← Chapters

နတ်ဘုရား ထိန်းသိမ်းခြင်း တံဆိပ်။

Vol. 114 Ch. 1583

နတ်ဘုရား ထိန်းသိမ်းခြင်း တံဆိပ်။

Vol. 114 Ch. 1583

နာရီဝက် အကြာတွင် လေအေးများ တိုက်ခတ် နေသည့် ချောက်ကမ်းပါး တစ်ခုသို့ ရောက်ရှိ လာ ကြသည်။

ချိုင့်ဝှမ်းမှာ ကျယ်ဝန်းပြီး ချောက်ကမ်းပါး ဝန်းကျင်၌၊ ကျောက်တုံးငယ် များဖြင့် ပြည့်နှက် နေချေ၏။

“ သခင် လင်း ... ၊ အနှစ် တစ်ထောင် လေမိစ္ဆာ ရောင်ဝါကို လိုချင်ရင် ... ၊ ဒီချို့ဝှမ်း ထဲကို ဆင်းမှ ရလိမ့်မယ်။ ”

နတ်မိစ္ဆာ မှော်ကျားမှ ပြောသည်။ ပတ်ပတ်လည်ကို ဝေ့ကြည့် လိုက်သော အခါ၊ ထူးခြားမှု တစ်စုံ တစ်ရာ မတွေ့ ရချေ။

ချိုင့်ဝှမ်း အတွင်း လေတိုးသံ များမှာ၊ တစ္ဆေ အူသံများ ကဲ့သို့၊ အဆက် မပြတ် မြည်ဟည်းနေ သည်။

“ ဒါ ... နေရာ မှန်ပဲ၊ လေမိစ္ဆာရဲ့ ပြင်းထန်တဲ့ ရောင်ဝါကို ... ၊ ငါ ခံစား မိတယ်။ ”

ခရမ်းငယ်မှ လေးနက်သော အမူ အရာဖြင့် ခေါင်းညိတ်ပြ လာသည်။ “ ငါ ခရမ်းငယ်နဲ့ သွားမယ်၊ နဂါးလေး မင်း ဒီမှာ နေခဲ့။ ”

“ ဟုတ်ကဲ့ ... ၊ အစ်ကိုကြီး။ ”

နဂါးလေးက နာခံမှု ရှိရှိဖြင့်၊ ခေါင်းညိတ် ပြသည်။ လင်းယွန်နှင့် ခရမ်းငယ်တို့ နှစ်ဦးက ကမ်းပါး ပေါ်မှ၊ လှစ်ခနဲ ခုန်ဆင်း တော့၏။

လေပြင်း များက၊ သူတို့ နှစ်ယောက် ခန္ဓာကိုယ်ကို ကာကွယ် ထားသည့်၊ နဂါး မူလ အလွှာအား၊ ပျက်စီး သွားစေ ခဲ့သည်။

“ သခင် ကြောင်၊ မင်း မဆင်း ဖူးလား။ ”

ရုတ်တရက် ခုန်ချ သွားသော လင်းယွန် တို့ကြောင့်၊ နတ်မိစ္ဆာ မှော်ကျားမှာ မျက်လုံး ပြူး သွား၏။ ပြီး နဂါးလေးထံ လှည့်မေးသည်။

“ မင်းကို စောင့်ကြည့်ဖို့ ငါမှာ တာဝန် ရှိတယ်၊ တစ်ခုခု မှားသွားရင်၊ မင်းကို အရင်ဆုံး သတ်ပစ် ရမယ်။ ”

နဂါး လေးက နတ်မိစ္ဆာ မှော်ကျားကို ပြန်ကြည့်ကာ ဖြေလိုက်၏။ ထိုစကားကြောင့် နတ်မိစ္ဆာ မှော်ကျားမှာ၊ မပြုံးနိုင် တော့ဘဲ၊

“ သခင် ကြောင် ... ၊ မင်း ငါ့ကို အပြစ် တင်လို့ မရဘူး။ ”

“ ဟဲဟဲ ... စိတ်မပူနဲ့၊ ငါက ဦးနှောက် ရှိ ပါတယ်၊ ပြောပါဦး ဒီအနီး အနားမှာ ရတနာတွေ ရှိသလား၊ မင်းကို ဝေစု ပေးမယ် ... ။ ”

“ အိုး ... ရှိတယ်၊ ရှိတယ် ... ။ ”

နတ်မိစ္ဆာ မှော်ကျားက ပျော်ရွှင် စွာဖြင့်၊ ပြောပြ လာသည်။ ထိုအချိန်တွင် လင်းယွန်နှင့် ခရမ်းငယ်မှာ မြေပြင်ပေါ် ရောက်ရှိ သွား၏။

“ ဝူး ... ။ ”

မြေပြင်၌ လေပြင်း များမှ လွဲ၍ မည်သည့် အရာမှ မရှိချေ။ မျက်ဝန်း ကိုပင် ခက်ခက် ခဲခဲ၊ ဖွင့်ကြည့် နေရသည်။

“ ဘယ်လိုတောင် ပြင်းလိုက်တဲ့ လေလဲ ... ။ ”

“ မိစ္ဆာ ရောင်ဝါ တွေက ဒီလို ပါပဲ၊ သူတို့က ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ၊ မွေးဖွား လာကြ တာမို့၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တွေတောင်၊ ...

... မစွန့်စား ချင်ကြဘူး၊ ဒါကြောင့် ... ၊ သူတို့ရဲ့ သက်တမ်းက ... ၊ နှစ်ပေါင်း များစွာ တည်မြဲ နေရ တာ ... ။ ”

ခရမ်းငယ်မှ ရှင်းပြ လေသည်။ နှစ်ယောက်သား ချိုင့်ဝှမ်း အလယ်သို့ ဦးတည် သွားမိ၏။

ပေ ထောင်ပေါင်း များစွာ မြင့်သော လေကတော့ကြီး တစ်စင်းက၊ သူတို့နှင့် မီတာ ထောင် ဂဏန်း အကွာ၌၊ တိုက်ခတ် နေသည်။

“ ဝှစ် ... ။ ”

လင်းယွန်က သူ့ အိတ်ဆောင် အတွင်းရှိ သူတော်စင် ပစ္စည်း တစ်ခုကို ထုတ်ယူကာ ပစ်သွင်း ကြည့်လိုက်သည်။

ထိုသူတော်စင် ပစ္စည်းသည် လေကတော့ ကြီးနှင့် ထိတွေ့ သွားချိန်၌၊ သူတော်စင် ရူရ်များ ကွဲအက် ကုန်တော့၏။

“ ဝှစ် ... ။ ”

သည့်နောက် အပိုင်းအစ တစ်ခုက ခရမ်းငယ်ထံ ပြန်လည် လွင့်စဉ် လာသဖြင့်၊ လက် ဆန့်ထုတ်ကာ၊ ဖမ်းယူ လိုက်သည်။

သို့သော် ထိုအပိုင်း အစသည်၊ သူ့နဂါး မူလကို ဆုတ်ဖြဲပြီး၊ သူ့လက်ချောင်း များအား ဒဏ်ရာ ရလာ စေ၏။

“ နည်းနည်း ဒုက္ခ ဖြစ်မယ် ထင်ပဲ။ ”

လင်းယွန်မှ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ ဒါက ... ၊ နှစ် ရှစ်ထောင် လေမိစ္ဆာ ရောင်ဝါပဲ၊ ဒီလို အတင်း အကြပ် ယူလို့ မရဘူး။ ”

ခရမ်းငယ်က ပြောသည်။

“ ဟုတ်လား ... ၊ ငါ စမ်းကြည့် ဦးမယ်။ ”

လင်းယွန်မှ မယုံသဖြင့်၊ ရွေ့လျားမှု နည်းစနစ်အား ထုတ်ဖော် လိုက်ပြီး၊ အရိယာ ကောင်းကင် ဓားကို ထုတ်လျက် လေကတော့ အတွင်း၊ ပြေးဝင် သွားသည်။

လေကတော့ အတွင်း ရောက်သည်နှင့်၊ ခန္ဓာကိုယ်ကို ထိန်းချုပ် နိုင်စွမ်း ကင်းမဲ့ လာကာ၊ ပတ်ဝန်းကျင်အား မမြင်နိုင် တော့ချေ။

“ ကွဲ ထွက် စမ်း ... ။ ”

လက်ဖဝါး ဝှေ့ယမ်း လျက်၊ ရှေးဟောင်း ‘ကောင်းကင်’ ဟူသော စကားလုံးအား ဖွဲ့စည်း ပစ်လိုက်၏။

ထိုစကား လုံးက လေကတော့ကို ဖြိုခွင်း လိုက်ရာ၊ အဖြူရောင် အလင်း အငွေ့ အသက် တစ်ခု ထွက်ပေါ် လာသည်။

၎င်းမှာ စက်ဝန်းပုံ သဏ္ဍာန် မျက်နှာ တစ်ခု ဖြစ်ပြီး၊ နှာခေါင်းနှင့် ပါးစပ်သာ ပါရှိသည်။

“ တွေ့ ပြီ ... ။ ”

နဂါး ထွက်သက်အား ထုတ်ဖော် လျက်၊ ထိုအဖြူရောင် စက်ဝန်းကို၊ (အနှစ် တစ်ထောင် လေ မိစ္ဆာကို) စုပ်ယူ ဖမ်းဆီး လိုက်၏။

၎င်းစက်လုံး၌ စွမ်းအား ရှိပြီး၊ ရုန်းကန်ကာ ထွက်ပြေးရန် ပြင်နေ သဖြင့်၊ နဂါးပြာ အရိုးကို အသက်သွင်း လိုက်ရသည်။

လက်ဖဝါး၌ နဂါး ရူရ်များ ပေါ်လာပြီး၊ လေမိစ္ဆာကို ဆက်လက် ချုပ်နှောင် ထားတော့ ၏။ နဂါး ရူရ် (၄၀၀၀၀) ပြည့်ချိန်၌ အဖြူရောင် လေမိစ္ဆာမှာ၊ ရုန်းကန် နိုင်စွမ်း မရှိ တော့ဘဲ ဆွဲငင်မှုနောက် လိုက်ပါ လာလေသည်။

သို့သော် လက်ဖဝါးဖြင့် ဖမ်းဆုပ် ခါနီးတွင်၊ အဖြူရောင် လေမိစ္ဆာမှာ ချက်ချင်း ပျောက်ကွယ် သွားတော့၏။

“ ဘာ လဲ ... ။ ”

လင်းယွန် တစ်ယောက် အံ့သြ နေစဉ်၊ လေမိစ္ဆာက ပေ (၁၀၀၀) မြင့်သော လေဝဲကြီး (၉) စင်း အဖြစ်၊ ပြောင်းလဲ ထွက်ပေါ် လာသည်။

ထို့ကြောင့် လင်းယွန်၏ နဂါး လက်သည်း ကြီးမှာ၊ ကြေမွသွား တော့၏။ လေဝဲ (၉)စင်းက ဆက်လက် ကြီးထွား လာပြီး၊ လင်းယွန်၏ ဓားရောင်ဝါကို တိုက်စား လေသည်။

ရွှေကျီးကန်း တောင်ပံ တစ်စုံကို ဆင့်ခေါ်လျက်၊ ချက်ချင်း ရှောင်တိမ်း လိုက်ရ ၏။ သို့သော် လေဝဲကြီး (၉) စင်းက၊ အသက်ရှိ သကဲ့သို့၊ သူ့အား ပိတ်ဆို့ လာပြန်သည်။

“ ရွှပ် ... ။ ”

ထို့ကြောင့် ဓားကို ဆွဲထုတ်ပြီး၊ ပေ တစ်ရာ ရှည်သော ဓားရောင်ခြည်ဖြင့် ပစ်လွှတ် ဖျက်ဆီး မိသည်။

ဤတစ်ကြိမ်၌ အမည်ခံ ကောင်းကင် အမိုးဓားကို ပေါင်းစပ် လွှတ်ထုတ် လိုက်ခြင်း ဖြစ်၏။ သို့သော် လေဝဲကြီး (၉) စင်းကို မဖျက်ဆီး နိုင်ချေ။

“ မရ ဖူးလား ... ။ ”

အံ့ဩ သွားစဉ်၊ လေဝဲကြီး (၉) စင်းက သူ့အပေါ် ထပ်မံ ကျရောက် လာ၏။ ထို့ကြောင့် ပါးစပ်မှ သွေးအန်လျက်၊ အဝေးသို့ လွင့်စဉ် သွား ရသည်။

နံရိုးများ ကျိုးကြေ သွားသဖြင့်၊ အသည်း ခိုက်အောင် နာကျင် လှ၏။ ထို့စဉ် ဝန်းကျင်ရှိ ကျောက်တုံးများ ပျံဝဲ လာပြီး၊ လေလက်သီး အဖြစ် စုရုံးလာ ပြန်သည်။

“ ဝူး ... ။ ”

ထိုလက်သီး ကြီးမှာ၊ မည်သည့် အရာကို မဆို၊ ထိုးခွဲ နိုင်သည် ဟူသော ခံစားချက် မျိုး ပေးစွမ်း လေသည်။

သူ့ အတွင်း ပါရှိသော စွမ်းအားမှာ ကြောက်စရာ ကောင်း၏။ ထင်မြင် ယူဆချက် အရ၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် ထက်ပင်၊ သာလွန် နေသည်။

ယင်းက လင်းယွန် မျက်နှာအား၊ ပြောင်းလဲသွား စေ၏။ ခရမ်းငယ် စကား မှန် ချေပြီ။ လေမိစ္ဆာသည် နဝမမြောက် သွေး လွှတ်ကြော နယ်ပယ်နှင့် ညီနေ၏။

၎င်း၌ အသိဉာဏ် မရှိ လျှင်ပင်၊ လက်ရှိ ခွန်အား အရ၊ အနိုင် ယူရန် နည်းလမ်း မရှိခေျ။ ထို့ကြောင့် ဒုက္ခရောက် နေသည်ကို၊ ရပ်ကြည့် ဝံ့သည် လောဟု၊ အတွေး ဝင်လျက်၊ ခရမ်းငယ် အား လှည့်ပတ် ရှာမိသည်။

ထိုအချိန်တွင် ခရမ်းငယ်မှာ အလင်းများ ဖြာလျက်၊ လေပေါ် ပျံဝဲ နေသည်ကို တွေ့လိုက် ရသည်။

သူမ လက်များက တံ ဆိပ် တစ်ခုကို ဖန်တီးနေ သဖြင့်၊ နတ်ဘုရား တစ်ပါး ကဲ့သို့၊ ရောင်ဝါများ ဖြာထွက် လာ၏။

“ ဝုန်း ... ။ ”

“ ခရစ် ... ။ ”

တံဆိပ်ကို ပစ်လွှတ် လိုက်ချိန်၌၊ လေစုပ်ဝဲကြီး (၉) စင်းမှာ၊ အက်ကွဲ သွားတော့ သည်။

လင်းယွန်က ချက်ချင်း ထရပ်ကာ၊ ‘ပျက်စီးခြင်း ဓားပုံစံ’ဖြင့် ကူညီပေး လိုက်သည်။ ယင်းကြောင့် အက်ကွဲ ကြောင်းများ ပိုကျယ် လာပြီး၊ အလင်းဖြူ စက်လုံး အသွင် ပြန်ဖြစ် သွား၏။

“ အဲဒီမှာ နေ။ ”

ကောင်းကင်သို့ ပျံတက် ထွက်ပြေးရန် ပြင်နေသော လေမိစ္ဆာကို ခရမ်းငယ်မှ ပိတ်ဆို့ ဟန့်တား လိုက်သည်။

လက်ကို ဝှေ့ယမ်း လိုက်သော အခါ၊ လေစုပ်ဝဲ တစ်ခု ပေါ်လာပြီး၊ လေမိစ္ဆာအား စုပ်ယူ တော့သည်။

“ ဒီလောက် လွယ်တာကို ... ၊ မင်း ဘာလို့ ရပ်ကြည့် နေရ တာလဲ။ ”

လင်းယွန်မှ မေးသည်။

“ ဟမ့် ... ဘာဖြစ်လဲ၊ နင် ... ဒုက္ခ ရောက်တာ၊ ငါ ... ရောက်တာမှ မဟုတ်တာ၊ မဟုတ်ရင် ... ငါ့ တန်ဖိုးကို၊ နင် သိမှာ မဟုတ်ဘူး။ ”

ခရမ်းငယ် အဖြေကြောင့် လင်းယွန်မှာ ကူကယ်ရာမဲ့ သွားသည်။ လေ လက်သီးကြောင့် သေလု နီးပါး ကြုံထား ရသဖြင့်၊ စကား ပြောချင်စိတ် ကုန်ခမ်း လာ၏။

သို့သော် လေထဲရှိ ခရမ်းငယ်၏ တံဆိပ်ကို ပြန်၍ သတိရ သွားသည်။ ၎င်းမှာ လေမိစ္ဆာအား ကိုင်တွယ်ရန်၊ ရည်ရွယ် ထားကြောင်း သူ ပြော နိုင်၏။

“ အဲဒီ တံဆိပ်က ... ။ ”

“ ဟုတ်တယ် ... ၊ ငါက နတ်သားရဲ တစ်ကောင် ဖြစ်လို့၊ သဘာဝ ဝိညာဉ် တွေကို ကိုင်တွယ်တဲ့ နေရာမှာ ... ၊ နည်းလမ်း တွေ အများကြီး ရှိတယ်၊ စောစောက တံဆိပ်ကို ...

... နတ်ဘုရား ထိန်းသိမ်းခြင်း တံဆိပ်လို့ ခေါ်တယ်၊ ငါ သန်မာစဉ် တုန်းက ... ဒီတံဆိပ်နဲ့ သဘာဝ မိစ္ဆာတွေ အများကြီး ဖမ်းဖူးတယ်။ ”

“ အထင်ကြီး စရာပဲ၊ ဒါနဲ့ ... အခု လေမိစ္ဆာ ဘယ်မှာလဲ။ ”

“ လောလောဆယ် ... ငါပဲ သိမ်းထား လိုက်မယ်၊ နင့်ရဲ့ သိုလှောင် လက်ကောက်မှာ သိမ်းထားလို့ မရ သလို၊ ချက်ချင်းလည်း နင် အသုံးပြုလို့ မရသေး ပါဘူး။ ”

ခရမ်းငယ်မှ သူ့အား၊ လက်စားချေ နေမှန်း လင်းယွန် သိလိုက်သည်။ သူတော်စင် နဂါးသွေး ရည်ကြည်ကို (၅)ရက်ခန့် လက်ဝယ် ထိန်းသိမ်း ထားခဲ့ သည့် အပေါ်၊ သူမ မေ့ပုံ မရချေ။

“ ပြန်ကြ မလား။ ”

ခရမ်းငယ်မှ ညစ်ကျယ် ကျယ်ဖြင့် မေးလေရာ၊ လင်းယွန်က ခေါင်းညိတ်ပြ လိုက် လေသည်။

“ သွား မယ်။ ”

ရွှေကျီးကန်း တောင်ပံများ ဆင့်ခေါ်ကာ၊ ခရမ်းငယ်ကို ဖမ်းဆွဲပြီး၊ ချောက်ကမ်းပါး အပေါ်၊ ပျံတက် လိုက်သည်။

လေမိစ္ဆာ မရှိတော့ သဖြင့်၊ လေပြင်း များက သူတို့အား မဟန့်တား နိုင်တော့ဘဲ၊ ကမ်းပါးပေါ် လွယ်ကူစွာ ပြန်ရောက် လာ၏။

“ သခင် လင်း၊ သခင် ဖီးနစ်၊ မင်းတို့ နှစ်ယောက် အဲဒီ ... ၊ လေမိစ္ဆာ ကြီးကို ဖမ်းမိ လိုက်လား။ ”

မြန်လွန်း သောကြောင့်၊ နတ်မိစ္ဆာ မှော်ကျားမှာ အံ့ဩပြီး၊ လင်းယွန်တို့ နှစ်ဦးကို ကြည့်လေသည်။

“ အင်း ... ။ ”

ခရမ်းငယ်မှ ခေါင်းညိတ် ပြသည်။

“ အိုး ... သခင် ဖီးနစ်က တကယ့်ကို အထင် ကြီးစရာ ကောင်းတာပဲ။ ”

“ မင်း မဆိုးဘူး၊ အမှန်ကို မြင်တတ်တယ်။ ”

ခရမ်းငယ်မှ ဝင့်ကြွား စွာဖြင့်၊ မှော်ကျား၏ ချီးကျူး စကားကို ခံယူသည်။ လင်းယွန်က နဂါး လေးကို သတိရ လာပြီး၊

“ နဂါးလေး ဘယ်မှာလဲ။ ”

-ဟု မေးလိုက် မိသည်။

“ အဟီး ... ၊ သခင် ကြောင်က ရတနာတွေ လိုက်ရှာ နေတယ်။ ”

မထွက်ခွာခင် နဂါးလေးမှ၊ သူ့အား ရတနာ (၃၀%) ပေးမည်ဟု ကတိ ပေးထား သည်အား၊ သတိ ရလာပြီး၊ ပြုံးရွှင် သွားမိ၏။

ဤနေရာ၌ စောင့်ကြည့် နေခဲ့ရန် ညွှန်ကြားခြင်း မရှိက၊ သူ သည်လည်း လိုက် သွားမိ ပေမည်။

“ နဂါးလေး ကတော့ တကယ် မလွယ်ဘူး ။ ”

ခရမ်းငယ်မှ မျက်ခုံးပင့်ကာ မှတ်ချက် ချ လိုက်သည်။

“ ဒါဆိုလည်း မီးမိစ္ဆာဆီ ... ဆက်သွား ရအောင်။ ”

လင်းယွန်က ခေါင်းညိတ်လျက်၊ ပြော လိုက်၏။ နေ့ဝက် အတွင်း မီးမိစ္ဆာနှင့်၊ လျှပ်စီး မိစ္ဆာ တို့အား၊ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည်။ အဆုံး၌ ရေခဲ မိစ္ဆာကို ဖမ်းဆီး ရန်သာ ကျန် တော့၏။

“ ရေခဲ မိစ္ဆာက ... ၊ စိမ့်ရေကန် ထဲမှာ ရှိတယ်။ ”

နတ်မိစ္ဆာ မှော်ကျား၏ စကားကြောင့် လင်းယွန်မှ ပြုံးမိသည်။ နောက်ဆုံး၌ လှည့်ပတ် ရှာဖွေ နေရ သော ဒုက္ခ၊ ပြီးဆုံး တော့မည် ဖြစ်သည်။

ထို့ပြင် ၎င်းစိမ့် ရေကန်၌ သူ့ပန်းတိုင် ဖြစ်သော၊ ကောင်းကင် တော်ဝင် နတ်လိပ်ငယ် ရှိလေသည်။

“ ဒီလောက် ပျော်မနေနဲ့၊ နတ်ဘုရား ထိန်းသိမ်းခြင်း တံဆိပ်က၊ အဲဒီ နတ်လိပ် အပေါ် သက်ရောက်မှု မရှိဘူး။ ”

ခရမ်းငယ်မှ စိုးရိမ် စိတ်ဖြင့် သတိ ပေးလေသည်။

“ အဲဒီ အတွက် စိတ်မပူ ပါနဲ့၊ မလာခင် ကတည်းက ငါမှာ ပြင်ဆင်မှုတွေ လုပ်ထား ပါ သေးတယ်။ ”

လင်းယွန်မှ ယုံကြည်မှု အပြည့်နှင့် ရင်ဘတ်ကို ပုတ်ကာ၊ ပြုံးလျက် ပြန်ပြော လိုက် လေသည်။

***

All Chapters