လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ။
Vol. 113 Ch. 1578
သော့ချက်သည် အရှေ့ဘက် ပျက်စီးခြင်း နန်းတော်တွင် တည်ရှိသည်။ အကယ် ယခုနှစ် တွင်သာ၊ ထပ်မံ ရှုံးနိမ့် သွားခဲ့ ပါက၊ ဆရာ ပင် ဤဒုက္ခကို ဖြတ်ကျော် နိုင်သော်မှ၊ ဓားဂိုဏ်း အတွက်၊ ပြန်ထရန် ခက်ခဲ ပေလိမ့်မည်။
ဓားဂိုဏ်း မဆိုနှင့် မြင့်မြတ် မြေများ သည်ပင်၊ ဉာဏ်ကြီးရှင် မျိုးဆက် ပြတ်တောက် သွားခြင်းကို၊ ခံနိုင်ရည် မရှိ ကြချေ။
“ ဂျူနီယာ လင်း... ဘာလိုချင်လဲ၊ ငါ့ကို ပြောပါ၊ အဖေ့မှာ ရတနာတွေ အများကြီး ရှိပါ သေးတယ်။ ”
ယခု တစ်ကြိမ် ကောင်းကင် ရေကန် ဧည့်ခံပွဲတွင်၊ ဓားဂိုဏ်း ကိုယ်စား တိုက်ပွဲဝင် ပေးခဲ့သည့် ရလာဒ်မှာ၊ တုန်လှုပ်ဖွယ် ဖြစ်၏။
၎င်းသည် ဂိုဏ်းတပည့် များ၏ စိတ်ဓာတ် ကိုလည်း၊ သိသိ သာသာ မြှင့်တင်ပေး နိုင်သည်။ မူရွယ်ချင်း၏ လေးနက်သော အမူ အရာကြောင့်၊ လင်းယွန်မှ ပြုံးမိသည်။
သူ သည်လည်း ဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်လေရာ၊ ဂိုဏ်းအကျိုး ဆောင်ပေး ရသည်မှာ သဘာဝ ပေပင်။
“ လိပ်နက်ရဲ့ သွေး တစ်စက် ... ၊ ဒါမှ မဟုတ်ရင် သူနဲ့ ပတ်သက်တဲ့ အချက် အလက် တွေ လိုချင် ပါတယ်။ ”
ဓားဂိုဏ်းတွင် လိပ်နက် သွေးသာ ရှိနေရိုး မှန်က၊ အစ်ကိုမု အတွက် ခက်ခဲမည် မဟုတ်မှန်း သတိ ရလာ သဖြင့်၊ စကားကို ပြင်ပြော လိုက်ရသည်။
“ အဲဒါက အသုံးတည့် လို့လား။ ”
မူရွယ်ချင်းမှ လင်းယွန် တစ်ယောက် ဤအရာအား အဘယ်ကြောင့် လိုအပ်နေ သည်ကို၊ အဖြေရှာ မရချေ။
“ ဟုတ်ကဲ့ ... ၊ သွားရအောင်။ ”
မူရွယ်ချင်းမှ ဆက်လက် မေးမြန်း နေ မည်ကို စိုးရိမ် သဖြင့်၊ လင်းယွန်က စကားစ ဖြတ် လိုက်သည်။
“ ကောင်းပြီ ... ၊ ငါတို့ သွားကြမယ်။ ”
ဂိုဏ်းသို့ ပြန်ရောက် ချိန်၌၊ ဓားဂိုဏ်း၏ တပည့်များ အားလုံး၊ တောင်ခြေ ရင်း၌ စုဝေး နေသည်ကို မြင်လိုက် ရသည်။။
ကောင်းကင် ရေကန် ဧည့်ခံ ပွဲတွင် ဖြစ်ပျက်ခဲ့ သမျှကို သူတို့ ကြားသိ ထားသဖြင့်၊ သွေးဆူ နေ၏။ ထို့ကြောင့် လင်းယွန်ကို ရောက်ရောက်ခြင်း မြင်လို လာသည်။
ဤဖွဲ့စည်းမှုသည် လင်းယွန်ကို ထိတ်လန့် စေသော်လည်း၊ သူတော်စင် တပည့်များ မှာမူ၊ အပြုံးများ ဝေလာ ကြ၏။
ဓားဂိုဏ်း တစ်ခု လုံးသည် လင်းယွန် ကြီးပြင်း လာမည့် အချိန်ကို စောင့်မျှော် နေပြီး၊ ယဲ့ဇီလင် ကိုပင်၊ ထိုအတွေးမျိုး ဝင်စေသည်။
ဂိုဏ်းသို့ ပြန်ရောက် သည်နှင့်၊ ကေျာက်ယန်အား အပူပင် ကင်းသော ဓား(9) ကွက်ကို ပြောပြ မိသည်။
၎င်းက အလွန် အမင်း စိတ်ဝင်စား နေလေရာ၊ ပထမ ပုံစံ လေးမျိုး သင်ပေးရန် ဆုံးဖြတ် လိုက်၏။
“ ဘယ်လို ဓားရေးမျိုး ကြီးလဲ။ ”
ကျောက်ယန် တစ်ယောက် ထိတ်လန့် သွားသည်။ ဤဓားရေးသည် တော်ရုံ တန်ရုံ မဟုတ်ကြောင်း၊ သူ ခံစား နိုင်၏။
ဤသို့ အစွမ်းထက် လွန်းသော ဓားရေးကို လင်းယွန်မှ ပေါ့ပေါ့ ပါးပါး လက်ဆင့် ကမ်းပေး ခြင်းဖြင့်၊ ပြဿနာ တက်မည်ကို စိုးရိမ်သည်။
သူ့အမြင်၌ သက်တံဓား သူတော်စင် ထံမှ လာခြင်း ဟုပင် ထင်၏။
“ ဒီလောက် အထိ စိတ်မပူနဲ့ ... ၊ ဒါက တောင်ပိုင်း ဧကရာဇ်ရဲ့ ဓားရေး တစ်ရပ်ပါ၊ ငါ နားမလည် နိုင်သေးတဲ့၊ ...
... ဓားပုံစံ လေးငါးမျိုး ရှိပါသေးတယ်၊ ဒါကြောင့် လောလော ဆယ် မင်းကို ပထမ ပုံစံ လေးခုပဲ သင်ပေး နိုင်မယ်။ ”
ကျောက်ယန်အား သင် မပေးခင်၊ ဤအရာအား လင်းယွန်မှ အသေချာ စဉ်းစား ခဲ့သည်။
၎င်းဓားရေးကို သင်ယူရန် မလွယ် ကူချေ။ ဓားကို စွဲလန်းသူ ဖြစ်သော ကြောင့်သာ အဆင် ပြေခြင်း ဖြစ်၏။ ထို့ပြင် တောင်ပိုင်း ဧကရာဇ်မှ တခြား သူများကို သင်ပေး၍ မရဟု၊ စကား မချန်ခဲ့ချေ။
“ အိုး ... ၊ စီနီယာ သက်တံဓား မဟုတ် သရွေ့တော့ ... ၊ အဆင်ပြေ ပါတယ်။ ”
တောင်ပိုင်း ဧကရာဇ်၏ အမည်ကို ကြားသော်မှ၊ ကေျာက်ယန်က စိတ်ဝင်စားပုံ မပြချေ။ ဓားမှ လွဲ၍ အခြား မရှိကြောင်း သိသာသည်။
“ ကောင်းပြီ လင်းယွန် ... ၊ ငါ သွား လေ့ကျင့် တော့မယ် ... ၊ ကျန်တာ တွေကို သင်ပေးဖို့၊ မမေ့ နဲ့နော်။ ”
စိတ်လှုပ်ရှား စွာဖြင့် ထွက်ခွာ သွားသော ကျောက်ယန်အား ကြည့်ကာ ပြုံးလျက် အရိယာ တောင်ထိပ်သို့ ပြန်လာ ခဲ့သည်။ လမ်း၌ တပည့် ကြီး ဖုန်လွမ်နှင့် ဆုံ၏။
၎င်းက သူ့အား မြင်ချိန်၌ အတော် အတန် လေးသော သိုလှောင် ပုလင်း တစ်လုံး ပေးလာ သည်။
“ ဒါ ... ဘာ လဲ၊ အစ်ကိုဖုန်။ ”
“ မသိဘူး ... ၊ မင်းရဲ့ သူငယ်ချင်းလို့ ပြောတာပဲ၊ သူမ မျိုးရိုး အမည်က အန်းတဲ့၊ ပုလင်းက တော်တော်လေး လေးတယ်။ ”
( သူတော်စင် နဂါး သွေးရည်ကြည်။)
ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍ အော်ဟစ် ခုန်ပေါက် တော့သည်။
“ ကျေးဇူး တင်ပါတယ် အစ်ကို ဖုန်။ ”
“ ရပါတယ် ... ၊ မင်း အနားယူ လိုက်ပါဦး၊ ငါ မနှောင့်ယှက် တော့ဘူး။ ”
ဖုန်လွမ်မှာ ကျေနပ်စွာဖြင့် လှည့်ထွက် သွားသည်။ လွန်ခဲ့သော တစ်နှစ်က ဤလူငယ် ကို၊ အရိယာ တောင်ထိပ်ထံ သူ ခေါ်ဆောင် ခဲ့ခြင်း ဖြစ်၏။
တစ်နှစ် ကုန်လွန် ပြီးနောက်၊ အရိယာ တောင်ထိပ် သာမက၊ အခြားသော တောင်ထိပ် များမှပင်၊ ထိတ်လန့် လာသည် အထိ ကြီးထွား လာသည်။
ဖုန်လွမ် ထွက်သွား သည်နှင့်၊ လင်းယွန်က ပုလင်းကို ဖွင့်သည်။ အထဲ၌ သူတော်စင် နဂါး သွေးရည်ကြည် (၆၀,၀၀၀) ကီလို ဂရမ် ပါ၏။
ဤပုလင်း အတွက် ကောင်းကင်ဘုံ ကြယ်ခန်းမ တစ်ခု လုံးကို၊ မြေလှန် ပစ်ခဲ့ပုံ ရလေသည်။
အန်းလျူယွင် တစ်ယောက် ချမ်းသာ လွန်းသည် ဟူသော ကောလ ဟာလမှာ အမှန် ဖြစ်ပုံ ရ၏။
“ ဟဲဟဲ ... ၊ ဒီကောင် မလေးကို သဘော ကျလာပြီ၊ နင်တို့ နှစ်ယောက် ကြားမှာ ဖြစ်ပျက် လာမဲ့၊ အရာ အားလုံးကို၊ လျစ်လျူရှုဖို့ ငါ ဆုံးဖြတ် လိုက်ပြီ။ ”
ခရမ်းငယ်မှ ပြေးထွက် လာပြီး ဆိုသည်။
“ မင်း ... ဘာတွေ ပြောနေ တာလဲ။ ”
“ ဘာတွေ ပြောရ မှာလဲ ... ၊ ယောက်ျားတွေ အကြောင်းပေါ့၊ အထူး သဖြင့် နင့်လို လူယုတ်မာ တစ်ယောက်က၊ နဂါးဖြူ အရိုးကို ပေးခဲ့တယ် ဆိုတာ၊ တစ်ချိန် ကျရင် ... သူ့ခန္ဓာ ကိုယ်ကို ပြန်ယူမှာ မဟုတ်လား။ ”
“ တိတ်စမ်း ... ။ ”
“ အဟီး ... ၊ ဘာလဲ ... ငါ မှန်တယ် မဟုတ်လား၊ စိတ် မပူနဲ့ ... ၊ လျှို့ဝှက် ပေးထား ပါမယ်။ ”
ခရမ်းငယ်က ပုလင်းကို ပွေ့ဖက်လျက်၊ ပြုံးရယ် လေသည်။ အန်းလျူယွင်သည် ဒေါသ ကြီးလွန်းပြီး၊ သူမကို ဆွဲဆောင်ရန် မည်မျှ ခက်ခဲကြောင်း လင်းယွန် သိသည်။
“ ဟမ့် ... ၊ နင်က တကယ့် ... လူယုတ်မာပဲ၊ အခု နင် အဲဒီ အကြောင်း တွေးနေတာ မဟုတ်လား ... ။ ”
“ ပုလင်း ပြန်ပေး ... ၊ လောလောဆယ် ငါ သိမ်းထား လိုက်မယ်။ ”
လင်းယွန်က အဖြေ ပြန် မပေးဘဲ ပြော လိုက်၏။ ထို့နောက် ခရမ်းငယ်အား လျစ်လျူရှု လျက်၊ တိမ်ပျံ တောင်သို့ ပျံသန်း သွားသည်။
( ငါ့ဆီ လာခဲ့။ )
ထိုအချိန်တွင် သူ့စိတ်ထဲ အသံ တစ်သံ ပဲ့တင်ထပ် လာ သဖြင့်၊ ရွှင်မြူး သွား မိသည်။ ချက်ချင်း ရွေ့လျားမှု ပညာ ရပ်အား ထုတ်ဖော် လျက်၊ ဦးတည်ချက် ပြောင်းလိုက်၏။
သူတော်စင် တောင်သည် ယခင် ကဲ့သို့ ဖြစ်နေ သေးသည်။ သက်တံဓား သူတော်စင်က ကျောက်စားပွဲ ပေါ်၌ စာရေး နေ၏။
ဤမြင်ကွင်းကြောင့် သူ့အား ရှုပ်ထွေး စေသည်။ အမှန် ဆိုသော် ဆရာ သခင်သည် ကျင့်ကြံနေ သင့်၏။
“ မင်း ရောက်ပြီလား။ ”
သက်တံဓား သူတော်စင်က လင်းယွန်အား လှည့်ကြည့်ကာ၊ ပြုံးသည်။ သူ့ရှေ့ရှိ စာရွက်တွင် ပန်းဖူး တစ်ဖူး ရေးဆွဲ ထား၏။
“ တပည့် ဆရာ့ကို နှုတ်ဆက် ပါတယ်။ ”
လင်းယွန်က ဒူးထောက်ပြီး နှုတ်ဆက် လေသည်။
“ အနား လာပါဦး ... ၊ ငါ မင်းကို တစ်ချက် ကြည့်ရအောင် ။ ”
လင်းယွန်အား အနီးကပ် စစ်ဆေး ကြည့် ပြီးနောက်၊ နှုတ်ခမ်း ပေါ်၌ အပြုံး တစ်ပွင့် ပေါ် လာသည်။
“ ကြယ် ဆယ်ပွင့် ... ကောင်းတယ် ။ ”
“ ကံကောင်း သွားလို့ပါ ဆရာ။ ”
လင်းယွန်မှ ပြုံးကာ ပြောလိုက် သော်လည်း စိတ်လှုပ်ရှား နေမိသည်။
“ တကယ်တော့ လက်ရှိ အချိန် အခါမှာ၊ အဲဒါကို ရဖို့က မလွယ် ပါဘူး၊ အဲဒါကြောင့် မင်း အတွက် ခက်ခဲ ခဲ့မှာပဲ။ ”
သက်တံဓား သူတော်စင်က ကောင်းကင် ရေကန်သို့ မသွားဘဲ ထိုနေရာတွင် ဖြစ်ပျက်ခဲ့ သမျှကို၊ မြင်နိုင် ပုံဖြင့် ပြောလာသည်။
“ နဂါးပြာ အရိုး ကြောင့်သာ မဟုတ်ရင်၊ ဒီလို ကံကောင်းမှာ မဟုတ် ပါဘူး။ ”
လင်းယွန်မှ ပြန်ပြောသည်။
“ ထားပါတော့ ... ၊ အပူပင် ကင်းသော ဓား(၉) လက်ကို၊ မင်း ဘယ်လောက် အထိ၊ ရောက်နေ ပြီလဲ။ ”
“ ပဉ္စမ မြောက် ... ။ ”
“ ပြပါဦး ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထိုစကားကြောင့် လင်းယွန်မှာ ဝမ်းသာ သွားသည်။ ဆရာ သခင်၏ လမ်းညွှန်မှုဖြင့် ဆိုက၊ ပို၍ လွယ်ကူပေ တော့မည်။
“ ဒီနှင်းဆီ ပန်းချီကားကို ကြည့်ပါ ဆရာ။ ”
ပန်းချီကားကို ထုတ်ယူပြီး ကမ်းပေး လိုက်သည်။ ပန်းချီကား ဖြန့်ကြည့် လိုက်ချိန်၌ သက်တံဓား သူတော်စင်၏ လက်များ တုန်ယင် သွား၏။
ပန်းချီကား ထဲတွင် ဝှက်ထားသော အန္တရာယ်မှာ၊ မည်မျှ ပြင်းထန် သည်ကို ခံစား နိုင်လေသည်။
ပန်းချီကား ပွင့်လာ ခြင်းနှင့် အတူ၊ ကောင်းကင် တစ်ခုလုံး မည်းမှောင်လျက်၊ သူတော်စင် တောင်ကြီး တုန်ခါ လာသည်။
ငရဲသို့ ပြုတ်ကျ သွား သလို ပေပင်။ ထို့ထက် ပို၍ မတေွးနိုင်ခင် မှာပင်၊ အမှောင် ထဲမှ အလင်း စက်ကလေး တစ်စက် ရုတ်တရက် ပေါ်လာ၏။
ယင်းမှာ သူ့ဆရာ သခင် ဆီမှ ဖြစ်ပြီး၊ ချက်ချင်းပင် အလင်း ရောင်များ ပြန့်ကျဲလျက်၊ ပတ်ဝန်းကျင် တစ်ခု လုံးကို ပုံမှန် ပြန်ဖြစ် သွားစေသည်။
“ ပန်းချီကားက အရမ်း လေးနက်တယ်၊ ကြည့်ဖို့တောင် နည်းနည်း ခက်တယ်။ ”
သက်တံဓား သူတော်စင်မှ ရေရွတ်၏။
“ ဆရာ အဆင်ပြေ ရဲ့လား။ ”
လင်းယွန်မှ ရှေ့လှမ်း တက်လျက် မေးသည်။
“ ဟား ဟား ဟား ... ။ ”
သက်တံဓား သူတော်စင်က ရယ်မော လိုက်ပြီး စားပွဲ ပေါ်ရှိ စုတ်တံကို ကောက်ကိုင် ၏။
“ သေချာကြည့် ... ၊ ငါ မြင်တာကို မင်း အတွက် ပြန်ဆွဲ ပေးမယ်။ ”
စက္ကူပေါ် စုတ်တံ ထိလိုက် သည်နှင့် သူတော်စင် ရောင်ဝါ ပွင့်ထွက် လာပြီး၊ ပန်း ပွင့်များ ပျံထွက် လာသည်။
ပန်းပွင့် များမှာ ပြတ်သား နေ သဖြင့်၊ လင်းယွန်က ကိုင်ကြည့်ရန်၊ ကြိုးစား လိုက် မိသည်။ ထိုအချိန်၌ စာရွက် ပေါ်မှ ကိန်းဂဏန်း များစွာ ထွက်ပေါ် လာ၏။
စုတ်တံ ရွေ့လျားမှု အရှိန် တိုးလာ သည်နှင့် အမျှ၊ ကိန်းဂဏန်း များက ပိုမို များပြား လာပြီး အသက်ဝင် လာတော့သည်။
သည့်နောက် အပြာရောင် ၀တ်ရုံဖြင့် လူတစ်ယောက် အသွင်၊ မှုန်ဝါးဝါး ဖြစ်တည် လာ လေသည်။ ဤသည်မှာ တောင်ပိုင်း ဧကရာဇ် ဖြစ်သည်။
ရာနှင့် ချီသော ‘တောင်ပိုင်း ဧကရာဇ်’ ပုံရိပ်များက ဓားကိုင် ဆောင်ကာ၊ မတူညီသော ပုံစံများ ပြသ လာသည်။
ထို့ကြောင့် လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ ကမ္ဘာများထံ ရောက်ရှိ နေ သကဲ့သို့၊ သဘာဝ ဖြစ်စဉ်များ ပေါ်လာ တော့၏။
ထိုအချိန်တွင် ကိန်းဂဏာန်း များစွာက ပြန့်ကျဲ သွားပြီး၊ အက္ခရာများ အသွင် ပြောင်းလဲ ကုန်ပြန်၏။
ယင်းသည် အပူပင် ကင်းသော ဓား (၉) ကွက်၏ အချက် အလက်များ ဖြစ်လေသည်။ ထို့ကြောင့် လက်လွတ် မခံ ဝံ့ဘဲ၊ ချက်ချင်း လိုက်လံ မှတ်သား မိ၏။
အချက် အလက်များ ပေါင်းစုံ သွား ချိန်၌၊ လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ ဟူသော စကားလုံး (၄) လုံး ပေါ်လာသည်။
ထိုစကားလုံး (၄)လုံးက အချင်းချင်း ပေါင်းစည်းရန် ကြိုးစား လာရာ၊ လင်းယွန်၏ မျက်လုံးများ ဝင်းလက် သွား၏။
ဤသည်မှာ နဝမမြောက် ဓား ဖြစ်သည်။ သို့သော် ထိုမျှ အရေးသော အချိန်၌ သက်တံဓား သူတော်စင်မှ၊ မျက်မှောင် ကြုတ်ပြီး၊ စုတ်တံ အား ရုတ်တရက် ရပ်ပစ် လိုက်တော့သည်။
***