← Chapters

အကြည့် တစ်ချက် ... ။

Vol. 112 Ch. 1566

အကြည့် တစ်ချက် ... ။

Vol. 112 Ch. 1566

ပင်မ နတ်ဘုရား ပါရမီရှင် မှန်သမျှကို သတ်ပစ် နိုင်သည့်၊ အလင်း ပလ္လင်က ‘တော်ဝင်’ ဟူသော စာလုံးကြောင့်၊ လာရာ လမ်းကြောင်း အတိုင်း၊ ပြန်လှည့် သွားသည်။

မြင့်မြတ်သော နေလ ပလ္လင် မည်မျှ ထိတ်လန့် စရာ ကောင်းသည်ကို၊ ဟွမ်ရွှမ်ရီ အသိဆုံး ဖြစ်၏။

“ အလင်းမဲ့ ... နေနဲ့ လ။ ”

ထို့ကြောင့် တံဆိပ်များ လျင်မြန်စွာ ဖွဲ့စည်းကာ၊ ဟန့်တား ပစ်လိုက် ရလေသည်။ သို့သော် နောက်ဆုံးတွင် သူ ခြေတစ်လှမ်း နှေးသွားပြီး၊ အဝေးသို့ လွင့်စဉ် သွား၏။

“ ဝေါ့ ... ။ ”

ထို့ကြောင့် ပါးစပ် အပြည့် သွေးအန် ထုတ်ပစ် လိုက်ရသည်။ မြင့်မြတ်သော နေ-လ ပလ္လင်သည် သူ ခေါင်းချင်းဆိုင် နိုင်သော အရာ မဟုတ်ချေ။

“ မင်း ... သေ လိုက် တော့ ... ။ ”

ဒေါသဖြင့် သူ့ လက်ကို မြှောက်ကာ၊ နေနှင့်လအား ‘မင်’ ဟူသော စကားလုံး အဖြစ် ပြန်၍၊ ပေါင်းစပ် မိပြန်၏။

ဤတစ်ကြိမ်၌ စာလုံး ထံမှ၊ ကြက်သွေးရောင် အလင်းများ ခပ်ဖျော့ဖျော့ ထုတ်လွှတ် လာသည်။

သည်တစ်ကြိမ် ‘မင်’၏ ထူးခြားချက်ကို သတိထား မိကာ၊ လင်းယွန်မှ ဆုံးဖြတ်ချက် အမြန်ချ လိုက် ရသည်။

“ ဟား ဟား ဟား ... ၊ သက်တံဓား သူတော်စင် တပည့်၊ မင်း အရင်က သုံးခဲ့တဲ့ နဂါး ထွက်သက်ကို ထပ်သုံး ပါဦး။ ”

သို့သော် လင်းယွန်မှ နဂါး ထွက်သက် မသုံးဘဲ၊ မျက်လုံး မှိတ်လျက် ဓားသုတ္တန်အား အကန့် အသတ် အထိ၊ တွန်းပို့ လိုက်သည်။

ထို့ကြောင့် ခန္ဓာ ကိုယ်မှ အနက်ရောင် အခိုးအငွေ့များ များပြားစွာ စိမ့်ထွက် လာ၏။

“ ဒါ အရိယာ ဓားသုတ္တန် မဟုတ်လား။ ”

“ အရိယာ ဓားသုတ္တန်က၊ ဓားဂိုဏ်းရဲ့ အလယ် အလတ် ပညာ ရပ်လေးပါ၊ လေ့ကျင့်ရ ခက်တယ် လို့လည်း၊ လူသိ များတယ်။ ”

လင်းယွန်ကို ကြည့်ပြီး၊ စိတ်လှုပ်ရှား ကုန်ကြ၏။ ထိုစဉ် ကြက်သွေးရောင် ‘မင်’ မှာ၊ ကောင်းကင် သဖွယ်၊ ဖြည်းဖြည်းချင်း ဆင်းသက် လာသည်။

ထိုအချိန်ထိ လင်းယွန်မှာ မျက်စိ မှိတ်ပြီး၊ ဓားကို ကိုင်လျက်၊ ငြိမ်သက် နေဆဲ ဖြစ်သဖြင့်၊ လူတိုင်း အသက် ရဲရဲ မရှူ ဝံ့ကြချေ။

“ ဟိတ် ... ။ ”

မျက်စိ ပြန်ဖွင့် ချိန်၌၊ ကြက်သွေးရောင် ‘မင်’စာလုံးအား ချက်ချင်း ဓားနှင့် လှမ်းထိုး ပစ် တော့သည်။ ပန်းသင်္ချိုင်း ဓားသည် ‘မင်’၏ အလယ် ဗဟိုကို ထိုးဖောက် သွား၏။

သည့်နောက် ထိုအပေါက် အတွင်း၊ ကြီးမားသော ငရဲပန်း တစ်ပွင့် ပေါ်လာကာ၊ ‘မင်’ ဟူသော စာလုံးကို၊ တဖြည်းဖြည်း မှိန်ဖျော့ လာစေ တော့သည်။

သိပ် မကြာခင် မှာပင်၊ အနက်ရောင် နှင်းပွင့်များ ကောင်းကင်မှ ကျဆင်း လာပြီး၊ ‘မင်’ စာလုံးရှိ၊ သူတော်စင် ရူရ် အားလုံးကို တိုက်စား သွား၏။

အရိယာ ဓားသုတ္တန် ဟူသည်၊ ဤမျှ အစွမ်းထက် လိမ့်မည်ဟု မမျှော်လင့် ထား သဖြင့်၊ လူတိုင်း အသက်မဲ့ ကုန်သည်။

“ ဒါက ... ဘယ်လို ဖြစ်တာလဲ။ ”

“ လင်းယွန်က ... ပင်မ နတ်ဘုရား နယ်ပယ်မှာပဲ ရှိပါ သေးတယ်၊ ဘာလို့ အရိယာ ဓား သုတ္တန်ကို တတိယ အဆင့်ထိ၊ ဆုပ်ကိုင်ထား နိုင်ရ တာလဲ။ ”

‘မင်’ စာလုံး ပြိုကျ သွား သည်နှင့် ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ်ကာ၊ ဟွမ်ရွှမ်ရီ အနား ရွေ့လျား သွားပြီး၊ ဓားဖြင့် ပိုင်းချ လိုက်သည်။

ထိုအမြန် နှုန်းသည် များစွာ မြန်လွန်း သောကြောင့်၊ ဟွမ်ရွှမ်ရီ မျက်နှာ ပြောင်းလဲ သွား၏။

ဗီဇ သိစိတ် အရ၊ သူတော်စင် လျှပ်စီး ခန္ဓာကိုယ်ကို အဆုံးထိ တွန်းထုတ်ကာ၊ အလိုလို ရှောင်တိမ်း လိုက်မိသည်။

“ ဝှစ် ... ၊ ဝှစ် ... ။ ”

သို့သော် ပန်းသင်္ချိုင်း ဓားမှာ၊ တစ်ချက်ပြီး တစ်ချက်၊ ပိုမြန်လာ သောကြောင့်၊ အလူး အလဲ ဖြစ်လာ ၏။

“ ရွှပ် ... ။ ”

၎င်းက နဂါး အမြီး ကဲ့သို့၊ နေရာ တိုင်းမှ ဝင်လာသည်။ မည်မျှပင် ကြိုးစား စေကာမူ၊ ရုန်း မထွက် နိုင်ဘဲ၊ ပိတ်မိ သွား၏။

များမကြာခင် ဒဏ်ရာများ၊ ဖုံးလွှမ်း သွား သဖြင့်၊ ထိုမြင်ကွင်းက ပရိသတ် များကို၊ ပါးစပ် အဟောင်းသား ဖြစ်လာ စေသည်။

“ ဒါ ... စစ်မှန်တဲ့ အရိယာ ကောင်းကင် ဓားပဲ။ ”

နန်းဂွန်းဇီမှာ သာ၍ ဆိုးချေ၏။ သူ၏ အရိယာ ကောင်းကင် ဓားမော့သည် လင်းယွန် နှင့် ယှဉ်က၊ ရယ်စရာ ကောင်းနေသည်။

ထိုအချိန်တွင် ဟွမ်ရွှမ်ရီမှာ၊ အပြင် လူများ မည်သို့ မြင်နေ သည်ကို၊ တွေး မနေ အားခဲ့ချေ။ နဖူး၌ ချွေးများ ဖုံးလွှမ်း လာသည် အထိ၊ ထိတ်လန့်စွာ ရုန်းကန် နေရသည်။

တစ်ချက် တုန့်ဆိုင်း သွား သည်နှင့်၊ ဤဓားအောက်၌၊ သေသွား နိုင်၏။ မျိုးဆက်တူ အတွင်း၊ ဤသို့ ဆိုးရွားစွာ ဖိနှိမ်ခြင်း တစ်ကြိမ်မျှ မခံရ ဖူးချေ။

“ လျှပ်စီး တွင်းနက်၊- ရောင်စဉ် ခုနစ်သွယ် နေမင်း။ ”

ထို့ကြောင့် သူတော်စင် လျှပ်စီး ခန္ဓာ ကိုယ်ကို အားပြုကာ၊ အော်ငေါက် လိုက်သည်။ နောက်၌ လျှပ်စီး လက်လာပြီး၊ ရှေးဟောင်း သားရဲ တစ်ကောင်၏ ရောင်ဝါများ ဖြာထွက် လာသည်။

ယင်းက မဟာ နေမင်း တံဆိပ်ပင်၊ ဖြစ်နေသေး သဖြင့်၊ ဓားဂိုဏ်း၏ တပည့်များ ခမျာ၊ စိတ်လှုပ်ရှား လာတော့သည်။

မဟာ နေမင်း တံဆိပ်အား၊ သူတော်စင် လျှပ်စီး ခန္ဓာနှင့် ကောင်းစွာ ပေါင်းစပ် ထား ချေ၏။

ထို့ကြောင့် အပြင်း ထန်ဆုံး ဝှက်ဖဲ ဖြစ် လာကာ၊ လင်းယွန် တစ်ယောက် ခံနိုင်ရည် မရှိ မည်ကို စိုးရိမ် မိသည်။ သို့သော် လင်းယွန်မှာ သူတို့ မဟုတ်ချေ။

ရောင်ဝါ သမုဒ္ဒရာ အတွင်း၊ ရေဝဲ တစ်ခု ပေါ်လာပြီး၊ ကမ္ဘာဖျက် ဆေးအိုးကြီး တရွေ့ရွေ့ မြင့်တက် လာသည်။

“ မင်း သေပြီ ... ။ ”

ဟွမ်ရွှမ်ဇီ တစ်ယောက်၊ ရွှင်မြူး စွာဖြင့်၊ အော်ဟစ် နေစဉ်၊ သူ့တံဆိပ်အား လင်းယွန်မှ နှစ်ပိုင်း ခွဲလိုက် သဖြင့်၊ လျင်မြန်စွာ ဆုတ်ခွာ ပြေးမိသည်။

“ ဘာလဲ ... ဟ။ ”

သို့တိုင် လင်းယွန်၏ ဓား အလင်းက၊ သူတော်စင် ချပ်ဝတ်အား ထိမှန် ကြေမွှ သွား စေသည်။

“ ဝေါ့ ... ။ ”

ရလာဒ် အနေဖြင့် သွေးအန် လိုက်ရသည်။

“ တွင်းနက်ကြီး ... ။ ”

သို့သော် အရှုံး မပေးဘဲ၊ အော်ငေါက် ကြုံးဝါးကာ၊ ထပ်မံ တိုက်ခိုက်ရန် ပြင်၏။ သူ့ နောက်ရှိ လျှပ်စီး ပင်လယ်မှ၊ လှောင်အိမ် သဖွယ် လင်းယွန် ပတ်ဝန်းကျင်၌ ရုတ်ချည်း ဖြစ်တည် လာသည်။

“ ရွှပ် ... ။ ”

ထို့ကြောင့် လင်းယွန်က နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုး ဆင့်ခေါ်ကာ၊ ခွန်အားကို ကန့်သတ်ချက်ထိ တွန်းပို့ပြီး၊ ပန်းသင်္ချိုင်း ဓားနှင့်၊ ဆက်ခနဲ ခုတ်ချ လိုက်သည်။

လှောင်အိမ် ကြီးမှာ ဝါးများ ကဲ့သို့ အလွယ်တကူ ခုတ်ခွဲ ခံလိုက် ရသည်။ ယင်းက တစ္ဆေ ဝိညာဉ် ပညာရပ် တစ်ခု ဟုတ်မှန်ခဲ့ သည်လော ဟုပင်၊ သံသယ ဝင်စေ၏။

“ မင်း ... ၊ မင်းမှာ ဝှက်ဖဲ ဘယ်လောက် ရှိသေးလဲ။ ”

ဟွမ်ရွှမ်ရီ ခမျာ ရူးသွပ် လုနီးပါး ဖြစ်လာ တော့၏။ လင်းယွန်နှင့် တိုက်လေလေ၊ ယုံကြည် မှု ယိုင်နဲ့ လာလေ ဖြစ်နေသည်။

“ ဟိတ် ... ။ ”

နှစ်ဦးသား အကြိမ်ရေ (၁၁၀)မြောက် တိုက်ခိုက်မှု အပြီးတွင်၊ ဟွမ်ရွှမ်ရီ လက်မှ ဓား လွတ်ကျ သွား တော့သည်။

“ ချွမ် ... ။ ”

ထို့ကြောင့် ဓားရောင်ခြည် သုံးစင်းက ဟွမ်ရွှမ်ရီ၏ သူတော်စင် ချပ်ဝတ်ကို အလုံးစုံ ဖျက်ဆီး ပစ်၏။

“ မင်း ရှုံးပြီ ... ။ ”

လင်းယွန်က သူ့ဓားကို ပြန်သိမ်းလျက် ပြောလိုက်သည်။ ဟွမ်ရွှမ်ရီမှာ ကြမ်းပြင်တွင် ဒူး ထောက်လျက် တိတ်ဆိတ် နေသည်။

“ ပင်မ နတ်ဘုရား ချန်ပီယံ တဲ့လား၊ အထင်ကြီး လောက်စရာ ဘာမှလည်း မရှိဘူး၊ ဒါနဲ့များ ရှေးဟောင်း ပျက်သုဉ်း မြေကို ...

... မင်းက အုပ်စိုးချင် နေတာလား၊ နုပါ သေးတယ်၊ နှစ်နှစ်လောက် ‘မင်’ဂိုဏ်းကို ပြန်ပြီး ၊ ထပ်မံ ကျင့်ကြံ လိုက်ပါ။ ”

ပြောပြီး သည်နှင့်၊ လင်းယွန်မှ လှည့်ထွက်လာ ခဲ့သည်။ ထိုစကားကြောင့် ဟွမ်ရွှမ်ရီ မျက်နှာ နီရဲ သွား၏။

ဤအရှက် တရားကြောင့်၊ အသိ စိတ် လွတ်သွားပြီး၊ ‘မြင့်မြတ်သော နေ-လ ပလ္လင်’ ကို ဆင့်ခေါ်ကာ၊ လင်းယွန်အား သတ်ရန် ကြံရွယ် လိုက်သည်။

“ လင်းယွန် နောက်မှာ ... ။ ”

ဟွမ်ရွှမ်ရီ ကဲ့သို့ တစ်စုံ တစ်ယောက် အနေဖြင့်၊ ဤသို့ နောက်ကျောမှ တိုက်ခိုက် လိမ့်မည်ဟု၊ မထင် ထားကြ သောကြောင့်၊ လူတိုင်း စိုးရိမ် လာကုန်သည်။

သို့သော် လင်းယွန်က၊ တစ်ချက်သာ ပြန်လှည့် ကြည့်၏။ ‘မြင့်မြတ်သော နေ-လ ပလ္လင်’ ပြိုကျပြီး၊ ဟွမ်ရီရွှမ် မျက်ဝန်းများ ပေါက်ကွဲ သွားတော့သည်။

“ အား ... ။ ”

အော်သံ အရ၊ မည်မျှ နာကျင်ကြောင်း ပြောနိုင် လေရာ၊ လူတိုင်း၏ အသည်း နှလုံးများ၊ အေးခဲသွား တော့သည်။

***

All Chapters