လူယုတ်မာ အစ်ကိုကြီး ... ။
Vol. 113 Ch. 1581
အနက်ဝတ် လူ မျက်ဝန်း အတွင်း၌ ဒေါသ မီးလျှံများ တောက်လောင် လာပြီး ကြောက်မက် ဖွယ် ကောင်းသော သတ်ဖြတ်မှု ရောင်ဝါ ထွက်ပေါ် လာသည်။
ဤလူသည် ဂိုဏ်း တစ်ဂိုဏ်း၏၊ သား တပည့် တစ်ဦးနှင့် တူပြီး၊ အသက် ကြီးပုံ မပေါ်သေးချေ။
သို့သော် ထိုမျှ သိပ်သည်းသည့် သတ်ဖြတ်ခြင်း ရောင်ဝါမျိုး ရရှိရန် မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံ ထားပုံ ရသည်။
“ ဓားဂိုဏ်းရဲ့ တပည့်လား ... ။ ”
အနက်ဝတ် လူက စကား တစ်ခွန်းမှ မပြောသော်လည်း သူ့အဖော် ဖြစ်သူက ဂိုဏ်း တံဆိပ်ကို မြင်ပြီး၊ ပြုံးသည်။
“ ဟုတ်တယ် ... ။ ”
“ အသက် ငယ်ငယ်နဲ့ ... ၊ အရိယာ ကောင်းကင် ဓားကို၊ ဆုပ်ကိုင် နိုင်တာ ...၊ အံ့သြ စရာ မရှိတော့ ပါဘူး၊ ငါ့ နာမည်က မိုယွီ၊ ငါ့ သူငယ်ချင်းက တောင်းအန်း ... ၊ မင်း နာမည် ကရော။ ”
“ ရှောင် ယွင် ... ။ ”
လင်းယွန်က နာမည် ပြောင်းကာ မိတ်ဆက် လိုက်သည်။
“ ဟား ဟား ဟား ... ၊ ဒါဆို အစ်ကို ရှောင်ပေါ့၊ ကဲ ငါတို့ ဝေ့ဝိုက် မနေ တော့ဘူး၊ မင်းက ကျားဘုရင် အရိုး အတွက်၊ ...
... လာတာ မဟုတ်လား၊ အဲဒါကို မင်း စွန့်လွှတ် ပေးရင် ... ၊ ငါတို့ မင်းကို လေျာ်ကြေး ပေးနိုင်တယ်၊ မင်း ... ဘာလို ချင်လဲ။ ”
မိုယွီက ပြုံးကာ ညှိနှိုင်း လာသည်။
“ ငါ ... ၊ ကျားဘုရင် အရိုး အတွက် လာတာ မဟုတ်ဘူး။ ”
“ မင်းက ... ၊ တော်တော် ခေါင်းမာတာပဲ။ ”
မိုယွီက ကောက်ကျစ်စွာ ပြုံးလျက် လက်ဝှေ့ယမ်း လိုက်ရာ၊ သူတော်စင် ရူရ်များ မိုး အဖြစ်၊ ရွာကျ လာသည်။
ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးကို အစီရင်ဖြင့် ဖုံးလွှမ်း သွား၏။ ထို့ကြောင့် ဓား ရည်ရွယ် ချက်နှင့် သူ အဆက်ပြတ် သွား ကြောင်း၊ လင်းယွန် သတိ ပြုမိ သည်။
သည့်တင် မကဘဲ နဂါး မူလ ကိုပင် လည်ပတ်ရန်၊ ခက်ခဲ လာ၏။
“ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်၊ မင်းက နက်ရှိုင်း တောင်ကြား ကပဲ။ ”
တစ်ဖက် လူမှ အချိန် ဆွဲရန်၊ ကြိုးစား နေသည်ကို လင်းယွန် သိ၏။ သူတော်စင် ရူရ် (၂၀၀၀၀) အစီရင်အား ချက်ချင်း ဖန်တီး နိုင် သည်မှာ၊ လေးစား စရာ ပေပင်။
ယင်းကို နက်ရှိုင်း တောင်ကြား၏ တပည့် များမှ လွဲ၍၊ အခြား မည်သူမျှ ဤမျှ ကျွမ်းကျင် ကြမည် မဟုတ်ချေ။
“ ဓားဂိုဏ်းရဲ့ တပည့် ငရဲကို သွားစမ်း ... ။ ”
ထိုအချိန်တွင် တောင်းအန်း မျက်ဝန်း၌ လှောင်ပြောင် သရော်မှုများ ပြည့်နှက် လာပြီး၊ တိုက်ခိုက်ရန် ပြေးဝင် လာတော့သည်။
နဂါး သွေးလွှတ်ကြော နယ်ပယ်သို့၊ ယခုမှ ရောက်ရှိ ထားသော ဤဓားသမား လူငယ်သည် သူတို့ ထံမှ တစ်စုံ တစ်ရာကို လုယူရန် သတ္တိ ရှိနေ သည်လော။
အရိယာ ကောင်းကင် ဓားမော့ ရည်ရွယ် ချက်က တစ်ဟုန်ထိုး ပေါက်ကွဲ လာတော့သည်။ ယင်းက လင်းယွန်၏ ဓားရောင်ဝါကို လုံးလုံး လျားလျား ဖိနှိပ် သွားသည်။
ရုတ်တရက် တောက်ပ နေသော ဓားရောင်ခြည် တစ်စင်းက၊ လင်းယွန်၏ အမြင် အာရုံထဲ၊ ချက်ချင်း ဝင်လာသည်။
ဤသည်မှာ တောင်းအန်း၏ ဓားမော့ အလင်း ဖြစ်၏။ သို့သော် လင်းယွန်မှ မလှုပ်ချေ။ ခန္ဓာ ကိုယ်ဖြင့် ခံယူလို ပုံရသည်။
“ အဟက် ... ၊ မင်း ... သေချင် နေတာပဲ။ ”
ထိုမြင်ကွင်းကြောင့် ရပ်ကြည့် နေသည့် မိုယွီမှာ ပဟေဠိ ဖြစ်လာစဉ် လင်းယွန် ပခုံးပေါ် ရှိ၊ ကြောင်နက်က မှုန်ဝါး သွားပြီး၊ ပေျာက်ကွယ် သွား၏။
ထို့နောက် နှလုံးကို ထိုးဖောက်ရန် ရည်ရွယ် ထားသော ဓားမြှောင်နှင့် အတူ၊ တောင်းအန်းထံ ဦးတည် ပျံသန်း လာသည်။
“ ထွက် သွား စမ်း ... ။ ”
တောင်းအန်း ခမျာ၊ မျက်နှာ ချင်းဆိုင် အရပ်မှ၊ ရုတ်တရက် တိုးဝင် လာသည့် ကြောင် ကို ကြည့်ပြီး၊ ဓားမော့ဖြင့် ဟန့်တားကာ၊ ပြန်၍ ဆုတ်ခွာ သွားသည်။
“ ထန် ... ထန် ... ။ ”
ဓားမြှောင်နှင့် ဓားတို့ ထိတွေ့ သွားပြီး၊ တောင်းအန်း၏ ညာလက် တစ်ဖက်လုံး ထုံကျင် သွားသည်။
ကြောင်နက် လက်ထဲရှိ၊ ဓားသည် အစွမ်း ထက်လှ သဖြင့်၊ သတိကြီးစွာ ထားရ ပေမည်။ မဟုတ်သော သူ့အသက်ကို ယူနိုင်၏။
တောင်းအန်းသည် ခွန်အား အရာ၌၊ ကြောင်အား အမှန် တကယ် ရှုံးနိမ့်သွား သဖြင့်၊ မိုယွီ၏ မျက်နှာ ပြောင်းလဲ သွား၏။
“ ငါ့ ကြောင်မှာ ဒေါသ ရှိတယ်လို့ ... ၊ ငါပြော ခဲ့တယ် မဟုတ်လား။ ”
လင်းယွန်က အစီရင်ကို ဖြိုဖျက်ရန်၊ မိုယွီထံ ပြေးဝင် လျက်မှ ပြောမိသည်။ ရွေ့လျား နှုန်းမှာ မြန်ဆန် လွန်းသောကြောင့် မိုယွီ တစ်ယောက် အလေး အနက် ထားလာ ရသည်။
သူ့နောက် ကျော၌ မီးပင်လယ်၊ နေမင်း၊ လျှပ်စီးနှင့် ရက်စက် ကြမ်းကြုတ်သော သားရဲ များ၊ စသည့် စုစုပေါင်း ဖြစ်စဉ် (၁၈)ပါး ထွက်ပေါ် လာသည်။
ဖြစ်စဉ် တိုင်းသည် တစ္ဆေ ဝိညာဉ် သိုင်းပညာရပ် များနှင့် နှိုင်းယှဉ် နိုင်ပေ၏။
“ မင်းဟာ ... ၊ နက်ရှိုင်း တောင်ကြားက ဆိုတာ ... ၊ ဝန်မခံ သေး ဖူးလား။ ”
“ ဒါ ... ၊ မင်း သိသင့်တဲ့ အရာ မဟုတ်ဘူး။ ”
မိုယွီမှ ပြန်အော်၏။ ဝိညာဉ် ရေးရာ သူတော်စင် ပန်ချီကား (၁၈)ချပ်က လင်းယွန်ကို လွှမ်းခြုံ လာသည်။
ပထမ သေွးလွှတ်ကြော မဆိုနှင့်၊ မူရွယ်ချင်း သည်ပင်၊ ဤသို့သော တိုက်ခိုက်မှုနှင့် ကြုံတွေ့ရ ပါက၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ နိုင်သည်။
“ တော်ဝင် ... ။ ”
သို့သော် လင်းယွန်က သူ့လက်ဖြင့် စကားပေါင်း လိုက်သည်။ ‘တော်ဝင်’ စာလုံး ထွက်ပေါ်လာ သည်နှင့်၊ ထိုသူတော်စင် ပန်းချီ ကား (၁၈) ချပ်လုံး ပြန်ကန် ထွက်သွား၏။
“ ဘာ လဲ ဟ ... ။ ”
ထိုမြင်ကွင်းက မိုယွီ မျက်နှာကို ဖြူဖျော့ သွားစေ၏။ ပြန်ကန်ထွက် လာသော ပန်းချီကား များကို တားဆီးရန်၊ အမြန် လှုပ်ရှား လိုက်ရသည်။
“ ဖောင်း ... ဖောင်း ဖောင်း ။ ”
သို့သော် ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာပြီး၊ အမျိုးမျိုးသော ဖြစ်စဉ်များ ချက်ချင်း ပျောက်ကွယ် ကုန်၏။
“ မို ယွီ ... ။ ”
တောင်းအန်း တစ်ယောက် မျက်နှာ ပြောင်းလဲ သွားပြီး၊ ကူညီရန် ကြိုးစားလိုက် သော်လည်း၊ သူ့ပြိုင်ဘက် ဖြစ်သည့် ကြောင်နက်မှ ဟန့်တား လာသည်။
၎င်းက ဓားမြှောင်ကို မသုံး တော့ဘဲ၊ လက်သည်း ရှည်များနှင့် ကုပ်ခြစ် လာတော့၏။ ချွန်ထက် လွန်းသောကြောင့်၊ နဂါး မူလ အကာ အကွယ်မှာ၊ အလွယ် တကူ ဆုတ်ပြဲ သွားသည်။
“ ဝိုး ... ၊ အရမ်း မိုက်တယ်၊ သခင် ကြောင်။ ”
နတ်မိစ္ဆာ မှော်ကျားက ပျော်ရွှင် စွာဖြင့်၊ အော်ဟစ် အားပေး လေသည်။ ထိုအချိန်တွင် ထူးထူး ဆန်းဆန်း ပုလွေသံများ ထွက်ပေါ် လာ၏။
“ မင်း ... အဲဒီမှာ ... ၊ ဘာရပ် လုပ်နေ တာလဲ။ ”
လင်းယွန်မှ အော်ငေါက် လိုက် သဖြင့်၊ နတ်မိစ္ဆာ မှော်ကျားမှာ ကျားအသွင် ပြောင်းကာ၊ ထွက်ပြေးရန် ပြင်တော့သည်။
၎င်းက အမြန် နှုန်းအား ကန့်သတ်ချက် အထိ၊ တွန်းထုတ် လိုက်သဖြင့် လင်းယွန်ထက် မနှေး ခဲ့ချေ။
သို့သော် ရုတ်တရက် တောင်ကြီး တစ်လုံး ပြိုကျလာ သလို ဖိအားများ ခံစား လာရ သဖြင့်၊ ပြေးလျက်မှ ညည်းတွား သံ ပြုလိုက် မိသည်။
လင်းယွန်က နောက်ပြန် ဆုတ်ကာ နဂါးလေးနှင့် အတူ၊ သူ့ကျော ပေါ်သို့ ခုန်ချ လာခြင်း ဖြစ်၏။
“ မလိုက် နဲ့တော့... ၊ အဟွတ် အဟွတ် ... ။ ”
မိုယွီက ချောင်းဆိုး လျက်မှ တောင်းအန်းကို ဟန့်တား လိုက်သည်။ ထိုအချိန် ကောင်းကင်မှ လူရိပ် နှစ်ရိပ် ဆင်းသက် လာသည်။
တစ်ယောက်၏ လက်တွင် အရိုး ပလွေကို ကိုင်ဆောင် ထားပြီး၊ နောက် တစ်ယောက်မှာ၊ ခရမ်းရောင် ဝတ်ဆင် ထား၏။
ခရမ်းရောင် ဝတ် လူငယ်မှာ ခန္ဓာကိုယ် ကြံ့ခိုင် သန်စွမ်း လှသည်။ ထိုခရမ်းရောင် ဝတ် လူငယ် မှပင်၊
“ သူက ဘယ်သူလဲ ... ။ ”
-ဟု မေးလာ၏။
“ မသိဘူး ... ၊ သူ့ကိုယ်သူ ဓားဂိုဏ်းရဲ့ တပည့်၊ ရေှာင်ယွင် လို့တော့ ပြောသွား တာပဲ။ ”
မိုယွင်မှ ပြန်ဖြေသည် ။
“ သူ့ကို နည်းနည်း ရင်းနှီး နေသလိုပဲ။ ”
အရိုး ပလွေ ကိုင်ထား သူက၊ လင်းယွန်၏ ကျောပြင်ကို ကြည့်ကာ၊ မျက်လုံးများ မေှးစင်း လျက် ဝင်ပြော လာသည်။
“ ဓားဂိုဏ်းရဲ့ တပည့် ... ။ ”
ခရမ်းရောင် ဝတ် လူငယ် ထံမှ သတ်ပစ်လိုသော ရည်ရွယ်ချက်များ ရုတ်ချည်း ထွက်ပေါ် လာသည်။
“ ဒီကောင် အပြေး မြန်တယ်၊ သူ့ကို ဂရုစိုက် မနေနဲ့၊ ငါ့ဒုက္ခ အတွက် လိပ်နက်ရဲ့ သွေးစက်ကို ယူပြီးရင်၊ ဖြေရှင်း ကြမယ်။ ”
“ ငါက ကျားဘုရင် အရိုး ... ။ ”
တောင်းအန်းမှ ဝင်ပြောသည်။ ၎င်း အပေါ်၊ လက်မလျှော့ လိုသေးချေ။
“ ငါတို့ ကိစ္စတွေ ပြီးရင် ... ၊ သူနဲ့ ထပ်ပြီး ရင်ဆိုင် နိုင်ပါတယ်၊ သူ့သာ ဓားဂိုဏ်းရဲ့ တပည့် ဆိုရင်၊ ဘယ်အရာ ကိုမှ ပိုင်ဆိုင်ခွင့် မပေး နိုင်ဘူး။ ”
ခရမ်းရောင် ဝတ် လူငယ်မှ ဝင်ပြော၏။ ပြီးနောက် လျင်မြန် လွန်းသော အဟုန်ဖြင့် (၄) ယောက်သား၊ ပျောက်ကွယ် သွားသည်။
တစ်ဖက်တွင် ထွက်ပြေး နေသော၊ နတ်မိစ္ဆာ မှော်ကျား ခမျာ၊ အလေး ချိန်ကြောင့် အသက်ရှု ကြပ်လာ သဖြင့်၊
“ သခင် လင်း၊ သခင် ကြောင်၊ ငါတို့ အခု လုံခြုံပြီ မဟုတ်လား။ ”
-ဟု မေးလိုက်သည်။
“ မင်းကို ဒီလောက် မြန်မယ်လို့ မထင် ထားမိဘူး၊ ငါ့ရဲ့ ရွေ့လျားမှု ပညာရပ် ကိုတောင် လိုက်မီတယ်။ ”
လင်းယွန်မှ ပြုံးကာ ပြောပြီး ရပ်ရန် လက်ပြ လိုက်သည်။
“ သခင် လင်း ... မနောက် ပါနဲ့၊ သခင် လင်းနဲ့ ... သခင် ကြောင်ကို၊ ငါ ဘယ်လို လုပ် ယှဉ်နိုင် မှာလဲ။ ”
နတ်မိစ္ဆာ မှော်ကျားသည် ပင်ပန်း လွန် သော်လည်း၊ လင်းယွန်နှင့် နဂါးလေး တို့ကို၊ အောက်ဆင်းရန် မတောင်းဆို ဝံ့ချေ။
လင်းယွန်က အလိုက် တသိနှင့်၊ ခုန်ဆင်း သွားမှ သာလျှင်၊ အသက်ရှူ ချောင် သွားလေ သည်။
“ ဒါနဲ့ ... သခင် လင်းက၊ ဘာလို့ ငါ့ကို လာရှာ တာလဲ။ ”
“ အနောက်ဘက် တောင်တန်း ဆိုတာ မင်းရဲ့ နယ်မြေ မဟုတ်လား၊ ဒါကြောင့် အနှစ် တစ်ရာကျော် မိစ္ဆာ ရောင်ဝါတွေကို၊ ဘယ်မှာ ရှာတွေ့နိုင် မလဲ၊ သိချင် လာလို့ ပါ။ ”
လင်းယွန်မှ ပြန်ဖြေသည်။
“ အနှစ် တစ်ရာ မိစ္ဆာ ရောင်ဝါ။ ”
နတ်မိစ္ဆာ မှော်ကျားက ချက်ချင်း စိတ်မချမ်း မသာ ဖြစ်သွား ဟန်ဖြင့်၊
“ သခင် လင်းက၊ ဒီကျားကို ကြည့်ပြီး အထင်သေး နေတာကိုး၊ အနှစ် တစ်ရာကျော် မိစ္ဆာ ရောင်ဝါ တွေက၊ သခင်လင်း လို လူကို ဘယ်လိုလုပ် အကျိုးပြု နိုင်မှာလဲ၊ အနည်းဆုံး အနှစ် တစ်ထောင်မှ အကျိုးထူး လိမ့်မယ်။ ”
နတ်မိစ္ဆာ မှော်ကျား စကားကြောင့်၊ လင်းယွန်က နှာခေါင်းပွတ် လိုက်၏။ သူ့ကိုယ် သူ အထင် သေးမိ နေပုံ ရသည်။
“ ဟုတ်ပါပြီ၊ ဒါဆို ... နှစ် တစ်ထောင် သက်တမ်း ရှိတဲ့၊ မိစ္ဆာ ရောင်ဝါ တွေကို ဘယ်မှာ ရနိုင် မလဲ။ ”
“ တခြား ကောင်တွေ အတွက်တော့ မလွယ်ဘူး၊ ဒါပေမယ့် ... ဒါက ငါ့ နယ်မြေမို့ ... ၊ ငါ့အပေါင်း အသင်း တွေကို မေးလို့ ရပါတယ်၊ သူတို့က ကောင်းကောင်း သိနိုင်တယ်။ ”
မှော်ကျားမှ ပြန်ဖြေသည်။ လင်းယွန်က ခေါင်းညိတ် လိုက်၏။ သူ၏ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်ကြောင့်၊ လေနှင့် လျှပ်စီးအား အနည်း ငယ်မျှ နားလည် ထားသည်။
ဆိုလို သည်မှာ ရေခဲနှင့် မီး သဘာဝ မိစ္ဆာ ရောင်ဝါများကို ရှာဖွေ ဖမ်းဆီးရာ ၌သာ ခက်ခဲ နိုင်ပေမည်။
“ ကောင်းပြီ သခင်လင်း သဘော တူရင်... ၊ ငါတို့ အခုပဲ သွားကြမယ်။ ”
“ နေဦး ... ၊ အဲဒီ လူတွေက ဘာကိစ္စ ရှိလို့လဲ။ ”
ထွက်ခွာရန် ပြင်နေသော နတ် မိစ္ဆာ မှော်ကျားကို ဟန့်တား လိုက်ကာ လင်းယွန်မှ မေးသည်။
“ ငါလည်း သိပ် မသိဘူး၊ သူတို့က မိစ္ဆာ ကျင့်ကြံသူတွေ ဖြစ်ရမယ်၊ သူတို့ကြောင့် ဘုရင် အဆင့် သားရဲတွေ သေဆုံး ကုန်ကြပြီ၊ ငါတောင် ပုန်းနေတာ ရှာတွေ့ သွားသေးတယ်။ ”
နတ်မိစ္ဆာ မေှာ်ကျားက ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ပြောလာ လေသည်။
“ မိစ္ဆာ ကျင့်ကြံ သူတွေလား။ ”
“ ဟုတ်တယ် ... ၊ သူတို့က တန်ခိုးကြီး ဂိုဏ်းက တပည့်တွေ ကိုတောင် ... ၊ ဂရု မစိုက် ကြဘူး၊ ဖမ်းဆီး ရိုက်နှက် ကြတယ်။ ”
“ ငါ့ ဓားဂိုဏ်းရဲ့ တပည့်တွေ ပါလား။ ”
“ ပါတယ် ။ ”
နတ်မိစ္ဆာ မေှာ်ကျား၏ အဖြေကြောင့်၊ လင်းယွန်၏ မျက်နှာမှာ အေးစက် စက်ဖြင့် တင်းမာ သွားသည်။
ဤနေရာသည် ဓားဂိုဏ်းနှင့် အလွန် နီးကပ်ပေသည်။ အပြေး အလွှား ခရီးနှင် ပါက၊ နေ့ တစ်ဝက်သာ အချိန်ယူ ရ၏။
ထိုအကွာ အဝေး၌ ဓားဂိုဏ်း၏ တပည့် များကို ရိုက်နှက် သတ်ဖြတ်ရန်၊ စဉ်းစား ဝံ့ သည်မှာ သတ္တိ ရှိလွန်း ပေ၏။
မူရွယ်ချင်း ပြောသော တန်ခိုးကြီး ဂိုဏ်း များမှ၊ နှင်ထုတ် ထားသည့် တပည့်များ ဖြစ်ရ ပေမည်။
“ ဒီအပေါ်မှာ သိပ်ပြီး ခံစား မနေ ပါနဲ့၊ နင်သာ အပြေး မမြန်ရင်၊ နင်လည်း အသက်ရှင် နေမှာ မဟုတ်ဘူး။ ”
ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက်ပြီး ပြောသည်။ လင်းယွန် အကြည့်မှာ နဂါးလေးထံ ကျရောက် သွား၏။
“ မင်းလည်း နဂါးသွေး လွှတ်ကြော နယ်ပယ်မှာ မဟုတ်လား၊ နတ်မိစ္ဆာ မှော်ကျားရဲ့ သွေးက၊ မင်းထက် အများကြီး အားနည်းတယ်၊ ဒါနဲ့ တောင် မင်းက ဘာလို့ ... ၊ စကား မပြော ရသေး တာလဲ။ ”
“ ဟမ့် ... ၊ နဂါးလေး စကား မပြောတတ် ဖူးလို့ ဘယ်သူ ပြောလဲ ... ၊ သူက နင့်ကို စကား မပြော ချင်လို့၊ မပြောပဲ နေနေတာ။ ”
ခရမ်းငယ်က နှုတ်ခမ်း စူကာ၊ ဝင်ပြော လာလေသည်။
“ ဒါဆို ပြောကြည့်စမ်း။ ”
“ သခင် ... ။ ”
လင်းယွန် စကားကြောင့် ပြောရန် ပြင်နေသော နဂါးလေး ခေါင်းကို ခရမ်းငယ်မှ ရုတ်တရက် ပိတ် ခေါက်ကာ၊
“ သူ့ကို လူယုတ်မာလို့ ခေါ် ... ။ ”
-ဟု ဝင်ပြင်ပေး လိုက်သည်။
“ တိတ်စမ်း ... ၊ မင်း ငါ့ကို အစ်ကို ကြီးလို့ ခေါ် ... ။ ”
“ ဟုတ်ကဲ့ ... ၊ လူယုတ်မာ အစ်ကိုကြီး။ ”
“ ခစ် ခစ် ခစ် ... ။ ”
နဂါးလေးက နောက်ထပ် အရိုက် မခံ ရအောင် ခရမ်းငယ်ထံ တစ်ချက် ပြန်ကြည့်ပြီး၊ ခေါ်လိုက် သဖြင့်၊ ခရမ်းငယ် ခမျာ၊ သဘော ကျစွာ ရယ်မော လိုက်တော့သည်။
***