မင်း ဘယ်သူလဲ ဆိုတာ ... ၊ ငါ ဂရု မစိုက်ဘူး။
Vol. 112 Ch. 1565
ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်မှ အဆင့် (၁)- ဟွမ်ရွှမ်ရီ ဖြစ်သည်။ ၎င်းပုံတူကို နှစ်ပေါင်း များစွာ ချိတ်ဆွဲ ထားသဖြင့်၊ လူတိုင်း မှတ်မိပြီး ဖြစ်၏။
ထို့ပြင် ၎င်းသည် မြင့်မြတ် မြေမှ၊ ‘မင်’ ဟုခေါ်သော တာအို ဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်သည်။
ယခု လုပ်ရပ်သည်၊ ‘မင်’ တာအို ဂိုဏ်းမှ၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ အရင်း အမြစ်ကို လာရောက် လုယူခြင်း ဖြစ်နေသည်။
“ လောယွမ် ... ၊ နင် ဘာလုပ် တာလဲ၊ ဟွမ်ရွှမ်ရီက နင်တို့ ဂိုဏ်းက မဟုတ်ဘူး၊ သူက အပြင်လူ တစ်ယောက်ပဲ။ ”
မူရွယ်ချင်းမှ ချက်ချင်း အော်ငေါက် လိုက်လေသည်။ လင်းယွန် သန်မာ သော်လည်း၊ ၎င်းကြောင့်၊ ဒုက္ခိတ ဖြစ်လာ နိုင်၏။
အခြားဂိုဏ်း များ၏၊ ခေါင်းဆောင် တပည့်ကြီး များသည်လည်း၊ မျက်နှာ ပြောင်းလဲ သွားသည်။
မည်သူ မဆို ရှေးဟောင်း ပျက်သုဉ်းမြေ၏ အရင်း အမြစ်ကို၊ အခြားလူ တစ်ဦးမှ ယူဆောင် သွားခြင်းအား၊ လက်ခံ နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် လူတိုင်း၏ အကြည့် များက၊ ကောင်းကင် ရေကန် သူတော်စင် သခင် ထံသို့၊ ကျရောက် သွားသည်။
ကောင်းကင် ရေကန် သူတော်စင် သခင် မှလည်း၊ အများ နည်းတူ ဒေါသထွက် နေသည်။ ကောင်းကင်ယံ ဂိုဏ်းသည် ဤမျှ သတ္တိရှိ နေလိမ့် မည်ဟု မထင် ခဲ့ချေ။
လောယွမ်က ယင်းကို မျှော်လင့်ထား ပြီးသားမို့ ထိန်လန့်ခြင်း မရှိဘဲ၊
“ သူတော်စင် သခင် ... စိတ်မဆိုး ပါနဲ့ ၊ ဟွမ်ရွှမ်ရီက ‘မင်’တာအို ဂိုဏ်းကနေ ထွက်ပြီး၊ ကောင်းကင်ယံ ဂိုဏ်းဆီ ဝင်လာ တာပါ၊ ဒါက ငါတို့ ဂိုဏ်းချုပ်ရဲ့ ထောက်ခံ စာပါ။ ”
“ မင် ... ဘယ်လိုတောင် အရှက်မဲ့ လိုက်လဲ။ ”
“ ဒါ လုပ်ဇာတ် ကြီး ... ၊ ကောင်းကင်ယံ ဂိုဏ်းက အရမ်း လွန်လာပြီ ... ၊ ဒီလို လုပ်လို့ သူတို့ အတွက်၊ ဘာများ အကျိုး ရှိမှာလဲ။ ”
လောယွမ် စကားကြောင့် လူတိုင်း ဒေါသထွက် ကုန်သည်။ ကောင်းကင် ရေကန် သူတော်စင် သခင်က၊ စာကို တစ်ချက်သာ ကြည့်၏။
ဟွမ်ရွှမ်ရီ၏ အရည် အချင်း များအရ၊ ‘မင်တာအို ဂိုဏ်းမှ ၎င်းအား လက်လွှတ်မည် မဟုတ်ချေ။
နဂါး သွေးလွှတ်ကြော မရောက်ခင်၊ ဤနေရာ၌ နှစ်ခြင်း ခံရန် လာခြင်းသာ ဖြစ်မှန်း သူ သိသည်။ သို့သော် သက်သေ မရှိ သဖြင့်၊ မည်သို့မျှ အရေး မယူ နိုင်ချေ။
“ ကောင်းပြီ ... ၊ လင်းယွန် ... မင်း ပြန်ဆင်း သွားတော့ ... ။ ”
ထို့ကြောင့် လင်းယွန်အား ကြည့်ကာ၊ ပြောလိုက်သည်။ ဤသည်မှာ လင်းယွန် အပေါ်၊ သူ့ စေသနာ ဖြစ်သည်။ မဟုတ် ပါက တစ်ဖက် သတ် အရိုက်ခံ နေရ ပေမည်။
“ ကျွန်တော် မတိုက် ရသေးဘူး ... ၊ ဘာ အတွက် ပြန်ဆင်း ရမှာလဲ။ ”
လင်းယွန်မှ ငြင်းဆန် လိုက်သည်။ သူ့စကားက လူတိုင်းကို တုန်လှုပ် သွားစေ၏။ ဟွမ်ရွှမ်ရီမှန်း သိသော်မှ၊ ဆက်၍ တိုက်ပွဲ ဝင်ချင် နေသေးသည်။
“ ငါ ဘယ်သူလဲ သိတာတောင် ... ၊ ရှုံးနိမ့်မှုကို ဝန်မခံ သေးဖူးလား၊ သက်တံဓား သူတော်စင် တပည့်က၊ တကယ့်ကို ရဲရင့် ပါပေတယ်။ ”
ထို့ကြောင့် ဟွမ်ရွှမ်ရီမှ ပြုံးကာ မှတ်ချက် ပေးသည်။
“ စကား မများနဲ့ ... ၊ ငါ့ဓားက မင်း ဘယ်သူလဲ ဆိုတာကို စိတ်မဝင် စားဘူး။ ”
လင်းယွန်မှ ထီမထင် ဟန်ဖြင့် ပြန်ပြော၏။ ပင်မ နတ်ဘုရား ချန်ပီယံ ဖြစ်နေ လျှင်ပင်၊ စိတ် မဝင် စားချေ။
“ ဟား ဟား ဟား ... ကောင်းပြီ၊ စလိုက် ရအောင်။ ”
ဟွမ်ရွှမ်ရီက ဖုံးကွယ် ထားသော သူ့ ကျင့်ကြံမှုကို၊ ထုတ်ဖော် လိုက်၏။ ကြယ် (၉)ပွင့် တိတိ လင်းထိန် လာသည်။
ထို့ကြောင့် နဂါး သွေးလွှတ် ကြော နယ်ပယ်မှ၊ ကျွမ်းကျင်သူ များကိုပင်၊ ကြောက်ရွံ့ စေသော၊ ဖိအားက ယိုစိမ့်ကျ လာ၏။
“ ဂျူနီယာ လင်း ... ပြန်လာပါ။ ”
မူရွယ်ချင်းမှ ချက်ချင်း လှမ်းခေါ်သည်။ သို့သော် လင်းယွန်မှ လှည့် မကြည့်ဘဲ၊ (၉)ပွင့် ရောင်ဝါကို ထုတ်ဖော်ပြီး ပြန်ဖြေ ပြ၏။
“ ဖောင်း ... ၊ ဖောင်း ... ၊ ဖောင်း ... ။ ”
(၉) ကိုးပွင့် ရောင်ဝါ နှစ်ခု တိုက်မိ သွားပြီးနောက်၊ ပေါက်ကွဲမှု အသေး စားများ ဆက်တိုက် ဖြစ်ပေါ် လာသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
နန်းဂွန်ဇီ၊ စန်းယန်၊ နင်ဖုန်း၊ တျန်ကျန့်နှင့် အခြားသော လူများ ထံမှ အာမေဋိတ် သံများ ထွက်ပေါ် လာ၏။
လောယွမ်ပင် မျက်လုံး ပြူးသွားသည်။ သူသာ မမှားပါက၊ လင်းယွန် တစ်ယောက် ပင်မ နတ်ဘုရား နယ်ပယ် ရောက်လာ သည်မှာ၊ တစ်နှစ် မျှသာ ရှိသေးသည်။
ယခုမူ ကြယ်ကိုးပွင့် ရရှိ နေပြီ ဖြစ်သည်။ မယုံနိုင် စရာ ပေပင်။ မူရွယ်ချင်း တစ်ယောက် သည်သာ၊ အံ့ဩ ဝမ်းသာ နေ၏။
သည်မတိုင်မီ လင်းယွန်နှင့် တွေ့စဉ်က၊ တစ်ခုခု လွဲမှား နေဟူသော၊ သူမ ခံစားချက်မှာ အမှန် ဖြစ်သည်။
စင်မြင့် ပေါ်ရှိ ဟွမ်ရွှမ်ရီ မျက်နှာမှာ၊ မည်းမှောင် လာပြီး၊ သူ့မျက်ဝန်းများ ထဲရှိ၊ မထီ မဲ့မြင် အရိပ် အယောင်များ ပျောက်ကွယ် သွားသည်။
“ မင်းကို ... လျှော့တွက် ထားမိ ပုံပဲ၊ တကယ်ပဲ သက်တံဓား သူတော်စင် တပည့် ဖြစ်ဖို့ ... ၊ ထိုက်တန် ပါပေတယ်။ ”
“ မင်းလည်း ... ပင်မ နတ်ဘုရား နယ်ပယ်မှာ၊ ပထမ ရထားတာ မဆိုးပါဘူး၊ ဒါပေမယ့် ... ဒါတွေက ငါနဲ့ မတွေ့ခင် အချိန် တွေပါ။ ”
လင်းယွန်မှ ပြန်ပြော၏။ ထိုစကားက ဟွမ်ရွှမ်ရီအား ရင်ညွှန့်သို့ ထိမှန်သော လက်သီး တစ်လုံး ကဲ့သို့၊ အောင့်မြက် လာစေသည်။
သူသည် မြင့်မြတ် မြေ၏ တပည့် တစ်ဦး ဖြစ်သည်။ သို့တိုင် ဤလင်းယွန်မှ သာလွန်သူ တစ်ဦး ကဲ့သို့၊ ပြောဆို နေချေ၏။
“ ဟမ့် ... ၊ ပင်မ နတ်ဘုရား ပထမ အဆင့်ကို၊ ငါက ကျင့်ကြံမှု ခွန်အားနဲ့ ရယူထား တယ်လို့၊ မင်းထင် နေရင်၊ မှားသွားမယ်။ ”
စကားဆုံး သည်နှင့် လျှပ်စီး လက်သော နေနှင့့် လတစ်စင်း သူ့နောက်၌၊ တောက်ပစွာ ထွန်းလင်း လာသည်။
နေနှင့် လတို့ ပေါင်းစည်း သွားချိန်၌၊ ရှေးဟောင်း အက္ခရာ ‘မင်’ ဟူသော စာလုံး ဖြစ်ပေါ် လာ၏။
၎င်းစာလုံး မျက်နှာ ပြင်တွင်၊ သူတော်စင် ရူရ်များ ပါရှိပြီး၊ ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ် ပေးနေသည်။
ရူရ် (၁၀၀၀၀) အသက်ဝင် ချိန်၌၊ ‘မင်’ ဟူသော စာလုံးက၊ တရွေ့ရွေ့ ကြီးလာကာ၊ စင် ပေါ်ရှိ လင်းယွန် အပါ အဝင်၊ ပတ်ဝန်းကျင် တစ်ခု လုံးကို၊ ဖိနှိပ် တော့၏။
“ ဖျက်ဆီးခြင်း အလင်း အစီရင် ... ၊ ဒါ မင်တာအို ဂိုဏ်းရဲ့ ... အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာ ရပ်ပဲ၊ ဟွမ်ရွှမ်ရီက တကယ် မလွယ်ဘူး။ ”
“ ဒါက အစီရင် တစ်ခုသာ မဟုတ်ဘူး၊ ‘မင်’ဘာသာ အရဆို၊ မြင့်မြတ်သော နေ-လ ပလ္လင်လို့ ခေါ်တယ်။ ”
နဂါးသွေး လွှတ်ကြော နယ်ပယ်မှ၊ ပါရမီရှင် တစ်ယောက် သည်ပင်၊ အဆင့်မြင့် တစ္ဆေဝိညာဉ် ပညာရပ်အား၊ မြင့်မြင့် မားမား နား မလည်ချေ။
ထို့ကြောင့် ဤလှုပ်ရှားမှုကို ကြည့်ရုံဖြင့်၊ ပင်မ နတ်ဘုရား နယ်ပယ် ချန်ပီယံ ဖြစ်ရသည့်၊ အကြောင်း ရင်းအား နားလည် လာသည်။
စာလုံး ပေါ်လာ သည်နှင့် အမျှ၊ လင်းယွန် အရိုးများ ကွဲအက် ကုန်ကာ၊ ခန္ဓာကိုယ် တုန်ခါ သွားသည်။
ဤ‘မင်’တွင် နေနှင့် လတို့၏ စွမ်းအင်များ ထည့်သွင်း ထား၏။ ယင်းက ကောင်းကင် ဓား ပုံစံနှင့် ဆင်တူ စေသည်။
၎င်းတွင် သူတော်စင် ရူရ် (၁၀၀၀၀) ပါသောကြောင့်၊ ကောင်းကင်ဓား ပုံစံထက် ပို အစွမ်း ထက်သည်။
“ မင် ဂိုဏ်းရဲ့ ... ၊ လျှို့ဝှက် ပညာရပ် အောက်မှာ၊ အသက် ဆုံးရှုံး ရတဲ့ အတွက် ... ၊ ဂုဏ်ယူလို့ ရပြီ။ ”
လက်ဖဝါးကို တွန်းထုတ် လျက်မှ ဟွမ်ရွှမ်ရီက ပြောလာ လေသည်။
“နေ-လ ရောင်ခြည်များ ... ။ ”
‘မင်’ ဟူသော စာလုံး နိမ့်ဆင်း လာပြီး၊ စင်မြင့် ပေါ်၌ အက်ကြောင်းများ ပေါ်လာ တော့ သည်။
လေပေါ် မဏ္ဍပ် များပင်၊ လှုပ်ယမ်း လာ၏။ နတ် နဂါးပြာ အရိုးမှ အန္တရာယ်ကို ခံစားရ မိကာ လင်းယွန်ထံ သတိ ပေးသည်။
မွေးရာပါ သူတော်စင် မိုးပြာ နဂါး ခန္ဓာကိုယ်ကို အသက်သွင်း လိုက်ချိန်၌၊ သွေး ပွက်ပွက် ဆူလာ၏။
“ နဂါး ထွက်သက် ... ။ ”
နတ် နဂါးပြာ အရိုးမှ၊ ရူရ် (၂၀၀၀၀) ခုန်ထွက် လာပြီး၊ သူ့ လက်မောင်းကို လေးလံ သွားစေသည်။
လက်မောင်း တစ်လျှောက် အပြာရောင် အကြေးခွံ များက၊ အထပ်ထပ် ဖြစ်ပေါ် လာ တော့၏။
“ ခရစ် ... ။ ”
နဂါး ဟောက်သံများ ညံပြီး၊ ကောင်းကင်မှ ကျဆင်း လာသော၊ ‘မင်’ စာလုံးကို နဂါး လက် တစ်ဖက်က၊ ကုပ်ဖြဲ လိုက်သည်။
ထို့ကြောင့် ‘မင်’ ဟူသော စာလုံး ပျက် သွားကာ၊ နဂါး လက်သည်းက ဟွမ်ရွှမ်ရီထံ ဆက်၍၊ တိုးဝင် သွား၏။
“ သေ စမ်း ... ။ ”
ဟွမ်ရွှမ်ရီ ခမျာ၊ ရှေးဟောင်း တံဆိပ် တစ်ခုကို၊ အလျင် အမြန် ဖွဲ့စည်း လိုက် ရသည်။ ယင်းက မဟာ နေမင်း တံဆိပ် ဖြစ်၏။
“ ဝှစ် ... ။ ”
၎င်းအား လက်ချောင်း ထိပ်၌ စုစည်းကာ၊ ဓားသဖွယ် နဂါး လက်သည်းထံ ထိုးသွင်း ပစ် သည်။
“ ဖောင်း ... ။ ”
ပေါက်ကွဲသံ ထွက်ပေါ် လာပြီး၊ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော လှိုင်းလုံး များက သူ့ဆံပင် များကို၊ ဖရို ဖရဲ ဖြစ်သွား စေ၏။
“ ကောင်းကင် ဓား။ ”
အခွင့် အရေး ရသည်နှင့် လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ ကောင်းကင် ဓားပုံစံအား ထုတ်လွှတ် လိုက်သည်။
ထို့ကြောင့် ကောင်းကင်ကြီး ပြိုကျ လာ သဖြင့်၊ ဟွမ်ရွှမ်ရီ ခမျာ ဒူးထောက် ကျသွား၏။ သို့သော် ထိတ်လန့်ခြင်း မရှိဘဲ၊ လက် ဝှေ့ယမ်း လျက်၊ နေမင်းအား ဆင့်ခေါ်ကာ၊ ဖျက်ဆီး ပစ်လိုက်သည်။
“ မြေ ကြီး ... ။ ”
‘ကောင်းကင်’ကို ဖျက်ဆီး ပြီးချိန်၌၊ မြေကြီးက ထွက်ပေါ် လာပြန် သဖြင့်၊ ဟွမ်ရွှမ်ရီ ခမျာ ဒူးထောက် နေရာမှ၊ မထနိုင် သေးချေ။ ကမ္ဘာ့ ဆွဲငင် အားမှာ၊ (၇၂) ဆ တိုးပွား လာသောကြောင့် ဖြစ်၏။
“ ချိုး ဖြတ် ... ။ ”
အော်ဟစ်လျက် မြေပြင်ကို လက်ဖြင့် ရိုက်လိုက်ရာ၊ လမင်း တစ်စင်းက၊ ဥက္ကာပျံ တစ်လုံး ကဲ့သို့၊ ပြိုကျ လာပြီး၊ ထို‘မြေကြီး’ စာလုံးပေါ်၊ ထိမှန် သွားသည်။
“ ခရစ် ... ။ ”
‘မြေကြီး’ စာလုံး အက်ကွဲ သွားမှသာ၊ ပါးစပ်မှ သွေးများ စီးကျလျက် ဟွမ်ရွှမ်ရီ ထရပ် လာနိုင်၏။
“ မြင့်မြတ်သော နေ-လ ပလ္လင်။ ”
မတ်တပ် ရပ်၍ ရလျှင်-ရခြင်း၊ သူ့ လက်ဖဝါးအား လေထဲတွင်၊ ဝှေ့ယမ်း လိုက် လေသည်။
ပြန့်ကျဲ နေသော နေနှင့် လ ရောင်ခြည် များက၊ ချက်ချင်း စုစည်း လာကာ၊ ပလ္လင် အဖြစ် ထင်ရှား လာ၏။
“ သွား ... ။ ”
ပြီးနောက် လင်းယွန် ထံသို့ ပစ်ထုတ် လိုက်သည်။ ပလ္လင် သွားရာ လမ်း တစ်လျှောက် အရာ အားလုံး၊ အပိုင်းပိုင်း ကွဲကုန်၏။
“ ပြန် ယူ လိုက် ... ။ ”
သို့သော် လင်းယွန်က ကြမ်းပြင်ကို ခြေ ဖဝါးဖြင့်၊ အသာ ပုတ် လျက်၊ ကောင်းကင် ပေါ် ပျံတက်ကာ၊ အော်ဟစ်ပြီး ဓားအား လွှဲယမ်း လိုက်၏။
‘တော်ဝင်’ ဟူသော စာလုံးက မြှားတစ်စင်း ကဲ့သို့ ‘မြင့်မြတ်သော နေ-လ ပလ္လင်’ထံ၊ ပြေးဝင် သွားလေသည်။
“ ဝှီး ... ။ ”
မြင့်မြတ်သော နေ-လ ပလ္လင်က၊ လာစဉ် အရှိန်ထက်၊ ပို၍ မြန်သော နှုန်းဖြင့်၊ ပြန်လည် ‘ကန်’ထွက် သွားလေသည်။
“ ဘာ လဲ ဟ ... ။ ”
ဤအခြေ အနေကို မျှော်လင့် ထားခြင်း မရှိသော ဟွမ်ရွှမ်ရီ ခမျာ၊ မျက်နှာ ဖြူဖျော့လျက် ကျိန်ဆဲပြီး၊ လှည့်ပြေးမိ တော့သည်။
***