← Chapters

ဟွမ် ရွှမ် ရီ။

Vol. 112 Ch. 1564

ဟွမ် ရွှမ် ရီ။

Vol. 112 Ch. 1564

လင်းယွန် ဟူသည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်သည်ကို၊ ဤနေရာမှ လူတိုင်း သိကြ ပေ၏။

သို့သော် ၎င်းသည် ကြယ်(၆)ပွင့် ၌သာ ရှိသေး သဖြင့်၊ လူတိုင်းထက် ကျင့်ကြံမှု အနိမ့် ကျဆုံး ဖြစ်နေသည်။

ခွန်အားကို ကျင့်ကြံခြင်း အဆင့်နှင့် တိုင်းတာ၍ မရ သော်လည်း၊ ပင်မ နတ်ဘုရား နယ်ပယ် ၌မူ၊ အနည်းငယ် သတိထား ရပေ သည်။

ကြယ် တစ်လုံးသည် ဆတိုးကိန်း တစ်ခု ဖြစ်သဖြင့်၊ ကွာဟ ချက်မှာ ကြီးမား ပေမည်။

“ လင်းယွန် ... ၊ နင် ရူးနေလား။ ”

ယဲ့ဇီလင်က ရှုပ်ထွေးသော အမူ အရာဖြင့်၊ လင်းယွန်အား ပြန်ကြည့်ကာ ပြောသည်။ ကြယ် (၈) ပွင့် နန်းဂွန်းဇီ သည်ပင်၊ လူငယ်ကို အနိုင် မယူ နိုင်ချေ။

လင်းယွန်မှ မတ်တပ် ထရပ် လာ သဖြင့်၊ လောယွမ် တစ်ယောက် မျက်လုံး ပြူးသွားတော့ ၏။

ငရဲ နတ်ဘုရား မိသားစု ဘိုးဘေး သေဆုံးခြင်းမှာ ဤလင်းယွန်နှင့် တိုက်ရိုက် ပတ်သတ် ပေသည်။

မျက်နှာ ဖုံးစွပ် လူငယ် ကြောင့်သာ လင်းယွန် ဒုက္ခိတ ဖြစ်ခဲ့ ပါက၊ ပြဿနာ မီးခိုး ကြွက်လျှောက် တတ်သွား နိုင်ပေမည်။

ဓားဂိုဏ်းကို ရန်စနေ ခြင်းမှာ၊ ယဲ့ဇီလင်မှ လွီရှကို ရိုက်နှက် ခဲ့သဖြင့်၊ သင်ခန်းစာ တစ်ခု ပေးရန်သာ ဖြစ်သည်။ လင်းယွန်အား ရန်စရန် မဟုတ်ချေ။

“ ငါ့ ဂိုဏ်းက တပည့်ကို ... ၊ ရိုက်နှက် ခဲ့တာ ယဲ့ဇီလင်ပါ၊ မိန်းကလေး ယဲ့ .. မထွက်ရဲ ဖူးလား၊ ဒီလိုပဲ ယောက်ျား တစ်ယောက် နောက်မှာ ...

... ပုန်းနေချင် လို့လား၊ ကျန့်ကျင်းရှန်က သူ့သမီးကို သတ္တိတွေ အမွေ ပေးဖို့ မေ့ခဲ့ ပုံရ တယ်၊ ဟား ဟား ဟား။ ”

လောယွမ်မှ အခြေ အနေ ပြောင်းလဲရန် ကြိုးစား လိုက်သည်။ သူ့စကား များကြောင့် ယဲ့ဇီလင် မျက်နှာ ပျက်ယွင်း သွား၏။

“ လင်းယွန် ... ၊ ဒီကိစ္စကို ငါ ကိုင်တွယ် ပါရစေ၊ နင်က ... သူ့ ပြိုင်ဘက် မဟုတ် ဘူး။ ”

“ သခင်မလေး ... ၊ သူက သူ့ကိုယ်သူ ဖုံးကွယ် ထားပေမယ့်၊ သူ ဘယ်သူလဲ ငါ မှန်းဆ နိုင်ပါတယ်၊ ငါ့ကို စိတ်ပူ မနေနဲ့။ ”

လင်းယွန်က ပြုံးကာ ပြန်ပြော လိုက်သည်။

“ သူက ငါ့ကို စိန်ခေါ် နေတာ ... ၊ ငါ နောက်ဆုတ်လို့ မရဘူး၊ အဆိုးဆုံး အခြေ အနေ ဖြစ်ရင်တောင် … ။ ”

“ ... ဒဏ်ရာ အပြင်း အထန် ရအောင် ရိုက်ပြီး၊ အရှက်ခွဲ ခံရမှာ မဟုတ်လား၊ အဟက် ... တကယ်တော့ လွီရှက သေသင့် လူပဲ၊ ကောင်းကင် ရေကန် ဧည့်ခံပွဲရဲ့၊ ...

... စည်းမျဉ်းတေွ ကြောင့်သာ မဟုတ်ရင်၊ သူ့ကို ဒီအတိုင်း ... လွှတ်ထား မိမှာ မဟုတ်ဘူး၊ စိတ်မပူ ပါနဲ့။ ”

လင်းယွန်က ယဲ့ဇီလင် စကားကို ဆုံးအောင် အပြော မခံဘဲ၊ ဖြတ်ပြော၏။ ထိုစကားကြောင့် ယဲ့ဇီလင် ခမျာ တွေဝေ သွားသည်။

“ ငါပြောတာ မှားလား ဇီလင်၊ စီနီယာ အစ်ကို ကျန့်က ... ၊ ငါ့ အသက်ကို ... အကြိမ် များစွာ ကယ်ခဲ့တယ်၊ အဲဒါကို ထားဦး၊ မင်းက ငါ့ရဲ့ သူငယ်ချင်းပဲ၊ ...

... ဒါကြောင့် မင်း အတွက်၊ ငါ ဖြေရှင်း ပေးမယ်၊ ဒါက ဘာမှ ကိစ္စ ကြီးကြီး မားမား မဟုတ် ပါဘူး။ ”

စကားဆုံး သည်နှင့် ယဲ့ဇီလင် အဖြေကို မစောင့် တော့ဘဲ၊ စင်မြင့် ပေါ်သို့ ပျံသန်းသွား လိုက်သည်။

မျက်နှာ ဖုံးစွပ် လူငယ်က၊ စင်မြင့်ပေါ် ဆင်းလာသော လင်းယွန်ကို ကြည့်ကာ၊ ပြုံး လေသည်။

သက်တံဓား သူတော်စင် တပည့်မှ၊ တိုက်ပွဲဝင်ရန် ဆန္ဒ ရှိနေ သည်မှာ၊ သူ့ အတွက် ကံကောင်းမှု ပေပင်။

နဂါး သေွးလွှတ် ကြောသို့၊ ယွဲ့ဇီလင်ကို နင်းပြီး တက်ရ သည်ထက်၊ လင်းယွန်မှာ အသင့် လျော်ဆုံး ဖြစ်၏။

“ လင်းယွန် ... ၊ မင်း အရမ်း ဒေါသကြီး တာပဲ၊ ပင်မ နတ်ဘုရားမှာ၊ ဘယ်သူ့ ကိုမှ မင်း ... မရှုံးဖူး သေးဖူး မဟုတ်လား၊ အခုတော့ မိန်းမ တစ်ယောက် အတွက်၊ ဒီရလာဒ်ကို စွန့်လွှတ် ရတော့မယ်၊ တန်သလား။ ”

မျက်နှာ ဖုံးစွပ် လူငယ်က လင်းယွန် အပေါ် အခြား သူများထက်၊ ပို၍ နားလည် သလို ကြည့် လာသည်။

“ မင်း မဆိုးဘူး၊ ငါ့ကို ကောင်းကောင်း နားလည် တာပဲ။ ”

လင်းယွန်မှ ပြုံးကာ တုန့်ပြန် လိုက်၏။ ထို့ကြောင့် မျက်နှာ ဖုံးစွပ် လူငယ်က အံ့အား သင့် သွားပြီး၊

“ မင်း ... ပြုံးနေ နိုင်သေး တယ်နော်၊ ရှုံးရင်တောင် ဆိုးရွားတဲ့၊ ရလဒ်မျိုး မဟုတ်နိုင် ဖူးလို့ ထင်နေ တာလား၊ ငါက သူများ တွေလို့၊ မင်းကို လွယ်လွယ် လွှတ်ပေးမှာ မဟုတ်ဘူး။ ”

-ဟု ပြောလာ တော့သည်။

မျက်နှာ ဖုံးစွပ် လူငယ်မှ၊ လင်းယွန်အား သတ်ချင် သည်ကို၊ သိလိုက် ရသောကြောင့်၊ လောယွမ်က ကြောက်ရွံ့ လာ၏။

ချက်ချင်းပင် သူ့အသံကို၊ ထိုလူငယ် ကြားရုံ ပေးပို့ လိုက်ရသည်။

( မင်း ... သူ့ကို နှိပ်စက် လို့ပဲ ရမယ်နော်၊ သူက သက်တံဓား သူတော်စင် တပည့်ပဲ။ )

( စိတ်မပူနဲ့ ... ၊ သူ့ကို သင်ခန်းစာ ပေးရုံ ပါပဲ၊ ငါတို့ နှစ်ယောက် လုံးက ပင်မ နတ်ဘုရား နယ်ပယ်မှာ ဖြစ်နေတော့ ဓားဂိုဏ်းက အပြစ် တင်နိုင်မှာ၊ မဟုတ် ပါဘူး။)

မျက်နှာဖုံးစွပ် လူငယ်၏ ပြန်ကြားချက် ကြားသော အခါတွင်၊ လောယွမ်မှ ထပ်မပြော တော့ဘဲ၊ ပြိုင်ပွဲကို အာရုံ စိုက် လိုက်သည်။

“ မင်း ဘယ်သူလဲ ဆိုတာ၊ ငါ ခန့်မှန်းမိ ပါတယ်၊ လောကမှာ ဘယ်သူမှ ပြိုင်ဘက်ကင်း မနေ ပါဘူး၊ ဧကရာဇ် ကိုးပါးတောင်မှ ရှုံးခဲ့ ရ သေးတယ်၊ ...

... မင်းက ဧကရာဇ်မှ မဟုတ်တာ ... ပိုဆိုး တာပေါ့ ... ၊ ပြီးတော့ မင်းလို လူက ငါ့ရဲ့ စီနီယာ အစ်ကို ကျန့်နဲ့ ... ယှဉ်ဖို့ လုံးဝ အဆင့် မမီ သေးဘူး။ ”

လင်းယွန်မှ ပြန်ပြောသည်။ သို့သော် မျက်နှာဖုံးစွပ် လူငယ်က သူ့ စကားအား စိတ် မဝင်စားပုံ မပြချေ။

“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ မျိုးဆက်သစ် လူငယ်တွေ ကြားမှာ၊ မင်းကို ဓား ဘီလူးလို့ ပြောနေ ကြတယ်၊ ဒီနေ့ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ...

... ဓားဘီလူးကို၊ ငါ့ဓားနဲ့ အနိုင် ယူပြီး၊ မျိုးဆက်တူ အတွင်း ... ၊ ပြိုင်ဘက်ကင်း ဆိုတဲ့ အဓိပ္ပါယ် ဘာလဲ ငါ ပြမယ်။ ”

မျက်နှာ ဖုံးစွပ် လူငယ်က သူ့လက်ချောင်း များကို ဓားအဖြစ် အသုံးပြု လိုက်၏။ ပြီးနောက် လျှပ်စီး ဓားတစ်လက် ကဲ့သို့ လင်းယွန် ရင်ဘတ်ထဲ၊ ထိုးသွင်း သည်။

“ ဂျိန်း ... ။ ”

၎င်းဓား ရောင်ခြည်တွင်၊ လျှပ်စီးနှင့် မိုးကြိုး ရည်ရွယ်ချက် နှစ်ခု ပါ၏။ သည့်အပြင် အရိယာ ကောင်းကင် ဓား၊ အရိပ် အမြွက်မျှ ပါနေ သဖြင့်၊ လင်းယွန်မှ အနည်းငယ် အံ့ဩ သွားသည်။

သို့သော် သူ့ ဓားမှာ၊ အမည်ခံ ကောင်းကင် အမိုးဓား အဆင့် ရောက်နေပြီ ဖြစ်ရာ ၎င်းအား၊ မမှု တော့ချေ။ ဓားသုတ္တန်ကို လှည့်ပတ်ပြီး၊ ဓားအလင်း များနှင့်၊ တောက် လိုက်၏။

“ ရွှပ် ... ။ ”

စင်မြင့် ပေါ်၌ ဓားရောင်ခြည် နှစ်စင်း ထိပ်တိုက် တွေ့သော အခါ၊ အလင်းများ ဖြာ လျက်၊ ပေါက်ကွဲ သံများ ညံကုန်၏။

ထောင်ပေါင်း များစွာသော ဓားများ ပျံသန်းနေ သကဲ့သို့၊ စင်မြင့် ပေါ်၌ ဓားအလင်း များ၊ ပြည့်နှက် လာတော့သည်။

“ ရွှပ် ... ။ ”

လင်းယွန် နောက်၌ ငရဲပန်း ပေါ်ကာ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားကို အဆက် မပြတ် ပစ်လွှတ် နေသည်။

တစ်ဖက်တွင် မျက်နှာ ဖုံးစွပ် လူငယ် မှလည်း၊ လျှပ်စီး ပင်လယ်ကြီးဖြင့် ကျားကန် လျက်၊ မိုးကြိုး-လျှပ်စီး ဓား အလင်းများ ပြန်၍ ချေဖြတ် ၏။

ထိုစဉ် ငရဲဓား တုန်ခါ လာပြီး၊ ၎င်းက လင်းယွန် ခန္ဓာကိုယ်ထဲ ခုန်ဝင်ကာ၊ ညာလက် အတွင်း၊ ရွေ့လျား သွားသည်။

“ နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ်ရေး ဓား။ ”

ဤတစ်ကြိမ်၌ ငရဲပန်းသည်၊ ပွင့်ချပ် ပင်လယ်ကြီး အဖြစ်၊ ပြောင်းလဲ သွားပြီး၊ ဓား အလင်း အဖြစ်၊ ပျံထွက် လာသည်။

၎င်းက ရက်စက် ကြမ်းကြုတ်သော နဂါးနက်များ အလား၊ မျက်နှာဖုံးစွပ် လူငယ်ထံ ဝင်ရောက် ကုန်၏။

ဓားတာအို၌ ဤလင်းယွန်သည် အမှန်ပင် ဘီလူး တစ်ကောင် ဖြစ်ကြောင်း၊ မျက်နှာဖုံးစွပ် လူငယ်မှ ဝန်ခံလိုက် ရသည်။

“ အလင်း ... ။ ”

ထို့ကြောင့် သူ့နောက်ရှိ၊ မိုးကြိုး-လျှပ်စီး ပင်လယ်ကို နေမင်းကြီး အသွင် ပြောင်းလဲကာ၊ တုန့်ပြန် မိသည်။

“ ဝှစ် ... ။ ”

သို့သော် ထိုနေမင်းမှာ ငရဲဓားအား မဟန့်တား နိုင်ခဲ့ဘဲ၊ ပေါက်ထွက် သွားလေ သည်။ ထို့ကြောင့် လင်းယွန်မှ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ပြီး၊ ခုတ်ပိုင်းရန် ပြင်၏။

အမည်ခံ ကောင်းကင် အမိုး ဓားကို၊ ချက်ချင်း သွန်းလောင်းကာ၊ ငရဲဓား ဖောက်သွား သည့် လမ်း အတိုင်း၊ ခုတ်ပိုင်း ချလိုက်သည်။

“ ခရစ် ... ။ ”

ယင်းက ကောင်းကင်ကြီး အလွှာလိုက် လွင့်စင်ခြင်းနှင့် တူ၏။ မျက်နှာဖုံး စွပ် လူငယ် တစ်ဝိုက်ရှိ ကြယ်စွမ်းအင် အလွှာမှာ၊ ချက်ချင်း ပြိုကျ သွားသည်။

“ အ ... ။ ”

မျက်နှာဖုံးစွပ် လူငယ်မှ၊ ညည်းတွားသံ ပြုလျက်၊ ခရမ်းရောင် သူတော်စင် ဓားအား ထုတ်ကာ၊ ပြန်၍ ပက်ထုတ် လာ၏။

ကောင်းကင်ကြီး သူ့အပေါ် ပြိုကျ လာသည်ဟု၊ ခံစား နေရသော နှလုံးသားမှာ ထိုမှသာ သက်သာ သွားသည်။

“ သွား ... ။ ”

“ သွား ... ။ ”

လင်းယွန်မှ ကောင်းကင် ရေကန် ဓားကို ထုတ်ဖော်လျက်၊ သူ့ဓားအား ပစ်ထုတ် လိုက်၏။ မျက်နှာဖုံး စွပ် လူငယ် မှလည်း၊ ချင်းချင်း ပြန်၍ ပစ်ထုတ် လာသည်။

“ ထန် ... ထန် ... ။ ”

ဓား နှစ်လက်မှာ၊ မမြင် ရသော တစ်စုံ တစ်ယောက်မှ ကိုင်တွယ် ထိန်းကြောင်း နေ သကဲ့သို့၊ လေထဲ ခုတ်ပိုင်း နေတော့သည်။

“ သူတော်စင် လျှပ်စီး ခန္ဓာ ... ။ ”

“ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ... ။ ”

လေထဲ ဓားနှစ်လက် တိုက်ခိုက် နေစဉ်၊ သူတော်စင် ခန္ဓာများကို ထုတ်ဖော်လျက်၊ နှစ်ဦး သား လက်သီးခြင်း ယှဉ်ထိုးလိုက် ကြ၏။

“ ဘုန်း ... ဘုန်း ... ။ ”

“ ထန် ... ထန် ... ။ ”

လက်သီး ဆယ်ချက် ထိုးပြီးနောက်၊ မိုးခြိမ်းသံများ ပဲ့တင် ထပ်လာကာ၊ ကြမ်းပြင် အက်ကွဲ သွားသည်။

တစ်စထက်- တစ်စ လက်သီး လှိုင်းများ တိုးလာပြီး၊ လေပေါ် မဏ္ဍပ်များ ကိုပင်၊ ယိမ်း ထိုး လာစေ၏။

ထို့ကြောင့် ကောင်းကင် ရေကန် သခင်က၊ တံဆိပ် တစ်ခု အမြန် ထုတ်ဖော်ကာ၊ ကာကွယ် ပေး လိုက်ရသည်။

ထိုအချိန်၌ စင်မြင့်ကို ဖုံးအုပ် ထားသော အတား အဆီး ကွဲပြီး၊ လက်သီး လှိုင်းများက မုန်တိုင်း အသွင်၊ စိမ့်ထွက် လာ၏။

“ ပြန် လာ ... ။ ”

“ ပြန် လာ ... ။ ”

နှစ်ယောက်သား ဓားများ ပြန်ခေါ် လိုက် တော့သည်။ အလျင်ခြင်း ယှဉ်သော် ပန်းသင်္ချိုင်း ဓားနှင့်၊ မည်သည့် ဓားမျှ မယှဉ် နိုင်သော ချေ။

ထို့ကြောင့် လင်းယွန်မှ သူ့ဓားကို အရင် ပြန်ရသည်။ ဓား ရသည်နှင့် ကောင်းကင် ဓား ပုံစံကို၊ အကောင် အထည် ဖော်လျက်၊ ဦးစွာ တိုက်ခိုက် ပစ်၏။

မျက်နှာဖုံး စွပ် လူငယ် ဓား ခမျာ၊ အနည်းငယ် နှောက်နှေး နေသဖြင့်၊ လင်းယွန် ဓားအား ကာချိန် မရ လိုက်ချေ။

ကံကောင်း သည်မှာ၊ ထိုဓား အလင်းက မျက်နှာထံ ဦးတည်ခြင်း ဖြစ်၏။ ယင်းကြောင့် မျက်နှာဖုံး ကွဲထွက် သွားပြီး၊ သူ့ မျက်နှာ သွင်ပြင်၊ ပေါ်လာသည်။

“ ဒါ ... ။ ”

ထိုမျက်နှာကို သိနေကြ သောကြောင့်၊ လူတိုင်း မျက်လုံးပြူး ကုန်သည်။ ကောင်းကင် ရေကန် သူတော်စင် သခင်ပင်၊ မျက်ခုံးပင့် လိုက်မိ၏။

“ ဟွမ် ရွှမ် ရီ ... ။ ”

***

All Chapters