သူတော်စင် သခင်နှင့် သောက်ခြင်း။
Vol. 113 Ch. 1576
သူ အသက်ရှင် နေသရွေ့၊ ဓားဂိုဏ်း၏ အခြေခံ အုတ်မြစ်မှာ၊ ဆက်ပြီး တိုးနေမည် လော။
ယင်းက တစ်ခု ခုကို အရိပ် အမြွက် ပြောဆိုနေ သည်ဟု ထင်၏။ ကောင်းကင် ရေကန် သူတော်စင် သခင် ဟူသည်လည်း ရှေးဟောင်း ပျက်သုဉ်း မြေ၏၊ တန်ခိုးရှင် တစ်ပါး ပေပင်။
တန်ခိုးကြီး ဂိုဏ်း (၈) ဂိုဏ်း၏ ဂိုဏ်းချုပ် များဖြင့် ယှဉ်နိုင်ပြီး၊ ထျန်ရွှမ်ဇီနှင့် သက်တံဓား သူတော်စင် အောက်၌၊ အသန်မာဆုံး ဖြစ်၏။
ကောင်းကင် ရေကန် စံအိမ်သည်၊ အမြဲ ကြားနေ ဖြစ် သော်လည်း၊ ဤတစ်ကြိမ်၌ သူ့ ဘက်တွင် ရှိနေကြောင်း၊ သိ လိုက်ရသည်။
ထူးဆန်း လှပေ၏။
“ သူတော်စင် သခင် ... ၊ ဘာကို ဆိုလိုချင် တာလဲ။ ”
ထို့ကြောင့် လင်းယွန်မှ မေးမိသည်။
“ ဘာတွေပဲ ဖြစ်လာ ပါစေ ... ၊ မင်း အသက်ရှင် နေရမယ်။ ”
ကောင်းကင် ရေကန် သူတော်စင် သခင်မှ ပြန်ဖြေသည်။
“ ဘယ်သူ ကများ သေချင် မှာလဲ။ ”
လင်းယွန်က ပြုံးကာ တုန့်ပြန် မိ၏။
“ ဓားသမား တွေက သေခြင်းကို မကြောက်ဘူး ... ၊ မင်းနဲ့ ဓားဂိုဏ်း ကြား ...၊ ရွေးချယ်မှု ကြုံလာ ခဲ့ရင် ... ၊ ဒီစကားကို သတိရပါ။ ”
ထိုစကားကို ကြားသော အခါ လင်းယွန် တစ်ယောက် လေးနက် သွားသည်။ ဓားဂိုဏ်း အတွက်၊ အသက် ပေးခြင်း မပြုရန် တားမြစ် နေခြင်း ဖြစ်၏။
ဆိုလို သည်မှာ ဓားဂိုဏ်း ပျက်စီးခြင်းနှင့် ကြုံလာ ချိန်၌၊ သူ့အား ဇာတ်မြှပ် နေရန် သတိ ပေးခြင်း ပေပင်။ သူ အသက်ရှင် နေ သရွေ့ အမြဲတမ်း ဓားဂိုဏ်း ပြန်လာ နိုင်၏။
“ သူတော်စင် သခင်က ... ၊ ဓားဂိုဏ်း ကပ်ဘေးကြုံ ရမယ်လို့ ပြောချင် နေတာလား၊ ကျွန်တော့် ဆရာက အဖြစ် ခံမှာ မဟုတ်ဘူး။ ”
လင်းယွန်မှ ပြန်ပြောသည်။
“ ဒါဆို .... မင်းကို မေးပါ ရစေ ... ၊ ထျန်ရွှမ်ဇီနဲ့ မင်း ဆရာ ... ၊ ဘယ်သူ ပိုပြီး သန်မာလဲ။ ”
“ ဆရာ ... ။ ”
“ ဓားဂိုဏ်း ... ပျက်စီးခြင်းနဲ့၊ မင်းဆရာ ဘယ်လို ဆက်စပ် နေလဲ။ ”
သူတော်စင် သခင်မှ ပြုံးကာ ထပ်မေး၏။ ထိုစကားကို ကြားရသော အခါတွင် လင်းယွန် တစ်ယောက် တုန်လှုပ် သွားခဲ့သည်။
လက်ရှိ အခြေ အနေ အရ၊ ဓားဂိုဏ်း၏ အနာဂါတ်သည်၊ ဆရာ သခင်၏ အသက်နှင့် သေဆုံးခြင်း အပေါ်၊ မူတည် နေသည်။
“ သူတော်စင် သခင် ... ၊ မင်းက ဘယ်သူလဲ။ ”
လင်းယွန်မှ ကောင်းကင် ရေကူးကန် သူတော်စင် သခင်ကို ကြည့်ကာ မေးမိ၏။ သူ ထင်သည်ထက်၊ ပို၍ ခိုင်မာသော ဇစ်မြစ် ရှိရ ပေမည်။
“ ငါ ဘယ်သူလဲ ဆိုတာ ခဏ ထားပါဦး ... ၊ ဓားဂိုဏ်း အပေါ် ဘယ်သူက ခြိမ်းခြောက် နေ တာလဲ။ ”
“ ထျန် ရွှမ် ဇီ ... ။ ”
၎င်းသည် ကောင်းကင် ကျမ်းအား ပြီးမြောက် စေပြီး၊ ဧကရာဇ် ကိုးပါး အောက်၌၊ အသန် မာဆုံး ပါရမီရှင် ဖြစ်၏။
“ ဒါဆို ... သူ အရွယ် မရောက်ခင်၊ မင်းဆရာက ဘာလို့ မသတ် ခဲ့ရ တာလဲ။ ”
“ အရှေ့ဘက် ပျက်စီးခြင်း မြေရဲ့၊ ဓား သူတော်စင် တစ်ပါးက ဂျူနီယာ တစ်ယောက် ကို၊ သတ်ရ မှာလား၊ မဖြစ် နိုင်တာ ... ။ ”
လင်းယွန်မှ ခေါင်းခါပြီး ငြင်းဆန်၏။
“ ဒါဆို မင်းကို မေးပါ ရစေ၊ မင်းရဲ့ ဂုဏ်သတင်းနဲ့ ဂိုဏ်းရဲ့ အနာဂါတ်၊ မင်း ဘာကို ရွေးချယ် မလဲ။ ”
ထိုမေးခွန်းက ထပ်မံ အကျပ်ရိုက် စေ၏။
“ ဒီအခြေ အနေမှာ၊ ဓားသမား ဆိုတဲ့ ခံယူချက်နဲ့ တွေးလို့ မရဘူး၊ နှလုံးသားနဲ့ တွေး ရတယ်၊ သက်တံ ဓား သူတော်စင်က သတ်စရာ မလိုဘူး၊ သူ့ကို ဦးချိုး လိုက်ရင် ရပြီ၊ ...
... တစ်ချိန်က ငရဲ နတ်ဘုရား မိသားစုရဲ့ ပထမ ဘိုးဘေးတောင် ... သက်တံ ဓားကြောင့် ဒဏ်ရာ ကြီးကြီး ရသွား ဖူးတယ်၊ ရှေ့ဟောင်း ပျက်သုဉ်းခြင်း မြေမှာ၊ ...
... သက်တံဓားက ပြိုင်ဘက် ကင်းပဲ၊ ပြောချင်တာက ထျန်ရွှမ်ဇီသာ ဓားဂိုဏ်း အပေါ်၊ အန္တရာယ် ပေးမဲ့ လူလို့ သိခဲ့ရင် ... ၊ သူ လှုပ်ရှား မှာ သေချာတယ်၊ ...
... စည်းမျဉ်း တွေက သူ့လို တန်ခိုးရှင် တစ်ယောက် အတွက် ... ဘာမှ မဟုတ်ဘူး၊ ဒီလို ထျန်ရွှမ်ဇီ အပေါ်၊ မလုပ် ခဲ့ရတဲ့ အကြောင်း ရင်းက ... ၊ သူ မသိခဲ့ လို့ပဲ။ ”
“ ကျွန်တော် နား မလည် သေးဘူး။ ”
အချိန် အတော် ကြာအောင် စဉ်းစား ပြီးနောက် လင်းယွန်မှ ပြန်ပြောသည်။
“ ငါ့နောက် လိုက်ခဲ့ ... ။ ”
နှစ်ယောက်သား တိမ်တွေပေါ် နင်း ဖြတ်လျက်၊ တောင်ထိပ်ပေါ် တက်ကာ ဝိုင် သောက်ရန် ပြင်သည်။
“ ဒါ ... နဂါး မိသားစုက ချက်တဲ့ ... ၊ လက်ထိပ်သဲ ဝိုင်ပဲ၊ ကောင်းကင် လမ်းမှာ၊ မင်း ရခဲ့တဲ့၊ ထောင်စုနှစ် မီးလျှံထက် မနိမ့် ကျဘူး။ ”
တစ်ခွက် ကမ်းပေး လာသဖြင့်၊ လင်းယွန်မှ ယူသောက် လိုက်သည်။ အမှန်ပင် အရသာ ထူး နေချေ၏။
( ဟေ့ ... ၊ ဒီလူက ကောင်းကင် လမ်းမှာ၊ ထောင်စုနှစ် မီးလျှံ၊ နင် ရခဲ့ တာကို ... ၊ ဘယ်လို သိနေ ရတာလဲ၊ သူ့ကို သတိ ထား ... ။ )
ခရမ်းငယ်မှ သတိပေး လာသည်။
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ... ၊ တန်ခိုးကြီး ဂိုဏ်း (၈)ဂိုဏ်းမှာ ... ၊ နောက်ခံ ကောင်းကောင်း ရှိတယ်၊ မဟုတ်ရင် သူတို့ ပျက်သုန်း ခဲ့တာ ကြာပြီ။ ”
“ ဓားဂိုဏ်း အပါ အဝင်လား။ ”
“ ဟုတ်တယ် ... ၊ အမှောင်ခေတ် တုန်းက ဓားမဟာမိတ် ဆိုတဲ့ အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ ဖူးတယ်၊ ဓားဂိုဏ်းက အဲဒီ အဖွဲ့ ဝင်ပဲ၊ ...
... ဒါပေမယ့် အကြွင်းမဲ့ ကောင်းကင် မြို့တော်က နေရာရ လာတဲ့ အခါ၊ ဓားဂိုဏ်းရဲ့ တည်ရှိမှု မှိန်သွား ခဲ့တယ်၊ ...
... အကြွင်းမဲ့ ကောင်းကင်၊ လျှို့ဝှက် ဓားစံအိမ်နဲ့၊ ကောင်းကင် တာအို ဂိုဏ်းက အခုဆို ပိုပြီး ကြီးထွား လာပြီ။ ”
“ ဒါဆို ကောင်းကင်ယံ ဂိုဏ်းရဲ့ နောက်ခံ ကရော ... ။ ”
“ ဒါက ရှင်းပါတယ်။ ”
သူတော်စင် သခင်မှ ပြန်မဖြေ ချေ။
“ စိတ်ပျက် စရာ ပါပဲ။ ”
လင်းယွန်မှ ဝိုင်ကို ကောက်ယူ သောက် လိုက်၏။ ကောင်းကင်ယံ ဂိုဏ်း၏ နောက်ခံမှာ၊ နတ်နဂါး အင်ပါယာ ဖြစ်သည်။
“ ဒီနေ့ ဘာလို့ ငါက ... ၊ ဒီအကြောင်းတွေ ပြောနေရ တာလဲ မင်း သိလား ... ။ ”
“ မသိ ပါဘူး။ ”
“ ဓားဂိုဏ်းက မြင့်မြတ်မြေ အဖြစ် ပြန် လာချင် ကြတယ်၊ ဒီအကြောင်းကို ခဏ ထား၊ မင်းက သက်တံဓား သူတော်စင် တပည့် အပြင်၊ အခြား ပုံရိပ် တစ်ခုလည်း ရှိနေ သေးတယ်။ ”
“ ဘာများလဲ ... ၊ ဘာလို့ အဲဒါကို ကျွန်တော် မသိ ရတာလဲ။ ”
သူတော်စင် သခင်က ဝိုင် တစ်ခွက် မော့သောက်ပြီး၊
“ မင်း မသိ ဖူးလား၊ ဒါဆို ရေကန် အောက်မှာ၊ သွေ့ရော် နက်ရှိုင်းခြင်း သော့ကို ဘာလို့ မင်း သုံးခဲ့ တာလဲ။ ”
လင်းယွန်မှ ပြန်မဖြေချေ။
“ နတ်နဂါး ခေတ်ရဲ့ ... ၊ လက်ရှိ အခြေ အနေတွေက၊ တောင်ပိုင်း ဧကရာဇ် ကွယ်လွန် ခြင်းနဲ့၊ ဆက်စပ် နေတယ်၊ ...
... တောင်ပိုင်း ဧကရာဇ်သာ အသက်ရှင် နေသေးရင်၊ ခွန်လွန်က ကွဲပြား သွားမှာ သေချာ ပါတယ်၊ ဒါကြောင့် ...
... မင်းက ... သက်တံဓား သူတော်စင်ရဲ့ တပည့် ဖြစ်သလို၊ တောင်ပိုင်း ဧကရာဇ် အမွေ ကို၊ ဆက်ခံ သူလည်း ဖြစ်တယ်။ ”
“ သက်သေ မရှိပဲ မပြောနဲ့ ... ၊ ကံ ကြောင့်သာ သွေ့ရော် နက်ရှိုင်းခြင်း သော့ကို ရခဲ့တာ၊ လိုချင်ရင် ပေးနိုင်တယ်၊ ကျွန်တော်က တောင်ပိုင်း ဧကရာဇ်ရဲ့ အမွေ ဆက်ခံသူ မဟုတ်ဘူး။ ”
လင်းယွန်မှ ငြင်းသည်။
“ ဒါဆို ဒီဓားက ဘာလဲ။ ”
သူတော်စင် သခင်က ပန်းသင်္ချိုင်း ဓားထံ ညွှန်ပြ၏။
“ ပန်းတွေက အိပ်မက်လို လွင့်မျောပြီး၊ ဝမ်းနည်းခြင်း တွေက၊ မိုးနဲ့ အတူ ရွာချတယ်၊ ငါက ပန်း သင်္ချိုင်း ... ၊ ပန်းနဲ့ လူတွေကို မြှပ်နှံ ပေးမယ်၊ ...
... ဒါနဲ့မှ မလုံလောက် သေးရင်၊ မင်းရဲ့ အပူပင် ကင်းသော ဓား (၉) ကွက်ရော ဘယ်က ရလာ တာလဲ။ ”
သူတော်စင် သခင်က အခိုင်အမာ ဆိုသည်။
“ သူတော်စင် သခင်၊ ... သူတော်စင် သခင်က ဘယ်သူလဲ။ ”
နောက်ဆုံးတွင် လင်းယွန်မှာ တည်ငြိမ်မှုကို ဆက်၍ မထိန်းနိုင် တော့ချေ။
“ ငါ ဘယ်သူလဲ အရေး မကြီး ပါဘူး၊ ငါ ပြောချင် တာက၊ ဘာတွေပဲ ဖြစ်လာ- ဖြစ်လာ၊ မင်း အသက် ရှင်အောင် နေရမယ်၊ မင်းက ဓားဂိုဏ်းရဲ့ ကံကြမ္မာသာ မဟုတ်ဘူး၊ ...
... ခွန်လွန်ရဲ့ ကံကြမ္မာလည်း ဖြစ်တယ်၊ တောင်ပိုင်း ဧကရာဇ်ရဲ့ အမွေ ဆက်ခံသူ ဖြစ်လို့၊ အမှောင်တွေ ပြန်လာတဲ့ အခါ၊ မင်းမှာ တာဝန် ရှိတယ်။ ”
သူတော်စင် သခင်က အလေးအနက် ဆိုသည်။
“ ကောင်းပြီ ... ၊ စီနီယာက ဘယ်သူလဲ ဆိုတာ ထပ်မမေး တော့ဘူး ... ၊ တစ်ခုပဲ သိချင် ပါတယ်၊ ဓားဂိုဏ်း အန္တရာယ်ကြုံ လာရင် ကူညီပေး မှာလား။ ”
“ မပေးဘူး ... ၊ မင်း မဟုတ်ရင် ဘယ် သူ့ကိုမှ ငါ မကူညီဘူး။ ”
“ သူတော်စင် သခင် ... ။ ”
“ ငါ မင်းကို ကောင်းကင် လမ်းမှာ အဝေး ကနေ၊ တစ်ကြိမ် မြင်ခဲ့ ဖူးတယ်၊ အဲဒီ တုန်းက လောချင်ရှက ငါ့ အမိန့်နဲ့ ... ၊ မင်းကို တွေ့ဆုံ ခဲ့တာ။ ”
“ မြင့်မြတ်သော မဟာမိတ် အဖွဲ့။ ”
ကောင်းကင် ရေကန် စံအိမ်၏ သရုပ် အမှန်မှာ၊ ကောင်းကင် လမ်းကို ထိန်းကြောင်း နေရသည့်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့ ဖြစ်ကြောင်း၊ လင်းယွန် သိလိုက်၏။
“ စီနီယာ ... ၊ ဂျူနီယာရဲ့ ဆရာ သခင်က ဒီအဖြစ် ဆိုးကြီး ကနေ ... လွတ်မြောက် နိုင်ပါ့ မလား။ ”
“ သူသာ ဖြတ်ကျော် နိုင်ရင်၊ အခုလို သတ်တမ်း ကုန်တဲ့ အချိန် အထိ၊ ကြာနေ ပါဦး မလား။ ”
သူတော်စင် သခင် အဖြေက ရိုးရှင်း ချေသည်။
“ ဒါကြောင့် ဓားဂိုဏ်းက ပျောက်ကွယ် သွားရတော့ မယ်လို့ ထင်ပြီး၊ ဒီလှိုင်းထဲ ကနေ ကျွန်တော့်ကို သူတော်စင် သခင်က ဆွဲထုတ်ချင် နေတာပေါ့။ ”
“ တောင်ပိုင်း ဧကရာဇ်ရဲ့ ... ၊ အမွေ ဆက်ခံသူ တစ်ယောက်ကို ... ၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့က သေခွင့် ပေးလို့ မရဘူး။ ”
သူတော်စင် သခင်က တိုက်ရိုက် မဖြေချေ။
“ ငါ့ကို ယုံပါ ... ၊ အမှောင်တွေ ပြန်လာရင် မင်းနဲ့ အတူ၊ ကောင်းကင်လမ်း ချန်ပီယံ (၈)ပါး လုံးက၊ တာဝန် ရှိလာ လိမ့်မယ်။ ”
“ ဒီဂျူနီယာက ဓားဂိုဏ်းရဲ့ တပည့်ပါ၊ ဓားဂိုဏ်း မရှိရင်၊ ကိုင်ထားတဲ့ ဓား ကလည်း အဓိပ္ပါယ် မရှိ တော့ဘူး။ ”
သို့သော် လင်းယွန်မှ တည်ငြိမ်စွာ ပြန်ပြော၏။
“ ပြီးတော့ ... ၊ ဓားဂိုဏ်းရဲ့ အထိမ်း အမှတ် ကျောက်တိုင်ကြီး ရှေ့မှာ၊ ကတိ သစ္စာပြု ပြီးပြီ၊ ဓားဂိုဏ်းကို မထား ခဲ့ဖို့ ... ။ ”
ဓားဂိုဏ်း၌ ဆရာ သခင်၊ ကျန့်ကျင်းရှန်၊ မူရွှမ်ကောင်၊ ဖုန်းကျွယ်၊ ယဲ့ဇီလင်နှင့် အခြား သော မိတ်ဆေွများ ရှိသည်။
ထို့ကြောင့် သေခြင်း တရား အပေါ်၊ ကြောက်မည် မဟုတ်ချေ။ ဓားဂိုဏ်းသည် ခွန်လွန်ရှိ သူ့အိမ် ဖြစ်သည်။
“ ဒါပေမယ့် ... ၊ သက်တံဓား သူတော်စင် တောင်မှ မတတ် နိုင်တာ၊ မင်းက ဘာလုပ် နိုင် မှာလဲ။ ”
“ လက်ထဲက ဓားကို မချ သရွေ့ ... ၊ လုံလောက် တယ်လို့၊ ကျွန်တော် ဆရာ သခင်က ပြောဖူးတယ်၊ ဓားဂိုဏ်းက ကျွန်တော့် အပေါ်၊ ဂရုစိုက်တဲ့ အတွက်၊ ထားခဲ့လို့ မရဘူး။ ”
ထိုစကားကြောင့် သူတော်စင် သခင်မှာ၊ တိတ်ဆိတ် သွားသည်။ ဤကဲ့သို့ တုံ့ပြန် လိမ့် မည်ဟု သူ သိပြီး ဖြစ်၏။
“ ကောင်းပြီ ... ၊ မင်း အခု သွားလို့ ရပြီ၊ ငါ့နောက်ခံကို ဘယ်သူ့ကိုမှ မပြောမိ ပါစေနဲ့၊ စကားဝိုင်း ကိုလည်း လျှို့ဝှက် ထားပါ။ ”
“ အခုလို ရှင်းပြ ပေးလို့ ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က ထရပ်ကာ နှုတ်ဆက် လိုက်သည်။
ကောင်းကင် ရေကန် ဧည့်ခံပွဲ အပေါ်၊ အဝေးမှ နေ၍ တစ်စုံ တစ်ဦးက စောင့်ကြည့် နေ၏။
ထိုလူမှာ ထျန်ရွှမ်ဇီ ဖြစ်ပြီး၊ ဘေး၌ လူငယ်လေး တစ်ယောက် ရပ်လျက် ပါရှိ နေသည်။
“ ဆရာ ... ၊ လင်းယွန်ကို ဘယ်သူမှ အနိုင် မယူ နိုင်တော့မှာ ကြောက်မိတယ်။ ”
လူငယ်လေးမှ ဆို၏။ ၎င်းသည် လင်းယွန်အား ရှုံးနိမ့် ခဲ့ဖူးသော ချင်းကန် ဖြစ်သည်။
“ စိတ်မပူနဲ့ ... မင်းရဲ့ စီနီယာ အစ်ကိုက၊ မင်းကိုယ်စား အနစ်နာ ခံပေး လိမ့်မယ်၊ အခုပဲ နတ်နဂါး အင်ပါယာကို သွားပါ၊ ရှေးဟောင်း ပျက်သုဉ်း မြေကို လုံးဝ ပြန်မလာနဲ့။ ”
“ ဆရာ ... ။ ”
ချင်းကန်မှာ ထိတ်လန့်စွာဖြင့် ထျန်ရွှမ်ဇီကို မော့ကြည့်သည်။
“ ဒီရလာဒ်ကို ငါ ခန့်မှန်းပြီး သားပါ၊ ဓားဂိုဏ်းကို တစ်ကျော့ ပြန်လာခွင့် ဘယ်တော့ မှ မပေးဘူး၊ ကျန့်ကျင်းရှန်၊ လင်းယွန် ဘယ်သူပဲ ဖြစ်ဖြစ်၊ ...
... ငါ့ရဲ့ ကောင်းကင်ယံ ဂိုဏ်းက မြင့်မြတ်မြေ ဖြစ်လာဖို့ သူတို့ မတား နိုင်ဘူး၊ ငါ့ လမ်းမှာ လာရပ်ရင်၊ ...
... ငရဲ နတ်ဘုရား ဘိုးဘေး မပြောနဲ့ သက်တံဓား သူတော်စင် ဖြစ်နေ ရင်တောင် သေခြင်းပဲ။ ”
ထျန်ရွှမ်ဇီက ချင်းကန်အား နှစ်သိမ့် စကား ဆိုလိုက် တော့သည်။
***