုင်း တွေဝေ လာ၏။ ဤမျက်နှာ ဖုံးစွပ် လူငယ်သည် ဝှက်ဖဲ များကို အသုံး ပြုခြင်း မရှိချေ။

ဆိုလို သည်မှာ ပေါ့ပေါ့ ပါးပါးပင်၊ နန်းဂွန်းဇီကို ဖြေရှင်း နေသည်ဟု အဓိပ္ပါယ် ရသည်။

စတုတ္ထတန်း ရောက် ပြီးနောက်၊ ဓား ရည်ရွယ်ချက်မှာ ကြောက်မက်ဖွယ် ကောင်းပြီး မည်သူမျှ ခေါင်း မထောင် နိုင်ကြောင်း၊ သတင်း ကြီး၏။

သို့သော် လက်ရှိ အခြေ အနေ အရ၊ ထိုစတုတ္ထတန်း ဓား ရည်ရွယ်ချက်သည်၊ ကြောက်စရာ ကောင်းခြင်း မရှိချေ။

တစ်ဖက်တွင် ဂိုဏ်းများကို ဦးဆောင် လာသော ခေါင်းဆောင် များက၊ မျက်နှာဖုံးစွပ် လူငယ်ကို ကြည့်ကာ၊ မျက်မှောင် ကြုတ် မိကုန်သည်။

ဤလူငယ်သည် ကြောက်မက်ဖွယ် ကောင်းသော ပါရမီရှင် တစ်ဦးဖြစ် မည်ကို ငြင်းစရာ မရှိချေ။

“ ကစားပွဲကို ... ၊ အဆုံး သတ်ဖို့ အချိန် တန်ပြီ။ ”

မျက်နှာ ဖုံးစွပ် လူငယ်က ရုတ်တရက် ကိုယ်ဟန် ပြောင်းကာ၊ ပြောသည်။ သူ့နောက်၌ အရောင်များ ထပ်နေသော စက်ဝိုင်း တစ်ခု ဖြစ် လာ၏။

ထိုစက်ကွင်း ကန့်သတ်ချက် ရောက်သော အခါတွင်၊ ပင်မ နတ်ဘုရား နယ်ပယ် ကျင့်ကြံ သူများ အားလုံး၊ အသက်ရှူ ကြပ်ကုန်သည်။

၎င်းတို့၏ စိတ်ဝိညာဉ် များ၌ အကြောက် တရားများ ဝင်လာသည်။ ထိုလျှပ်စီး စက်ကွင်း ဖန်တီး နိုင်သည်မှာ၊ ဘီလူး များသာ ဖြစ်ပေ၏။

“ အဆုံးသတ်ချင် တာလား၊ ဟမ့် ... ။ ”

နန်းဂွန်းဇီက ဟောက်သံကို ထုတ်လွှတ် လိုက်ချိန်တွင်၊ ခရမ်းရောင် နန်းတော်ရှိ ကြယ် (၈)လုံး လင်းလာကာ၊ အငွေ့ အသက်များ ပေါက်ကွဲ သွားသည်။

“ ဒါ ... ။ ”

ကြယ် ရှစ်ပွင့် အတား အဆီးအား ချိုးဖြတ်ပြီး၊ အဠမမြောက် ကြယ် ဖြစ်တည် လာတော့၏။

နန်းဂွန်းဇီမှာ မျက်နှာဖုံးစွပ် လူငယ်ကို အသုံးချပြီး၊ အတား အဆီးအား ဖြတ်ကျော် နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းက လူတိုင်းကို စိတ်လှုပ်ရှား လာ စေ၏။ နန်းဂွန်းဇီ တစ်ယောက် အချိန်မီ ကစား ပွဲအား၊ လှည့်နိုင် ပေတော့မည်။

“ အဟက် ... ။ ”

သို့တိုင် မျက်နှာဖုံးစွပ် လူငယ်က လှောင်ပြောင်လျက်၊ တံဆိပ် တစ်ခုကို အလင်း ဖြင့်၊ တည်ဆောက် ၏။

တံဆိပ် ပေါ်လာ သည်နှင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် သွားကာ၊ မျက်နှာဖုံးစွပ် လူငယ် သည်သာ လင်းလက် နေတော့သည်။

“ အွတ် ... ။ ”

ထို့နောက် နှစ်ယောက်သား ထိပ်တိုက် တွေ့စဉ်၊ လူရိပ် တစ်ရိပ် ချက်ချင်း ပြန်လည် လွင့်စဉ် သွားရသည်။

“ ဘုန်း ... ။ ”

ဘုန်းခနဲ ပြုတ်ကျကာ၊ စင်မြင့် တစ်ခုလုံး တုန်ခါ သွား၏။ လွင့်စဉ် လာသူမှာ နန်းဂွန်းဇီ ဖြစ်ပြီး၊ ကြမ်းပြင်ပေါ် ဒူးထောက်လျက် သွေးအန် သည်။

ပြီးနောက် မျက်နှာ ဖုံးစွပ် လူငယ်အား မယုံကြည် နိုင်စွာ မော့ကြည့် လိုက်၏။ ဓားမော့ ရည်ရွယ်ချက်သည်၊ လျင်မြန်စွာ မှိန်ဖျော့ သွားသည်။

သွေ့ရော် ကျွန်းတွင် ချင်းကန်နှင့် လင်းယွန်၏ တိုက်ပွဲကို ကြည့်ကာ အရိယာ ကောင်းကင် ဓားမော့ ရည်ရွယ်ချက်အား နားလည် လာခြင်း ဖြစ်သည်။

ထို့နောက် သူ့ ခွန်အားသည် ပေါက်ကွဲ ကြီးထွား လာသဖြင့်၊ လူတိုင်း အပေါ် လျစ်လျူရှု ရန် ယုံကြည်ချက် ဖြစ်ပေါ် လာ၏။

သူ့ထက် အရင် အရိယာ ကောင်းကင် ဓားအား ဆုပ်ကိုင် ထားသော လင်းယွန် ကိုပင် ပြိုင်ဘက် အဖြစ် မယူဆ မိတော့ပေ။

လောယွမ်နှင့် မူရွယ်ချင်းတို့ ကဲ့သို့ ရွှေမျိုးဆက် အောက် ပါရမီရှင်များ ကိုသာ မြင်ခဲ့သည်။

နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်သည်နှင့်၊ ရွှေမျိုးဆက် အောက်တွင် အသန် မာဆုံး ဘွဲ့ကို ရယူရန်၊ စိတ်ကူး ထားသည်။

သို့သော် ထိုအိမ်မက်သည် မစခင် ကပင် ပျက်စီး သွား၏။ အောင်မြင်မှု တစ်ခု ရယူနိုင် သော်မှ၊ ရှုံးနိမ့် ခဲ့သေးသည်။

“ ဒါက ... ဘာ တံဆိပ်လဲ ... ။ ”

ရှေးတံဆိပ်တွင် လျှပ်စီး စွမ်းအင်များ ပါနေသဖြင့် နန်းဂွန်းဇီမှ မေးမိသည်။ မျက်နှာ ဖုံးစွပ် လူငယ်က၊

“ ဒါက ... မဟာ နေမင်း တံဆိပ် ... ၊ အလင်းရဲ့ အစ နေမင်းပဲ၊ ရှေးဟောင်း အပျက် အစီး နယ်မြေ တစ်ခုမှာ၊ ငါ ရှာတွေ့ ခဲ့တာ၊ ...

... မင်းလည်း သန်မာ ပါတယ် ... ၊ ငါ့ကို ရှုံးလိုက် ရလို့ ... စိတ်မကောင်း မဖြစ်ပါနဲ့၊ မဟာ နေမင်း တံဆိပ်ကို၊ လျှပ်စီးနဲ့ ပေါင်းစပ် နိုင်တာ ကြာပြီ၊ ရည်ရွယ်ချက် နှစ်ခု စလုံး ..

... ပဉ္စမတန်းမှာ ...၊ ဒါကြောင့် သူတို့က မင်းရဲ့ အရိယာ ကောင်ကင် ဓားမော့ထက် ပို အားကောင်း နေတာပေါ့။ ”

မျက်နှာဖုံးစွပ် လူငယ်၏ စကားကို ကြားသော အခါ လူတိုင်း အံ့ဩ နားလည် သွား ကြသည်။

နောက်ဆုံးတွင် မဟာ နေမင်း တံဆိပ် တစ်ခုတည်း ကပင်၊ အစွမ်းထက် နေပြီ ဖြစ် ချေ၏။

လျှပ်စီး ရည်ရွယ်ချက်နှင့် ပေါင်းစည်း ခြင်းကြောင့် ဆိုဖွယ် မရှိချေ။ အနည်းငယ် တိမ်းစောင်း ရုံဖြင့် ပိုင်ရှင် ကိုပင်၊ မီးလောင် ပြာကျ စေနိုင်သော စွမ်းအား မည်၏။

ထို့ကြောင့် မျက်နှာ ဖုံးစွပ် လူငယ်၏ ကံကြမ္မာနှင့် အရည် အချင်းသည် ကောင်းကင် ဘုံကို အံတု လွန်း သည်ဟု ဆိုရာ ရောက်၏။

“ ဒါပေမယ့် ... မဟာ နေမင်း တံဆိပ် မရှိ ရင်တောင်၊ မင်းကို ငါ အနိုင်ယူ နိုင်ပါသေးတယ်၊ အဲဒါက နည်းနည်းတော့ ခက်လိမ့်မယ်။ ”

နန်းဂွန်းဇီ မျက်နှာမှာ၊ ပြောင်းလဲ သွားသော်လည်း၊ စကား တစ်ခွန်းမျှ ပြန်မပြော တော့ဘဲ၊ စင်မြင့် ပေါ်မှ ဆင်းသွား လေသည်။

မျက်နှာဖုံးစွပ် လူငယ်က၊ ဓားဂိုဏ်း၏ ဦးတည် ရာသို့၊ လှမ်းကြည့် လိုက်သည်။ ပြီး ပြုံးလျက်၊

“ ကဲ ... ဓားဂိုဏ်း အလှည့်ပဲ၊ ယဲ့ဇီလင် ... ဓားဂိုဏ်းကို ကိုယ်စား ပြုပြီး၊ မင်း ငါ့ကို တိုက်ရဲ လား ... ။ ”

-ဟု မေးလာ တော့သည်။

ဓားဂိုဏ်းမှ လူတိုင်း ကူကယ်ရာမဲ့ စွာဖြင့်၊ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက် မိ၏။

“ ယဲ့ဇီလင် ... ၊ မင်း ငါ့ကို မတိုက် ရဲဖူးလား၊ ဒါလည်း မှန်ပါတယ်၊ ပင်မ နတ်ဘုရား နယ်ပယ် နဲ့ဆို၊ ငါ့ကို မင်းမှ မဟုတ်ဘူး၊ ...

... ဘယ်သူမှ အနိုင်ယူ နိုင်မှာ မဟုတ်ဘူး၊ မိန်းကလေး မူ ... မင်း ဘာလို့ ငါနဲ့ လာမတိုက် ရတာလဲ။ ”

မျက်နှာ ဖုံးစွပ် လူငယ်က၊ မူရွယ်ချင်းကို ကြည့်ကာ ပြောလာ သဖြင့်၊ ရုတ်တရက် တိတ် ကျသွား လေသည်။

“ နင် ... တိုက်ချင် နေတာလား၊ ကောင်းပြီ ... ငါ တိုက်ပေးမယ်။ ”

ယဲ့ဇီလင်မှ ရုတ်တရက် ဝင်ပြော လာသည်။

“ ဒါလည်း ... အလုပ် ဖြစ်တယ်၊ ဘယ်သူပဲ ဖြစ်ဖြစ် အရေး မကြီးဘူး။ ”

လောယွမ်မှ ဝိုင်အား အရသာခံ သောက်လျက်၊ မျက်နှာ ဖုံးစွပ် လူငယ်နှင့်၊ ဓားဂိုဏ်း အပေါ် ကြည့်နေ၏။

ထိုအချိန်တွင် ရုတ်တရက် အသက်ဝင် လာသော အရုပ် တစ်ရုပ် ကဲ့သို့၊ လင်းယွန်မှ ဖြည်းညှင်းစွာ ထရပ်လာ လေသည်။

“ မင်းက ... ငါတို့ရဲ့ သခင်မ လေးကို စိန်ခေါ်ချင် တာလား၊ ဒါဆို ဘာလို့ ငါ့ကို အရင် မမေး ရတာလဲ။ ”

***

All Chapters