← Chapters

ဘယ်သူပဲ လာလာ ... ။

Vol. 114 Ch. 1584

ဘယ်သူပဲ လာလာ ... ။

Vol. 114 Ch. 1584

စိမ့်ရေကန် ဟူသည် ခြောက်သွေ့ တောင်တန်း ကြီး၌၊ အန္တရာယ် များသော ဒေသ ဖြစ်၏။ ထိုအရပ်သို့ ရောက်ရန်ပင်၊ အတော် အားထုတ် ရပေမည်။

ခရီးဝေး စဉ်မှာ ဝေးကွာသည် သာမက၊ လမ်းတစ်လျှောက် အစွမ်း ထက်သော နတ်ဆိုး သားရဲ များနှင့်၊ ရင်ဆိုင် ရနိုင်၏။

ကံမကောင်း ပါက၊ လောက နိယာမ နယ်ပယ် သားရဲ များဖြင့် တွေ့ဆုံကာ၊ သေဆုံး နိုင်ချေ ရှိသည်။

မှောင်မိုက်သော တောအုပ်ကြီး ထဲ၌ လူရိပ်များ ပျံသန်း နေကြ၏။ ၎င်းတို့ အားလုံး နဂါး သွေးလွှတ်ကြော နယ်ပယ်တွင် ရှိကြပြီး၊ အဖွဲ့၏ ခေါင်းဆောင်မှာ၊ တတိယ သွေးလွှတ်ကြော ဖြစ်သည်။

“ ဒါက ... ၊ နောက် တစ်ဖွဲ့ပဲ။ ”

လင်းယွန်က မျက်ခုံးပင့်ပြီး၊ ပုန်းအောင်း နေရာမှ လှမ်းထွက်သည်။ ထိုအဖွဲ့ကို ဦးဆောင် သူမှာ၊ တတိယ သွေး လွှတ်ကြော နယ်ပယ်၊ အထွတ် အထိပ်တွင် ဖြစ်၏။

ကောင်းကင် ရေကန် ဧည့်ခံပွဲ၌၊ အနိုင်ယူ ခဲ့သော လောယွမ်သည်၊ တတိယ သွေးလွှတ် ကြော တွင်သာ ဖြစ်သည်။

ထို့ကြောင့် အထွတ် အထိပ် တတိယ သွေးလွှတ်ကြောနှင့် ရင်ဆိုင် ရပါက၊ ၎င်းတို့ကို အနိုင် မယူနိုင် သော်မှ၊ ထွက်ပြေးရန် ယုံကြည် ချက် ရှိ၏။

“ လိပ်နက် သွေးက ... ၊ တခြား အသုံးဝင် တာတွေ ရှိသေးလား၊ သူတို့က ငါတို့ သွားကြမဲ့၊ စိမ့်ရေကန်ဆီ ဦးတည် နေကြတယ်။ ”

“ ရှိတယ် ... ၊ တတိယ၊ ဆဋ္ဌမနဲ့ နဝမ ဒုက္ခ တွေကို ခံယူတဲ့ အခါ ကျရင်၊ အရမ်း အန္တရာယ် များတယ်၊ ကျရှုံးရင် သေခြင်းပဲ၊ လိပ်နက် သွေးက ဒါကို ကူညီ ပေးနိုင်တယ်။ ”

ခရမ်းငယ်မှ ပြန်ဖြေ၏။

“ ဒါကို အစ်မ မူက၊ ဘာလို့ ငါ့ မပြော ရတာလဲ။ ”

“ နင် ... မေးလို့လား။ ”

“ အမ် ... ။ ”

“ ဟုတ်တယ်လေ ... ၊ သူ့အမြင်မှာ နင်က ဒုက္ခကို ဖြတ်ကျော်ဖို့၊ ပြင်ဆင် နေတယ် ထင်ပြီး၊ မပြောပြ လိုက်တာ ... ။ ”

“ အင်း ... ဖြစ်နိုင်တယ်။ ”

“ တကယ်တော့ ... ဒီလိပ်နက် သွေးကို၊ နင်လည်း ရဖို့ လိုတယ်၊ ကြယ်စွမ်းအင် အားလုံး နဂါး မူလ စွမ်းအင် အဖြစ်၊ ပြောင်းလဲ နိုင်တယ် ဆိုတာက၊ ...

... ကြောက်စရာ အရမ်း ကောင်းတယ်၊ ဒါကြောင့် နင့်ရဲ့ တတိယ ဒုက္ခက၊ တခြား လူ တွေထက်၊ ပိုပြင်းမှာ အသေ အချာပဲ။ ”

ခရမ်းငယ် စကားကြောင့် လင်းယွန် မျက်နှာမှာ လေးနက် သွားသည်။ သူသည် အောင်မြင်မှုများ ရယူရန် လမ်းကြောင်းပေါ် ရောက်နေ သည်ဟု ခံစား မိ၏။

“ လိပ်နက်ရဲ့ သွေးနဲ့ ... ၊ ဒုက္ခကို ဖြတ်ကျော်ပြီး၊ နတ်လိပ် အသွင်ပြောင်း ခြင်းကို၊ ကျင့်ကြံလို့ ရနိုင်ဦး မလား။ ”

ကလေး သည်သာ၊ ရွေးချယ်ခွင့် ရှိပါက၊ တစ်ခုကို ရွေးမည် ဖြစ်ပြီး၊ လူကြီး များသည် ရသမျှ အကုန် လိုချင် ပေမည်။

“ ဟား ဟား ဟား ... နင်က တကယ် လောဘ ကြီးတာပဲ။ ”

“ ဘာလို့လဲ ... ၊ မဖြစ်နိုင် ဖူးလား။ ”

“ အင်း ... ၊ အဲဒီ လိုတော့ အတိ အကျ မဟုတ်ပါဘူး။ ”

“ ဒါဆို ပြောပါဦး ... ။ ”

“ နင်သာ သူ့အဖေ ဆိုရင် ရနိုင်တယ်။ ”

“ အမ် ... ။ ”

ဤသည်မှာ သူ့အား ကျိန်ဆဲခြင်း မည်၏။ တော်ဝင် နတ်လိပ် သည်သာ သူ့အား ဖြစ်ပါက၊ ၎င်းမိခင်ကို ယူထားခြင်း မည်သည်။

“ ခစ် ခစ် ခစ် ... ၊ ဘာလဲ ယူဖို့ စဉ်းစား နေတာလား၊ မစဉ်းစားနဲ့၊ နတ်လိပ် တွေက နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်သွားရင်၊ အရမ်း အစွမ်း ထက်တယ်။ ”

“ သွား ရ အောင်။ ”

ထိုစကားကို လင်းယွန်မှ ယုံမှား သံသယ မဝင်ချေ။ သစ်ပင် ပေါ်မှ ခုန်ဆင်းပြီး နတ်မိစ္ဆာ မှော်ကျားပေါ် တက်ထိုင်လျက်၊

“ လမ်း ပြ ဦး။ ”

-ဟု အမိန့် ပေးလိုက်သည်။

စိမ့်ရေကန် ခရီးမှာ ဝေးနေ သေးသည်။ လမ်းတစ်လျှောက် နတ်ဆိုး သားရဲ များစွာနှင့် ဆုံနိုင်၏။

ထို့ကြောင့် နတ်မိစ္ဆာ မှော်ကျားကို စီးနင်းခြင်းဖြင့်၊ ၎င်းတို့အား ကျော်လွှားပြီး ဖြစ်ပေ လိမ့်မည်။

ရုတ်တရက် မှောင်မည်း နေသော ကောင်းကင်၌၊ မီးရှူး မီးပန်းများ လင်းထိန် လာ လေသည်။ ဤသည်မှာ ဓားဂိုဏ်း၏ သင်္ကေတ ဖြစ်၏။

ယင်းကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။ ဓားဂိုဏ်း၏ တပည့်များ အန္တရာယ် ကျရောက် နေသည့်၊ လက္ခဏာ ပေပင်။

“ ဝှစ် ... ။ ”

နတ်မိစ္ဆာ မှော်ကျား၏ ကျောပေါ်မှ ခုန်ဆင်းလျက်၊ ထိုအရပ်သို့ တဟုန်ထိုး ပျံသန်း သွားမိ တော့သည်။

မီးရှူး မီးပန်း ပစ်လွှတ်ရာ အရပ်၌ ဓားဂိုဏ်း၏ တပည့် တစ်ဦးသည် ရန်သူနှင့် မျက်နှာချင်း ဆိုင်ရပ် နေသည်။

နောက်ထပ် ရန်သူ တစ်ယောက်မှာ၊ တိုက်ပွဲကို ဘေးမှ ရပ်ကြည့်၏။ အတိ အကျ ဆိုရသော် ဝိညာဉ် ရေးရာ အစီရင် တစ်ခုဖြင့်၊ သူ့အား ပိတ်ဆို့ပေး ထားခြင်း ဖြစ်သည်။

ဓားဂိုဏ်း၏ တပည့်မှာ၊ ပထမ သွေး လွှတ်ကြော ၌သာ ရှိပြီး၊ ၎င်း၏ ပြိုင်ဘက်မှာ၊ တတိယ သွေးလွှတ် ကြောတွင် ဖြစ်၏။

ဆိုလို သည်မှာ ရန်သူ နှစ်ယောက်သည် ဓားဂိုဏ်း တပည့်အား၊ စော့ကစား နေခြင်း ဖြစ် လေသည်။

“ ဒီနှစ်ယောက် ပဲလား။ ”

၎င်းတို့ နှစ်ဦးမှာ တောင်းအန်းနှင့် မိုယွီတို့ ဖြစ်နေသည်။ ဓားဂိုဏ်း၏ တပည့် ဖြစ်သူသည် အရိယာ တောင်ထိပ်မှ၊ ချန်လင်း ဖြစ်ပြီး၊ သူနှင့် တစ်ကြိမ် တိုက်ခိုက် ဖူး၏။

“ ကြည့်ရတာ ဓားဂိုဏ်းရဲ့ တပည့်တွေ မရှိတော့ဖူး ထင်တယ်၊ သူ့ကို သတ်လိုက် ရမှာ၊ ပျင်းစရာ ကောင်းလိုက်တာ။ ”

မိုယွီက ဘေးမှ နေ၍ ပြုံးကာ ပြော လာသည်။

“ အရေး မကြီး ပါဘူး၊ ငါ နည်းနည်း ကြာကြာ ထပ်ကစား လိုက်ဦးမယ်၊ ဓားဂိုဏ်းရဲ့ တပည့် တွေနဲ့ တွေ့ရင်၊ လွယ်လွယ် သေခွင့် မပေး နဲ့လို့၊ အစ်ကို ကြီးက မှာထားတယ်။ ”

တောင်းအန်းက ဓါးရောင်ခြည်ကို ထုတ်လွှတ်ပြီး၊ ချန်လင်းအား အဝေးသို့ တွန်း ထုတ်ကာ ပြုံးလျက် ပြန်ပြော လာသည်။

“ အားနည်း လိုက်တာ။ ”

ထို့နောက် ချန်လင်းအား အထင် သေးသော အကြည့်ဖြင့် လှောင်ပြောင်ပြီး၊ နဂါး သုံးကောင် ကို ဆင့်ခေါ် လိုက်သည်။

ယင်းကြောင့် ချန်လင်းမှာ စိတ်ပျက် အားငယ် လာ၏။ သည်နေ့ သူ အသတ် ခံရ တော့ မည်မှန်း၊ သိလိုက်သည်။

“ ကောင်လေး ... ငါတို့ နည်းနည်းလောက် ကစား ရအောင်၊ ငါ ဒီမှာ ရပ်နေမယ်၊ မင်း ငါ့ကို လက်သီးနဲ့ ထိအောင် ထိုးနိုင်ရင်၊ မင်းကို ကောင်းကောင်း သေခွင့် ပေးမယ်။ ”

တောင်းအန်းမှ ကောက်ကျစ်စွာ ပြုံးပြီး ပြောလိုက်သည်။

“ မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်၊ ဓားဂိုဏ်းက ငါ့ အတွက် ... ၊ လက်စားချေ ပေး လိမ့်မယ်။ ”

ချန်လင်းမှ အံကြိတ်ကာ ပြန်ပြော မိလေသည်။

“ ဟား ဟား ဟား ၊ မင်း တော်တော် ခေါင်းမာတယ်၊ ဓားဂိုဏ်းရဲ့ တပည့် တွေက ခေါင်းမာ တယ်လို့၊ သတင်းကြီး နေတာ အမှန် ပါပဲလား၊ ကောင်းပြီ မင်းဘယ်လောက် ခေါင်းမာ နိုင်မလဲ ကြည့်ဦးမယ်။ ”

တတိယ သွေးလွှတ်ကြော ရောင်ဝါဖြင့်၊ ချန်လင်း၏ ဓားရောင်ဝါကို ဖိနှိပ်ကာ၊ လှောင် ပြုံး ပြုံးလျက်၊

“ ဒူး ထောက် ... ။ ”

-ဟု အမိန့် အပေး လိုက်သည်။

“ ဝေါ့ ... ၊ ဓားဂိုဏ်းရဲ့ တပည့်ကို အရှက်ခွဲလို့ မရဘူး။ ”

ချန်လင်းက သွေး တစ်လုတ် အန်ကာ၊ အံကြိတ် ငြင်းဆန် လေသည်။ ယင်းကြောင့် တောင်းအန်း မျက်နှာ ပြောင်းလဲ သွား၏။

“ ပြောတာ ကောင်းတယ်။ ”

ရုတ်တရတ် ကျေနပ်သော လေသံဖြင့်၊ လင်းယွန်မှ ဝင်ပြော လိုက်ပြီး၊ ချန်လင်း အနား ရွေးလျား သွားမိသည်။

သူ့ဓား ရောင်ဝါကို ထုတ်လွှတ် လိုက် သည်နှင့်၊ ချန်လင်းပေါ် သက်ရောက် နေသည့်၊ ဖိအားများ ရုတ်ချည်း ပျောက်ကွယ် သွား၏။

“ ညီအစ်ကို လင်း ... ၊ မင်း ဘာလို့ ဒီကို တစ်ယောက်ထဲ လာရ တာလဲ၊ မြန်မြန် ပြန်ပြီး ဂိုဏ်းကို အကြောင်း ကြားပါ၊ ...

... ဒီကောင် တွေက နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက် ထဲက၊ မိစ္ဆာ ကျင့်ကြံသူ တွေပဲ၊ ဓားဂိုဏ်းရဲ့ တပည့် တွေကို၊ သတ်ပစ် ခဲ့တယ်။ ”

ချန်လင်း စကားကြောင့် မိုယွီက မော့ကြည့်ပြီး၊

“ ဟား ဟား ဟား ... ၊ ဘယ်သူများ လဲလို့ ငါတို့ ပြန်ဆုံ ကြပြီနော်၊ ကောင်လေး။ ”

-ဟု နှုတ်ဆက် လိုက်မိသည်။

တောင်းအန်း မှာမူ၊ အံ့ဩ ဝမ်းသာ သွားပြီး၊

“ မင်းရဲ့ ကြောင်ရော ဘယ်မှာလဲ၊ ခေါ်ထုတ် လိုက်ပါ။ ”

-ဟု ပြောလာ တော့သည်။

၎င်းက နဂါးလေး အပေါ်၊ မကျေ မနပ် ဖြစ်နေဆဲ ဖြစ်သည်။ တစ်ဖက်တွင် လင်းယွန် မည်မျှ သန်မာ သည်ကို သိသောကြောင့်၊ မိုယွီ ခမျာ အလေး အနက် ထားလာ မိသည်။

“ ဝှစ် ... ။ ”

နတ်မိစ္ဆာ ကျားနှင့် အတူ ရောက်ရှိ လာသော နဂါးလေးက၊ လင်းယွန် ပခုံးပေါ် ခုန်တက် ပြီး၊

“ အစ်ကိုကြီး ... ၊ မင်း ဘာလုပ်ချင်လဲ။ ”

-ဟု မေးသည်။

“ တစ်ယောက် စီ ... ။ ”

လင်းယွန်မှ ပြန်ဖြေ၏။ သည်လူ နှစ်ယောက်နှင့် ကျန်သူများ ပေါင်းသော် ခက်ခဲ နိုင်သော်လည်း၊ တစ်ယောက်ချင်း ဆိုက၊ လွယ်ချေသည်။

“ ဟဲဟဲ၊ အဆင် ပြေတယ်။ ”

နဂါးလေးက ရိပ်ခနဲ ခုန်ဆင်း သွား၏။ ရွေ့လျား နှုန်းမှာ မြန်လွန်း သဖြင့်၊ တောင်းအန်း တစ်ယောက် မျက်လုံးပြူး သွားသည်။

“ ဂါး ... ။ ”

ထိုစဉ် ကြောင်နက်က၊ နဂါး မျောက်ဝံ အသွင် ပြောင်းလဲလျက် ကောင်းကင်မှ ခုန်ချ လာ တော့သည်။

၎င်း၏ မျက်လုံး များမှာ၊ ကြက်သွေးရောင် အဆင်း သဏ္ဍာန် ရှိပြီး၊ ကြမ်းကြုတ် လွန်းသော ရောင်ဝါများ ထုတ်လွှတ် နေ၏။

“ ဒီလောက်နဲ့ ရမယ် ထင်လား။ ”

နဂါး မျောက်ဝံ၏ လက်ဖဝါး ဆင်းသက် လာသော အခါ၊ တောင်းအန်းမှ လျင်မြန်စွာ ဆုတ်ခွာ လိုက်၏။

“ ဂါး ... ။ ”

သို့သော် နဂါး မျောက်ဝံက ဤမျှနှင့် ရပ်မသွားချေ။ မြေပြင်ပေါ် မရောက်ခင် လေထဲ ၌ ခြေဖျား ပုတ်ပြီး၊ လိုက်ပါ လာသည်။

“ အစ်ကိုချန် အပေါ် ဂရုစိုက် ... ။ ”

လင်းယွန်က နတ်မိစ္ဆာ မှော်ကျားအား မှာကြားပြီး၊ မိုယွီ ဆီသို့ ပြေးဝင် လိုက်၏။ သည် တစ်ကြိမ်၌ ထွက်ပြေးရန် စိတ်ကူး မရှိဘဲ၊ ၎င်းတို့အား သတ်ရန် ကြံရွယ် ထားသည်။

လင်းယွန် အမိန့် ရသည်နှင့်၊ နတ်မိစ္ဆာ မှော်ကျားက ကျားလူသား အသွင် ပြောင်းကာ၊ ချန်လင်း အနား ရောက်လာ၏။

“ သခင် ... ၊ ငါ့ နောက်မှာ နေပါ၊ မင်းကို ထိဝံ့တဲ့ လူတိုင်း၊ ငါ သတ်ပစ်မယ်။ ”

-ဟု ကတိ ပေးလိုက်သည်။

ပြောသည့် အတိုင်း၊ သူတော်စင် ဓါးကို ထုတ်ကိုင်လျက်၊ ကြောက်မက်ဖွယ် အသွင်ဖြင့် စောင့်ကြပ် တော့သည်။

“ ဝှစ် ... ။ ”

လင်းယွန် လာသည်ကို မြင်ချိန်၌၊ မိုယွီက သူ့နက္ခတ်ကို ချက်ချင်း ခေါ်မိ၏။ ၎င်းမှ ရူရ်များ ထွက်လာပြီး၊ သူ့ကိုယ်သူ လွှမ်းခြုံ လေသည်။

လက်ဝှေ့ယမ်း လိုက်သော အခါ၌၊ သူတော်စင် ပန်းချီကား (၃၆)ကား တိတိ ပွင့်ထွက် လာ၏။

သို့တိုင် သူက မတိုက် သေးချေ။ သတိ ကြီးစွာဖြင့်၊ ကာကွယ်ရေး အလွှာ တစ်ခု အသွင်၊ ကာရံ လိုက်၏။

နက္ခတ်နှင့် မပေါင်း စပ်က၊ သူတော်စင် ပန်ချီကား (၁၈) ကားသာ ဆင့်ခေါ် နိုင်သည်။

“ ဘယ်လို လိပ်ခွံ မျိုးလဲ။ ”

သူတော်စင် ပန်းချီကားချပ် များက၊ ဒိုင်း အသွင် အထပ်ထပ် ဖြစ်တည်နေ သောကြောင့် လင်းယွန်က မျက်ခုံးပင့် မိလေသည်။

ထိုပန်းချီကား များနှင့် တစ်ဖက် လူသား တိုက်ခိုက် မိပါက၊ ၎င်းတို့အား သူ့ထံ ပြန်လည် ပေးပို့ လာ မည်ကို၊ မိုယွီ သိသည်။

ထို့ကြောင့် တိုက်ရန် မရွေးချယ်ဘဲ၊ ကာကွယ်ရေး အလွှာ အဖြစ်၊ လုံခြုံစွာ ဖန်တီး ရခြင်း ဖြစ်သည်။

“ သူတော်စင် ဝိညာဉ် ရေးရာ၊ ဆရာ သခင် တွေက၊ ဒီလောက် တောင် သူရဲ ဘောကြောင် တာလား။ ”

ထိုမြင်ကွင်းကြောင့် လင်းယွန်မှ ကူကယ်ရာ မဲ့စွာနှင့်၊ မေးခွန်း ထုတ်မိ၏။

“ စကား မများနဲ့ ... တစ်ခါပဲ ရမယ်၊ မင်း ... သတ္တိ ရှိရင် ငါ့ကို လာတိုက်။ ”

မိုယွီက ပြန်ဖြေသည်။ (၃၆) ချပ်သော ပန်းချီကား များသည်၊ ချိတ်ဆက် ထား သဖြင့်၊ တစ်ချပ်အား ထိရုံနှင့်၊ လင်းယွန် တစ်ယောက် အပိုင်းပိုင်း စုတ်ဖြဲ ခံရ နိုင်သည်။

တတိယ သွေးလွှတ်ကြာ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင်၊ ထိုစွမ်းအားကြောင့် အသတ် ခံရမည် ဖြစ်၏။

ထိုစကားကြား ချိန်၌၊ လင်းယွန်က သူ့ ဓားရောင်ဝါကို ထုတ်လွှတ်ပြီး၊ မိုယွီကို ပိတ်ဆို့ ပစ်လိုက်သည်။

“ ဟား ဟား ဟား ... ၊ မင်း ဘာများ လုပ်နိုင်ဦး မှာလဲ၊ ငါ့ အစ်ကိုကြီး ရောက်လာတဲ့ အခါ၊ မင်း သွားချင် ရင်တောင် ထွက်သွား နိုင်မှာ မဟုတ်ဘူး။ ”

ထိုခြိမ်းခြောက် စကားက လင်းယွန် မျက်နှာကို၊ အနည်းငယ် ပြောင်းလဲ သွားစေ တော့သည်။

ဤလူများတွင် အဖော် နှစ်ယောက် ထပ်ရှိနေပြီး၊ တစ်ယောက်သည် တတိယ သွေး လွှတ်ကြော၊ အထွတ် အထိပ် ဖြစ်၏။

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”

ထိုသို့ နှစ်ဦးသား ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေစဉ်၊ နဂါး မျောက်ဝံကြီးက တောင်းအန်း အား၊ စိတ်ရှိ လက်ရှိ၊ လွှဲရိုက် နေတော့သည်။

ယင်းက ရက်စက် ကြမ်းကြုတ် လွန်းသော လုပ်ရပ် ဖြစ်သဖြင့်၊ မိုယွီ တစ်ယောက် နှုတ်ခမ်း များ တုန်တတ် သွားသည်။

“ ဂါး ... ။ ”

“ ဘုန်း ... ဘုန်း ဘုန်း။ ”

“ မင်းရဲ့ သားရဲကို ... ရပ်ခိုင်း လိုက်စမ်း ... ။ ”

လွှဲရိုက်ချက် များကြောင့် တောင်းအန်းမှ အသံပင် မထွက် နိုင်တော့ လေရာ၊ မိုယွီမှ စိုးရိမ် သွား မိသည်။

“ မင်းကိုယ မင်းသာ စိတ်ပူပါ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ်ပြီး၊ ပြန်ပြော၏။ ဓားထွက် လာချိန်၌ ထူးဆန်းသော ပလွေသံ ထွက်ပေါ် လာသည်။

“ အစ်ကိုကြီး လာ ပြီ ... ။ ”

ပလွေသံကြောင့် မိုယွီ တစ်ယောက် ဝမ်းသာ သွား၏။ သို့သော် ဤတစ်ကြိမ် မည်သူ လာလာ၊ လင်းယွန်မှ ဂရု မစိုက် တော့ချေ။

ယခင် အကြိမ်၌၊ အလျင်လို နေသော ကြောင့်သာ၊ ဆုတ်ခွာ ပေးခဲ့ခြင်း ဖြစ်သည်။ ဓား ဂိုဏ်း၏ တပည့် များကို သတ်ဝံ့ သည့်နောက်၊ မည်သူ မဆို ပြန်လည် ပေးဆပ် ရမည် ဖြစ်ကြောင်း၊ အသိပေး ရပေမည်။

***

All Chapters