← Chapters

နဂါး မျက်ဝန်း ... ။

Vol. 114 Ch. 1585

နဂါး မျက်ဝန်း ... ။

Vol. 114 Ch. 1585

“ မင်းရဲ့ ဓားကို မဆွဲခင် ... ၊ သေချာ စဉ်းစားဖို့ ... ၊ ငါ အကြံပေး ချင်တယ်။ ”

လင်းယွန်က သူ့ဓားကို လှမ်းကိုင် နေ သည်ကို မြင်လိုက်သော မိုယွီမှ အေးစက်စွာ သတိ ပေးသည်။

လင်းယွန် ခွန်အားကို ကြောက်ရွံ့ပြီး အချိန်ဆွဲရန် ကြိုးစား နေခြင်း ဖြစ်၏။ တစ်ဖက် လူသည် ပထမ သွေးလွှတ်ကြော တွင်သာ ရှိသော်လည်း၊ မထီ မဲ့မြင် မပြု ဝံ့ချေ။

“ ဒီပန်းချီကား (၁၆)ချပ် လုံးကို ... ၊ စတုထ္ထတန်း သူတော်စင် ရူရ် (၁၀၀၀၀) နဲ့ ဖန်တီး ထားတာ၊ တစ်ကားစီမှာ သူတော်စင် ရူရ် ပါတယ်၊ ဒါကြောင့် မင်း ချိုးဖြတ်ဖို့ မလွယ်ဘူး။ ”

သူ ပြောသည့် အတိုင်း၊ ပတ်ဝန်းကျင်၌ ပျံဝဲနေသော သူတော်စင် ပန်းချီ ကားချပ်များ ပွင့်လာပြီး၊ ရောယှက်လျက် အစီရင် တစ်ခု အဖြစ် ပြောင်းလဲ သွား၏။

ထိုအချိန်၌ လူနှစ်ယောက် အဝေးမှ လျင်မြန်စွာ ချဉ်းကပ် လာနေ သည်ကို ခံစား ရ လေသည်။ တစ်ယောက်တွင် နဂါးကြီး အလား၊ ပြည့်ဝသော သွေးသား စွမ်းအင်များ ရှိနေ၏။

“ ရှောင်ယွင် ... မင်း သားရဲကို ခေါ်ပြီး ... ၊ အခု ထွက်သွားရင် လွတ်လိမ့်မယ်၊ မဟုတ်ရင် ငါ့ အစ်ကို ကြီးက ... ။ ”

မိုယွီ အေးစက်သော အကြည့်ဖြင့် ခြိမ်းခြောက် ပြန်၏။ ချဉ်းကပ်လာ သူနှစ်ဦး၏ အရှိန်မှာ၊ လျင်မြန် လွန်းဖြင့် သူ့ကို ယုံကြည်မှု ပေးလေသည်။

“ ချွင် ... ။ ”

အသက် ပြင်းပြင်း ရှူလျက်၊ ဓားရောင်ဝါ ကန့်သတ်ချက် ပြည့်သွားသော အခါ၊ လင်းယွန် က ဓားအိမ်မှ ဓားကို ဆွဲထုတ် လိုက်၏။

ဓားရောင်ခြည်မှာ မိုင်တစ်ရာ ပတ်လည်ကို လင်းထိန် သွား စေသည်။ ထို့နောက် လင်းယွန် ပျောက်ကွယ် သွား၏။

သူ ပြန်ပေါ် လာချိန်၌၊ လင်းယွန်မှာ သူတော်စင် ပန်းချီကား (၃၆) ချပ်ထံ ဦးတည် ပြေးဝင် လာလေသည်။

ထိုမြင်ကွင်းကြောင့် မိုယွီ၏ မျက်ဝန်းများ မှေးစင်း သွားသည်။ တစ်ဖက် လူသည် သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိလျှင်ပင်၊ ဤနည်း လမ်းကြောင့် သေဆုံး ရပေမည်။

လင်းယွန် ကဲ့သို့ ဓားသမားသည် ထက်မြက်သော အာရုံရှိ သဖြင့့်၊ အန္တရာယ်ကို မခံစား မိစရာ အကြောင်း မရှိချေ။ စိတ်ဝင်စား စရာ ပေပင်။

“ ရွှပ် ... ။ ”

ကြည့်နေစဉ် မှာပင်၊ လင်းယွန် ဓား၌ အနက်ရောင် အငေွ့ အသက်များ ပေါ်လာပြီး၊ စုတ်တံ တစ်ခု ကဲ့သို့၊ ရွေ့လျား သွားသည်။

ယင်းကြောင့် ပန်းချီကား များမှာ၊ ဆေးစက်များကို အဝတ်စဖြင့် သုတ်ဖယ် လိုက် သကဲ့သို့၊ ယို့ယွင်း ကုန်၏။

ကြောက်မက်ဖွယ် ကောင်းသော ငရဲ စွမ်းအင်သည် ထိုသူတော်စင် ပုံကြမ်းများအား တိုက်စား ပစ်ခြင်း ဖြစ်သည်။

အရိယာ ဓားသုတ္တန်သည် ပျက်စီးခြင်း ဓားပုံစံနှင့် လုံး၀ ပေါင်းစပ်ကာ၊ သူတော်စင် ရူရ် များကို၊ တိုက်စား လေသည်။

ဓား (၉)ချက် တိတိ၊ လွှဲပြီးနောက်၊ သူတော်စင် ပန်းချီကား (၃၆) ချပ်လုံး ကွဲအက် သွားပြီး၊ ‘ပျက်စီးခြင်း’ ဟူသော စကားလုံး ပေါ်လာ တော့သည်။

(၃၆) ချပ်သော သူတော်စင် ပုံကြမ်း များသည်၊ ၎င်းတို့၏ အစွမ်းကို မထုတ်ပြ နိုင်မီ ပျက်စီး သွားပြီ ဖြစ်သည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ။ ”

ဓားချက် (၉) ချက်ဖြင့်၊ ပန်းချီကား (၃၆)ချပ်ကို ဖျက်ဆီး လိုက်သော ထိုမြင်ကွင်းက မိုယွီကို အံ့သြ သွား စေ၏။ သည့်စဉ် လင်းယွန် လက်သီးက ရင်ဘတ်ပေါ် ကျလာသည်။

“ ဝုန်း ... ။ ”

“ ခရစ် ... ။ ”

ဝိညာဉ် ရေးရာ အစီရင် ခုနစ်လွှာ ဖြိုခွဲ ခံ လိုက်ရပြီး၊ သူတော်စင် ချပ်ဝတ် ပေါ်၌ အက်ကွဲ ကြောင်းများ ပေါ်လာ၏။

ပါးစပ်မှ သွေးများ စီးကျကာ၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက် လွင့်စဉ်သွား ရလေ သည်။

သို့တိုင် လင်းယွန်မှ သူ့နောက်သို့ လိုက်ချင် နေဆဲ ဖြစ်၏။ ထိုအချိန်တွင် သူ ချန်ထားသော အစီရင် ပွင့်ထွက် လာသည်။

ထိုအလင်းများ ဖြာကျ လာပြီး၊ ၎င်းက ပန်းတစ်ပွင့်၏ ပွင့်ချပ်များ ကဲ့သို့၊ လင်းယွန်အား ပိတ်လှောင် လေသည်။

“ ငါ့ ဓားဂိုဏ်းကို အရှက်ခွဲ ရဲတဲ့ ... လူ သေရမယ်။ ”

အလင်း ပန်းဖူးကြီး အတွင်း၊ ပိတ်မိနေ သော်မှ၊ လင်းယွန် နှလုံးသားရှိ သတ်ဖြတ်လို ခြင်း ဆန္ဒမှာ လျော့နည်း သွားခြင်း မရှိချေ။

တံဆိပ် တစ်ခုကို ဖွဲ့စည်း လိုက်ရာ၊ ကြောက်မက်ဖွယ် ကောင်းသော၊ သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်များ၊ တုန်ခါ လာ၏။

လက်ညှိုးကို လေထဲ ပွတ်ဆွဲ လိုက်ရာ၊ ကောင်းကင်ကြီး သွေးပင်လယ် အဖြစ် ပြောင်း သွားသည်။

“ သေစမ်း ... ။ ”

လက်ညှိုး ထိတ်မှ ဓား ရောင်ခြည် ထွက်လာပြီး၊ အလင်း ပန်းဖူးကို ဖြတ်ကာ သူ့ထံ ဝင်လာ သဖြင့်၊ မိုယွီက လန့်သွားသည်။

၎င်းဖြင့် သူ့အား သတ်ရန် ရည်ရွယ်ထား ချေပြီ။ ရှောင်တိမ်းရန် လမ်းကြောင်းကို ခန့်မှန်း နိုင်သည့် သက်ရှိ ကဲ့သို့ ဝင်ရောက် လာသည်။

“ ဝုန်း ... ။ ”

ထို့ကြောင့် မျက်စိမှိတ်ကာ၊ အသေခံ လိုက်စဉ်၊ ကြံခိုင်သော ခန္ဓာကိုယ်နှင့် လူရိပ် တစ်ရိပ် ဆင်းသက် လာပြီး၊ ၎င်းဓားအား လက်သီးဖြင့် ထိုးချ လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ လင်းယွန်က အလင်းပန်းဖူး အတွင်းမှ လွတ်မြောက် သွား တော့၏။ မရေ မတွက် နိုင်သော သူတော်စင် ရူရ်များ ပျံကျဲ ကုန်သည်။

“ ကျန်း တောင် ... ။ ”

နတ်မိစ္ဆာ မှော်ကျား နောက်တွင် ရပ် နေသည့်၊ ချန်လင်းက ထိုလူကို မြင်သော အခါ၊ မျက်နှာ အမူ အရာ ပြောင်းလဲ သွားသည်။

“ ညီ အစ်ကို လင်း ... ၊ ဒီလူက ကောင်းကင်ယံ ဂိုဏ်းရဲ့ အတွင်း တပည့် အဆင့်မှာ ပါခဲ့တဲ့ ကျင်းတောင်ပဲ၊ တစ်ချိန်က ရွှေမျိုးဆက် ပါရမီရှင် ပါ။ ”

“ အိုး ... ညီအစ်ကို လင်း တဲ့လား ... ၊ ဒါဆို မင်း ပဲပေါ့။ ”

ကျန်းတောင်မှ ပြုံးလိုက်သည်။ ထို့ကြောင့် ဤလင်းယွန်နှင့် ရမ်းရင်း နှီးနှီး သိနေ သည်ဟု ခံစား ရခြင်း ဖြစ်၏။

၎င်းအား သတ်နိုင်သော်၊ ကောင်းကင်ယံ ဂိုဏ်းသို့ ပြန်သွား နိုင်ပြီး၊ အတိတ်မှ သူ လုပ်ရပ် များ အပေါ်၊ ခွင့်လွှတ်မှု တောင်းခံ နိုင်ပေမည်။

“ အစ်ကိုကြီး သတိထား၊ ဒီကောင်က နည်းနည်း ထူးဆန်းတယ်။ ”

မိုယွီက ကြောက်လန့် တကြားဖြင့်၊ သတိပေး ပြောကြား လာသည်။ ထိုအချိန်တွင် အရိုး ပုလွေသံ မြည် လာပြီး၊ နဂါးလေးအား နှောက်ယှက် တော့၏။

“ ဂါး ... ။ ”

၎င်းသံစဉ်သည် စိတ်ထဲသို့၊ အပ်ဖျားဖြင့် ထိုးစွ နေသည့် အလား ခံစား ရ၏။ ထို့ကြောင့် ဟောက်သံ ပြုပြီး၊ အသံ လှိုင်းနှင့်၊ နှောက်ယှက် လိုက်သော်လည်း၊ မထူးခြားချေ။

“ ဂါး ... ။ ”

များမကြာခင် မြေပြင်ပေါ် လဲကျကာ၊ လူးလှိမ့်လျက် နာကျင်စွာ အော်ဟစ် တော့၏။ ဤမြင်ကွင်းကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။

ထိုချိန်တွင်၊ ကျန်းတောင်က နောက်၌ နေမင်း တစ်စင်း ဆင့်ခေါ်ပြီး၊ သူ့အား တိုက်ခိုက် လာတော့သည်။

“ မင်းကိုယ် မင်းပဲ ... ၊ ဂရုစိုက် သင့်တယ်။ ”

-ဟု ဆိုလျက် လက်သီး မိုးများ ရွာချ လေသည်။

“ ဘုန်း ... ။ ”

လင်းယွန်က ပေ(၅၀၀၀၀) ကျယ်သော နဂါးမြစ်အား လှည့်ပတ်ပြီး၊ ထိုလက်သီး များနှင့် ထိပ်တိုက် တွေ့လိုက်သည်။

“ ခရစ် ... ။ ”

လက်သီး အချင်းချင်း တိုက်မိ ချိန်တိုင်း၊ ကိုယ်တွင်း အင်္ဂါများ လှုပ်ရမ်းလျက်၊ ခန္ဓာကိုယ် ပေါ်ရှိ၊ နဂါး ရူရ်များ ကွဲအက် ကုန်သည်။

ကျန်းတောင်၏ နဂါး မူလ စွမ်းအင် များသည် သူ့ထက် ပို၍ အားကောင်း ကြောင်း၊ နားလည် လိုက်၏။

ထို့ပြင် ၎င်း၏ ကျင့်ကြံမှုမှာ၊ သူ့ထက် နှစ်ဆင့် မြင့်နေ သောကြောင့်၊ သတိထား လာရ လေသည်။

လောယွမ်ကို အနိုင် ယူနိုင် ခဲ့ရသည့် အကြောင်း ရင်းမှာ၊ ကွာဟချက်ကို ဖျောက်ဖျက် ပေးနိုင်သော ဝှက်ဖဲ များကြောင့် ဖြစ်၏။

အထွတ် အထိပ်၊ တတိယ သွေး လွှတ်ကြောမှ ကျွမ်းကျင်သူ တစ်ဦး ပေါ်မူ၊ ၎င်းဖြင့် မလုံ လောက်ချေ။

နဂါးပြာ အရိုးမှ၊ နဂါး ရူရ် ကိုသာ လုံလောက်အောင် မထုတ်လုပ် နိုင်သော်၊ သူ သေပေ လိမ့်မည်။

“ ဟိတ် ... ။ ”

ဟောက်သံကို ထုတ်လွှတ်လျက် ဆေးကြိုအိုး ကြီးအား၊ နဂါးမြစ် ကြမ်းပြင်မှ ထုတ်ယူ လိုက်သည်။

ထို့ကြောင့် အဖျက် စွမ်းအားများ သူ့ ခန္ဓာကိုယ် အတွင်း၊ ပြည့်နှက် လာတော့၏။ ဆေးအိုး မျက်နှာ ပြင်တွင် ရေးထွင်း ထားသော ကောင်းကင် နဂါး ကြီးမှာ၊ အသက်ဝင် လာသည်။

“ ကောင်းကင် နေမင်း။ ”

ကျန်းတောင်က ကောင်းကင် ကျမ်းကို လှည့်ပတ် လိုက်ပြီး၊ နေမင်း ကြီးအား ဆင့်ခေါ် သည်။

“ ဘောင်း ... ။ ”

ဆေးအိုးကြီးနှင့် နေမင်း တိုက်မိ သွား ပြီးနောက်၊ လက်သီး အချင်းချင်း ထိုးမိသွား လေသည်။

ချောက်ချားဖွယ် လှိုင်းများက၊ မိုင်တစ်ရာ အတွင်းရှိ၊ သစ်ပင် ကြီးများ အားလုံးကို ဖျက်ဆီး ပစ်တော့၏။

ထိုလှိုင်းက ဆက်၍ ပျံကား သွားပြီး၊ ခြောက်သွေ့ တောင်တန်း ပေါ်ရှိ သားရဲ များကို၊ ထိတ်လန့် ကုန်စေသည်။

တောင်တန်း အနှံ့ ရောက်ရှိ နေသော လူအများ အပြား သည်လည်း၊ ဤကြောက်စရာ ကောင်းသော ဖြစ်စဉ်ကို ခံစား မိပြီး၊ လှည့် ကြည့်လာ ကြသည်။

အရာ အားလုံး ပြန်လည် ငြိမ်သက် သွားသော အခါ၊ လင်းယွန် နှုတ်ခမ်းမှ သွေးများ စီးကျလျက်၊ ခြေလှမ်း ဆယ်လှမ်း နောက်ပြန် ဆုတ်လိုက် ရကြောင်း သိလိုက်သည်။

တစ်ဖက်တွင် ကျန်းတောင်က ခြေလှမ်း သုံးလှမ်း မျှသာ ဆုတ်ခွာ ရ၏။ သူ့ နောက်၌ လည်နေသော နေမင်း ကြီးမှာ၊ အနည်းငယ် မှိန်ဖျော့ သွားသည်။

မိုယွီ၏ သတိပေး စကားမှာ၊ မုသား မဟုတ်ကြောင်း၊ သူ ချက်ချင်း သဘောပေါက် လာ၏။

တစ်ဖက် လူသည် ဘီလူး တစ်ကောင် ဖြစ်လေသည်။ ပထမ သွေးလွှတ် ကြောနှင့် သူ့ လက်သီးကို အမှန် တကယ် ထိပ်တိုက် တွေ့နိုင်၏။

သွေးလွှတ်ကြော တိုင်းတွင်၊ ကွာခြားမှု ကြီးမား လှပြီး၊ အခြေခံ အုတ်မြစ်နှင့် အရည် အချင်း အပေါ် အားကိုး၍၊ ညှိယူ မရချေ။

“ လူတွေ လာနေပြီ။ ”

မိုယွီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး၊ သတိပေး စကား ပြောကြား လိုက်သည်။ အရိုး ပလွေနှင့် လူငယ်က၊ ပလွေကို ရပ်ကာ၊ ကျန်းတောင် အနား ရွေ့လာ၏။

ထိုအခွင့် အရေးကို အရ ယူပြီး၊ နတ်မိစ္ဆာ မှော်ကျားထံ လင်းယွန်မှ အချက်ပြ လိုက်သည်။ မှော်ကျားက ခေါင်းညိတ်လျက်၊ ချန်လင်းအား ခေါ်ကာ ထွက်ပြေး တော့သည်။

“ နဂါး လေး ... ။ ”

နဂါးလေးက ကြောင်ပုံစံ ပြောင်းပြီး၊ လင်းယွန် ပခုံးပေါ် ပြန်ရောက် လာကာ၊ အရိုး ပလွေ ရှင်ထံ၊ စူးစူး ရဲရဲ စိုက်ကြည့် လေသည်။

နဂါး မျောက်ဝံသည် သားရဲ ပုံစံ နှစ်မျိုး ရှိနေလိမ့် မည်ဟု၊ မမျှော်လင့် ထား တာကြောင့် အရိုး ပလွေရှင် လူငယ်က၊ အံ့အားသင့် သွားသည်။

နှစ်ဖက် စလုံး တုန့်ဆိုင် သွားစဉ်၊

“ မိုယွီ ... ။ ”

-ဟု လင်းယွန်၏ ခေါ်လိုက်သည်။

ထို့ကြောင့် မိုယွီမှ မော့ကြည့် လာ၏။ လင်းယွန် မျက်ဝန်း အတွင်း၊ နေ-လ ထွက်လာ ကာ၊ နဂါး မျက်လုံး အသက်ဝင် သွားသည်။

သည့်နောက် နဂါးပြာ တံဆိပ်၊ ရွှေနဂါး တံဆိပ်နှင့်၊ နဂါးဖြူ တံဆိပ် တို့ကို မျက်လုံးထဲ သွန်းလောင်း လိုက်၏။

“ ဖောင်း ... ။ ”

တစ်ချက် ကြည့်ရုံနှင့်၊ မိုယွီ ပတ်လည်ရှိ၊ ဝိညာဉ် ရေးရာ အကာ အကွယ်များ အားလုံး ပြိုကျ ကုန်ပြီး၊ ဦးခေါင်း ပေါက်ကွဲ သွားရ တော့သည်။

ဤအရာက အရိုး ပလွေရှင် လူငယ်နှင့် ကျန်းတောင် တို့ကို ထိတ်လန့် သွားစေ ခဲ့သည်။

“ ကောင်းကင်ယံ ဂိုဏ်းရဲ့ ... အပြစ်သား၊ ငါတို့ ပြန်ဆုံ ကြမယ်။ ”

ရွှေကျီးကန်း တောင်ပံများ ဆင့်ခေါ်ပြီး၊ လင်းယွန် တစ်ယောက် တစ်ဟုန်ထိုး ပျံသန်း ထွက်ခွာ လာခဲ့သည်။

“ သေစမ်း ... ။ ”

မိုယွီကို သူ့ ရှေ့တွင် သတ်ဖြတ်သွား သောကြောင့်၊ ကျန်းတောင်မှာ ရှက် ဒေါသ ထွက် လာ၏။

“ တောင်းအန်း လည်း သေပြီ ... ။ ”

အရိုး ပလွေရှင် လူငယ်က တောင်းအန် အလောင်းကို ကြည့်ကာ၊ ထပ်လောင်း အသိပေး လာရာ၊ ဆိုဖွယ် မရှိ တော့ချေ။

နဂါး မျောက်ဝံ၏ စိန်ပြေ နပြေ၊ ကိုင်ရိုက်ခံ ရခြင်းကြောင့်၊ တောင်းအန်၏ အရိုးများ ကြေမွ သေဆုံး သွားခြင်း ဖြစ်သည်။

“ သွား ကြ ရ အောင် ... ။ ”

တောအုပ် အတွင်းမှ၊ အပြေး အလွှား ပျံသန်းလာ နေသော ရောင်ဝါ များကြောင့်၊ ထွက်ခွာရန် ပြင်လိုက် ရသည်။

သူ့အတွက် နတ်လိပ်ကို ဖမ်းဆီး ရန်မှာ အရေး ကြီးသည်။ ၎င်းအား မရခင် အင်အားကြီး မားသော ရန်သူနှင့်၊ တွေ့လို သေးချေ။

***

All Chapters