သက်တံဓား သူတော်စင်၏ လမ်းညွှန်ချက်။
Vol. 113 Ch. 1579
“ ဆရာ ဘာဖြစ် လို့လဲ။ ”
သက်တံဓား သူတော်စင်မှ ရုတ်တရက် ရပ်သွားသဖြင့်၊ လင်းယွန်က မေးလိုက် လေ သည်။
“ လောလောဆယ် ... မတွေးတာ အကောင်းဆုံး ပါပဲ။ ”
သက်တံဓား သူတော်စင်က သက်ပြင်း ချလျက်၊ လင်းယွန်ကို လှည့်ကြည့်ပြီး၊ ဖြေလေ သည်။
တောင်ပိုင်း ဧကရာဇ်သည် မျိုးဆက်တူ အတွင်း၊ ပြိုင်ဘက် ကင်း၏။ ထို့ကြောင့် နဝမ မြောက် ဓားပုံစံသည် များစွာ အစွမ်းထက် ပေမည်။
“ နောက်ဆုံး ဓားပုံစံကို အတင်း ဆုပ်ကိုင်ရင်၊ မင်း လမ်းကြောင်း မှားသွား လိမ့်မယ်၊ ဒါကြောင့် တောင်ပိုင်း ဧကရာဇ်က သူ့ဓားကို မထား ခဲ့ဘူး။ ”
သက်တံဓား သူတော်စင်မှ ရှင်းပြ၏။
“ နောက်ဆုံး ဓားက ဘာမို့လဲ ဆရာ။ ”
လင်းယွန်သည် ကျောက်ယန် ကဲ့သို့ ဓားရူး မဟုတ် သော်လည်း ဓားတာအို အပေါ် အလေး နက် ထားပေသည်။
ထို့ကြောင့် နဝမမြောက် ဓားပုံစံ အား မမြင်ရသော်မှ အမည်ကို သိချင်စိတ် ရှိနေဆဲ ဖြစ်၏။
“ လောက ကြီးမှာ၊ ပေါ့ပေါ့ ပါးပါး နေနိုင် ဖို့ဆိုတာ ခက်တယ်၊ တောင်ပိုင်း ဧကရာဇ်က ဒီဓားရေး ဖန်တီး နေချိန်မှာ၊ သူ့ နှလုံးသား ပြောင်းလဲ သွားတယ်၊ ...
... ဒါကြောင့် နဝမ မြောက် ဓားပုံစံက၊ ဒီဓားချက်တွေ ကနေ ... ၊ လုံးဝ ကွဲထွက်သွား ခဲ့တယ်။ ”
ထိုစကားကြောင့် လင်းယွန်မှာ ပို၍ စိတ်ဝင်စား လာတော့သည်။
“ လောလော ဆယ်တော့ ... ၊ ဒုတိယ ဓားပုံစံတွေ ဆီကို အရင်သွား ရအောင်၊ ဒီဓား ပုံစံ (၄) မျိုးမှာ၊ ဓားချက်ပေါင်း (၉၀၀) နီးပါး ရှိတယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြီး၊ လှည့်ထွက်ရန် ပြင်သည်။
“ မင်း ... ဘယ်သွား မို့လဲ။ ”
“ ကျွန်တော် ... ၊ သွားလေ့ကျင့် ရမှာ မဟုတ် ဖူးလား။ ”
“ အပူပင် ကင်းမဲ့သော ဓား(၉) ကွက်ကို အုပ်စု သုံးခု ခွဲထားတယ်၊ ကောင်းကင်၊ မြေကြီး၊ တော်ဝင်နဲ့ ပျက်စီးခြင်းက ပထမ အုပ်စုပဲ၊ လေ၊ မီး၊ လျှပ်စီးနဲ့ ရေခဲက ဒုတိယ အုပ်စု၊ တတိယ အုပ်စု ကတော့ နဝမမြောက် ဓားပုံစံ။ ”
သက်တံဓား သူတော်စင်မှ ဖြည်းညှင်းစွာ ရှင်းပြ လာသည်။ ပထမ အုပ်စု အတွင်းရှိ ပုံစံ (၄)မျိုးအား ချိတ်ဆက် နိုင်သော်လည်း၊ ဒုတိယ အုပ်စုရှိ ပုံစံ များကို ချိတ်ဆက် မရချေ။
ယင်းကို ရှေးမစွ ကတည်း ကပင်၊ လင်းယွန်မှ ခံစား မိသဖြင့်၊ စိတ်ဝင်စား လာ လေသည်။
တိုက်ပွဲ များတွင် ထိုအုပ်စု နှစ်ခုကို ပေါင်းစည်း နိုင်ပါက၊ အာကာပြင်ပင် ကွဲအက် ကြပေမည်။
“ ဒါကြောင့် ... ၊ မင်းက သူတို့ကို မချိတ်ဆက် နိုင်ပဲ၊ သီးခြား ပုံဖော် လိုက်ရင်၊ အားနည်း သွားရော ... ၊ တကယ်တော့ ဒီဓား ပုံစံ တစ်ခုစီ ကကို၊ ကြောက်စရာ ကောင်းတဲ့ ဘုရင် အဆင့် ဓားရေး တစ်ရပ်ပဲ။ ”
သက်တံဓား သူတော်စင်မှ စကား ရပ်ပြီး၊ သူ့ တပည့်ထံ ကြည့်လေသည်။
“ ဒီအတွက် ... သူ့ကို လေ့ကျင့်ဖို့ ဆိုရင်၊ အချိန် အများကြီး ယူရ လိမ့်မယ်၊ နှစ်ဝက် ကုန် ရင်တောင်၊ အလယ် အလတ် ကျွမ်းကျင်မှု လောက်ပဲ ရမယ်၊ ဒါက ...
... အရည် အချင်းကြောင့် မဟုတ်ဘူး ... ၊ မင်းက တောင်ပိုင်း ဧကရာဇ် နီးနီး ... နားလည် နိုင်စွမ်း မြင့်မား နေရင်တောင်၊ နားလည်မှာ မဟုတ်ဘူး။ ”
ဒုတိယ အုပ်စု ဓားပုံစံမှာ၊ အစွမ်းထက် သည်ဟု ကြားသိလိုက် သဖြင့်၊ လင်းယွန်၏ သွေးများ ပွက်ပွက်ဆူ လာသည်။
သို့သော် ခြောက်လ အတွင်း အလယ် အလတ် ကျွမ်းကျင်မှုသာ ရနိုင် မည်ဟု ထပ်မံ သိလိုက်ရ ချိန်၌၊ စိတ်ပျက် သွား၏။
ကောင်းကင် ဓား ရေကန် အပါအဝင် ဓားရေးတိုင်းကို အလယ် အလတ် ကျွမ်းကျင်မှု ရစေရန်၊ တစ်ကြိမ်သာ လေ့ကျင့် ခဲ့ရသည်။
“ မင်းကို ငါ ကူညီ ပေးမယ်၊ ဒါပေမယ့် ... အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်၊ အဲဒီ တစ်ကြိမ် နဲ့၊ အလယ် အလတ် ကျွမ်းကျင်မှုဆီ၊ ရောက်နိုင် မလား ဆိုတာ ကတော့၊ မင်းရဲ့ ကံကြမ္မာ ပေါ်ပဲ၊ မူတည်တယ်။ ”
သက်တံဓား သူတော်စင်မှ လင်းယွန်ထံ ပြန်ကြည့်ပြီး၊
“ ဒီဓားရေးကို သင်ယူဖို့ ဖြတ်လမ်း နည်း မရှိဖူးလို့ ငါ ပြောခဲ့တယ် မဟုတ်လား၊ ဒါကြောင့် မင်းကို အချိန် အချို့ ငါ ဖန်တီး ပေးမယ်။ ”
-ဟု ပြောလာသည်။
ထို့နောက် စုတ်တံကို ကောက်ယူ လိုက်၏။ စုတ်တံမှ ရောင်ဝါကြောင့်၊ နဖူးမှ ဆံပင်စ အချို့ ပြတ်ကျ လာသည်။
ဆရာ သခင် အသုံးပြု နေသော ဤစုတ်တံသည် သူတော်စင် လက်ရာ တစ်ခု ဖြစ်မှန်း၊ သိလိုက် ၏။
သူတော်စင် တစ်ပါး လက်၌၊ သူတော်စင် လက်ရာ များ၏ စွမ်းအားသည် စိတ်ကူး မယဉ် နိုင်ချေ။
စာရွက် ပေါ်၌ ကိန်းဂဏန်း များစွာ ရေးသားလိုက်ရာ၊ ပတ်ဝန်းကျင် အတွင်း ပဲ့တင် သံများ ညံလာ၏။
ကိန်းဂဏန်း များက ထိုစာရွက် ပေါ်မှ ခုန်ထွက်လျက်၊ လင်းယွန် ပတ်ပတ် လည်တွင် ကခုန်နေ တော့သည်။
ပတ်ဝန်းကျင်ရှိ အရာ အားလုံး မှုန်ဝါး လာပြီး၊ အချိန် ယန္တရားမှာ တရွေ့ရွေ့ နှေးကွေး လေးလံ လာ၏။
“ ချွမ် ... ။ ”
ထိုစဉ် ပုံရိပ် အချို့ ပြေးဝင် လာ သောကြောင့်၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ၊ ရင်ဆိုင်ရန် ပြင်လိုက် မိသည်။
အရာရာ ဖရိုဖရဲ ဖြစ်နေ သော်လည်း၊ ပုံရိပ်ရှင် များ၏ တိုက်ခိုက်မှုမှာ သူ့ အပေါ်၊ ကန့်သတ် ထား၏။
ထို့ကြောင့် တိုက်ခိုက်မှု များကို တားဆီး ကာကွယ်ရန်၊ ပုံသေ လမ်းကြောင်းနှင့် ဓားရေး အတိုင်းသာ၊ လိုက်နာ လိုက်ရသည်။
“ ခရစ် ... ။ ”
သို့တိုင် ခန္ဓာကိုယ် ပေါ်ရှိ နဂါး ရူရ်များ အဆက် မပြတ် ဖြတ်တောက် ခံနေရ လေ သည်။
စိုးရွံ့ပြီး၊ အသက် ရှူသံ မြန်လာ၏။ သူ့နှလုံးက ပြင်းပြင်း ထန်ထန် ခုန်လာကာ၊ သွေးများ ပွက်ပွက်ဆူ တော့သည်။
ဤဓားချက် များမှာ အပူကင် ကင်းသော ဓား(၉) ကွက်၏ ဒုတိယ မျိုးကွဲများ ပင်လော။ ဓားချက်ပေါင်း (၉၀၀)ခန့် ရှိ ပေသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ သုံးလ ဟူသော ကာလ ကုန်ဆုံး သွား၏။ ထို ကာလ အတွင်း သက်တံဓား သူတော်စင်မှာ စာရေး ခြင်းကို မရပ် ခဲ့ချေ။
ဤဓားရေး တစ်မျိုးထဲ ကိုသာ ဆက်၍ ရေးသား နေခဲ့သည်။ အချိန် ကြာလာ သည်နှင့် အမျှ၊ လင်းယွန်မှာ ပိုမို ပိန်ပါး လာ၏။
ထိုစဉ် သက်တံဓား သူတော်စင်၏ ရောင်ဝါမှာ၊ သိသိ သာသာ ပြောင်းလဲ ပေါက်ကွဲ လာတော့သည်။
“ ဘဝ တွေကို ပျက်စီးစေ နိုင်တဲ့ လေမုန်တိုင်းလို ... ၊ ဓား တစ်လက် ငါ့မှာ ရှိတယ်။ ”
သက်တံဓား သူတော်စင် အသံနှင့် အတူ၊ စုတ်တံကြောင့် လေပြင်း များက ဓားတစ်လက် ကဲ့သို့၊ လင်းယွန် မျက်နှာထံ ဝင်လာ၏။
“ လေ ... ။ ”
လင်းယွန် တစ်ယောက် စဉ်းစားချိန် မရ တော့ဘဲ၊ ရှေးဟောင်း ‘လေ’ဟူသော စာလုံးကို၊ ချက်ချင်း ဖန်တီးကာ၊ ပိတ်ဆို့ လိုက်ရသည်။
“ ခ ရစ် ... ။ ”
စကားလုံး နှစ်လုံး တိုက်မိ ပြီးနောက်၊ ကောင်းကင်ကြီး အက်ကွဲ သွားသည်။ ဘဝ အားလုံး ပျက်သုဉ်းခြင်း မည်၏။
“ သမုဒ္ဒရာ ကိုတောင် ... ၊ လောင်ကျွမ်း စေနိုင်တဲ့ ... ၊ မီးပင်လယ် ကြီးလို ဓား တစ်လက် ငါ့မှာ ... ရှိတယ်။ ”
ထပ်မံ ထွက်ပေါ် လာသော စကား သံကြောင့်၊ လင်းယွန်မှ ကောင်းကင်ပေါ် ပျံပြီး၊ ‘မီး’ ဟူသော စကား လုံးကို ဓားဖြင့် ရေး၏။
“ ဝုန်း ... ။ ”
‘မီး’ စကားလုံး နှစ်လုံး တိုက်မိကာ၊ ပတ်ဝန်းကျင် တစ်ခုလုံး မီးတောက် များဖြင့် ပြည့်နှက် သွားသည်။
“ ပုစိန် အသွား ပါသော ထာဝရ သတ်ဖြတ်ခြင်း လှံငယ် ကဲ့သို့ ... ၊ လျှပ်စီး ဓား တစ်လက် ငါ့မှာ ရှိတယ်။ ”
လင်းယွန်က လေထုကို ခြေဖျားဖြင့် ညင်သာစွာ ပုတ်ပြီး၊ တစ်ပတ် လှည့်လျက်၊ လျှပ်စီးအား ဓား၌ ဖွဲ့တည် လိုက်၏။
“ အရာ အားလုံး ... ၊ အေးခဲ သွားစေ နိုင်တဲ့ ... ၊ ရေခဲ ဓားတစ်လက် ငါ့မှာ ရှိတယ်။ ”
ထို့နောက် လေထု အလယ်တွင် တစ်ပါတ်ဂျွမ်း ပစ်ကာ၊ ဓားရောင်ခြည် များနှင့် ‘ရေခဲ’ ဟူသော စကားလုံး ရေးဆွဲ မိသည်။
ယင်းကြောင့် ရေခဲ ခေတ်သို့ ပြန်ရောက် သွား သကဲ့သို့၊ ကြောက်မက် ဖွယ်ရာ အအေး လှိုင်းများ ရိုက်ခတ် လာ၏။
“ ခွမ်း ... ။ ”
‘ရေခဲ’ ဟူသော စကားလုံး၊ နှစ်လုံး တိုက်မိပြီးနောက်၊ ဖြစ်စဉ်များ လွင့်ပါး လာချိန်၌ လင်းယွန်က ကောင်းကင်မှ ဆင်းကာ၊ မှင်တတ် သွားသည်။
လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ ဓားပုံစံ များကို၊ ဤသို့ အလွယ် တကူ သင်ယူ နိုင်ခဲ့ သည်လော။ မယုံနိုင် စရာ ပေပင်။
ခေါင်းကို မော့ကြည့် လိုက်ရာ၊ ဆရာ သခင်၊ နဖူးမှ ပြတ်ကျ လာသော ဆံစမှာ၊ စားပွဲ ပေါ်သို့ မရောက် သေး သည်ကို၊ မြင်လိုက် ရသည်။
“ ဆရာ ... ၊ ဘယ်လောက် ကြာသွားလဲ။ ”
“ စက္ကန့် တစ်ဝက် ... ။ ”
သက်တံဓား သူတော်စင်မှ စုတ်တံကို အောက်သို့ ချလိုက်ပြီး၊ ပြတ်ကျ လာသော ဆံစ အား၊ ငုံ့ကြည့် လျက်မှ ပြန်ဖြေ လာသည်။
ယင်းကြောင့် သုံးလ ကျော်သွား ပြီဟု ခံစားနေရသော လင်းယွန်မှာ ပါးစပ် အဟောင်း သား ဖြစ်သွား၏။
ဤဓားရေး၌ ‘ဖြတ်လမ်း’ မရှိဟု ဆရာ သခင်မှ ပြောခဲ့သည်။ ယင်းသို့ ဆိုသော် ပေးချေ ရမည့် တန်ဖိုးမှာ၊ ဆရာ သခင် အတွက်၊ မသေး နိုင်ချေ။
“ ငါ့ရဲ့ ဓားရေး တွေကို ... ၊ မင်းအပေါ် ဘာလို့ သင် မပေး တာလဲ၊ မင်း သိလား။ ”
သက်တံဓား သူတော်စင်မှ မေးသည်။
“ မသိ ပါဘူး။ ”
လင်းယွန်မှ ခေါင်းခါ လိုက်သည်။ သူ့ဆရာ သက်တံဓား သူတော်စင်မှ၊ မည်သည့် နည်းစနစ် ကိုမျှ၊ မပေးခဲ့ သော်လည်း၊ လမ်းညွှန် ပေးသည်။
အထူး သဖြင့် ပထမ အကြိမ် တွေ့ဆုံမှု၌၊ သူ့ဆရာ သင်ပေး ခဲ့သော သီအိုရီသည် များစွာ အကျိုး ရှိစေ၏။
တောင်ပိုင်း ဧကရာဇ်မှ၊ အပူပင် ကင်းသော ဓား(၉)ကွက်ကို ဖန်တီးပေး ခဲ့သော်လည်း ဆရာ သခင်မှာ၊ လက်ဖြင့် သင်ကြား ပေးသည်။ တန်ဖိုး မဖြတ် နိုင်ချေ။
“ မးင်ကို ပြင်ပ အရာ တွေထက် ... ၊ ဓားသမား တစ်ယောက်မှာ ... ၊ ရှိသင့် ရှိထိုက် တဲ့ ... ၊ နှလုံးသားမျိုး ရှိရအောင် ... ၊ လေ့ကျင့်ပေး ထားတယ်၊ ...
... နဂါး သွေးလွှတ်ကြော မရောက်ခင် ... ၊ ဓားရေး တွေနဲ့ အာရုံ မများ စေဖို့လည်း၊ သတိ ပေးခဲ့တာ မှတ်မိ သေးလား။ ”
သက်တံဓား သူတော်စင်က လင်းယွန် အဖြေအား မစောင့် တော့ဘဲ၊ ပြုံးလျက် သူ့ စကားကို ဆက်သည်။
“ လင်းယွန် ... ၊ မင်းက မင်းကိုယ်မင်း သေွးယူ ရမဲ့၊ ကျောက်ရိုင်းတုံး တစ်တုံးပဲ၊ အခြား သူ တစ်ဦးရဲ့ ... ၊ ပုံသွင်းတာ မခံ ပါနဲ့၊ ...
... မင်း ... သန်မာ ရမယ်၊ ငါနဲ့ ထျန်ရွှမ်ဇီ အပါ အဝင် လူတိုင်း ထက်၊ ပိုသန်မာ နေရမယ်၊ ဧကရာဇ် ကိုးပါးတောင် ချွင်းချက် မရှိဘူး။ ”
ထိုစကား များမှာ၊ သူ့အား ဖိအား ဖြစ်စေ မည်ကို ဆရာ သခင် သိသည်။ သို့သော် ဤသို့ အဘယ့်ကြောင့် ပြောလာသည် ကိုမူ၊ သူ မခန့်မှန်း နိုင်ချေ။
“ မင်း ဆီကနေ ... ၊ ငါ့အတွက် သင်ယူ စရာတွေ အများကြီး ရှိသေးတယ်၊ မင်းကိုသာ စောစော ရှာတွေ့ ခဲ့ရင်၊ ...
... ငါ့အတွက် ဘယ်လောက် များ ... ကောင်းလိုက် မလဲ၊ အနည်း ဆုံးတော့ ဒီလို အနေ အထား မျိုးနဲ့၊ ရှိနေမှာ မဟုတ်ဘူး။ ”
သက်တံဓား သူတော်စင်မှ သက်ပြင်းချ လိုက်သည်။ သူ့ သက်တမ်း ကုန်ဆုံး သွားပြီ ဖြစ် ရာ၊ ဤဒုက္ခကို ကျော်ဖြတ်ရန် ခက်ခဲ နေ၏။
သေခြင်းကို မကြောက် သော်လည်း၊ အသက်ရှင် နေရန်၊ အကြောင်း ပြချက်များ ရှိနေ သေးသည်။
“ ဆရာ ... ဒီလို စကားတွေ မပြောပါနဲ့ ... ။ ”
“ ဟား ဟား ဟား ... ၊ မင်း ငါ့ကို စိတ်ပူ နေစရာ မလို ပါဘူး၊ မင်းကိုယ် မင်းပဲ ဂရုစိုက်ပါ၊ ငါက လူတိုင်းရဲ့ အမြင်မှာ၊ သေလူ တစ်ယောက် မို့၊ ငါ့အပေါ် ဘယ်သူမှ အာရုံ မရှိ တော့ဘူး။ ”
ထိုနေရာ အရောက်တွင် စကားကို ခဏ ရပ်ကာ၊ လင်းယွန်ထံ ပြန်ကြည့်၏။
“ မင်း ကတော့ ... ငါနဲ့ မတူဘူး ... ၊ တက်သစ်စ နေမင်းကြီး တစ်စင်းလို၊ ငါ့ထက် အန္တရာယ် ပိုများတဲ့၊ အခြေ အနေမှာ ရှိနေတယ်၊ သူတို့ မျက်လုံး ထဲမှာ ... ၊ ထက်ရှတဲ့ သက်ချွေ ဓား တစ်လက်ပဲ၊ ...
... လင်းယွန် အရှေ့ဘက် ပျက်စီးခြင်း နန်းတော်က မကြာခင် ပွင့်တော့မယ်၊ မင်းကို ငါ တကယ်ကို စိုးရိမ် မိတယ်။ ”
သက်တံဓား သူတော်စင်မှ သက်ပြင်းချ လိုက်၏။ ဤတွေ့ဆုံမှု အတွင်း သုံးကြိမ်မြောက် သက်ပြင်း ချခြင်း ဖြစ်သည်။
“ ဆရာ ... စိတ်မပူ ပါနဲ့၊ ဒီဒုက္ခကို ကျော်ဖြတ် ဖို့ပဲ အာရုံ စိုက်ပါ ... ၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော်မှာ ... ၊ တပည့် မကျရှုံး စေရ ပါဘူး။ ”
လင်းယွန် တစ်ယောက် ပါးပြင်၌ မျက်ရည်များ စီးကျ လာပြီး၊ ဒူးထောက် ကျ သွားလေသည်။
“ ဒီတစ်ကြိမ် ဓားဂိုဏ်းရဲ့ ဓားသွား ... ဘယ်လောက် အထိ ထက်လဲ ဆိုတာ၊ လူတိုင်း သိအောင်၊ တပည့် ပြမယ်။ ”
***