← Chapters

ဒသမ ကြယ် ... ။

Vol. 112 Ch. 1568

ဒသမ ကြယ် ... ။

Vol. 112 Ch. 1568

ဂိုဏ်းများက ခွဲတမ်း ပေးမည့် သူကို ချက်ချင်း ဆုံးဖြတ် ကြသည်။ ဓားဂိုဏ်း အတွက် ခွဲတမ်းမှာ ခြောက်ခု ဖြစ်သဖြင့်၊ သူတော်စင် တပည့် ငါးပါးကို ပထမ ဦးစွာ ပေးသည်။

ကျန် တစ်ခုမှာ ကျိရှုရီ ထံ ဖြစ်သည်။ သို့သော် ၎င်းက ငြင်းဆန်ကာ ကျင်းရွှမ်ရီသို့၊ ပေးခဲ့သည်။

သူ့အမြင် အရ၊ ကျင်းရွှမ်ရီမှာ ရှုံးခဲ့ သော်လည်း၊ ဓားဂိုဏ်း အတွက် တိုက်ပွဲ ဝင်ပေး ခဲ့သူ ဖြစ်သည်။

ယင်းကြောင့် ၎င်းနှင့် ပိုသင့် လျော်သည်။ ဘေးမှ ရပ်ကြည့် နေသည့် သူနှင့် အခွင့် အရေး မှာ၊ မထိုက်တန်ချေ။

ထိုဆုံးဖြတ်ချက်က သူအား ပို၍ အထင် ကြီးလာ စေသည်။ ဂိုဏ်းချုပ်မှ သူအား အဘယ့် ကြောင့်၊ သားတပည့် အဖြစ် သတ်မှတ် ခဲ့မှန်း အားလုံး နားလည် လိုက်ကြ၏။

ကျန်ဂိုဏ်း များ၏ ခွဲတမ်းကို ရရှိ သူများ စာရင်းလည်း ထွက်လာသည်။ ၎င်းမှာ၊ နင်ဖုန်း၊ တျန်ကျန့်၊ လောရှုရီ၊ စန်းယန်၊ နန်းဂွန်းဇီ၊ တုကူယွင်နှင့် ကျင်းလင်း တို့ ဖြစ်သည်။

“ မင်းတို့ အားလုံး ... ရေကန်ထဲ ဆင်းလို့ ရပြီ၊ ရေကန် အောက်ခြေမှာ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူတောင် သေဆုံး နိုင်တယ် ဆိုတာ သတိ ရပါ။ ”

ရေကန် အတွင်းသို့၊ သူတော်စင် များပင် စစ်ဆေးရန် ဆင်းသက် ခဲ့ဖူးသည်။ နက်ရှိုင်းပြီး နတ်နဂါး နယ်မြေနှင့် ဆက်စပ်နိုင် သည်ဟု၊ ၎င်းတို့မှ ယူဆ ခဲ့ကြ၏။

ထို့ကြောင့် ဤရေကန်ကို အပိုင် သိမ်းရန် စိတ်ကူးကို ဂိုဏ်း အသီးသီးမှ စွန့်လွှတ်လိုက် ကြခြင်း ဖြစ်သည်။

“ ပလုံ ... ။ ”

လူတိုင်းက ရေကန်ကို စူးစမ်း ဟန်ဖြင့် ကြည့်ကာ ခေါင်းညိတ် ကြသည်။ ထို့နောက် ယောက်ျားလေး များက ရေကန်ထဲ ဦးစွာ ခုန်ဆင်း ကုန်၏။

“ ဟဲဟဲ ... ၊ အလှလေးတို့ ဘာလို့ မဆင်းသေး တာလဲ၊ နဂါး အသွင် ပြောင်းခြင်း ရေကန်က၊ တကယ်ကို ကောင်းပါတယ်။ ”

စန်းယန်က ရေကန် ထဲမှ နေ၍၊ လောရှုရီ၊ ယဲ့ဇီလင်နှင့် ယဲ့ဇီယွင်အား ဖိတ်ခေါ် လေသည်။ ယင်းကြောင့် အနားရှိ လူတိုင်းက မိန်းကလေး များထံ၊ ချက်ချင်း လှည့်ကြည့် မိ၏။

“ နင်က ဘုန်းကြီး မဟုတ်လား၊ ပါးစပ် စည်းကမ်း ရှိပါ။ ”

ယဲ့ဇီယွင်မှာ ဒေါသဖြင့်၊ တုန့်ပြန် လိုက်သည်။

“ ဟား ဟား ဟား ... ၊ ငါ ပြောတဲ့ လူတွေထဲမှာ မင်း မပါဘူး၊ မင်းကို ဘယ်သူက ကြည့်ချင် မှာလဲ၊ မိန်းကလေး ဇီလင်နဲ့၊ မိန်းကလေး လောကိုပဲ ပြောတာ ... ။ ”

စန်းယန်က ရယ်မောပြီး၊ ပြန်ပြော လာ သောကြောင့်၊ ယဲ့ဇီယွင် တစ်ယောက် အဆင် မပြေ ဖြစ်လာသည်။

ယဲ့ဇီလင်၊ လောရှုရီ တို့နှင့် ယှဉ်ပါက၊ သူမကိုယ် သူမ မပေါ်လွင် မှန်း သိ၏။ သို့သော် ဤသို့ ထုတ်ပြော ခံရ ခြင်းသည်၊ များစွာ နာကျင် စေသည်။

ရေကန်ထဲ ခုန်ဆင်းကာ၊ ကတုံးကို သင်ခန်းစာ ပေးချင် စိတ်များ တဖွားဖွား ပေါ် လာသည်။

“ လုရှ ... ၊ နင့်ရဲ့ ဂျူနီယာက တော်တော် သတ္တိ ရှိတာပဲ။ ”

မူရွယ်ချင်းက မိုးကြိုး ကျောင်းတိုက် ခေါင်းဆောင်ကို ကြည့်ပြီး ပြောလိုက်သည်။

“ စန်းယန် ... ၊ မင်း ပါးစပ်နဲ့ မျက်လုံးကို မှိတ်ပြီး ပိတ်ထားပါ ... ၊ ဓားဂိုဏ်းက ငါ တို့ကို ဒီခွဲတမ်း ပေး တာမို့၊ ငါ ... မင်းကို ရေကန် ထဲက ဆွဲထုတ်ရ လိမ့်မယ်။ ”

လုရှမှ ယင်းသို့ ဝင်ရောက် ဟန့်တား ပေးသော်လည်း၊ မိန်းကလေး သုံးယောက် အပေါ်၊ လူတိုင်း အာရုံ ရောက်ကုန်၏။

ယဲ့ဇီလင် ရေကန်ထဲ ခုန်ချလိုက် ချိန်၌ ဟန်မဆောင် နိုင်တော့ဘဲ၊ ဝိုင်းကြည့်လိုက် ကြ သည်။ သို့သော် မည်သည့် အရာ ကိုမျှ မမြင် လိုက်ရ သဖြင့်၊ စိတ်ပျက် ကုန်၏။

ရေကန်ထဲ ရောက်သည်နှင့် ယဲ့ဇီလင် ပတ်လည်၌ ရေဝဲ တစ်ခု ချက်ချင်း ဖြစ်ပေါ် လာပြီး၊ သူမကို ဖုံးကွယ် လိုက်သည်။

“ ဘယ်လောက် တောင် ... ၊ သန့်စင် လိုက်တဲ့ ... ၊ နတ်နဂါး ရောင်ဝါလဲ။ ”

ရေကန်ထဲ ခုန်ဆင်း လိုက်သော အခါ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ရေကန်၏ အကန့် အသတ် မရှိသော စွမ်းအင် ကို ခံစား လာရ၏။

နတ်နဂါး ရောင်ဝါကို ဖြစ်ပေါ် စေသော၊ နတ်နဂါး ဝိညာဉ် အရည် များက မီးတောက် အသွင် မျောနေသည်။

နတ်နဂါး ဝိညာဉ် အရည်များ၊ ခန္ဓာကိုယ် အတွင်း ဝင်လာ သော အခါ၊ ကြယ်စွမ်းအင် များ ပွက်ပွက်ဆူ လာ၏။

ခရမ်းရောင် နန်းတော်ရှိ ကြယ်ကိုးလုံး ချက်ချင်း လင်း သွားသည်။ ပတ်ဝန်းကျင်၌ ကြီးမားသော ရေဝဲပေါ် လာတော့သည်။

ယင်းက ကျန်သူများ အားလုံးကို၊ ပေါင်းစပ်ခြင်း ထက်ပင်၊ အရွယ် အစား များစွာ ကြီးမား လေသည်။

ရုတ်တရက် စုပ်ယူ နေသည့်၊ နတ်နဂါး ဝိညာဉ် အရည်များ လျော့နည်း သွားသည်ကို ခံစား မိပြီး၊ လူတိုင်း မျက်လုံး ဖွင့်ကြည့် မိ၏။

“ သေ စမ်း ... ။ ”

လင်းယွန်အား ဗဟိုပြု နေသည့်၊ စုပ်ဝဲကို မြင်ချိန်၌ စန်းယန်မှာ ခပ်တိုးတိုး ကျိန်ဆဲ တော့ သည်။

မျက်ဝန်း များကို ချက်ချင်း ပြန်မှိတ်ပြီး၊ စုပ်ယူခြင်း အပေါ်သာ အရှိန်မြှင့် အာရုံ ပြန်စိုက် လိုက်သည်။

“ ဒီကောင် ... ၊ နည်းနည်းမှ အားနာမှု မရှိဘူး။ ”

တစ်စုံ တစ်ယောက်သည် မကျေ မနပ်ဖြင့်၊ နောက်ဆုံး၌ အော်ဟစ် လိုက်သည်။ ဤအခွင့် အရေးမှာ လင်းယွန် ပေးခြင်း ဖြစ်၏။

သို့သော် ၎င်းမှပင် ပြန်လည် ရယူ သွား လေသည်။ ကျင့်ကြံမှု နည်းစနစ်ကို၊ ကန့်သတ် ချက် အထိ တွန်းပို့ကာ၊ အရှိန်တင် လိုက်ရ၏။

နတ်နဂါး ဝိညာဉ် အရည် များမှာ၊ အကန့် အသတ် ရှိသည်။ လင်းယွန်၏ အရှိန် အရ သူတို့ အတွက် ကျန်မည် မဟုတ်ချေ။

ဂိုဏ်း ပေါင်းစုံမှ ခေါင်းဆောင် များက၊ လင်းယွန် အနားရှိ၊ ကျယ်ပြော လှသော ရေဝဲ များကို ကြည့်ပြီး၊ ထိတ်လန့် ကုန်သည်။

“ သူ ဟွမ်ရွှမ်ရီကို အနိုင်ယူ နိုင်တာ ... ၊ အံ့သြ စရာ မရှိတော့ ပါဘူး၊ သူ့ရဲ့ အုတ်မြစ်က အရမ်း ကြောက်စရာ ကောင်းတယ်။ ”

“ သူတော်စင် မိုးပြာ နဂါး ခန္ဓာကိုယ် တစ်ခုတည်း နဲ့တင်၊ တခြား လူတွေထက် ပို မြန်စေတယ်။ ”

“ ဟုတ်တယ် ... ပြီးတော့ သူမှာ အရိယာ ဓားသုတ္တန် အပြင် ... ၊ နောက်ထပ် ဓားသုတ္တန် တစ်ခုလည်း ရှိသေး ပုံပဲ။ ”

နဂါး သွေးလွှတ်ကြော နယ်ပယ် တပည့် နှစ်ဦးနှင့် အတူ ရပ်နေသော၊ လောယွမ် မျက်နှာ မှာ၊ မည်းမှောင် လာသည်။

နဂါး အသွင် ပြောင်းလဲခြင်း ရေကန်ကို မျှဝေပေးထား သော်လည်း၊ ၎င်းကသာ အကျိုး အရှိဆုံး ဖြစ်နေသည်။

မကြာမီ ရှေးဟောင်း ပျက်သုဉ်း မြေ၏ ပျက်စီးခြင်း နန်းတော် စစ်မြေပြင်ကို ဖွင့်လှစ် တော့မည် ဖြစ်သည်။

ဤနှုန်းဖြင့် ဆိုက၊ သည်တစ်ကြိမ် လင်းယွန်ကြောင့် ဓားဂိုဏ်းအား ချိုးနှိမ်ရ ခက်ခဲ လာပေမည်။

တစ်နာရီ အကြာ၌ နတ်နဂါး ဝိညာဉ် အရည်များ ပါဝင်မှုနှုန်း လျော့ကျ သွားကြောင်း လင်းယွန် သိလိုက်၏။

ဤအတိုင်းသာ ဆိုသော်၊ နတ်နဂါး ဝိညာဉ် အရည်များ ကုန်ဆုံး သွားပြီး၊ အခြား သူများ အတွက်၊ ကျန်တော့မည် မဟုတ်ချေ။

“ အောက် ဆင်း ကြည့် ရ မယ် ... ။ ”

ရေကန် အောက်ထဲသို့၊ ငုပ်လျှိုး လိုက် မိသည်။ ရေကန် ကြမ်းပြင်မှာ ထင်သလောက် မရိုး ရှင်းချေ။ များ မကြာခင် ရေစီးကြောင်း တစ်ခုကို သတိထား မိလာ၏။

၎င်းမှ အပူ စွမ်းအင်များ ဖြာထွက် နေကာ၊ နဂါး ရူရ်များ ကိုပင်၊ အရည်ဖျော် ချ သွားသည်။ ကောင်းကင် ရေကန် သူတော်စင် သခင် ရှိနေ သဖြင့်၊ နတ်နဂါးပြာ အရိုးအား မသုံးရဲချေ။

“ ဒီကောင် သေချင် နေတာပဲ။ ”

ရေကန် အောက်သို့ ငုပ်လျှိုး နေသော လင်းယွန်ကို ကြည့်ပြီး၊ လောယွမ်မှ ပြုံးရယ် မိလေသည်။

ရေကန် အောက်ချေရှိ၊ နတ်နဂါး ဝိညာဉ် အရည် များတွင်၊ နဂါး မီးတောက် များ ပါဝင် သဖြင့်၊ ပို၍ ပူပြင်း၏။ အလွန် အကျွံ စုပ်ယူ မိသော်၊ ခန္ဓာကိုယ် ပေါက်ကွဲ နိုင်သည်။

“ ဒီမှာ ... ရပ်မယ်။ ”

မီတာ ငါးရာ အနက်သို့ ရောက်ချိန်၌ လင်းယွန်က ရပ်လိုက်သည်။ နဂါးနှင့် ဖီးနစ်များ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် လာ၏။

တင်ပျဉ်ခွေ ချိတ်ထိုင်ကာ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ချီ မိသည်။ ဤ သည်မှာ ရှားပါးသော အခွင့် အရေး တစ်ရပ် ဖြစ်၏။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား၊ စတုတ္ထ အဆင့် ရောက်ရန် အသုံးချ ရပေမည်။ နဂါးနှင့် ဖီးနစ်တို့ လျင်မြန်စွာ လှည့်ပတ် နေပြီး မယုံ နိုင်စရာ စုပ်ယူမှု အဟုန်မျိုး ဖြစ်ပေါ် လာသည်။

နတ်နဂါး ဝိညာဉ် အရည် များက၊ ရေစီးကြောင်း တစ်ခု အလား၊ ခန္ဓာကိုယ် ထဲသို့ စီးဝင်လျက်၊ ကြယ်ကိုးပွင့် အထွတ် အထိပ်သို့ လျင်မြန်စွာ ရောက်ရှိ သွားသည်။

သို့သော် တင်းကြပ်စွာ ပိတ် ထားသော တံခါး တစ်ချပ် ရှိသည်။

“ ခရစ် ... ။ ”

၎င်းတံခါးကို နဂါးနှင့် ဖီးနစ်က ဖွင့်ရန် ကြိုးစား၏။ တစ်နာရီ ကုန်လွန်သွား ပြီးနောက် တံခါး ဝတွင် အက်ကွဲကြောင်း ပေါ်လာသည်။

တစ်ချိန်တည်း မှာပင်၊ တံခါး နောက်မှ ကျယ်လောင်သော ဟောက်သံ တစ်သံ ပဲ့တင် ထပ် လာတော့သည်။

ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါ လာပြီး၊ သူ့ ဝိညာဉ်ပေါ် လှိုင်း အချို့ ရိုက်ခတ် လာတော့ သည်။

ဤဟောက်သံသည် ယခင် သူ တွေ့ကြုံ ခဲ့ဖူးသော နတ်နဂါးပြာ အသံ များထက် ဩဇာ ပါနေ၏။

“ ကောင်းကင် နဂါး ... ။ ”

နတ်နဂါး များထက် မြင့်မြတ်သော နဂါး မျိုးစိတ် ဖြစ်သည့် ကောင်းကင် နဂါး များကို ချက်ချင်း သတိ ရလာသည်။

ထို့ကြောင့် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည်၊ လေးစားဖွယ် ကောင်းကြောင်း အသိ အမှတ် ပြုမိ၏။

၎င်းအား စတုတ္ထ အဆင့်သို့ တက်လှမ်း နိုင်သော်၊ ဒသမ ကြယ်အား ဖွဲ့စည်းရန် နီးစပ် လာပေမည်။

အစောပိုင်း၌ ထိုစိတ်ကူး မရှိချေ။ နဂါး ဝိညာဉ် အရည် များများ စုပ်ယူကာ၊ အဆင့် ချိုးဖြတ်ရန်၊ ကြံရွယ် လိုက်၏။

အုတ်မြစ်မှာ ကန့်သတ်ချက် ပြည့်သွားပြီ သောကြောင့်၊ ပင်မ နတ်ဘုရား နယ်ပယ်တွင် ဆက်နေ ပါက၊ စိတ်ရှိတိုင်း အစွမ်း ပြနိုင် တော့မည် မဟုတ်ချေ။

သို့သော် နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း၏ အခြေ အနေ အရ၊ ဒသမ ကြယ် ဖွဲ့စည်းရန် အလား အလာ ရှိနေ သဖြင့်၊ စိတ်ပြောင်း သွားခြင်း ဖြစ်သည်။

***

All Chapters