← Chapters

နဂါးပြာ ဟူသည်။

Vol. 113 Ch. 1573

နဂါးပြာ ဟူသည်။

Vol. 113 Ch. 1573

လင်းယွန် အသွင် အပြင်ကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ် သွားခဲ့သည်။

ယဲ့ဇီလင်အား ဝိုင်းဖွဲ့ ထားသော ကောင်းကင်ယံ ဂိုဏ်းမှ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ နှစ်ယောက် သည်ပင် လှည့်ကြည့် လာ၏။

နတ်နဂါး လက်ရာ များ၏ အသွင် အပြင်သည် လင်းယွန်ကို လူတိုင်း မေ့သွား စေခဲ့၏။

သို့သော် ထွက်ပေါ် လာသည်နှင့်၊ လောယွန်ကို တိုက်ရိုက် ဆန့်ကျင် ခြင်းမှာ၊ ရဲရင့်လွန်း သည်ဟု မြင်သည်။

လောယွမ်မှာ တတိယ သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ဖြစ်ပြီး၊ ပဉ္စမတန်း မီး ရည်ရွယ် ချက်နှင့် ကောင်းကင် ကျမ်းကြောင့်၊ ပြိုင်ဘက် ကင်းသည်။

လင်းယွန်က လေထဲတွင် ခြေထောက်ကို ညင်သာစွာ ပုတ်လိုက်ပြီး၊ မူရွယ်ချင်း အနားသို့၊ ရွေ့လျား လိုက်သည်။

“ ဂျူနီယာ လင်း ... ၊ မင်း အခုမှ နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်ကာ စမို့၊ သူနဲ့ တိုက်စရာ မလို ပါဘူး။ ”

မူရွယ်ချင်းမှ စိုးရိမ် သွားသည်။

“ သက်တံဓား သူတော်စင် တပည့်က၊ နဂါးသွေး လွတ်ကြော ရောက်တာနဲ့၊ ငါ့ကို စိန်ခေါ် တာလား၊ သတ္တိရှိ လိုက်တာ။ ”

လောယွမ်မှ ပြုံး လိုက်သည်။ သူ သည်လည်း လင်းယွန်ကို ရိုက်နှက်ရန် အခွင့်အရေး ရှာနေသူ ဖြစ်သည်။

“ လောယွမ် ... သူက ဂျူနီယာ တစ်ယောက်ပါ။ ”

မူရွယ်ချင်းက အော်ဟစ် လိုက်၏။

“ ဟား ... ဟား ... ဟား ... ၊ မင်း မကြား ဖူးလား၊ သက်တံဓား သူတော်စင်ရဲ့ တပည့်က၊ စိန်ခေါ် နေတာ၊ လေးစားတဲ့ အနေနဲ့ ဒါကို ငါ ဖြည့်ဆည်း ပေးရမယ်။ ”

“ သူ စိတ်တို သွားလို့ပါ။ ”

မူရွယ်ချင်း တစ်ယောက် မျက်နှာ ပျက်ယွင်း စွာဖြင့်၊ ငြင်းဆန်၏။

“ ဒါကို အဆုံး သတ်လိုက် ရအောင်၊ လောယွမ် သူတော်စင် ဓားကို မင်း ပိုင်တယ်၊ ဒီအတွက် ကန့်ကွက် ကြမှာ မဟုတ်ဘူး။ ”

ကောင်းကင် ရေကန် သူတော်စင် သခင်က၊ ဝင်ပြီး ဆုံးဖြတ်ပေး၏။ သက်တံဓား သူတော်စင် တပည့်ကို၊ ကောင်းကင်ယံ ဂိုဏ်းမှ ရိုက်နှက် နေသည်အား မမြင် လိုချေ။

အနည်း ဆုံးတော့ သူ့ မျက်စိ အောက်၌၊ ဖြစ်သည်။ လင်းယွန်မှ တစ်ခုခု ပြောချင် သော် ငြားလည်း၊ မူရွယ်ချင်းက အပြော မခံချေ။

“ မှန်ပါတယ် သူတော်စင် သခင်။ ”

“ ဟား ဟား ဟား ... ။ ”

လောယွန်မှ ရယ်သည်။

“ မူရွယ်ချင်း ... ၊ မင်းက သက်တံဓား သူတော်စင် တပည့် ပြောတဲ့ စကား တွေကို၊ ဘာလို့ ထည့်မတွက် တာလဲ။ ”

လောယွမ်မှ သူ့ကို လျစ်လျူရှု နေသဖြင့်၊ ကောင်းကင် ရေကန် သူတော်စင် သခင် ခမျာ မျက်မှောင်ကြုတ် မိသည်။

“ မင်း ... ငါ့ကို ရပ်လိုက် စေချင်လား ... ၊ ဒါဆို သက်တံဓား သူတော်စင် တပည့်ကို တောင်းပန် ခိုင်းလိုက်ပါ။ ”

“ ငါက ဘာလို့ ... ၊ မင်းကို တောင်းပန် ရမှာလဲ၊ နဂါးဖြူ ဓားက မင်းနဲ့ မထိုက်တန် ဘူး၊ ငါ့ကို ပေးပါ။ ”

လင်းယွန်က ချက်ချင်း ဝင်ပြော လိုက်၏။ နဂါး အသွင် ပြောင်းခြင်း ရေကန် အောက်တွင်၊ ဤအတွက် ပြင်ဆင် ခဲ့ခြင်း ဖြစ်သည်။

လောယွမ်ကို မကျေ မနပ် ဖြစ်နေ သည်မှာ၊ ကြာပြီ ဖြစ်၏။ ပင်မ နတ်ဘုရား နယ်ပယ် ၌သာ ရှိနေ သဖြင့်၊ မည်သည့် အရာမျှ၊ ပြန် မလုပ် နိုင်ခဲ့ချေ။

ဓားသမား တစ်ယောက် အနေနှင့်၊ ဒေါသအား ဖွင့်ထုတ် ပစ်ရ ပေမည်။ ၎င်းမှာ သက်တံဓား သူတော်စင် တပည့် ဟူသော ဂုဏ်ပုဒ်နှင့် လုံးဝ မဆိုင်ချေ။

“ ဂျူနီယာ လင်း ... ၊ သူက ရွှေမျိုးဆက် ပါရမီရှင်ပါ။ ”

မူရွယ်ချင်းမှ စိုးရိမ် တကြီး သတိ ပေးလာသည်။

“ ဟား ဟား ဟား ... ၊ အရမ်း နောက်ကျ သွားပြီ၊ ကောင်းကင်ယံ ဂိုဏ်းရဲ့ လောယွမ်က သက်တံဓား သူတောစင် တပည့်ရဲ့ ... ၊ စိန်ခေါ် မှုကို လက်ခံ ပါတယ်။ ”

ပြီးသည်နှင့် မီးလက်ဖဝါး ထုတ်ဖော်ကာ၊ ရိုက်ထုတ် လိုက်၏။ လင်းယွန်က ဒဏ်ရာ ရနေ သော၊ မူရွယ်ချင်းအား နောက်သို့ ပြန်ပို့လျက်၊ ရင်ဆိုင်ရန် ပြင်သည်။

သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်ကို လှည့်ပတ်ပြီး၊ နဂါး ထွက်သက်အား ထုတ်ဖော် လိုက်၏။

တိုက်ခိုက်မှု နှစ်ခု တိုက်မိပြီး အကန့် အသတ်မဲ့ နဂါး မူလများ ပေါက်ကွဲ ထွက်လာ လေသည်။

လက်ဖဝါး နှစ်ဖက် ပူးကပ် သွားချိန်၌၊ အမျိုးမျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာတော့ ၏။

တစ်ဖက်မှ မီး ပင်လယ် ဖြစ်ပြီး၊ ကျန်တစ်ဖက်မှာ မိုးကြိုး မုန်တိုင်းများ ဖြစ် ချေသည်။

လင်းယွန်က မုန်တိုင်း အတွင်း ဓား တစ်လက် ကဲ့သို့ ရပ်နေ၏။ ဤအခိုက်တွင် သူ့ နောက်၌ ပန်း ပင်လယ်ကြီး ပေါ်လာ သဖြင့်၊ အလုပ်များ သွားသည်။

“ ရွှပ် ... ။ ”

သူ့လက် များကို တောက်ထုတ် လိုက်သော အခါ၊ နဂါးမြစ် ထဲမှ ဓားရောင်ခြည် ပေါ်လာပြီး လောဟွမ်ထံ ပြေးဝင် တော့သည်။

( ဒီကောင်လေးက ... ၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်ပြီး ... ၊ ပိုသန်မာ လာ ပါလား။ )

နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက် သည်နှင့်၊ လင်းယွန်၏ ဓား ရည်ရွယ်ချက်မှာ၊ ပို အားကောင်း လာ သောကြောင့်၊ လောယွမ်မှ အလေး အနက် ထား မိ၏။

လက်ကို ဝှေ့ယမ်းလျက်၊ ကိုးဆစ် ကြာပွတ်အား ထုတ်ယူ လိုက်သည်။ သူတော်စင် ရူရ်များ အသက်ဝင် လာကာ၊ ရွှေရောင် မီးလျှံ များ အဖြစ် ပြောင်းလဲ သွား၏။

၎င်းက လင်းယွန် ဓား ရောင်ခြည် များကို၊ ဟန့်တား တော့သည်။ ကြာပွတ် အဆစ် တိုင်း၌ နဂါး အရိုး များနှင့်၊ ဖန်တီး ထားပြီး သူတော်စင် ရူရ် (၂၀၀၀၀) ကျော် ပါဝင်၏။

“ ဝှစ် ... ။ ”

ယင်းကြောင့် ဓား ရောင်ခြည်အား၊ ကောင်းစွာ ဖျက်ဆီး နိုင် လိုက်သည်။ သို့သော် လည်ပင်းထံ ရည်ရွယ်သော၊ ဓား အလင်းများ ထပ်မံ ပြေးဝင် လာပြန်၏။

ယင်းကြောင့် အံ့အားသင့် သွားပြီး၊ ကြာပွတ်အား အမြန် ရုတ်ကာ၊ ကာကွယ် လိုက် ရသည်။

“ နဂါး ဖျက်ဆီးခြင်း။ ”

ဓား ပင်လယ်မှ အလင်းများ ဖြာလျက်၊ နဂါး တစ်ကောင် လင်းယွန် မျက်ခုံး ကြားမှ ပျံထွက် လာပြီး၊ ပန်းသင်္ချိုင်း ဓားထံ စီးဝင် သွား၏။

ထို့နောက် လောယွမ်၏ ရင်ဘတ်အား၊ ချိန်ရွယ်လျက် ခုတ်ပိုင်း ချလိုက် တော့သည်။

“ ဗြိ ... ။ ”

ပန်းသင်္ချိုင်း ဓားက၊ လောယွမ် ကိုယ်ကို ကာကွယ် ထားသော နဂါး မူလအား၊ အလွယ် တကူ ဆုတ်ဖြဲ ပစ်၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ခြေလှမ်း ပေါင်းများစွာ နောက်ပြန် ဆုတ်လျက်၊ နဂါး မူလအား ကိုးဆစ် ကြာပွတ် ထဲ လောင်းထည့်ကာ၊ ဟန့်တား လိုက်သည်။

သို့သော် အရိယာ ကောင်းကင် ဓားထက် သာလွန်သော ဓားရောင်ဝါ များက၊ ကြာပွတ်မှ တဆင့်၊ လောယွမ် ခန္ဓာထဲ ဝင်လာသည်။

“ ခရစ် ... ။ ”

မြေပြင်၌ ခင်းထားသော အကာ အကွယ် အလွှာများ သည်ပင်၊ အစိတ်စိတ် အမွှာမွှာ ကွဲ ကုန်၏။

ပြိုင်ဘက်မှာ မီတာ ရာဂဏန်း အကွာ၌ ရှိသော်လည်း၊ ၎င်းဓား ရည်ရွယ်ချက် ကြောင့်၊ ကောင်းကင် အလား ဝေးကွာ နေသည်။

“ ရွှပ် ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော ဓား ရောင်ဝါများ ပေါက်ကွဲပြီး၊ လင်းယွန်မှ ဓားချက် (၃၆) ချက်ကို၊ ဆက်တိုက် ထုတ်ပစ်၏။

အဆိုပါ ဓားချက် များမှာ၊ လောယွမ်၏ သေစေ နိုင်သော နေရာ များထံ ဦးတည် နေ ခဲ့သည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ထို့ကြောင့် သူ၏ သွေးသား စွမ်းအင်ကို၊ လျင်မြန်စွာ လောင်ကျွမ်း စေလျက်၊ သားရဲ ခန္ဓာ ကိုယ်အား၊ ထုတ်ဖော် လိုက်ရ၏။

ကိုးဆစ် ကြာပွတ်သည် သားရဲ၏ လက်သည်း ဖြစ်သည်။ ခြေဖဝါးကို ပုတ်လျက် ဓားရောင်ခြည် များကို ရှောင်ရှား လေသည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်း မှာပင်၊ ကိုးဆစ် ကြာပွတ်အား လွှဲလျက်၊ ဓားရောင်ခြည် တိုင်းကို ပိတ်ဆို့ ပစ်သည်။

သို့တိုင် နဂါး မူလ အလွှာကို၊ ဆုတ်ဖြဲ ခံလိုက်ရပြီး၊ ပခုံးထံ ဓားရောင်ခြည် ထိမှန်သွား လေသည်။ နှစ်လက် မခန့် ပြတ်ရှရာ ဖြစ်ပေါ် လာတော့၏။

“ ဖျပ် ... ။ ”

မီတာ ရာဂဏန်း အကွာ သို့တိုင် ဆုတ်ခွာလျက် ဟန်ချက်ကို ထိန်းယူ လိုက်ရ သည်။ ပြီးနောက် လင်းယွန်အား အထိတ် အလန့် ပြန်ကြည့် မိ၏။

“ မင်း ... ဓားက၊ ပဉ္စမတန်း ရောက်သွား ပြီလား။ ”

သူ့မေးခွန်းကို လင်းယွန်မှ ပြန် မဖြေချေ။ ဤဓား ရည်ရွယ်ချက်မှာ အမည်ခံ ကောင်းကင် အမိုး ဓားသာ ဖြစ်သည်။

သို့သော် နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်ရှိ ပြီးနောက်၊ ပို၍ အစွမ်းထက် လာခြင်း ဖြစ်၏။

ယင်းက မည်သူ့ကို မဆို ခွဲပစ်ရန်၊ လုံလောက် သော်လည်း၊ လောယွမ်မှာ သန်မာ လွန်းသည့် အတွက်၊ ချွင်းချက် ဖြစ်သွားသည်။

တစ်ဖက်တွင် လူတိုင်းက လင်းယွန် တစ်ယောက်၊ ဤမျှ အစွမ်းထက် လိမ့် မည်ဟု မမျှော်လင့် သဖြင့်၊ ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။

လောယွန်ကို ဂိုဏ်း ခုနစ်ခုမှ ခေါင်းဆောင် ခုနစ်ဦး ပင်လျှင်၊ လက်ရည်တူ မတိုက်နိုင် ခဲ့ချေ။ လင်းယွန် မှာမူ၊ ပခုံး ကိုပင် ဒဏ်ရာ ပေးနိုင်၏။

“ မယုံနိုင် စရာ ပဲ ... ။ ”

ကောင်းကင် ဓားမော့ ခန်းမှ ရန်ကူက အော်ပြော လိုက်သည်။ လောယွမ်ကြောင့် သူ၌ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ထား၏။

“ လင်းယွန်က ဒီလောက် သန်မာ လာရအောင်၊ နဂါး မူလကို ဘယ်လောက် အထိ၊ သန့်စင် နိုင်ခဲ့ လို့လဲ။ ”

မူရွယ်ချင်းမှာ စိတ်လှုပ်ရှား နေသည်။

“ သက်တံဓား သူတော်စင် တပည့် ဆိုတဲ့ အတိုင်း ... ၊ ဓားတာအိုမှာ ပြိုင်ဘက်ကင်း ပါပဲ ... ၊ ဒါပေမယ့် ဒါက လောယွမ်ရဲ့ ခွန်အား အပြည့် ...

... မဟုတ် သေးဘူး ... ၊ ဒီကိုးဆစ် ကြာပွတ်က အရမ်း အစွမ်း ထက်တယ်၊ သူ့ရဲ့ မီး ရည်ရွယ်ချက်နဲ့ ... ပေါင်းစပ် ပြီးရင်၊ အားနည်းချက် မရှိ တော့ဘူး။ ”

ကောင်းကင် ရေကန် သူတော်စင် သခင်မှ ပြောသည်။

“ သက်တံဓား သူတော်စင် တပည့်က၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်တာနဲ့ တကယ်ကို အထင်ကြီး စရာ ကောင်းလာတယ်၊ မင်းကို ငါ လျှော့တွက် မိပြီ။ ”

“ မင်းလည်း မဆိုး ပါဘူး၊ အမှန်ဆို ငါ့ဓား တစ်ချက် တည်းနဲ့ မင်း သေသင့်တာ၊ ဒါပေမယ့် ... မင်းကိုယ်မင်း ရွှေမျိုးဆက် အဖြစ် ခံယူဖို့ ကတော့၊ ...

... အများကြီး လိုပါ သေးတယ် ... ၊ ရွှေမျိုးဆက် အောက်၊ အသန်မာဆုံး ဆိုရင်တော့ ဖြစ်နိုင် တယ်။ ”

စီနီယာ တစ်ယောက် လေသံဖြင့်၊ လင်းယွန်မှ ပြန်၍ တုန့်ပြန် လာသော ကြောင့်၊ လောယွမ်က ဒေါသ ထွက်သွား၏။

“ မင်း သေချင် နေတာပဲ၊ လျူယွီနဲ့ ပိုင်ခွန် မင်းတို့ ဘာ ရပ်ကြည့် နေတာလဲ ...၊ သူတော်စင် နဂါး စစ်ပွဲ အလံကို ရအောင် ယူလေ။ ”

သူ့ သတိပေး စကားကြောင့် လျူယွီတို့ နှစ်ယောက်က၊ တိုက်ပွဲအား ပြန်လည် စတင် တော့သည်။

၎င်းတို့ နှစ်ဦးသည်၊ ဒုတိယ သွေးလွှတ် ကြောတွင် ဖြစ်ပြီး၊ လက်ရှိ အချိန်၌ သူတို့အား ဟန့်တား မည့်သူ မရှိ သေးချေ။

ပူးပေါင်း လိုက်ခြင်းဖြင့်၊ ဓားဂိုဏ်း၏ သူတော်စင် တပည့် လေးဦးနှင့် ကောင်းကင် အဆင့် ပါရမီရှင် နှစ်ဦးကို အလွယ် တကူ နှိမ်နင်း နိုင်ခဲ့သည်။

မူရွယ်ချင်း ဒဏ်ရာမှာ၊ ပြင်းထန်လှ သဖြင့် တိုက်ပွဲ၌ မကူညီ နိုင်ချေ။ ယင်းက ယဲ့ဇီလင်နှင့် အခြား သူများအား အခက်တွေ့ လာစေ၏။

“ ငါ့ကို စိတ် အနှောင့်ယှက် ဖြစ်အောင် လုပ်နေ တာလား။ ”

လင်းယွန် မျက်နှာ အေးစက် လာသည်။

“ အရမ်း တွေးနေ တာပဲ၊ ဒီနေ့ ... မင်း အပါအဝင် ဓားဂိုဏ်းရဲ့ တပည့်တိုင်း၊ ဒူးထောက် ရလိမ့်မယ်။ ”

လောယွမ်က သူ့မီး ရည်ရွယ်ချက်အား အဆစ် ကိုးဆစ် ကြာပွတ်ထဲ လောင်းထည့်ရာ၊ ရူရ်များ အသက် ဝင်လာ ပြန်သည်။

“ ရွှပ် ... ၊ ရွှပ် ... ၊ ရွှပ် ... ။ ”

ပြီးနောက် သုံးကြိမ် တိတိ ရိုက်ချ လိုက်၏။ သူတော်စင် ရူရ်များ ချက်ချင်း ပျံထွက် လာကာ၊ ရွှေနဂါး အဖြစ် ပြောင်းသွား ကြသည်။

“ ဒီကြာပွတ်က နတ်နဂါး အင်ပါယာရဲ့ ... ၊ နဂါး ကြာပွတ်ကို ... ၊ ပုံတူ ယူထားတယ် ဆိုတာ မင်းကို ပြောဖို့ မေ့သွားတယ်၊ နဂါး မိသားစုရဲ့ သစ္စာဖောက် တွေကို၊ ...

... ကိုင်တွယ် ဖြေရှင်းဖို့ ... ၊ ရည်ရွယ် ထားတာပဲ၊ မင်းက နဂါး မျိုးရိုးရဲ့ ခန္ဓာ ကိုယ်ကို သန့်စင်တဲ့ နည်းစနစ်၊ ကျင့်ကြံ ထားတော့ ထိုက်တန် ပါတယ်။ ”

လောယွမ်မှ ပြန်ပြော၏။ ရွှေနဂါး ဖိအားကြောင့်၊ လင်းယွန်၏ နဂါး ရူရ်များ အက်ကွဲ လာတော့သည်။

( ကြည့်ရတာ ငါ မှန်ပုံ ရတယ်၊ ရွှေနဂါး တွေက နဂါးပြာ တွေကို နှိမ်နင်း နိုင်ပုံ မရဘူး။ )

နဂါပြာ အရိုး ထံမှ ရူရ်များ အစားထိုး ဖြည့်သွင်းပေး လာသဖြင့်၊ လင်းယွန်မှ ပြုံးကာ စိတ်ထဲမှ ရေရွတ် လိုက်တော့သည်။

***

All Chapters