← Chapters

အပြုံး ... ။

Vol. 113 Ch. 1574

အပြုံး ... ။

Vol. 113 Ch. 1574

ကြာပွတ်က သူ့ထံ ပျံသန်း လာ သဖြင့်၊ လင်းယွန်က တော်ဝင် ဓားပုံစံကို ထုတ်ဖော် လိုက်သည်။

ထို့ကြောင့် ကြာပွတ်ကိုင် ထားသော လောယွမ် လက်မောင်း တစ်လျှောက်၊ ထုံကျင် သွား၏။

ဓားချက် (၉) ချက် ပြည့်သော အခါ၌ ‘တော်ဝင်’ ဟူသော စကားလုံး ပေါ်လာပြီး၊ ပို၍ ပြင်းထန်သော အဟုန်ဖြင့်၊ ကန်ထွက် သွား လေသည်။

ဤအရာက လောယွမ် မျက်နှာကို ပြောင်းလဲစေပြီး ကြာပွတ်အား အမြန် လွှတ်ချ လိုက်မိ၏။

“ ဟိတ် ... ။ ”

ဤအခိုက်ကို အခွင့်ကောင်း ယူကာ၊ လင်းယွန်မှ ကောင်းကင်ပေါ် ပျံတက် သွားကာ၊ ကောင်းကင် ရေကန် ဓားကို ထုတ်ဖော်၏။

ထို့နောက်တွင် ကောင်းကင်၌ လမင်းပေါ် လာပြီး၊ ဓားရောင်ခြည် သုံးစင်းနှင့် အတူ၊ လူ တစ်ဦး ပြေးထွက် လာတော့သည်။

ပေ (၅၀၀၀၀) ရှိသော နဂါး မြစ်ကြီး၊ ပွက်ပွက် ဆူလျက်၊ (၁၀) ပေခန့် ရှည်သော နဂါးကြီး တစ်ကောင် ပေါ်လာသည်။

(နဂါးမြစ် ဟူသည်၊ ရောင်ဝါ သမုဒ္ဒရာ အသွင်ပြောင်း သွားခြင်း ဖြစ်၏။ )

“ အိုး ... ၊ ဆယ် ပေ တောင်လား ... ၊ သူ့ရဲ့ ရောင်ဝါ သမုဒ္ဒရာ အားလုံးကို၊ နဂါး မူလ အဖြစ် ပြောင်းလဲ နိုင်ခဲ့ ပုံပဲ။ ”

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ကောင်းကင် ရေကန် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။ ဤလင်းယွမ်သည် ဘီလူး တစ်ကောင် ပေပင်။

ကြယ် စွမ်းအင်ကို (၃၀) သို့မဟုတ် (၄၀) ရာခိုင်နှုန်း ပြောင်းလဲ နိုင်လျှင်ပင်၊ အထင်ကြီး လောက်စရာ ဖြစ်နေ ချေပြီ။

ဤသို့ ပထမ သွေးခုန် နှုန်းဖြင့်၊ ကြယ် စွမ်းအင် အားလုံးကို၊ ပြောင်းလဲ ခြင်းမှာ၊ မယုံ နိုင်စရာ ပေပင်။

ကောင်းကင် ရေကန် သူတော်စင် သခင်မှ၊ လင်းယွန်ကို ကြည့်ပြီး၊ ကျန့်ကျင်းရှန် ဟူသော အမည်အား သတိ ရလာ၏။

“ မကောင်း တော့ဘူး။ ”

လောယွမ်မှ ကြာပွတ်ကို လွှတ်ချပြီး၊ လျင်မြန် စွာဖြင့်၊ နောက်ပြန် ဆုတ်သွား မိသည်။ သို့တိုင် လင်းယွန် ဓားမှာ သူ့ ပခုံးအား ထိုးမိ ဆဲဖြစ်၏။

လေထဲ လွင့်ဝဲ နေစဉ်၊ လင်းယွန်ထံ ဘယ်ဘက် လက်ဖဝါးနှင့်၊ ပြန်၍ ရိုက်ချပစ် လိုက်သည်။

ဓားချက်ကြောင့် မြေပြင် ပေါ်သို့ လဲကျ သွားရာမှ ချက်ချင်း ထရပ်ပြီး၊ ပြန် ကြည့်မိ လေ သည်။

လက်ဖဝါးက လင်းယွန်အား ဒဏ်ရာ မပေးနိုင် သဖြင့်၊ အံ့သြ သွားမိ လေသည်။ နဂါး ရူရ် (၄၀၀၀၀)မှ၊ လက်ဖဝါးကို ကောင်းစွာ ချေဖျက် ပစ်ခြင်း ဖြစ်၏။

“ ဖြန်း ... ။ ”

လက်ဖဝါးကို မြေပြင်ပေါ် ရိုက်လျက် ထရပ်ကာ၊ ကြာပွတ်အား ခေါ်ယူ လိုက်သည်။ ပြီးနောက် နောက်ပြန် ဆုတ်လျက်၊ လွှဲယမ်း ပစ်တော့၏။

ဤတစ်ကြိမ် ကြာပွတ် နောက်ကွယ်မှ စွမ်းအားသည်၊ ဒုတိယ သွေးလွှတ် ကြောရှိ ကျွမ်းကျင်သူ များကိုပင်၊ သတ်ပစ်ရန် လုံလောက် လေသည်။

ထို့ကြောင့် လင်းယွန်မှာ ရွေ့လျားမှု နည်းစနစ်အား ကန့်သတ်ချက်သို့ တွန်းပို့ခဲ့ သော်လည်း အချိန် နှောင်းသွား သည်။

အကျိုးဆက် အနေဖြင့်၊ အတွင်း အင်္ဂါများ တုန်ခါ သွားတော့၏။ သွေးပင် အန်ထွက် လုနီး ပါး ဖြစ်လာသည်။

“ သေ ... လိုက် စမ်း။ ”

ကြာပွတ်က ရွှေကျီးကန်း တောင်ပံ တစ်ဖက်ကို လှီးဖြတ် သွား၏။ ထို့နောက် နဂါး အသွင် ပြောင်းကာ၊ သူ့လက်အား ရစ်သိုင်း လာ လေသည်။

မြေပြင်ရှိ အစီရင်ပင် အက်ကွဲ သွားသည်။ ထိုအချိန်တွင် ဓားဂိုဏ်း၏ ကောင်းကင် အဆင့် ထူးချွန်သူ နှစ်ဦးမှာ ရှုံးနိမ့် သွားပြီး၊ သူတော်စင် တပည့် လေးဦး မှလည်း၊ ခဲယဉ်းစွာ ထိန်းထား နေရ၏။

များမကြာခင် ကျင်းချန် တစ်ယောက် လွင့်စဉ် သွားပြီး၊ ကျောက်ယန်၏ ဓားရောင်ဝါ မှာလည်း ကြေမွ သွားတော့သည်။ ထို့ကြောင့် ယဲ့ဇီလင်နှင့် ယဲ့ဇီယွင် တို့မှာ အခက်တွေ့ လာသည်။

သူတော်စင် နဂါး စစ်ပွဲ အလံ ရှေ့တွင်၊ နှင်းပွင့် ကမ္ဘာကြီး ဖြစ်တည် လာ၏။ ယဲ့ဇီလင် တို့ ညီအစ်မ နှစ်ယောက်၏ သဘာဝ ဖြစ်စဉ် များမှာ၊ တဖြည်းဖြည်း မှိန်ဖျော့ ကုန်သည်။

နှင်းကမ္ဘာကြီး ထဲတွင်၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေသော နတ်နဂါး တစ်ကောင် က၊ ယဲ့ဇီလင်အား ကာကွယ် ပေးသည်။

တစ်ဖက်တွင် ယဲ့ဇီယွင်မှာ၊ ဒူး တစ်ဖက် ထောက်နေ ရပြီး၊ လက်ဖဝါးဖြင့် မြေပြင် အပေါ်၊ အားပြု ထားရ၏။

“ ငါ ... ၊ နင့်ကို လိုက် မမှီနိုင် သေးဘူး ... ။ ”

ယဲ့ဇီလင်အား ကြည့်ကာ သူမက ပြော လိုက်သည်။ ယဲ့ဇီလင်က ထိုစကားကို တစ်ခွန်း မျှ မတုန့် ပြန်ဘဲ၊ တိုက်ပွဲနှင့် ဝေးရာသို့၊ ယဲ့ဇီယွင်အား တွန်းထုတ် ပစ်၏။

ထို့နောက် လျူယွီနှင့် ပိုင်ခွန်အား မျက်နှာချင်း ဆိုင်သည်။ ၎င်းတို့ နှစ်ဦးသည် တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲ နေရ သဖြင့်၊ အနည်းငယ် နှုန်းချိ နေပြီ ဖြစ်၏။

ယင်းကြောင့် နတ်နဂါး နှင်း-လျှပ်စီး ခန္ဓာ ကိုယ်ကို အသက်သွင်း လိုက်သော ယဲ့ဇီလင်၏ အကြည့် အောက်တွင်၊ တိုက်ပွဲဝင် စွမ်းအားကို အပြည့် အဝ မထုတ်နိုင် တော့ချေ။

ယဲ့ဇီလင်က နှင်း ကမ္ဘာကြီး ထဲတွင် ရပ်လျက်၊ သူတော်စင် ဓားကို ကိုင်ဆောင်ကာ၊ စစ်ပွဲ အလံ အနားက၊ တစ်ဖဝါးမှ မခွာချေ။

ထို့ကြောင့် သူမသည် သဘာဝ အတိုင်း အန္တရာယ် ရှိသော အနေ အထား၌ ရှိနေသည်။ ထိုမြင်ကွင်းကို သတိထား နေသော လင်းယွန် ကြောင့်၊ လောယွမ်မှာ ဒေါသ ထွက်လာ၏။

“ ငါနဲ့ တိုက်နေ တာတောင် ... ၊ မင်းက တခြားလူ အပေါ်၊ အာရုံ စိုက်ဝံ့ သလား။ ”

ထို့နောက် ကြာပွတ်ဖြင့် ပန်းသင်္ချိုင်း ဓားအား ရစ်ပတ်ကာ၊ ဆွဲယူရန် ကြံရွယ် လိုက် လေသည်။

ကြာပွတ်မှ မီးတောက်များ ဓားဆီသို့ ကူးစက် သွားပြီး၊ လင်းယွန် လက်ထဲမှ လုယူ တော့သည်။

ဓားမှာ မီးစွဲ လောင် လာ၏။ ထို့ကြောင့် လင်းယွန်မှ ဓားကို လွှတ်လျက် နောက်ဆုတ် လိုက်ရသည်။

“ ဓားဂိုဏ်းက လူတိုင်း ဒီနေ့ ဒူးထောက် ကြရ မယ်လို့ ... ၊ ငါ ပြောခဲ့တယ် မဟုတ်လား။ ”

လောယွမ်က အေးစက်သော အပြုံးဖြင့် ပြန်ပြော လာသည်။ လင်းယွန်၏ ခွန်အားမှာ ဓား ရည်ရွယ်ချက် ဖြစ်သည်။ ဓား မရှိသော် ၎င်းမှာ အသုံး ဝင်မည် မဟုတ်ချေ။

ထို့ကြောင့် လင်းယွန်က နတ်နဂါး မျက်လုံးများနှင့် လောယွန်ကို စိုက်ကြည့် လိုက် သည်။ ဤသည်မှာ ဟွမ်ရွှမ်ရီ အပေါ်၊ သုံးသော နည်းလမ်း ဖြစ်၏။

သို့သော် လောယွမ်မှာ နဂါး မူလကို သူ့ မျက်လုံးများ ထဲသို့ လောင်းထည့် ထားသဖြင့်၊ နောက်ဆုတ် ရုံနှင့်၊ အဆင်ပြေ သွားသည်။

ပြိုင်ဘက် နောက်ဆုတ် သွားသဖြင့်၊ လင်းယွန်က သူ့ ညာလက်ရှိ မီးတောက် များကို၊ ကြည့် လိုက်သည်။

ပြီးနောက် နဂါးဖြူ သူတော်စင် ဓားကို ခေါ်လိုက်၏။ ဓားထံမှ အအေးလှိုင်း တစ်ခု ဖြစ်ပေါ် လာကာ၊ မီးများကို ငြိမ်းသက် ပေးလေသည်။

ရုတ်တရက် လင်းယွန်မှ နဂါးဖြူ ဓားကို ဆွဲယူသွား သဖြင့်၊ လောယွမ် ခမျာ ထိတ်လန့် သွားခဲ့သည်။

“ ဇီ လင် ... ။ ”

သို့သော် လင်းယွန်မှာ သူထင် သကဲ့သို့ လက်ဝယ် ကိုင်ဆောင်ခြင်း မရှိဘဲ၊ ယဲ့ဇီလင်ထံ ပစ်ပေးလိုက် တော့၏။

ယဲ့ဇီလင်က ရုတ်တရက် ဖြစ်သဖြင့်၊ ပြေးဝင် လာသော နဂါးဖြူ ဓားအား ဖမ်းယူကာ၊ ငုံ့ကြည့် မိလေသည်။

“ မကောင်း တော့ဘူး ။ ”

လျူယွီနှင့် ပိုင်ခိုက်က ချက်ချင်း လေးလံ လာသော ဖိအားကြောင့်၊ ယဲ့ဇီလင် အနားမှ ခွာ လေသည်။

“ မင်း ... သေချင် နေတာပဲ။ ”

လောယွမ်က ဟောက်ပြီး၊ လင်းယွန်ထံ ကြာပွတ်နှင့် ရိုက် လိုက်သည်။ သူ့ အနောက်၌၊ နဂါး ရုပ်ပုံကြီး ပေါ်လာ တော့၏။

နှလုံး ခုန်သံမှာ ဆေးအိုး တစ်လုံးလို တရှူးရှူး တရှဲရှဲ မြည်လေသည်။ တတိယ သွေး လွှတ်ကြော ရောက်ရှိ သော အခါတွင် သွေးသား စွမ်းအင်မှာ အားသာချက် ဖြစ်၏။

လင်းယွန်၏ သူတော်စင် နဂါး ခန္ဓာသည် သူနှင့် မယှဉ် နိုင်ချေ။ ထို့ကြောင့် လင်းယွန်က အရိယာ ဓားသုတ္တန်အား ဖြန့်ကျက်ပြီး၊ ခုခံ ကာကွယ် လိုက်ရသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

လက်သီး တစ်ချက် စီ၌၊ ညည်းတွား သံပြုလျက်၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်ပေး မိ၏။

လက်သီး ဆယ်ချက် ပြည့်ပြီးနောက်၊ လင်းယွန်၌ နောက်ပြန် ဆုတ်ရန် နေရာလွတ် မရှိ တော့ချေ။

“ သက်တံဓား သူတော်စင် တပည့်၊ ဒူးထောက်ပါ။ ”

လောယွမ်မှ မီးနဂါးကြီး အလား ထင်မှား စေသည့်၊ လက်သီး တစ်ချက်ကို နောက်ထပ် ပစ်လွှတ် လာသည်။

ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရန် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးက နဂါးမြစ် ကြမ်းပြင်မှ ရုန်းထ လာ၏။

ခန္ဓာကိုယ် တစ်ခုလုံး အဖျက် စွမ်းအား များဖြင့် ချက်ချင်း ပြည့်နှက် လာပြီး၊ သွေးရောင် သန်းလာသည်။

“ ဘောင်း ... ။ ”

လက်သီး နှစ်လုံး တွေ့ဆုံသော အခါ လင်းယွန်မှ၊ ရပ်နေြမဲ ဖြစ် သော်လည်း၊ လောယွမ် ကမူ၊ လွင့်စဉ် သွား၏။

“ ဒါက မဖြစ် နိုင်တာ၊ ... ။ ”

လောယွမ် ပါးစပ်မှ သွေးများ စီးကျ လာပြီး၊ မယုံကြည် နိုင်စွာဖြင့်၊ လင်းယွန်ကို ကြည့်သည်။ တတိယ သွေးလွှတ်ကြော၌ ရှိနေသည့် သူသည်၊ ဓား မရှိေသာ ပြိုင်ဘက်အား မနှိမ်နှင်း နိုင် သည်မှာ၊ အဓိပ္ပါယ် မရှိချေ။

“ မီးနဂါး လက်သီး ... ။ ”

ထို့ကြောင့် မူရွယ်ချင်းတို့ သုံးဦးကို အနိုင် ယူရန်၊ အသုံးပြု ခဲ့သော နည်းစနစ်အား၊ ထုတ် ဖော် လိုက်သည်။

လက်သီး၌ မူလ သူတော်စင် ရူရ်များ ပေါင်းစည်းနေ သည်ကို တွေ့နိုင် သောကြောင့် လူတိုင်း အသက်ရှူ ကြပ်ကုန်၏။

၎င်းမှာ မီးနဂါး သူတော်စင် ရူရ် ဖြစ်သည်။ ထိုမီးရည်ရွယ်ချက် ကြောင့်၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာ ရပ်မှာ၊ ပို၍ အစွမ်းထက် လာ၏။

သို့တိုင် လင်းယွန်မှ ထိတ်လန့်ခြင်း မရှိဘဲ၊ ရှေ့ပင် ခြေတစ်လှမ်း တိုးလိုက်သည်။ သွေးသား စွမ်းအင်၊ ကြွက်သား၊ အပ်စိုက်မှတ်၊ နဂါး ရူရ်နှင့် ဓား ရည်ရွယ်ချက်အား ပေါင်းစည်း ပစ်၏။

“ အဓိပတိ နဂါး လက်သီး ... ”

သူ့ လက်သီးအား ပစ်ထုတ် လိုက်ချိန်၌၊ နတ်နဂါး တစ်ရာက ခန္ဓာကိုယ် ထဲမှ ပျံထွက် လာလေသည်။

ယင်းက လောယွမ် လက်မောင်းကို အရိုး အပြိုင်း ပြိုင်းနှင့် ဖွာလန် ကျဲစေလျက် အဝေးသို့ လွင့်စဉ် သွား စေ၏။

ထို့ကြောင့် လူတိုင်း ထိတ်လန့် ကုန် တော့သည်။ ကောင်းကင် ရေကန် သူတော်စင် သခင်ပင်၊ လင်းယွန်ကို ငေးကြည့် လာ၏။

ထိုအချိန်၌ ယဲ့ဇီလင်မှာ လျူယွီနှင့် ပိုင်ခိုက်ကို ဓားဖြင့် ထိုးပြီး၊ ဒူးထောက် ခိုင်း လိုက်သည်။

ပြီးသည်နှင့် လင်းယွန်ထံ လှည့်ကြည့်ကာ၊ အချင်းချင်း ခေါင်းညိတ် ပြလျက်၊ အပြုံးချင်း ဖလှယ် လိုက်တော့သည်။

***

All Chapters