နာကျင်ဖွယ် တေးသွား။
Vol. 114 Ch. 1586
တစ်နာရီ အကြာတွင် လင်းယွန်သည် သူ့နောက်သို့ မည်သူမျှ မလိုက်ပါ လာကြောင်း အတည်ပြု ပြီးနောက်၊ ရွှေကျီးကန်း တောင်ပံ များကို သိမ်းကာ၊ မြေပြင်ပေါ် ဆင်းသက် မိသည်။
ထို့နောက် ပါးစပ်မှ သွေးများ စီးထွက် လာပြီး၊ မျက်နှာ ဖြူဖျော့ သွား၏။ ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက်လာကာ၊ လင်းယွန်၏ နောက်ကျောကို ပုတ်လျက်၊ ရေခဲ မီးတောက် များကို ထည့်သွင်း လိုက်သည်။
ကျန်းတောင် ပေးပို့ ထားသော နဂါး မူလများ အားလုံး လောင်ကျွမ်း သွားခဲ့သည်။ ခဏ အကြာတွင် သွေးမည်းများ အန်ထွတ် လာ၏။
သို့မှသာ ခန္ဓာကိုယ် အတွင်း၊ အအေး ဓာတ်များ ပျံ့နှံ့လျက်၊ သက်သာရာ ရသွားသည်။ ဒဏ်ရာမှာ အပြည့် အဝ ပျောက်ကင်းခြင်း မရှိ သော်လည်း၊ နာကျင်မှု မရှိ တော့ချေ။
ထို့ပြင် အနည်းငယ် ပို၍ သန်မာ လာသည် ကိုလည်း၊ ခံစား ရသည်။ နဂါး သွေးလွှတ်ကြော ရောက်ပြီးနောက်၊ ခရမ်းငယ်သည် ပို၍ လျှို့ဝှက် ဆန်းကြယ် လာ၏။
“ ဟမ့် ... ၊ သူတော်စင် နဂါး သွေး ရည်ကြည်တွေ အများကြီး သုံးပြီးရင်၊ ဒီထက် ငါ ပို သန်မာ လာဦးမှာ။ ”
ခရမ်းငယ်က လင်းယွန် အတွေးကို မြင်ဟန်ဖြင့်၊ ဂုဏ်ယူစွာ ထုတ်ပြော လာသည်။
“ ပြီးတော့ ... ၊ ငါက သမုဒ္ဒရာ (၄) စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင် (၃၆) စင်းနဲ့၊ မြေကမ္ဘာ (၇၂) ထပ်ကို အုပ်စိုးတဲ့၊ ကောင်းကင် တရား စီရင်ရေး ဧကရီ ဆိုတာ၊ နင် မမေ့နဲ့။ ”
ဤဝံ့ကြွား သံကို မကြားရ သည်မှာ၊ ကြာနေပြီ ဖြစ်သည်။ ကြားစတွင် အနှောက် အယှက် ဖြစ်မိ သော်လည်း၊ ကြားရဖန် များသော်၊ စိတ်ဝင်စား စရာ ဖြစ်လာ၏။
“ ဟေ့ လူယုတ်မာ ... ၊ ငါ့ကို မထိနဲ့၊ ကျစ်ဆံမြီး ကျစ်ရတာ မလွယ်ဘူး။ ”
လင်းယွန်က သူ့ခေါင်းကို ပုတ်ရန် ပြင်လာ သဖြင့်၊ ခရမ်းငယ် တစ်ယောက် အလျင် အမြန် ရှောင်တိမ်း တော့သည်။
“ ဘာဖြစ်လဲ ... ၊ ငါ ပြန်ချည်ပေး မှာပေါ့။ ”
“ ဟမ့် ... ၊ ငါ နင့် အကူအညီ မလိုဘူး။ ”
ယဲ့ဇီလင်ကြောင့် လင်းယွန်မှ ကူညီကာ ကျစ်ဆံမြီး ကျစ်ပေးခဲ့ သည်ကို ပြန် သတိ ရလာ ပြီး၊ မျက်နှာ နီရဲလျက် ထွက်ပြေး တော့သည်။
“ ဟား ဟား ဟား ... ။ ”
ထို့ကြောင့် လင်းယွန်မှာ ရယ်မောလျက် နဂါးလေးကို မြေပြင်ပေါ် ချကာ၊
“ နဂါးလေး အဆင် ပြေ ရဲ့လား။ ” -ဟု မေးမိသည်။
နဂါးလေး တစ်ကောင် မည်ကဲ့သို့ နာကျင် ခဲ့ရ သည်ကို သတိ ရလာသည်။ ထိုအရာ အပေါ်၊ တွေးမိတိုင်း ခံစား ရ၏။
အရိုး ပုလွေ သံသည် နဂါးလေးကို ကောင်းစွာ နှိမ်နင်း နိုင်သဖြင့်၊ ထွက်ပြေးရန် ဆုံးဖြတ် မိခြင်း ဖြစ်သည်။
“ အစ်ကိုကြီး ... ၊ ကျွန်တော် အဆင်ပြေပြီ၊ ဘယ်တော့ လက်စားချေ ကြမလဲ။ ”
အစောပိုင်း ဖြစ်ပျက်ခဲ့ သမျှ၊ ရှက်စရာ ကောင်းလွန်း သည်ဟု ခံစားရ သောကြောင့်၊ နဂါးလေးမှ ပြော၏။
“ အလျင် မလိုနဲ့ ... ။ ”
လင်းယွန် တစ်ယောက် အတွေးထဲ နစ်မျော သွားသည်။
“ သခင် လင်း၊ သခင် ကြောင်၊ သခင် ဖီးနစ်၊ ငါ ရောက်ပြီ။ ”
နတ်မိစ္ဆာ မှော်ကျားက ချန်လင်းကို တင်ဆောင်လျက် ရောက်ရှိ လာသည်။
“ ဟဲဟဲ ... ၊ သခင် လင်း၊ မင်း ပြောတဲ့ အတိုင်း ငါ လုပ်ပြီး သွားပြီ။ ”
နတ်မိစ္ဆာ မှော်ကျားက တောက်ပသော အပြုံးကို ထုတ်ဖော်ကာ၊ ဂုဏ်ယူ ဝင့်ကြွားစွာနှင့် လင်းယွန် ရှေ့သို့ တိုးကပ် လာသည်။
ဤမြင်ကွင်းက ချန်လင်းအား အံသြသွား စေသည်။ သည်နတ်မိစ္ဆာ မှော်ကျားသည် ဘုရင် အဆင့် သားရဲပင် မဟုတ် ပါလော။
သို့သော် လင်းယွန်နှင့် တွေ့ချိန်၌၊ အိမ်မွေး တိရိစ္ဆာန် ကြောင် တစ်ကောင် ကဲ့သို့၊ ပြုမူ ပြနေ ခဲ့သည်။
“ အစ်ကို ချန် ... ၊ မင်း ဒဏ်ရာ ဘယ်လို နေသေးလဲ။ ”
လင်းယွန်မှ မေးသည်။
“ အဆင် ပြေပါတယ်။ ”
သူ့ဒဏ်ရာ များမှာ ပြင်းထန် သော်လည်း၊ သေဦးမည် မဟုတ်ချေ။ ဆေးလုံးများ သုံးကာ ဖြည်းဖြည်းချင်း ပြန်လည် ကုစား နိုင်သည်။
“ ညီအစ်ကို လင်း ... ၊ မင်း အဆင်ပြေ ရဲ့လား၊ ကျန်းတောင်က ... ၊ နတ်မိစ္ဆာ အဆင့် သတ်မှတ် ချက်မှာ၊ ကြယ် တစ်ပွင့်ပဲ။ ”
ချန်လင်းက စိုးရိမ် စိတ်ဖြင့် ပြန်မေး လာသည်။ လင်းယွန်မှ ခေါင်းညိတ် ပြပြီး၊
“ နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက် ဟုတ်လား။ ”
-ဟု မေးမိ၏။
“ နတ်မိစ္ဆာ အဆင့် ဆိုတာ၊ နတ်မိစ္ဆာ နယ်မြေက သတ်မှတ်ပေးတဲ့ စာရင်းပဲ၊ သူတို့ အားလုံးက ကြောက်စရာ ကောင်းတဲ့ ပါရမီရှင် တွေပါ။ ”
“ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်က လူတွေနဲ့ ယှဉ်ရင်၊ ဘယ်သူ တွေက ပို သန်မာလဲ၊ ... အစ်ကို ချန်။ ”
“ ဒါတော့ အတိအကျ မပြော နိုင်ဘူး၊ ဒါပေမယ့် နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက်မှာ၊ မြင့်မြင့် မားမား ရောက်နေတဲ့ လူတွေက ... အရမ်း ရက်စက် ကြတယ်။ ”
ချန်လင်းမှ ပြန်ဖြေ၏။ နဂါး သွေး လွှတ်ကြော နယ်ပယ် အဆင့် သတ်မှတ်ချက် အပေါ်၊ စိန်ခေါ် သူတိုင်း အန္တရာယ် မရှိချေ။
နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက် မှာမူ၊ တစ်ဦးကို တစ်ဦး သတ်ကာ၊ ရယူ ရခြင်း ဖြစ်နေ သဖြင့်၊ ကွဲပြားသော ဇာတ်လမ်း ဖြစ်သည်။
သို့သော် နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်ရှိ လူတိုင်း၊ အားနည်း သည်ဟု၊ မဆိုလိုချေ။
နဂါး သွေးလွှတ်ကြော အထက်တွင်၊ ဒဏ္ဍာရီလာ နဂါးပြာ အဆင့် သတ်မှတ်ချက် ရှိသည်။
၎င်းအဆင့် သတ်မှတ်ချက်အား၊ အဖြူ-အမည်း မခွဲခြားဘဲ၊ ကျင့်ကြံသူတိုင်း ဝင်ရောက် စမ်းသပ်ခွင့် ပြုထား၏။
“ ခြောက်သွေ့ တောင်တန်းမှာ ... ၊ လေ့ကျင့် နေတုန်း ... ၊ ဒီလူတွေကို တွေ့လို့၊ သူတို့ နောက်လိုက်ပြီး၊ ငါ စောင့်ကြည့် ခဲ့တာ၊ ဒါပေမယ့် ငါ့ကို မိသွားပြီး၊ သေမလို ဖြစ်ခဲ့ ရတာပဲ။ ”
ချန်လင်းမှ သူ့ အဖြစ်အား ရှင်းပြသည်။ လင်းယွန်နှင့် ခရမ်းငယ် တို့က၊ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။
ချန်လင်း မသိ သော်လည်း၊ ၎င်းတို့သည် လိပ်နက် သွေး အတွက်၊ လာကြ သည်ကို သူတို့ သိသည်။
ထို့ကြောင့် ချန်လင်းအား ပြောပြ လိုက်၏။ ထိုစကားကြောင့် ချန်လင်း ခမျာ မျက်လုံး ပြူး သွား လေသည်။
“ ဒီအကြောင်း ဂိုဏ်းကို၊ ပြန် သတင်း ပို့ရမယ်၊ ငါတို့ ... ခွင့်ပြုလို့ မရဘူး။ ”
“ နောက်ကျ သွားလိမ့်မယ်၊ လိပ်နက်ရဲ့ သွေးက ဒုက္ခကို ကူညီ နိုင်ပေမယ့်၊ လေးနာရီ အတွင်း အသုံးပြုမှ အစွမ်း ထက်တာ၊ ဂိုဏ်းကို ပြန်ပြီး စစ်ကူ ခေါ်လာတဲ့ အချိန်ဆို၊ သူတို့ ပြန်ကုန် လောက်ပြီ။ ”
ခရမ်းငယ်မှ ဝင်ပြော လာသည်။ ပြီး လင်းယွန်ထံ လှည့်ကြည့်၏။ သူမ အကြည့်ကို နားလည်သော လင်းယွန်က ခေါင်းညိတ်ကာ၊
“ ရတယ် ... သူက စိတ်ချ ရတယ်။ ”
-ဟု ပြန်ပြော လာသည်။
“ ငါတို့ ဒီမလာခင် မူရွယ်ချင်းက၊ ဒီအကြောင်းကို ပြောပြ ခဲ့တယ်၊ ဓားဂိုဏ်းက သူတို့ ရှိတာကို သိပြီး သားပါ၊ ...
... ဒါပေမယ့် သူတို့ အားလုံး၊ နတ် မိစ္ဆာ အဆင့် သတ်မှတ်ချက်က လို့တော့ ... မထင်ခဲ့ ကြဘူး။ ”
ထိုစကားကြောင့် ချန်လင်း တစ်ယောက် အခြေ အနေအား နားလည် လာ၏။ လင်းယွန် ရောက်ရှိ လာသည်မှာ၊ တိုက်ဆိုင်မှု မဟုတ်ချေ။
“ ဒါပေမယ့် ... အခု ငါတို့ ခက်ခဲတဲ့ အနေ အထားမှာ ရှိနေပြီ။ ”
လင်းယွန်မှ မျက်ခုံးပင့်ကာ ပြောသည်။ မူလက စိမ့်ရေကန်မှ ရေခဲ မိစ္ဆာအား ဖမ်းကာ၊ နတ်လိပ် သွေးကို ယူရန် ဖြစ်သည်။
ကျန်းတောင်နှင့် အခြား အဖွဲ့ များကြောင့် ခက်ခဲ သွားရပြီ ဖြစ်၏။ သူ ပြင်ဆင် ထားသည့် ဝှက်ဖဲ များမှာ၊ လုံလောက်ပုံ မပေါ် တော့ချေ။
“ နင် ... နတ်လိပ် သွေးကို စွန့်ပြီး၊ ရေခဲ မိစ္ဆာကိုပဲ ဖမ်းသင့်တယ်၊ နင် သန်မာ ရင်တောင် သူတို့ လေးယောက် လုံးနဲ့၊ ရင်ဆိုင် ဖို့က မလွယ် သေးဘူး။ ”
လမ်းခရီး၌ နတ်မိစ္ဆာ အဆင့်ဝင် ကြယ်ပွင့် များကို အဝေးမှ ဖြတ်သွားချိန် ဆုံခဲ့ ဖူးသည်။ အားလုံးက ကျန်းတောင်ထက် မနိမ့်ချေ။
“ မင်း ... ငါ့ကို အထင်သေး နေတာပဲ ခရမ်းငယ်၊ ရေခဲ မိစ္ဆာနဲ့ နတ်လိပ် နှစ်ခု လုံးကို ငါ ရအောင် ယူမယ်၊ နတ်မိစ္ဆာ အဆင့် ပါရမီရှင် မကလို့၊ ဘယ်သူပဲ ဖြစ်ဖြစ် သေရမယ်။ ”
နဂါးလေး အတွက် ကလဲ့စားချေ ရပေ ဦးမည်။ ထို့အပြင် ၎င်းတို့သည် ဓားဂိုဏ်း၏ တပည့် များစွာကို သတ်ဖြတ် ခဲ့၏။
“ အဲဒီ အရိုး ပလွေနဲ့ ... ၊ လူငယ်ကို ဖြေရှင်းဖို့ နည်းလမ်း ရှိလား။ ”
ထိုအရိုး ပလွေ ရှင်သည်၊ ဂီတ တာအို၌ သူ့ထက် သာလွန်သော အောင်မြင်မှု ရှိနေမှန်း၊ လင်းယွန် သိသည်။
နဂါး လေးသည် ၎င်း၏ တေးသွား သံကြောင့်၊ သူ့အား အထောက် အကူ မပေးနိုင် ခဲ့ချေ။
“ ဒါက လွယ်ပါတယ်။ ”
ခရမ်းငယ်မှ ပြောသည်။
“ ဟီး ... ၊ သခင် ဖီးနစ်က စွမ်းအား ကြီးတယ်။ ”
နတ်မိစ္ဆာ မှော်ကျားမှ ခရမ်းငယ်အား မြှောက်ပင့် ချီးကျူး လာသည်။
“ ဟမ့် ... ဒါပေမယ့် ငါ နင့်ကို မကူညီဘူး၊ နင်က ယုံကြည်မှု လွန်ကဲ လွန်းတယ်၊ ဒါကြောင့် သင်ခန်းစာ တစ်ခု သင်ပေး ရမယ်။ ”
ခရမ်းငယ်က ဒေါသဖြင့် တစ်ဖက် လှည့် သွား၏။ ဒဏ်ရာ ပြင်းထန်စွာ ရရှိထား သော်မှ၊ လင်းယွန်သည် လက်စား ချေရန်၊ ကြံစည် နေသည်။
သူ့ကိုယ်သူ မသေမျိုး အဖြစ်၊ ယူဆ နေ သည်လော။ ထို အတွေးက သူမအား မျက်ရည်ဝဲ လာစေသည်။
လင်းယွန်က သက်ပြင်းချ လိုက်ပြီး၊ နဂါးလေးထံ ကြည့် လိုက်သည်။ နဂါးလေးနှင့် နတ်မိစ္ဆာ မှော်ကျားမှ၊ ခရမ်းငယ်အား ချော့ရန် အနား တိုးကပ် သွား၏။
“ ညီ အစ်ကို လင်း၊ ဒီမိန်းကလေးက ဘယ်သူလဲ။ ”
ဒူးနှစ်ဖက် ကြားတွင် ဦးခေါင်း ဝှက်ကာ၊ ငိုရှိုက် နေသာ ခရမ်းငယ်ကို ကြည့်ပြီး၊ ချန်လင်း တစ်ယောက် တိုးတိုးလေး မေးမိသည်။
“ တိတ်တိတ် နေ ... ၊ ပြော သမျှ စကားတိုင်းကို သူ ကြားနိုင်တယ်၊ သူ ဒေါသ ထွက်လာရင် ငါလည်း၊ ...
... အစ်ကို ချန်ကို ကာကွယ် နိုင်မှာ မဟုတ်ဘူး၊ နတ်မိစ္ဆာ မှော်ကျား နဲ့တင် အစ်ကို ချန်ရဲ့၊ အသက်ကို ယူသွား နိုင်တယ်။ ”
ချန်လင်း ပါးစပ် ပိတ်စေရန်၊ လင်းယွန်မှ ခြောက် လိုက်သည်။ ထို့နောက် မြေပြင် ပေါ် ထိုင်ချပြီး၊ ဒဏ်ရာ များကို ကုစားရန် မျက်လုံးမှိတ် လိုက်၏။
တစ်ချိန်တည်း မှာပင်၊ ကျန်းတောင်နှင့် သူ့တိုက်ပွဲ မြင်ကွင်း များကို အသေးစိတ် ပြန်၍ သတိရ လာသည်။
ထိုတိုက်ပွဲ၌ မည်သည့် သိုင်းပညာ ကိုမျှ မသုံးခဲ့ ကြဘဲ၊ နှစ်ယောက် စလုံး၊ တစ်ယောက် အပေါ်၊ တစ်ယောက် စစ်ဆေး နေခဲ့ ကြသည်။
သို့တိုင် သူ့ အနေဖြင့်၊ နဂါး-ဖီးနစ် ကမ္ဘာ ဖျက် ဓားကျမ်းကို အသုံးပြု ခဲ့ရသည်။ ၎င်းက နဂါး မူလ ကွဟချက်ကို၊ ပြသရာ ရောက်၏။
ဓားကို အသုံးပြု မှသာလျှင်၊ ရလဒ် ကောင်း ပေမည်။ သို့သော် လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲဓား ပုံစံ များတွင်၊ အနည်း ငယ်သာ ကျွမ်းကျင်နေ သဖြင့်၊ အန္တရာယ် များသေးသည်။
သူ၏ အမှန် တကယ် ဝှက်ဖဲ များသည် ဓားသေတ္တာ ထဲရှိ၊ အုပ်စိုးရှင် နတ်ရူရ်နှင့် အဓိ ပတိ နဂါး လက်သီး ဖြစ်သည်။
သည့်အပြင် အရေး ကြီးသော အခိုက်၌၊ နဂါးပြာ အရိုးရှိ၊ မွေးရာပါ နတ် ရူရ်ကို ဖွင့်နိုင် ပေမည်။
ထို့ကြောင့် သူ့တွင် အနိုင် ရရန် အလား အလာ အချို့ ရှိသော်လည်း၊ အခြား သူများမှ ကျန်းတောင်အား ကူညီလာ ပါက၊ အဆင် ပြေမည် မဟုတ်ချေ။
လင်းယွန် မျက်လုံး ပြန်ဖွင့် လိုက်ချိန်၌ ကောင်းကင် တခွင်လုံး၊ မည်းမှောင် သွားပြီ ဖြစ်သည်။
နဂါး မူလ၊ သွေးသား စွမ်းအင်၊ ရုပ်ခန္ဓာနှင့် နဂါး ရူရ်များ၊ ပြန်၍ ကောင်းမွန် လာပြီ ဖြစ်၏။ ခရမ်းငယ် မှာမူ၊ အိပ်ပျော် နေချေပြီ။
“ ညီ အစ်ကို လင်း ... ။ ”
ချန်လင်းမှ လင်းယွန်အား နှုတ်ဆက် လိုက်၏။ လင်းယွန်က ခိုးထွက်ရန် စိတ်ကူးဖြင့်၊ နိုးထ လာခြင်း ဖြစ်သော်လည်း၊ ချန်လင်း၏ အကြည့်ကြောင့်၊ သက်ပြင်းချ လိုက်သည်။
“ ကောင်းပြီ ... ၊ ညီအစ်ကို ချန် လိုက်လာ ခဲ့လို့ ရတယ်၊ ဒါပေမယ့် တိုက်ပွဲ စတဲ့ အခါ၊ မင်း ထွက်သွား ရမယ်။ ”
“ အဆင် ပြေတယ်။ ”
ချန်လင်းမှ ခေါင်းညိတ်ကာ သဘော တူ၏။
“ ဒါဆို စိမ့်ရေကန်ကို သွားရအောင်။ ”
“ နင် ... ထွက်သွား ချင်ရင်၊ နတ်ကျောက်စိမ်း ဝါးပလွေကို ထားခဲ့ပါ။ ”
ခရမ်းငယ်က အေးစက်သော အသွင်ဖြင့်၊ ကျောက်တုံးကြီး တစ်တုံးပေါ် ရပ်ကာ၊ ပြောလာ တော့သည်။
သူမသည် မိစ္ဆာ ရောင်ဝါ များကို၊ သူ့အား သန့်စင်ခွင့် မပေးဘဲ၊ နတ်ကျောက်စိမ်း ပလွေ ကိုပင် သိမ်းယူချင် နေခဲ့သည်။
ဤပလွေသည် အရိုး ပလွေရှင်ကို ကိုင်တွယ်ရန်၊ ဝှက်ဖဲ ဖြစ်သည်။ ပလွေသာ မရှိက၊ ၎င်းနှင့် ရင်ဆိုင်ရန်၊ သူ့ အတွက် ခက်ခဲသွား ပေ လိမ့်မည် ။
သို့သော် သူမ ဒေါသ ထွက်နေမှန်း သိသောကြောင့်၊ လင်းယွန်မှ ငြင်းဆန်ခြင်း မရှိချေ။ အသက် ပြင်းပြင်း ရှူကာ၊
“ မင်း တောင်းရင် ... ၊ ငါငြင်းမှာ မဟုတ်ဖူး ဆိုတာ မင်း သိပါတယ်။ ”
-ဟု လေပြေထိုး လိုက်သည်။
“ ငါ သိတယ်။ ”
ပျံသန်း လာသော နတ်ကျောက်စိမ်း ဝါး ပလွေကို ဖမ်းယူလျက်မှ ခရမ်းငယ်က လျစ်လျူ ရှု သည်။ မည်မျှ ဟန့်တား စေကာမူ၊ လင်းယွန် သွားမည်ကို သူမ သိ၏။
အဆိုပါ နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက် ကြယ်ပွင့် များသည် အခြား ဂိုဏ်း၏ တပည့်များ အပေါ်၊ မည်သို့ပင် ပြုလုပ်စေ ကာမူ၊ လင်းယွန် က ဂရုစိုက်မည် မဟုတ်ချေ။
ဓားဂိုဏ်း၏ တပည့်များ အတွက်မူ၊ လင်းယွန် အတွက် ကွဲပြားသော ဇာတ်လမ်း ဖြစ်သည်။
သူသည် ဓားဂိုဏ်းမှ ထွက်သွား သော်မှ၊ သက်တံဓား သူတော်စင် တပည့် ဖြစ်ဖူး သဖြင့်၊ ၎င်းတို့အား ကြည့်ရှု ရပေမည်။
“ လူယုတ်မာ ... ၊ နင် မသွား ရဘူး။ ”
ခရမ်းငယ်မှာ မျက်ရည်များ စီးကျလျက် ထပ်မံ ဟန့်တား လာသည်။
“ မင်း နားမလည် သေးဖူးလား၊ ဘာပဲ ဖြစ်ဖြစ် ငါ သွားရမယ်။ ”
လင်းယွန်မှ နောက်ပြန် မလှည့်ဘဲ ဆက်လျှောက် သွားတော့သည်။ ခရမ်းငယ်မှာ ဆိုဖွယ် မရှိ တော့ချေ။ လင်းယွန် အပေါ် သူမ လုံးဝ နားမလည်နိုင် ဖြစ်လာသည်။
လင်းယွန် အဆင်ပြေ နေသ၍၊ ဓားဂိုဏ်း တစ်ခုလုံး ပျက်စီးသွား လျှင်ပင်၊ သူမ လျစ်လျူရှု နိုင်သည်။ သို့သော် ယင်းကို လင်းယွန်မှ နား မလည်ချေ။
နဂါးလေးက နတ်မိစ္ဆာ မှော်ကျားကို စီးလျက်၊ လင်းယွန်နောက် လိုက်ပါ လာသည်။ ဤသည်မှာ သူ့ အစ်ကိုကြီး ဖြစ်သည်။
အဆင့်နိမ့် ကမ္ဘာမှ စတင်ကာ၊ သေ-ရှင် တိုက်ပွဲများကို အကြိမ်ကြိမ် ဆင်နွှဲ ပြီးနောက်၊ သည်နေ့ အထိ၊ သူတို့ နှစ်ဦး ရှင်သန် နိုင်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ပုလွေသံ မြည်လာ သဖြင့်၊ လင်းယွန်မှ ပြန်လှည့် ကြည့်သည်။ ခရမ်းငယ် ပလွေမှုတ် နေခြင်း ဖြစ်၏။
“ ဝှစ် ... ။ ”
သူမ ဆံပင်များ ငွေရောင် ပြောင်းလာပြီး၊ ရေတံခွန် ကဲ့သို့ ပခုံးပေါ် ဝဲကျ လာလေသည်။ အကြည့် ပြန်ရုတ်ကာ၊ ရွှေကျီးကန်း အလား၊ အရှိန်ဖြင့် ပြေးထွက် လိုက်မိ တော့သည်။
***