← Chapters

ပျံ့ကျဲ နေသော တိုက်ပွဲများ ။

Vol. 113 Ch. 1571

ပျံ့ကျဲ နေသော တိုက်ပွဲများ ။

Vol. 113 Ch. 1571

နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်ရှိ ပြီးနောက်၊ ခရမ်းရောင် နန်းတော် ကောင်းကင် ၌ ကြယ်ဆယ်လုံး ဖြစ်တည် လာသည်။

ပေ (၅၀၀၀၀) ကျယ်သော ရောင်ဝါ သမုဒ္ဒရာမှာ၊ ပေ (၄၀၀၀၀) နဂါး-မြစ် အဖြစ်သို့၊ ပြောင်းလဲ သွား၏။

၎င်းနဂါး မူလ၏ စွမ်းအားသည် ကြယ် စွမ်းအင်ထက် ဆယ်ဆ ပို၍ မြင့်မား ချေပြီ။ ထို့အပြင် ကိုယ်လုံး ကိုယ်ပေါက် မှာလည်း သန်မာ လာ၏။

နဂါးသွေး လွှတ်ကြောကို အသက်သွင်း လိုက်တိုင်း၊ ခန္ဓာ ကိုယ်က အသွင်ပြောင်း သွား ပေ လိမ့်မည်။

ပထမ သွေးလွှတ်ကြော အဆင့်၌ အရေပြားကို ပြောင်းလဲ ပေး၏။ ဒုတိယ သွေး လွှတ်ကြော အဆင့်တွင်၊ ကြွက်သားများ ဖြစ်သည်။

တတိယ သွေးလွှတ် ကြော၌ သွေးသား စွမ်းအင် ဖြစ်ကာ၊ စတုတ္ထ သွေးလွှတ်ကြော သည်၊ အရိုးကို ပြုပြင် ပေး၏။ ပဉ္စမ သွေးလွှတ် ကြောသည်၊ အပ်စိုက်မှတ် ဖြစ်သည်။

ဆဋ္ဌမ သွေး လွှတ်ကြောသည်၊ အတွင်း အင်္ဂါနှင့်၊ သတ္တမ သွေးလွှတ် ကြောမှာ၊ အဆိပ် စွမ်းအင်ကို၊ ခံနိုင်ရည် ပေးခြင်း ပေပင်။

အဋ္ဌမမြောက် သွေးလွှတ် ကြောသည် မီးတောက် သို့မဟုတ် ရေခဲဖြင့်၊ အန္တရာယ် မပြု နိုင်ဘဲ၊ နဝမ သွေးလွှတ် ကြောမှာ၊ အလုံးစုံ အသွင် ကူးပြောင်းခြင်း ဖြစ်၏။

အသွင် ကူးပြောင်းမှု တစ်ခု စီသည် ကိုယ်ခန္ဓာ အတွက် ကြီးမားသော အပြောင်း အလဲ ဖြစ်၏။ ယင်းက သူတော်စင် ဖြစ်ရန် လမ်းကြောင်းကို ပေပင်။

သွေးလွှတ်ကြော တစ်ကြော ဖန်တီး ခြင်းသည်၊ ကပ်ဘေး တစ်ခု ခံယူခြင်းနှင့် တူ၏။ ထို့ကြောင့် အများ စုသည် နဂါး သွေးလွှတ် ကြော ၌ပင်၊ ရပ်တန့် ကုန်ကြသည်။

“ ကြယ်စွမ်းအင် (၈၀%) ကို၊ နဂါး မူလ အဖြစ် ... ၊ ပြောင်းလဲ နိုင်တာက၊ ဘယ်လောက် အားကောင်း သလဲ။ ”

လင်းယွန်က လက်ဖဝါး ဖြန့်ကာ၊ နဂါး မူလကို ကြည့်ပြီး၊ မေး လိုက်သည်။

“ အရမ်းပဲ ... ၊ အခုဆို နင့်ရဲ့ နဂါးသွေး လွှတ်ကြောက ရှစ်ပေ အထိ ရှိနေပြီ၊ အဲဒါက ကောင်းကင်ကို အံတု နေတယ်။ ”

ခရမ်းငယ်မှ ပြန်ဖြေ၏။

“ ငါ စမ်းကြည့် ပါရစေ။ ”

လင်းယွန်မှ သူ့ ခန္ဓာကိုယ် အတွင်း၊ နဂါးသွေး လွှတ်ကြောကို၊ ဆန့်ထုတ်ကာ ပြော လိုက်သည်။

ရှစ်ပေ မြင့်သော နဂါးကြီး၊ သူ့နောက်၌ ပေါ်လာ၏။ ထိုအချိန်၌ နဂါးမြစ် ပွက်ပွက်ဆူ လာ သည်ကို ခံစား လိုက်ရသည်။

နဂါး သွေးလွှတ် ကြော အသက်ဝင် လာချိန်၌၊ နတ်နဂါး ဝိညာဉ် အရည် စီးဝင် နှုန်း မှာ၊ ကမ္ဘာဖျက် ဆေးအိုး ထုတ်ဖော် စဉ်နှင့် ယှဉ်နိုင်၏။

ပင်မ နတ်ဘုရား နယ်ပယ်တွင် အရိယာ ဓားသုတ္တန် ပဉ္စမ အဆင့်သည် အကန့် အသတ် ဖြစ်လေသည်။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်ကာ၊ နဂါး မူလအား အသက် သွင်းရန်၊ ကြိုးစား လိုက်သော အခါ၊ နဂါး မြစ်၌ ဓား မြည်သံများ လှိုင်းထန် လာတော့၏။

“ ဘာ စွမ်းအားလဲ ... ။ ”

လင်းယွန်က မျက်လုံးများ မှိတ်လျက်၊ ပြင်းထန်သော ခွန်အားကို ခံစားကြည့် မိသည်။ ဤမတိုင်မီ သူ့ ကျင့်ကြံမှုကိုး ဖိနှိမ်ထား သဖြင့်၊ လှုပ်ရှားမှု နည်းစနစ်၊ ဓားရေးနှင့် ရွှေကျီးကန်း တောင်ပံ များမှာ၊ စွမ်းအား အပြည့် မထုတ် နိုင်ခဲ့ချေ။

ရွှေကျီးကန်း အတောင်ပံ များတွင်၊ သူတော်စင် ရူရ် နှစ်သောင်း ရှိပြီး၊ အမြုတေမှာ နတ် ရွှေကျီးကန်း ရူရ် ဖြစ်၏။

တောင်ပိုင်း ဧကရာဇ် ချန်ထား ခဲ့သော ဓားရေး သည်လည်း၊ ကြောက်မက်ဖွယ် အမြင့် သို့၊ ရောက်ရှိ နေသည်။

ကျင့်ကြံမှု အားနည်း ခြင်းကြောင့်၊ သူ့ အဖြစ်မှာ၊ ကြီးမားသော ရထားတွဲ ကြီးကို ဆွဲယူ နေသည့်၊ မြင်းငယ် တစ်ကောင်နှင့် တူနေသည်။

နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်မှ သာလျှင်၊ ထိုဝန်ထုပ် ဝန်ပိုးကြီးက ပျောက်ကွယ် သွား တော့၏။

“ ငါတို့ အပြင် ထွက်ရအောင်။ ”

ခရမ်းငယ်မှ ပြောသည်။

“ အလျင်လို မနေနဲ့ ... ၊ ငါ့ ကြယ်စွမ်းအင် တွေကို နဂါး မူလ အဖြစ် ...၊ အရင် ပြောင်းလိုက် ဦးမယ်။ ”

လင်းယွန်က ပြန်ပြောသည် ။

“ နင် ရူးနေလား၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ရောက်သွားရင်၊ နတ်နဂါး ဝိညာဉ် အရည်က အကျိုး သက်ရောက်မှု မရှိ တော့ဘူး၊ အခုဆို ရေကန် ထဲက ထွက်လာတဲ့ ရတနာ တွေကြောင့် အပြင်မှာ ရှုပ်နေပြီ။ ”

“ အဲဒါကြောင့် ... ငါ အခု အပြင် မထွက်ချင် သေးတာပေါ့။ ”

ယင်းကို ကောင်းကောင်း သိသည်။ သူ့၌ လူတိုင်းကို နှိမ်နှင်းရန် ခွန်အား မရှိသော်၊ အပြင် ထွက်ခြင်းဖြင့်၊ အဓိပ္ပါယ် မရှိချေ။

“ အခု နှစ်ဆယ် ရာခိုင်နှုန်းပဲ ကျန်တော့ တာပါ၊ နင် ပြောင်းလဲ နိုင်ခဲ့ ရင်တောင်၊ အရာ အားလုံးက နောက်ကျ သွားလိမ့်မယ်။ ”

လင်းယွန် အနေဖြင့်၊ စိတ်ကူးယဉ် ဆန်လွန်းနေ သည်ဟု၊ ခရမ်းငယ်မှ မြင်သည်။

“ သွေ့ရော် နက်ရှိုင်းခြင်း သော့ကို၊ နောက်တစ်ဆင့် ဖျက်ရအောင်။ ”

“ ဒါက ထိုက်တန် လို့လား။ ”

“ အန်းလျူယွင် အတွက်၊ တစ်ကြိမ် လုပ်ပြီးပြီ၊ အခု ဓားဂိုဏ်း အတွက် ... ၊ ငါတို့ လုပ်ရမယ်။ ”

သည့်နောက် တင်ပျဉ်ခွေ ပြန်ထိုင်ကာ၊ တတိယ တံဆိပ်ကို ဖျက်ရန် ပြင်ဆင် လိုက်မိ လေသည်။

ထိုအချိန်တွင် ခရမ်းငယ် သတိ ပေးသည့် အတိုင်း၊ ရေကန် အပြင်၌ ပရမ်းပတာ ဖြစ်နေ ခဲ့သည်။

နတ်နဂါး လက်ရာ များ၏ သွေးဆောင်မှုသည် ကြီးမား လွန်းပြီး၊ တစ်ခုစီ တိုင်းမှာ၊ မယုံနိုင် လောက်အောင် အဖိုးတန် ချေ၏။

လောက နိယာမ ကျွမ်းကျင် သူပင်၊ ထိုအရာများ၏ သွေးဆောင်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

အသုံး မဝင် လျှင်ပင်၊ ဂိုဏ်း၌ အရင်း အမြစ် များနှင့်၊ လဲလှယ် နိုင်ပေမည်။ ထို့ကြောင့် ပါဝင် သူတိုင်းမှာ၊ နက္ခတ်များ ကိုပင် ထုတ်ဖော် လာကြသည်။

တစ်စုံ တစ်ယောက်သည် ရှေးဟောင်း ပစ္စည်း တစ်ခုကို ရယူ နိုင်ချိန်၌၊ အခြား ဂိုဏ်း များ၏ ကျွမ်းကျင်သူ များက၊ ဝိုင်းရံ တိုက်ခိုက် လာပေမည်။

လင်းယွန် တို့အား လာကြို ပေးသည့်၊ ကောင်းကင် ရေကန် သခင်ငယ်က ဤမြင်ကွင်း ကို ကြည့်ပြီး၊ အံသြ သွားသည်။

သူ့မှတ်မိ သ၍၊ သည်မျှ ဖရိုဖရဲ နိုင်သော အခြေ အနေမျိုး မကြုံဖူး ခဲ့ချေ။ ကောင်းကင် ရေကန် သူတော်စင် သခင်က၊ စကား တစ်ခွန်းမျှ မပြောဘဲ ကြည့်နေ၏။

ထွက်ပေါ် လာသော နတ် နဂါး လက်ရာ များမှာ၊ တန်ခိုးကြီး လွန်း သဖြင့်၊ ဂိုဏ်း များမှ လက်လျော့ ကြမည် မဟုတ်ချေ။

ယခင် အကြိမ် များ၌၊ အဆင့်မြင့် သူတော်စင် လက်ရာ များသာ ထွက်ပေါ် ခဲ့ဖူးကြောင်း မှတ်မိ နေ သေးသည်။

“ ကောင်းကင်ယံ ဂိုဏ်းက သန်မာ လွန်းတယ်။ ”

ဖေးချိန်မှ ပြောသည်။ လောဟွမ်ထက် အားနည်းသော နဂါးသွေး လွှတ်ကြော နယ်ပယ် တပည့် နှစ်ဦး သည်ပင်၊ တန်ခိုးကြီး နတ်နဂါး လက်ရာ အချို့ကို ရရှိ ထားသည်။

ထို့အပြင် ၎င်းတို့၏ တိုက်ပွဲဝင် ပုံစံမှာ ရက်စက် ကြမ်းကြုတ် လှ၏။ သူတို့ နှစ်ဦးလုံး သည် ဂိုဏ်း၌ အတွင်း တပည့် ထိပ်သီးများ ဖြစ်သည်။

ထိုအဆင့် အတန်းမှာ၊ ဓားဂိုဏ်းမှ ကောင်းကင် အဆင့် တပည့် များနှင့် ညီ၏။ သူတို့ နှစ်ဦးက ဓားဂိုဏ်း၏ တပည့် များထံ ဦးတည် တိုက်ခိုက် ကြသည်။

ထို့ကြောင့် အဆင့်မြင့် သူတော်စင် လက်ရာ စစ်ပွဲ အလံကို ရယူ နိုင်ခဲ့ သော်လည်း၊ ဓားဂိုဏ်း တပည့် များမှာ၊ ချက်ချင်း အဝိုင်းခံ လိုက်ရ လေသည်။

***

All Chapters