← Chapters

နောက်ကွယ်မှ အကြောင်း တရားများ။

Vol. 113 Ch. 1575

နောက်ကွယ်မှ အကြောင်း တရားများ။

Vol. 113 Ch. 1575

လျူယွီနှင့် ပိုင်ခွန် တို့မှာ၊ ဒူးထောက် နေကြပြီး၊ လောယွမ် လက်မောင်း ကြေမွှ သွား သည်။ ဤသို့ဖြင့် ပြိုင်ပွဲမှာ ပြီးဆုံး သွား၏။

နဂါး သွေး လွှတ်ကြော နယ်ပယ်သို့ မကြာသေး မီက ရောက်ရှိ ခဲ့သော လင်းယွန် အနေဖြင့်၊ လောယွမ်အား အနိုင်ယူ သည်ကို၊ မယုံနိုင် သေးချေ။

ခွန်အား အရတွင် ရွှေမျိုးဆက် ပါရမီရှင် များကို၊ ယှဉ်နိုင် ပေသည်။ ဂိုဏ်းအသီး သီး၏ ထိပ်တန်း ပါရမီရှင် နှစ်ဦးမှ လွဲ၍ မည်သူ တစ်ဦး တစ်ယောက်မျှ၊ လင်းယွန်အား အနိုင် ယူနိုင် တော့မည် မဟုတ်ချေ။

ရှေးဟောင်း ပျက်သုဉ်းခြင်း နန်းတော်မှာ၊ မကြာမီ ဖွင့်လှစ် တော့မည် ဖြစ်၏။ ထိုအချိန်၌ ဓားဂိုဏ်း အတွက်၊ ကြမ်းကြုတ်သော စစ်သူရဲ တစ်ဦး ဖြစ်လာ နိုင်ပေမည်။

၎င်း၏ ကြီးထွားမှု အရှိန်မှာ၊ လူတိုင်း၏ စိတ်ကူး စိတ်သန်းထက် ကျော်လွန် သွားမှန်း သက်သေ ပြနေသည်။

ဟွမ်ရွှမ်ရီကို အနိုင် ယူပြီး လောယွန်ကို နောက်မှ လိုက်ကာ၊ လက်တစ်ဖက် ဖြတ်ပစ် ခဲ့သည်။

ထိုကြောင့် နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ၊ မည်မျှ ကြောက်စရာ ကောင်းကြောင်း သိလာ ကြသည်။

သူတော်စင် သခင်က လောယွမ် အနား ဆင်းသက်ကာ၊ ပျက်စီး သွားသော လက်မောင်း ကို သွေးတိတ်အောင် လုပ်ပေး သည်။

သို့သော် ချက်ချင်း မျက်မှောင် ကြုတ် လိုက်ပြီး၊ လက်မောင်း အရင်းမှ ဖြတ်ပစ် လိုက် တော့၏။

ဆိုလို သည်မှာ လင်းယွန်မှ ပြန်လည် ပြုပြင်၍ မရအောင်၊ တမင် ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီး ပစ်ခြင်း ဖြစ်သည်။

“ ဒီနေရာမှာ ရပ်ကြစမ်း၊ မင်းတို့မှာ မကျေနပ် စရာတွေ ရှိရင်၊ အပြင် ရောက်မှ ဆက်သွားပါ။ ”

သူတော်စင် သခင်က လှည့် ကြည့်ပြီး၊ လူအုပ်ထံ သတိပေး လိုက်၏။ ကောင်းကင်ယံ ဂိုဏ်းသည် ယခင် အကြိမ် များ၌၊ ဓားဂိုဏ်း အပေါ်၊ အမြဲ နှိမ်နှင်း နိုင်ခဲ့သည်။

ယခု အကြိမ် တွင်မူ၊ လင်းယွန်ကြောင့် အထိနာ သွားပြီ ဖြစ်သည်။ ဓားဂိုဏ်း အနေဖြင့် မျှော်လင့်ချက်များ တောက်ပ လာ၏။

ထို့ကြောင့် ဂိုဏ်း နှစ်ခုကြား ထိပ်တိုက် ရင်ဆိုင်မှုသည်၊ ပို၍ ပြင်းထန် လာတော့ မည်ကို တွေးကြည့် နိုင်သည်။

“ နားလည် ပါပြီ ... ။ ”

အခြားသော ဂိုဏ်းများ၏ တပည့် များက သက်သာရာ ရသွားသည်။ ဆက်လက် ယှဉ်ပြိုင် ခိုင်းပါက၊ သူတို့၏ နတ်နဂါး လက်ရာ များကို လင်းယွန်မှ လုယူသွား နိုင်၏။

ယင်းမှာ သူတို့ အတွေးသာ ဖြစ်သည်။ လောယွမ်ကို အနိုင် ယူရန် လင်းယွန် အတွက် မလွယ် ခဲ့ချေ။

ဝှက်ဖဲများ အကုန် အစင် အသုံးပြု ခဲ့ရပြီး၊ ဒဏ်ရာ အချို့ပင် ရရှိ ထားသည်။ ထပ်မံ တိုက်ပွဲ ဝင်ရန်၊ မစွမ်း တော့ချေ။

လောယွမ်ကြောင့် ရွှေကျီးကန်း တောင်ပံ တစ်ပိုင်း သည်ပင်၊ ပြန်၍ ကောင်းမွန် လာရန် နှစ်ရက်- သုံးရက် အချိန် ပေးရ ပေမည်။

ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ ရင်၌ မကောင်းသော ရည်ရွယ်ချက် များဖြင့် ပြည့်နေ သော်လည်း၊ လင်းယွန်ကို ရန်မစ ဝံ့ချေ။

ဂိုဏ်းတိုင်းက ရှုပ်ထွေးသော အသွင်ဖြင့်၊ လေးကန်စွာ ထွက်ခွာသွား ကုန်သည်။ နက်ရှိုင်း တောင်ကြားနှင့် ကောင်းကင် မှတ်စု ဂိုဏ်း သည်သာ၊ ဓားဂိုဏ်းနှင့် စကား စမြည် ပြောဆိုပြီး ကျန်ရစ် ခဲ့၏။

လောရှုရီက လင်းယွန်ကို ကြည့်ကာ၊

“ တစ်နှစ်ပဲ ရှိသေးတယ် ... ၊ သခင်လေး လင်းရဲ့ ကျေးဇူး တော်က ... ၊ ပိုပို တောက်ပလာ ပုံပဲ။ ”

-ဟု နှုတ်ဆက် လေသည်။

“ မိန်းကလေး လောက ... ၊ ယဉ်ကျေးလွန်း နေပါပြီ။ ”

လင်းယွန်မှ ပြုံးကာ တုန့်ပြန်၏။

“ ရှုရီက မယဉ်ကျေး ပါဘူး၊ အိုး ... ဒါနဲ့ နတ်ကျောက်စိမ်း ဝါးပလွေ ရှိသေးရဲ့ လားလို့၊ မေးခိုင်း လိုက်တဲ့ လူ တစ်ယောက် ရှိတယ်။ ”

“ မိန်းကလေး လော ... သူနဲ့ တွေ့ခဲ့ တာလား၊ အခု သူ ဘယ်မှာလဲ ... ၊ ရှေးဟောင်း ပျက်သုဉ်း မြေမှာ ပဲလား။ ”

စိတ်လှုပ်ရှား လာသော လင်းယွန် အသွင်ကြောင့်၊ လောရှုရီမှာ အံ့အားသင့် သွားပြီး၊ ပြုံးလျက်၊

“ သခင်လေး လင်းက ... ၊ အမြဲ တည်ငြိမ် နေတဲ့ လူမျိုးပါ၊ ဒီလို စိတ်လှုပ်ရှားတဲ့ အသွင်မျိုး မြင်ရ ခဲတယ်၊ လောလောဆယ် ...

... သူ ဘယ်ကိုမှ မသွား နိုင်သေး ပါဘူး၊ ရှုရီနဲ့ မတွေ့ကြ ပေမယ့်၊ စာ အဆက် အသွယ် ရှိပါတယ်။ ”

“ ပလွေကို ကိုယ်နဲ့ မကွာ ... ၊ ထားပါ တယ်လို့၊ ပြောပေးပါ။ ”

ပယင်း ကမ္ဘာသို့ ခိုးဝင်လာ သောကြောင့် ယွဲ့ဝေဝေအား သူမ ဖခင်မှ အပြစ်ပေး နေခြင်း ဖြစ်ချေမည်။

“ ကောင်းပါပြီ။ ”

“ ဒါနဲ့ ... သူ အခု ဘယ်မှာလဲ၊ ပြောပြ နိုင်မလား။ ”

“ ကောင်းကင် နယ်မြေ ... ငရဲ ပင်လယ်။ ”

ပြောပြီး သည်နှင့် လောရှုရီက ထွက်ခွာ သွားတော့သည်။ ထိုနေရာကို မကြား ဖူးသော ကြောင့်၊ အတွေးနက် သွား၏။ သူတို့ မတွေ့ ရသည်မှာ နှစ်နှစ် ရှိပြီ ဖြစ်သည်။

“ အဲဒါ ဘယ်နေရာလဲ ... ၊ ငါ သိတယ် အစ်ကို လင်း၊ သိချင် ရင်တော့ လာဘ် ထိုးမှ ရလိမ့်မယ်။ ”

မူချင်းချင်းမှ အနား ပြေးလာသည်။

“ ဒါပေမယ့် ငါတို့ရဲ့ အစ်ကို လင်းကို ... ၊ ဘယ်လို အလှ တရားက ဖျားယောင်း ထား တာလဲ သိချင်သား။ ”

လင်းယွန်က သူမကို ပြန် မဖြေချေ။ ပြုံးရုံသာ ပြုံးပြ လိုက်သည်။

“ ဘေးကို ဖယ်စမ်း ... ။ ”

မူရွယ်ချင်းက သူ့ညီမ နားကို လိမ်ဆွဲလျက်၊ အော်ငေါက် လိုက်၏။ ပြီးနောက် လင်းယွန်အား ပြုံးပြကာ၊

“ လင်းယွန် ... ၊ ငါတို့ ဂိုဏ်းကို ရောက်ရင်၊ ဒီနေ့ အကျိုး ဆောင်မှု အတွက်၊ အစီရင် ခံပေး ပါ့မယ်၊ ဂိုဏ်းက မင်းကို စိတ်မပျက်စေ ရပါဘူး။ ”

နတ်နဂါး လက်ရာ များနှင့် ပတ်သက်သော ပြိုင်ပွဲသည် အန္တရာယ် များပြီး၊ လင်းယွန် မရှိက ဓားဂိုဏ်း အတွက် အရှက်ခွဲ ခံရမည် ဖြစ်သည်။

ထိုအချိန်တွင် သူတော်စင် တပည့်များ ဟူသော ဂုဏ်သတင်း သည်လည်း၊ ပျက်ပြား သွား နိုင်၏။

“ ဒီအတွက် အားနာ မနေ ပါနဲ့ ... ၊ ဂိုဏ်းတပည့် တစ်ယောက် အနေ၊ တာဝန် ထမ်းဆောင် ရတာပါ။ ”

“ ဒါဆို ... အားနာ မနေ တော့ဘူး ... ၊ ဂိုဏ်းရောက်တဲ့ အခါ ကျရင် ... အဖေ့ကို ပြောပြ ပေးမယ်၊ သူ့မှာ ရတနာ တွေ အများကြီး ရှိတယ်။ ”

“ အဆင်ပြေ ပါတယ် ... ၊ ဒါပေမယ့် ဒီနဂါးဖြူ ဓားတော့ ဇီလင်ကို ပေးစေ ချင်တယ်။ ”

“ ဓားက မင်း အပိုင်ပဲ၊ ကြိုက်တဲ့ လူကို ပေးလို့ ရပါတယ်။ ”

သို့သော် ယဲ့ဇီလင်မှ ခေါင်းယမ်းပြီး ငြင်းဆန်ရန် ပြင်လာသည်။

“ မငြင်းနဲ့ ... ၊ ငါက မင်းရဲ့ ... သိုင်း ဦးလေးမို့ ... ၊ ငါ့ စကားကို နားထောင်ပါ ဇီလင်။ ”

လင်းယွန် ပြုံးပြီး လှမ်းပြော လိုက်သည်။ ထိုစကားကြောင့် ယဲ့ဇီလင် တစ်ယောက် ခေတ္တ မှင်တတ် သွား၏။

လင်းယွန် ဟူသည် ကျန့်ကျင်းရှန်၏ ဆရာတူ ညီ ဖြစ်သဖြင့်၊ ၎င်း၏ သမီး ဖြစ်သော သူမသည် အမှန်ပင်၊ လင်းယွန်အား ‘ဦးလေး’ အဖြစ်၊ ခေါ်ရ ပေမည်။

“ ဓားကို သိမ်းထားပါ ... ၊ ဒီနေ့က စပြီး ငါတို့ ဓားဂိုဏ်းမှာ၊ နဂါး နှစ်ကောင် ရှိတယ်။ ”

မူရွယ်ချင်းမှ ပြုံးကာ ဝင်ပြော၏။ သူမ စကားကြောင့် လင်းယွန်နှင့် ယဲ့ဇီလင် ခမျာ၊ အကြည့်ချင်း ဖလှယ် မိသည်။

တစ်ယောက်သည် နဂါးပြာ အရိုး ပိုင်ဆိုင် ထားပြီး၊ ကျန် တစ်ယောက်တွင် နတ်နဂါး ဓား ခန္ဓာ ရှိ၏။

ထို့ကြောင့် ဓားဂိုဏ်း၏ ‘နဂါး နှစ်ဖော်’ အဖြစ်၊ အမည်တပ် နိုင်သည်။ ယဲ့ဇီလင် အရည် အချင်းသည်၊ သူမထက် သာလွန် ကြောင်း၊ မူရွယ်ချင်းမှ သိရှိ ထားပြီး ဖြစ်၏။

သို့သော် မနာလိုစိတ် မရှိပေ။ နဂါး စစ်ပွဲ အလံကိုပင် လက်လွှဲ ယူပြီး၊ လင်းယွန်ထံ ကမ်း ပေး လိုက်သည်။

“ ဒီမှာ ... ၊ မင်း ထပ်ရမဲ့ ဆုလာဘ် ”

“အစ်ကို လင်း ... ယူလိုက်ပါ၊ မင်းက ဓားဂိုဏ်းရဲ့ အလံကို လွှင့်နိုင်တဲ့ တစ်ဦး တည်းသော သူပဲ။ ”

လင်းယွန်မှ အလံကို ယူရန် ချီတုံ ချတုံ ဖြစ်နေ သည်အား မြင်သဖြင့်၊ တပည့် များက သူ့အား တိုက်တွန်း လာကြသည်။

သူတို့ မပျော်နိုင် သည်မှာ၊ နှစ်ပေါင်း များစွာ ကြာနေပြီ ဖြစ်၏။ စစ်ပွဲ အလံကို လင်းယွန်အား ပေးခြင်းနှင့် ပတ်သက်၍၊ ကန့်ကွက် စရာ မရှိချေ။

“ ကောင်းပြီ ... ။ ”

လင်းယွန်က အလံကို လက်ခံ သည်။ ဤအရာသည် နတ်နဂါး လက်ရာ တစ်ခုသာ မက၊ အောင်လံ တစ်ခုလည်း ဖြစ်သည်။

သူ့၌ ဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ဤလမ်းပေါ် လျှောက်လှမ်း နေရ ချေပြီ။

သူတို့၏ စကားဝိုင်းကို စောင့်ကြည့် ပြီးနောက်၊ ကောင်းကင် ရေကန် သူတော်စင် သခင်က အနား လျှောက် လာကာ၊

“ လင်းယွန် ... စကားပြော ရအောင်။ ”

-ဟု ပြောလာသည်။

သူ့၌ အပြစ် ရှိမှန်း လင်းယွန် သိ၏။ ကောင်းကင် ရေကန်သည်၊ သူ့ လုပ်ရပ် ကြောင့်၊ ပြန်ကောင်း လာစေရန်၊ အနည်းဆုံး ဆယ်စုနှစ် တစ်ခု စာလောက် အချိန် ယူရ ပေမည်။

“ ဂျူနီယာ လင်း ... ၊ ငါတို့ တောင်ခြေ ရင်းမှာ စောင့်နေမယ်။ ”

မူရွယ်ချင်းမှ ပြောသည်။

“ သူတော်စင် သခင် ... ၊ ကျွန်တော့်ကို ဘာ အကြောင်း ပြောချင် လို့လဲ။ ”

လူရှင်း သွား သည်နှင့် လင်းယွန်မှ မေး၏။

“ မင်း ... ၊ ကန့်သတ်ချက် ပြည့်သွားပြီ မဟုတ်လား။ ”

“ ..... ။ ”

“ ဒီလောက် များပြားတဲ့၊ နတ်နဂါး လက်ရာတွေ ပေါ်လာတာက အကြောင်းမဲ့ မဟုတ်မှန်း ငါ သိပါတယ်၊ စိတ်မပူနဲ့။ ”

ပြန်မဖြေသည့် လင်းယွန်ကို သူတော်စင် သခင်မှ ပြောလိုက်၏။

“ ဒါက ဒသမမြောက် ကြယ် ရခဲ့လို့ မဟုတ်ပါဘူး၊ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ ရောက်လို့ ဖြစ်ပါ လိမ့်မယ်။ ”

လင်းယွန်မှ ပြုံးလျက် ငြင်းဆန်သည်။ ပြဿနာ များကို မလိုချင် သောကြောင့် ဝန်မခံ ချင်ချေ။

“ မဟုတ်ဘူး ... ၊ ငါ နားလည် ပါတယ်။ ”

ကောင်းကင် ရေကန် သခင်က ခေါင်းယမ်း လိုက်သည်။

“ အထောက် အထား မရှိဘဲ၊ ဒီလို မပြော ပါနဲ့၊ ကျွန်တော်က အမြဲတမ်း နိမ့်ကျတဲ့ ... ပုံရိပ် မျိုးနဲ့၊ နေထိုင် တတ်လို့ပါ။ ”

“ ဟမ် ... ဘယ်လို နိမ့်ကျတဲ့ ... ပုံရိပ်မျိုး ဟုတ်လား၊ ဟား ဟား ဟား ... ။ ”

သူတော်စင် သခင်က လင်းယွန်ကို ကြည့်ကာ၊ လှောင်ပြောင် ရယ်မော လိုက်သည်။ စကား သက်သက်သာ ဆိုက လင်းယွန် စကားကို၊ အမှန်ဟု ထင်မိ ပေမည်။

“ ဟုတ်ပါတယ် ... ၊ အမြဲတမ်း ရိုကျိုးပြီး ဒေါသကို ထိန်းထား တတ်တဲ့ လူပါ။ ”

လင်းယွန်မှ ခပ်တည်တည်နှင့် ပြောနေ ပြန်သဖြင့်၊ သူတော်စင် သခင် ခမျာ၊ အပြုံး မရပ် တော့ချေ။

“ ငါ ဘယ်သူ့ကိုမှ မပြော ပါဘူး၊ ဓားဂိုဏ်းနဲ့ ကောင်းကင်ယံ ဂိုဏ်း ဘယ်သူ... ပိုအားကောင်း တယ်လို့၊ မင်း ထင်လဲ ။ ”

သူတော်စင် သခင်မှ မေးသည်။

“ ကောင်းကင်ယံ ဂိုဏ်း။ ”

“ သူတို့က ... ဘာလို့ သန်မာ လာရ တာလဲ။ ”

“ အခြေခံ အုတ်မြစ် ... ။ ”

“ ဓားဂိုဏ်း ကလည်း ... တစ်ချိန်က မြင့်မြတ်မြေပဲ ... ၊ ဒါဆို အုတ်မြစ်ခြင်း ယှဉ်ရင် သူတို့ထက် မလျော့ ပါဘူး။ ”

“ ဒါက ... ။ ”

လင်းယွန် တစ်ယောက် အကျပ်ရိုက် သွားပြီး၊ ထိုမေးခွန်းကို မည်သို့ ဖြေရ မည်မှန်း မသိ တော့ချေ။

“ တကယ်တော့ ... ဒီကမ္ဘာကြီးမှာ၊ လူတိုင်းက ကြိုးစား နေရတယ်၊ မင်း မကြိုး စားရင်၊ အုတ်မြစ် ရှိလည်း အသုံး မဝင်ဘူး၊ ထျန်ရွှမ်ဇီရဲ့ ကြိုးစားမှုက၊ ကောင်းကင်ယံ ဂိုဏ်း သန်မာ လာရတဲ့ အကြောင်းရင်းပဲ၊ ..

... မကြာ သေးမီ နှစ်တွေ တစ်လျှောက်၊ ကောင်းကင်ယံ ဂိုဏ်းက ပျက်စီးခြင်း နန်းတော် မှာ၊ အောင်နိုင်သူ ဖြစ်လာတယ် ... ၊ သူ့တို့ တွေက မပြည့်စုံတဲ့ နည်းစနစ်တွေ ရခဲ့ ကြတယ်၊ ...

... ဂိုဏ်းကို ပြန်အပ်ပြီး၊ ဒီလိုနဲ့ သူတို့ရဲ့ အခြေခံ အုတ်မြစ်ကို ဖြည်းဖြည်းချင်း ထည့်သွား ကြတာပဲ။ ”

ယင်းက အမှန် ဖြစ်သဖြင့်၊ လင်းယွန်မှာ ငြိမ်ပြီး နားထောင် ပေးမိသည်။

“ မင်းကို ကြည့်ပြီး၊ ကျန့်ကျင်းရှန်ကို ငါ သတိ ရလာတယ်၊ ဒါကြောင့် ကျန့်ကျင်းရှန် နောက် တစ်ယောက် ဖြစ်လာ မှာမျိုး၊ ထပ် မမြင်ချင် တော့ဘူး၊ ...

... သတိရပါ မင်းက ဓားဂိုဏ်းရဲ့ အနာဂါတ်ပဲ၊ မင်း အသက်ရှင် နေသရွေ့ ... ၊ ဓား ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်က ဆက်ပြီး တိုးနေ လိမ့်မယ်။ ”

***

All Chapters