ကန့်ကွက်မဲ့ လူ ရှိသလား။
Vol. 113 Ch. 1572
“ သူတို့က သန်မာတာ မဟုတ်ဘူး၊ ထျန်ရွှမ်ဇီက သန်မာ နေတာ၊ လက်ရှိ အခြေခံ အုတ်မြစ်က ဂိုဏ်း ခုနစ်ခုထက်၊ သိသိ သာသာ အားကောင်း နေပြီ။ ”
ကောင်းကင် ရေကန် သခင်က၊ သူ့စကားကို ဆက်ပြောသည်။
“ ကောင်းကင်ယံ ဂိုဏ်းက ရှေးဟောင်း ပျက်စီးခြင်း နန်းတော်မှာ နှစ် အနည်းငယ်တိုင်၊ အောင်နိုင်သူ ဖြစ်လာတယ်၊ သူတို့က မပြည့် စုံတဲ့ ပညာရပ် တွေကို ပြန်ယူပြီး၊ ဂိုဏ်းရဲ့ အုတ်မြစ်ကို ချဲ့ထွင် ခဲ့တယ်၊ ...
... သက်တံဓား သူတော်စင်သာ ... ၊ ကွယ်လွန် သွားခဲ့ရင်၊ ဒီရှေးဟောင်း ပျက်သုန်း မြေ ကြီးမှာ၊ သူတို့ကို ဘယ်သူမှ ရင်ဆိုင်နိုင် တော့မှာ မဟုတ်ဘူး။ ”
ထိုအချိန်တွင် မိုးကုတ် စက်ဝိုင်းမှ ကျယ်လောင်သော အသံ တစ်သံ ပဲ့တင်ထပ် လာသည်။
နဂါးဖြူသည် လောဟွမ်နှင့် အခြားသော လူများ၏ တိုက်ခိုက်မှု အောက်၌၊ ဓား အဖြစ်သို့၊ ပြန်လည် ရောက်ရှိ သွားပြီး ကောင်းကင်မှ ပြုတ်ကျ လာတော့သည်။
ယင်းက အပြစ် အနာ အဆာ ကင်းသော၊ အဖြူရောင် ဓားတစ်လက် ဖြစ်၏။ ကျောက်စိမ်း ကဲ့သို့ ကြည်လင် နေသည်။
ထုတ်လွှတ် လိုက်သော ဓားရောင်ခြည်ပင်၊ ထူးထူး ခြားခြား ဖြစ်နေ၏။ ထိုစဉ် ကြယ်တံခွန် တစ်စင်းက ကောင်းကင်မှ ဆင်းသက် လာပြီး၊ ၎င်းအား ဖမ်းယူ သွားသည်။
“ တကယ့် ဘုန်း သူတော်စင် လက်ရာပဲ။ ”
ထိုလူမှာ လောယွမ် ဖြစ်ချေ၏။ နဂါးဖြူ ဓားကို ကိုင်လျက် ကောင်းကင်မှ ကျေနပ်စွာ ဆင်းသက် လာခဲ့သည်။
ဓားတွင် ပါရှိသော စွမ်းအားကို အာရုံခံ နေစဉ်၊ ဓားနှင့် ဓားအိမ် ပေါ်ရှိ နတ်ရူရ် များက အသက်ဝင် လာ၏။
အေးစက် စက်ဖြင့် ထက်ရှ လွန်းသော ရောင်ဝါကို ထုတ်လွှတ်ကာ၊ လရောင် အလား အလင်းများ ဖြာကျ လာတော့သည်။
ချက်ချင်းပင် သူ့ လက်မောင်းကို ရေခဲ အလွှာများ ဖုံးလွှမ်း လာပြီး၊ အအေး လှိုင်းများ စိမ့်ဝင်သည်။
“ ဟား ဟား ဟား ... ။ ”
ထို့ကြောင့် မီးရည်ရွယ်ချက်ကို၊ အသက် သွင်းကာ၊ အအေး ဓာတ်အား ဖယ်ရှားလျက်၊ စူးစူး ဝါးဝါး ရယ်မော တော့၏။
သို့သော် ဓားကို နောက်တစ်ကြိမ် ဖမ်းယူ ခါနီးတွင်၊ လူသုံးကောင် မဆိုင်းမတွ ပြေးလာပြီး သူ့ကို တိုက်ခိုက် လေသည်။
မူရွယ်ချင်းမှာ ရှေးဆုံးမှ ဖြစ်၏။ သူမ နောက်၌ ကြက်သွေးရောင် နေမင်းကို လွှတ် တင် ထားပြီး၊ မီးနဂါးကြီး အဖြစ် ထင်ရှား လာသည်။
“ ဝှစ် ... ။ ”
မိုးကြိုး ကျောင်းတိုက်မှ၊ လုရှက တောင်ဝှေးကို လွှဲလျက်၊ ရွှေရောင် အလင်း စက်ဝန်း (၄) ကွင်းအား ဖန်တီး သည်။
ကောင်းကင် ဓားမော့ ခန်းမမှ ကျန်းရွှမ်က၊ အရိယာ ကောင်းကင် ဓားမော့ကို ထုတ်ဖော်ရာ၊ သွေးပင်လယ် အဖြစ် ထင်ရှား လာသည်။
ကျန်ဂိုဏ်း များ၏ ခေါင်းဆောင် များမှာ၊ ဒဏ်ရာများ ပြင်းထန်စွာ ရရှိထား သောကြောင့်၊ တိုက်ပွဲ မဝင်နိုင် တော့ချေ။
မူရွယ်ချင်း၊ လုရှနှင့် ကျန်းရွှမ် သာလျှင် အကောင်း မွန်ဆုံး ပုံစံဖြင့်၊ ယှဉ်ပြိုင် နိုင်ပေ၏။
“ ယင်ကောင်တွေ ... ။ ”
လောယွမ်မှ လက်ကောက် ဝတ်ကို ယမ်းလိုက်ပြီး၊ ပြိုင်ဘက် များအား ပြန်လည် တွန်းထုတ် လိုက်သည်။
ပဉ္စမတန်း မီး ရည်ရွယ်ချက်ကို ကန့်သတ်ချက် ဆီသို့ တွန်းပို့ လိုက်သဖြင့်၊ ကောင်းကင် တစ်ခုလုံး အနီရောင် ပြောင်းလဲ သွား၏။
ထိုရောင်ဝါက မူရွယ်ချင်းတို့ သုံးဦးမှ ထွက်လာသော ရောင်ဝါအား ချက်ချင်း ဖိနှိပ်ပစ် လေသည်။
“ မီးနဂါး လက်သီး။ ”
အသက် ပြင်းပြင်း ရှူလျက်၊ လက်သီး သုံးလုံးဖြင့် ပြန်လည် ထိုးနှက် သည်။ လက်သီး များက၊ ကောင်းကင်ကို မှောင်မိုက် သွားစေ၏။
လက်သီး တစ်ချက် စီတွင် ပဉ္စမတန်း မီးရည်ရွယ်ချက်ပါ ရှိသည်။ မီး ရည်ရွယ်ချက် အထွပ် အထိပ် ရောက်သော အခါ၊ မူရွယ်ချင်း၊ လုရှနှင့် ကျမ်းရွှမ် တို့ကို၊ ထိုးမိ သွား၏။
ပထမ လက်သီးသည် မူရွယ်ချင်း၏ မီးနဂါးကို အပိုင်းပိုင်း ဖြတ်တောက် ပစ်ကာ၊ ဒုတိယ လက်သီး ချက်သည် လုရှ၏ တောင်ဝှေး မှ ဖြစ်လာသော အလင်း စက်ကွင်း (၄) ကွင်းအား၊ ချိုးဖျက် ပစ်သည်။
တတိယ လက်သီးမှာ၊ ကျမ်းရွှမ်၏ သွေး ပင်လယ်ကို ခွဲထုတ်ပစ် လိုက်သည်။ မူရွယ်ချင်း၊ လုရှနှင့် ကျမ်းရွှမ် တို့မှာ၊ မျက်နှာ ဖြူဖျော့လျက်၊ သွေးများ အန်ကျ လာ၏။
လောယွမ် သန်မာမှန်း သိ သော်လည်း၊ ဤမျှအထိ သန်မာ မည်မှန်း မထင်ထား မိချေ။ မဆိုင်း မတွဘဲ အနီးကပ် တိုက်ပွဲကို ထပ်မံ ဆင်နွှဲ ခဲ့သည်။
တိုက်ပွဲမှ ဖြစ်လာသော ရုန်းရင်း ဆန်ခတ် မှုမှာ၊ မြေပြင် ပြိုကျပြီး၊ ဖုန်မှုန်များ တထောင်း ထောင်း ထစေ၏။
လျင်မြန် လွန်းသဖြင့် အခြား သူများ အမြင်တွင်၊ လှည့်ပတ် နေသော မှုန် ဝါးဝါး အရိပ်များ ကိုသာ မြင်နိုင်သည်။
လှုပ်ရှားမှု ဆယ်ကြိမ် ပြည့် ပြီးနောက် မူရွယ်ချင်း၊ လုရှနှင့် ကျမ်းရွှမ် တို့မှာ အဝေးသို့၊ လွင့်စဉ် လာခဲ့သည်။
သုံးယောက်သား ဒူးထောက်ကာ မြေပြင် ပေါ်သို့ လဲကျ သွား၏။ လောယွမ် နောက်ကျော ၌ ဝိညာဉ် စွမ်းအင်များ၊ တဟုန်ထိုး ထွက်လာ ပြီး၊ နဂါး သုံးကောင် ထွက် ပေါ်လာသည်။
“ တတိယ သွေးလွှတ်ကြော ... ။ ”
တစ်ချိန် တည်းမှာပင်၊ လောယွမ်မှ ထုတ်လွှတ် ထားသော ရောင်ဝါသည် သားရဲ တစ်ကောင်နှင့် တူလာ တော့သည်။
လောယွမ်သည် ရွှေမျိုးဆက် အတွင်း ဝင်သွားပြီ ဖြစ်သည်။ ထို့ကြောင့် မူရွယ်ချင်း လုရှ၊ ကျန်းရွှမ်နှင့် ကျန်သူ များကို သဘာဝ အတိုင်း၊ ချန်ထား နိုင်ပြီ ဖြစ်၏။
လောယွမ်မှ ထိုနေရာတွင် ရပ်နေပြီး၊ သူ့ရှေ့မှ လူ သုံးယောက်ကို အေးစက်စွာ ကြည့် နေသည်။
သူနှင့် ယှဉ်သော်၊ လူတိုင်းမှာ ပိုးစုန်းကြူးများ ပေပင်။ သူ့ အကြည့်ကြောင့်၊ သုံးယောက် စလုံး လျင်မြန်စွာ ဆုတ်ခွာ သွား၏။
“ မင်းတို့ ... ၊ အခု ထွက်သွားချင် တာလား၊ အရမ်း နောက်ကျ နေပြီ ... ။ ”
လောယွမ် နောက်တွင်၊ ကြီးမားသော မီးတောက် တစ်ခု ပေါ်လာပြီး၊ စုပ်ယူမှု စွမ်းအား ချက်ချင်း ဖြစ်ပေါ် လာသည်။
“ ဟိတ် ... ။ ”
မူရွယ်ချင်း၊ လုရှနှင့်၊ ကျန်းရွှမ် တို့အား၊ စုပ်ယူမှု စွမ်းအားဖြင့် ဖမ်းမိစဉ် လောယွမ်မှ လက်သီး ဆုပ်လျက် ထိုးချ ပစ်၏။
ကြီးမားသော ရိုက်ခတ်မှုကြောင့်၊ သုံးဦးလုံး မြေပြင်ပေါ် ပြုတ်ကျကာ၊ သွေးအန် ကုန်ကြလေ သည်။
“ ဒီသူတော်စင် ဓားကို ငါ ပိုင်ပြီ ... ၊ ကန့်ကွက်မဲ့ လူ ရှိလား။ ”
လောယွမ်က လူတိုင်းကို လှည့်ကြည့်ကာ မေးလိုက် သော်လည်း၊ မည်သူမျှ မျက်ဝန်းချင်း အဆုံ မခံ ကြချေ။
“ ပြီးသွားပြီ။ ”
ကောင်းကင် ရေကန် သခင်က၊ ဤရလာဒ် အပေါ်၊ ခန့်မှန်း ထားပြီး ဖြစ်၏။ အခြား သူများ လောယွမ်ကို မမြင်နိုင် သော်လည်း၊ သူ ကြိုသိ ထားပြီး ဖြစ်သည်။
“ ဝုန်း ... ။ ”
ထိုစဉ် ရေကန်မှာ၊ ရုတ်တရက် ပေါက်ကွဲလာပြီး၊ အပြာရောင် အရိပ် တစ်ရိပ် ကောင်းကင်ပေါ်၊ ပျံတက် လာ၏။
လူတိုင်း မတုံ့ပြန် နိုင်မီ ထိုလူရိပ်က၊
“ ငါ လင်းယွန် ... ၊ ကန့်ကွက်တယ်။ ”
-ဟု ပြောလာ တော့သည်။
လူတိုင်းက နဂါး အသွင်ပြောင်းခြင်း ရေကန်၌၊ လင်းယွန် ရှိနေသေး သည်ကို၊ မေ့နေ ခဲ့၏။
၎င်းကို မြင်မှ သာလျှင်၊ ဤနတ်နဂါး လက်ရာများ ထွက်ပေါ် လာ ခြင်းမှာ၊ ၎င်းနှင့် ဆက်စပ် နေကြောင်း၊ သတိရ လာ ကုန်သည်။
***