← Chapters

နတ်နဂါး လက်ရာများ။

Vol. 113 Ch. 1569

နတ်နဂါး လက်ရာများ။

Vol. 113 Ch. 1569

နတ်နဂါး ဝိညာဉ် အရည် များကို စုပ်ယူ လိုက်ပြီး၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား စတုတ္ထ အဆင့်သို့ တက်ရောက်ရန် ကြိုးစား လိုက်သည်။

စတုတ္ထ အဆင့်သို့ ရောက်သည်နှင့်၊ ပင်မ နတ်ဘုရား ကန့်သတ်ချက် အတား အဆီးကို ဖွင့်လှစ် မိသည်။

တံခါးပွင့် သွားချိန်၌၊ ဆူပွက်ကာ တဟုန်းဟုန်း တောက်လောင် နေသော ကြယ် စွမ်းအင်များ ငြိမ်သက် သွား၏။

နတ်နဂါး များထက် သာလွန်သော နဂါးအငွေ့ အသက် တစ်ခု၊ ၎င်းအတား အဆီး နောက်မှ ထွက်လာသည်။

ယင်းမှာ အမှန်ပင် ကောင်းကင် နဂါး တစ်ကောင် ဖြစ်သဖြင့် လင်းယွန်က ထိတ်လန့် သွားသည်။

ထိုအချိန်တွင် ရောင်ဝါ သမုဒ္ဒရာ၌ ရွှေရောင် ရေဝဲကြီး ဖြစ်ပေါ် လာကာ၊ ကမ္ဘာဖျက် ဆေးအိုး ကြီးက ဖြည်းဖြည်း ကြွတက် လာတော့၏။

ငရဲပန်းမှ ထိုဆေးအိုးကို ထိန်းချုပ်၍ မရတော့ချေ။ ငရဲဓား သည်ပင် တုန်ခါ လာ၏။ ကောင်းကင် နဂါးက ဆေးအိုး မျက်နှာ ပြင်၌၊ ပေါင်းစပ် သွားသည်။

ကောင်းကင် နဂါးနှင့် ပေါင်းစပ် လာ သောကြောင့်၊ ဆေးအိုးမှာ ရွှေရောင် အဆင်း များ တောက်ပလျက်၊ ကြောက်မက်ဖွယ် ရောင်ဝါအား ထုတ်လွှတ် လာသည်။

ထို့နောက်တွင် ၎င်းဆေးအိုးမှ လာသော ဖိအားကြောင့်၊ ရောင်ဝါ သမုဒ္ဒရာမှာ လှိုင်းထန် လာ တော့၏။

နှုတ်ခမ်း ထောင့်စွန်းမှ သွေးများ စီးကျ လာပြီး၊ လင်းယွန် မျက်နှာ ဖြူဖျော့ သွားလေ သည်။

ရောင်ဝါ သမုဒ္ဒရာကို ငြိမ်သက် စေရန် အရိယာ ဓားသုတ္တန်ကို အလျင် အမြန် ဖြန့်ဝေ လိုက်ရ၏။

ဆေးအိုးသည် သူ့ဒေါသကို ပြန်၍ ရရှိ လာပြီဖြစ် သဖြင့်၊ အနာဂတ်တွင် အသုံး ပြုရန်၊ ပို၍ ခက်ခဲလာ ပေတော့မည်။

တစ်ဖက်တွင် ရောင်ဝါ သမုဒ္ဒရာ အရွယ် အစားသည် ပေ လေးသောင်း နီးပါး ဖြစ်လာ ချေပြီ။

ခရမ်းရောင် နန်းတော်ရှိ ကြယ် (၉) လုံးမှာ၊ နေမင်း ကဲ့သို့ တောက်ပလာပြီး၊ ကန့်သတ်ချက် ရောက်ရှိ သွားသည့်၊ လက္ခဏာ ပြသ ပေ၏။

အကြိမ်ပေါင်း များစွာ ကြိုးစားလိုက် သော်လည်း၊ ဒသမမြောက် ကြယ်ကို မရ ရှိချေ။ အနည်းငယ် စဉ်းစား ပြီးနောက်၊ ရေကန် အနက် မီတာ နှစ်ထောင် အထိ၊ ထပ်မံ ငုပ်လျှိုး လိုက်သည်။

ဤနေရာ၌ ပါရှိသော နဂါး မီးတောက် များသည်၊ ကြောက်မက်ဖွယ် ကောင်းလေသည်။ အပူ ရှိန်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး နီရဲ လာ၏။

နဂါး ရူရ်၏ အကာ အကွယ် နှင့်ပင်၊ ခန္ဓာကိုယ်မှာ ကန့်သတ်ချက် ရောက်ရှိသွား လေသည်။

ခေါင်းကို မော့ကြည့် လိုက်ရာ၊ ပြင်ပ ကမ္ဘာနှင့် အဆက်သွယ် ပြတ်နေ သကဲ့သို့၊ အမှောင်ထု ကိုသာ မြင် ရသည်။

ထိုအခိုက် အတန့် အတွင်း၊ နဂါး ရူရ်ပေါင်း များစွာ အရည်ပျော် လာ၏။

“ အပူ ရှိန်က ကြောက်စရာပဲ။ ”

နတ်နဂါးပြာ အရိုးနှင့်၊ သူတော်စင် နဂါး ခန္ဓာကိုယ်ကို အမြန် အသက်သွင်း လိုက်မှသာ လျှင်၊ အနည်းငယ် သက်သာ သွားသည်။

အစောပိုင်း အချိန် များ၌၊ ကောင်းကင် ရေကန် သူတော်စင် သခင်မှ တွေ့ရှိ မည်အား စိုးသဖြင့်၊ ၎င်းကို ထုတ်ဖော်ရန် ဆန္ဒ မရှိချေ။

သို့သော် ယခုမူ မီတာ နှစ်ထောင် အနက်သို့ ရောက်ရှိ နေသောကြောင့်၊ လွတ်လွတ် လပ်လပ် ထုတ်ဖော် ရဲခြင်း ဖြစ်သည်။

နဂါးပြာ အရိုး အသက် ဝင်လာ သည်နှင့်၊ ပတ်ဝန်းကျင်ရှိ နတ်နဂါး ဝိညာဉ် အရည် များက သူ့ ခန္ဓာကိုယ် ထဲသို့ အရှိန် အဟုန်ဖြင့်၊ စိမ့်ဝင် လာသည်။

နတ်နဂါး ဝိညာဉ် အရည်များ စုပ်ယူခွင့် ရရှိလာရာ၊ နတ်နဂါးပြာ အရိုးက ရူရ်များ ပို၍ ထုတ်လုပ် ပေးလာ၏။

များမကြာခင် နဂါး ရူရ် (၃၀၀၀၀) အထိ ရောက်ရှိ လာပြီး၊ ပိတ်ဆို့ သွားသည်။ မည်မျှ ကြိုးစား စေကာမူ၊ ထပ်မံ တိုးလာခြင်း မရှိ တော့ခေျ။

ကျင့်ကြံမှု၊ ကိုယ်လုံး ကိုယ်ပေါက်၊ ဓား ရည်ရွယ်ချက်နှင့် ဓားသုတ္တန်တို့ ကန့်သတ်ချက် ရောက်ရှိ သွားခြင်း ဖြစ်သည်။

“ ဒသမ မြောက်ကြယ်က တကယ် ရှိတာလား။ ”

လင်းယွန်မှ တုန်လှုပ် သွားသည်။

“ ဟုတ်တယ် ... ရှိတယ်၊ ဒါပေမယ့် အခု ခေတ်က ရှေးဦခေတ်နဲ့ မတူဘူး၊ ရှေးဦးခေတ်က ဓားဂိုဏ်းရဲ့ ... သူတော်စင် တပည့်တွေ ဆိုရင်၊ ဒသမမြောက် ကြယ်ကို အလွယ် တကူ ရရှိ နိုင်တယ်။ ”

“ ဒါဆို ... ၊ ငါ စမ်းကြည့်မယ်။ ”

လင်းယွန်က လက် မလျှော့ဘဲ မီတာ သုံးထောင် အထိ၊ ဆက်၍ ငုပ်လျှိုး သွားသည်။

ဤနေရာတွင် ရေ မရှိ တော့ဘဲ၊ ရွှေနဂါး ဝိညာဉ် အရည် များနှင့် ပြည့်လျှံ နေသည့် နဂါး မီးတောက် များသာ ရှိသည်။

ခန့်မှန်းချက် အရ၊ နဂါးရူရ် (၃၀၀၀၀) ဖြင့်ပင်၊ ဤနေရာ၌ နာရီဝက် မျှသာ နေနိုင်မည်။ နဂါးပြာ အရိုး၏ ပြန်လည် ပြုပြင် နှုန်းသည်၊ ပျော်ကျ နှုန်းကို လိုက် မမီ သောကြောင့် ဖြစ်သည်။

ရောင်ဝါ သမုဒ္ဒရာ အတိုင်း အတာကို ချဲ့ထွင်ရန်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း ဖြန့်ကျက် လိုက်၏။

ဖြည်းညှင်းစွာ တွန်းထုတ် ခြင်းဖြင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့၊ အလွယ် တကူ ရောက်ရှိ ခြင်းမှ ရှောင်ဖယ် မိ၏။

ထို့ကြောင့် တင်းကြပ်စွာ ဖိနှိမ်ပြီး၊ ဒသမမြောက် ကြယ်ကို ဖွဲ့စည်းရန် ရောင်ဝါ သမုဒ္ဒရာအား ချဲ့ထွင် လိုက်သည်။

သို့သော် မည်မျှပင် ကြိုးစား စေကာမူ၊ ကြယ်စွမ်းအင် သမုဒ္ဒရာမှာ တွင်းနက်ကြီး ကဲ့သို့ ပေ (၄၀၀၀၀) ပမာဏ၌ ပိတ်မိ နေ၏။

“ လင်းယွန် ... ရပ်လိုက်တော့ ... ၊ ခေတ်တိုင်းမှာ စည်း တစ်ခု ရှိတယ်၊ ဒသမ မြောက် ကြယ်ရှိရုံနဲ့ ... ၊ နင်က ထိပ်တန်း စွမ်းအားရှင် ဖြစ်လာမှာ မဟုတ်ဘူး၊ ...

... နင့်ရဲ့ ရောင်ဝါ သမုဒ္ဒရာက အရမ်း ကျယ်နေပြီ၊ ဒသမကြယ် ရခဲ့လည်း ... ၊ ဒီထက် ပိုအစွမ်း ထက်မှာ မဟုတ်ဘူး။"

“ ငါ ကြိုးစားချင် သေးတယ် ... ။ ”

လင်းယွန်မှ တုံ့ဆိုင်းစွာ ပြန်ပြော သည်။ ထို့နောက် အရိယာ ဓားသုတ္တန် ကိုပါ ဖြန့်ဝေပြီး ထပ်မံ စပ်ယူ လိုက်၏။

ဤအတော အတွင်း နဂါး ရူရ် များမှာ လျင်မြန်စွာ ပျော်ဝင် ကုန်ကာ၊ မကြာမီ မှာပင် စိုးရိမ်ဖွယ် အဆင့်သို့ ရောက်ရှိ သွားသည်။

ထို့ကြောင့် လုပ်ငန်းစဉ် အရှိန် အဟုန်ကို မြှင့်လိုက် ရသည်။ ကမ္ဘာဖျက် ဆေးအိုး ကြီးက၊ သမုဒ္ဒရာ ကြမ်းပြင်မှ ကြွလာ တော့၏။

၎င်းပေါ်တွင် ရေးထွင်း ထားသော ကောင်းကင် နဂါး၌၊ ဖျက်စီးခြင်း စွမ်းအား များဖြင့် ပြည့်နှက် နေသည်။

“ လာ ... ။ ”

နတ်နဂါး ဝိညာဉ် အရည်နှင့်၊ နဂါး မီးတောက်များ အားလုံးကို ချက်ချင်း စုပ်ယူ တော့သည်။

ယင်းက ချော်ရည်ပူများ စီးဝင် သကဲ့သို့ လုပ်ငန်း စဉ်မှာ အန္တရာယ် များ၏။ နာကျင်မှု ကြောင့် အံကြိတ် လိုက်ရသည်။

သို့တိုင် ဒသမ ကြယ်မှာ ဘယ်ရောက် နေမှန်း မသိချေ။ တုံ့ဆိုင်း စွာဖြင့် ကမ္ဘာဖျက် ဆေးအိုး ကြီးကို၊ သမုဒ္ဒရာ ကြမ်းပြင်သို့ ပြန်ပို့ လိုက်ရ၏။

“ ..... ။ ”

ထိုစဉ် စကြာဝဠာ ကနဦး ပေါက်ကွဲမှု ဖြစ်ပွား သကဲ့သို့ ခန္ဓာ ကိုယ်မှ၊ အသံ အချို့ ပဲ့တင် ထပ် လာသည်။

သည့်နောက် ဒသမ မြောက် ကြယ်က၊ ခရမ်းရောင် နန်းတော် အတွင်း ထွက်ပေါ် လာ တော့၏။

ရောင်ဝါ သမုဒ္ဒရာ လှိုင်းထန် လျက်၊ ပေ (၅၀၀၀၀) အထိ ကျယ်သွားသည်။ ဤရလာဒ် မှာ၊ မယုံနိုင် စရာ ပေပင်။

အသိစိတ် ဝင်လာပြီး၊ သတိကြီး စွာဖြင့် စောင့်ကြည့် နေမိသည်။ သည် သတင်းသာ ပျံ့နှံ့ သွားပါက၊ လူတိုင်း အာရုံ စိုက် လာနိုင်၏။

ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ သူ့ အသက် လိုချင် သူများ များပြားလှ သဖြင့် ဤရလာဒ်ကို သိုဝှက်ထား ရပေမည်။

“ ခံစားချက်က အရမ်း ကောင်းတယ်၊ ဒီနေရာ မှာပဲ ... ၊ နဂါး သွေးလွှတ် ကြောကို ဖြတ်ကျော် ရအောင်။ ”

မျက်လုံးများ မှိတ်ချ လိုက်ပြီး၊ အောင်မြင်မှု ရယူရန် ပြင် လိုက်သည်။ ထိုအချိန်၌ ရေကန်၏ ကြမ်းပြင် အလွှာ ကွဲအက်လျက်၊ အလင်းများ ဖြာထွက် လာသည်။

ထိုအချိန်တွင် စန်းယန်နှင့် ကျန်သူများ မှလည်း၊ အောင်မြင်မှုတစ်ခု ရယူရန် ကြိုးစား နေသည်။

မျက်စိ တစ်မှိတ် အတွင်း သုံးရက် ကုန်ဆုံး သွား၏။ နန်းဂွန်းဇီက နဂါး အငွေ့ အသက် များ ထုတ်လွှတ်ကာ၊ ဦးစွာ မျက်လုံး ဖွင့်လာသည်။

ကောင်းကင် ဓားမော့ ခန်းမ တပည့် ခေါင်းဆောင် ကျန်းရွှမ်က အပြေး အလွှား အနား ရောက်လာပြီး၊

“ မင်း ... အောင်မြင်လား။ ”

-ဟု မေးသည်။

“ ဟုတ်ကဲ့ ... ။ ”

နန်းဂွန်းဇီမှ ခေါင်းညိတ်ပြ၏။

“ ဘယ်လောက် ... ရာခိုင် နှုန်းလဲ။ ”

“ သုံးဆယ် ရာခိုင်နှုန်း ... ။ ”

“ ဟား ဟား ဟား ... ၊ ဒါဆို မင်းရဲ့ နဂါးသွေးလွှတ် ကြောက အနည်းဆုံး သုံးပေ ရှိရမယ်။ ”

ကျန်းရွှမ်က ဝမ်းသာ အားရဖြင့် ပြော လေသည်။ တစ်စုံ တစ်ယောက်သည် နဂါး မူလကို (၁၀%) မျှ ပြောင်းလဲ နိုင်ရုံဖြင့်၊ အံ့အား သင့်စရာ ကောင်းပေမည်။

ကျန်သူများ သည်လည်း တစ်ယောက်ပြီး တစ်ယောက် နိုးထ လာ၏။ ထို့ကြောင့် ရုတ်ရုတ် သဲသဲ ဖြစ်လာ ကြသည်။

“ ဇီလင် ... ဘယ်လောက် ပြောင်းနိုင် ခဲ့လဲ။ ”

မူရွယ်ချင်းမှ မေးသည်။

“ လေးဆယ် ရာခိုင်နှုန်း။ ”

“ ကောင်းတယ် ... ။ ”

မူရွယ်ချင်းက ခေါင်းညိတ်လျက်၊ အခြား တပည့်များ ဘက်သို့ လှည့်ကြည့်ကာ၊ ဆက်မေး သွားသည်။ ကျင်းရွှမ်ရီမှ (၂၀%)၊ ကျင်းချန် (၂၀%) နှင့်၊ ယဲ့ဇီယွင် (၂၀%) ဖြစ်၏။

ထို့ကြောင့် နောက်ဆုံး ကျန်သည့် ကျောက်ယန်ကို လှည့်ကြည့် လိုက် ကြသည်။

“ သုံးဆယ် ရာခိုင်နှုန်းလောက် ထင်တယ်။

ကျောက်ယန်က မရေ မရာ ပြန်ဖြေ၏။

“ ကောင်းတယ် ... ၊ နန်းဂွန်းဇီတောင် (၃၀%)ပဲ ပြောင်းနိုင်တယ်၊ ကဲ ... မင်း တို့ရဲ့ နဂါး မူလကို ပြပါဉီး။ ”

လူတိုင်း နဂါး မူလကို အသက်သွင်း လိုက်သဖြင့်၊ နဂါး ဟောက်သံများ ညံလာ တော့သည်။

( နဂါး မူလ ဆိုတာ ဘာလဲ၊ မသိ ပါဘူး။ ဒါကြောင့် နဂါး မူလကို နဂါး မူလ အဖြစ်ပဲ မှတ် ထားပေးပါ။ နောက် ပြန်ရှင်းပြ ပါမယ်။ )

“ နဂါး အသွင် ပြောင်းခြင်း ရေကန်က တကယ်ကို အထင်ကြီး စရာ ပါပဲ။ ”

ဓားဂိုဏ်း၏ သူတော်စင် တပည့် များထံ ကြည့်ကာ လောယွမ်မှ ညည်းတွား လိုက်သည်။

ဤဧည့်ခံပွဲသည် ကောင်းကင်ယံ ဂိုဏ်း အတွက်၊ အဆင် မပြေလှ သဖြင့် မျက်ဝန်းများ မှေးစင်း သွားသည်။

တစ်ကြိမ် ရှုံးနိမ့် ရုံနှင့်၊ အားနည်း သွားမည်ကို၊ စိုးရိမ် စရာ မရှိသေး သော်လည်း၊ လင်းယွန်ကြောင့် ဓားဂိုဏ်းမှ ပြန်လည် နိုးထ လာနိုင်သည် မြင်နေခြင်း ဖြစ်၏။

သတိရ သွားပြီး လင်းယွန်ကို လှည့်ပတ် ရှာဖွေ မိသည်။ ထို့စဉ် ရေကန်မှ အလင်းများ ပေါက်ကွဲ ထွက်လာပြီး၊ ပစ္စည်း အများ အပြား ပျံတက် လာသည်ကို တွေ့လိုက် ရ၏။

၎င်းတို့ တစ်ခု စီတွင်၊ သန့်စင်သော နဂါး အငွေ့ အသက် ပါရှိ လေသည်။

“ နတ်နဂါး လက်ရာ တွေ ... ။ ”

ဂိုဏ်းအသီး သီး၏ တပည့် များမှာ၊ အနည်းငယ် ထိတ်လန့်သွား ပြီးနောက်၊ အော် ဟစ် လိုက်ကြ တော့၏။

***

All Chapters