နတ်လိပ် ... ။
Vol. 114 Ch. 1587
ပလွေ သံကြောင့် လင်းယွန်မှ ပြုံးမိ လေသည်။ ပြိုင်ဘက် များမှာ နတ်မိစ္ဆာ အဆင့် ဝင်၊ တက်သစ်စ ကြယ်ပွင့်မျှသာ ဖြစ်၏။
သို့သော် အသက်နှင့် သေခြင်းကို ကြုံတွေ့ နေရသူ တစ်ယောက် ကဲ့သို့၊ ခရမ်းငယ်မှ ပြုမူ ပြ နေသည်။
သူ့တွင် မိုးပြာ နဂါး နေ-လ ထီး ရှိနေ သေးသည်။ ၎င်းတို့အား အနိုင် မယူနိုင် လျှင်ပင်၊ ထွက်ပြေးရန်၊ လုံလောက်၏။
“ ညီ အစ်ကို လင်း ... ၊ သူ ပြောတာ မှန်တယ်လို့ ငါ ထင်တယ်၊ နတ်မိစ္ဆာ အဆင့်က ကြယ်ပွင့် တေွက၊ ကိုင်တွယ်ရ မလွယ်ဘူး၊ တစ်ယောက် ...
... နှစ်ယောက်က အဆင်ပြေ ပေမယ့်၊ ဒီထက် ပိုများ လာရင်တော့ ... ၊ ဒုက္ခ ရောက် လိမ့်မယ်။ ”
ဘေးမှ လိုက်ပါ လာသော ချန်လင်းက တုံ့ဆိုင်း သွားကာ၊ သတိပေး စကား ဆိုသည်။ ဤလူများသည် အခြားသူများကို သတ်ကာ အဆင့် သတ်မှတ်ချက် အတွင်း ဝင်ရောက် လာသူများ ဖြစ်၏။
ထို့အပြင် ၎င်းတို့ ခေါင်း အတွက် ဆုကြေးများ ရှိရာ၊ သူတို့ကိုယ် သူတို့ ကာကွယ် ရန်၊ ဝှက်ဖဲများ ရှိနိုင် ပေမည်။
“ ကျန်းတောင်က ... သေသင့်တယ် ဆိုပေမယ့်၊ ဂိုဏ်းရဲ့ အကြီး အကဲ တွေကို၊ ငါတို့ အကြောင်း ကြားသင့်တယ် မဟုတ်လား။ ”
ချန်လင်းမှ ထပ်မံ အကြံ ပြု၏။
“ အစ်ကို ချန်၊ ပြောတာ မှန်ပါတယ်၊ နဝမမြောက် သွှေးလွှတ်ကြော အကြီး အကဲ တစ်ဦး ဆိုရင်၊ သူတို့ကို သတ်ရ လွယ်တယ်၊ ...
... ဒါပေမယ့် စဉ်းစားကြည့် ပါဦး၊ သူတို့က ဘာလို့ အခု ချိန်ထိ ... ၊ အသက် ရှင်နေ ရသေး တာလဲ။ ”
လင်းယွန် မေးခွန်းကြောင့် ချန်လင်း တစ်ယောက် လေးလေး နက်နက် တွေးတော သွားမိသည်။
“ တကယ်တော့ သူတို့ တွေက ဒီလောက် ကြာအောင်၊ အသက် ရှင်နေ နိုင်တယ် ဆိုတာ မိုက်မဲတဲ့ လူတွေ မဟုတ် လို့ပဲ။ ”
လင်းယွန်မှ သူ့အမြင်ကို ဆက်ပြော၏။ ဆိုလို သည်မှာ ၎င်းတို့၌ ကျွမ်းကျင်သူ တစ်ဦး၏ အရိပ် အာဝါသကို၊ အဝေးမှ ခံစားနိုင်သော ရတနာ တစ်ပါးခန့်၊ ရှိရ ပေမည်။
ယင်းကို ချန်လင်းမှ နားလည် သွားပုံ ပေါ်ပြီး၊ တိတ်ဆိတ် သွားတော့၏။
“ စိတ် မပူနဲ့ အစ်ကို ချန်၊ ငါက လူမိုက် မဟုတ်ဘူး၊ ငါ့ကိုယ်ငါ သတ်သေတဲ့ အရာမျိုး ဘယ်တော့မှ မလုပ် ပါဘူး၊ ငါ သေရင် အဲဒီ ကောင်မလေး ဝမ်းနည်း ရလိမ့်မယ်၊ ...
... ငါက သူများတွေ ထင်ထား တာထက် ငါ့ကိုယ်ငါ ပိုချစ်တယ် ... ၊ ယုံကြည်ချက် မရှိရင် ဘာကိုမှ လုပ်မှာ မဟုတ် ဘူး။ ”
လင်းယွန်က တိတ်ဆိတ် နေသော ချန်လင်းအား နှစ်သိမ့် လိုက်၏။ သို့မှသာ ချန်လင်း တစ်ယောက် ယုံသွားသည်။
“ ကျားလေး ... ငါ့ကို လမ်းပြပါ။ ”
သူ နောက်ကျ နေပြီ ဖြစ် သဖြင့်၊ ကျန်းတောင် တို့အား အမီလိုက် လိုသော် လမ်းခရီး ကျွမ်းကျင်သူ လို၏။
တောအုပ်ထဲ လျင်မြန်စွာ ဖြတ်ကျော် သွားပြီးနောက်၊ စူးရှသော နေရောင်ခြည်ကို ရုတ်တရက် ခံစား လာရသည်။
မနက် လင်းပြီ ဖြစ်၏။ မဝေးသော အရပ် ဆီ၌ စိမ့်ရေကန်ကြီး တစ်ကန်အား၊ မြင်လာရ လေသည်။
သို့သော် ရေမျက်နှာပြင်ပေါ်၌ မြူများ ပိန်းပိတ်အောင် ဖွဲ့တည် နေသည်။ ရေကန်၏ တစ်ဖက် အစွန်း၌၊ ရေခဲတောင် တစ်လုံး တည်နေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး အရိုး ခိုက်အောင် အေးစိမ့်နေ သော်လည်း၊ ကန်ရေမှာ ခဲနေခြင်း မရှိချေ။
ရေခဲတောင် ပေါ်မှ အမြင့်ပေ ထောင် ဂဏန်းခန့် ရှိသော၊ ရေတံခွန် တစ်ခုပင် စီးကျ နေသည်။
“ သခင် လင်း၊ ဒါက စိမ့်ရေကန်ဘဲ။ ”
နတ်မိစ္ဆာ မှော်ကျားက တုန်ယင် နေသော အသံဖြင့်၊ ပြောကာ၊ ရေကန်ကို လှမ်းကြည့်လေ သည်။
နတ် သားရဲ၏ မျိုးဆက် ဖြစ်သော ကောင်းကင် တော်ဝင် နတ်လိပ် ငယ်သည် ထိုနေရာ၌ ရှိကြောင်း သူ သိ၏။
၎င်းသည် ကလေးငယ် မျှသာ ဖြစ် သော်လည်း၊ မျိုးဆက်သွေး အရှိန် အဝါမှာ၊ သူ ခံနိုင်သည့် အရာ မဟုတ်ချေ။
“ လာကုန် ကြပြီ ... ။ ”
စိမ့်ရေကန် ပတ်ဝန်းကျင်သည် ကွင်းပြင် တစ်ခု ဖြစ်သဖြင့်၊ တောအုပ် အတွင်းမှ လူရိပ် များ ထွက်လာ သည်ကို၊ တွေ့လိုက် ရသည်။
၎င်းတို့မှာ နတ်မိစ္ဆာ အဆင့် ဝင်၊ ကြယ်ပွင့်များ ဖြစ်နိုင် သဖြင့်၊ တောအုပ် ထဲမှ စောင့် ကြည့်ရန် ဆုံးဖြတ် လိုက်သည်။
“ ဒီလူတွေကို သိလား ... အစ်ကို ချန် ။ ”
လင်းယွန်က ချန်လင်းအား မေးသည်။ ရောင်ဝါများ အရ၊ ကျန်းတောင်ထက် အားနည်း ကြမည် မဟုတ်ချေ။
“ သိတယ် ... ။ ”
ချန်လင်းက လေးနက်သော အမူ အရာဖြင့် ခေါင်းညိတ် ပြသည်။
“ အရှေ့တောင် ဘက်က လူကို တွေ့လား။ ”
၎င်းညွှန်ပြ ရာ အရပ်၌ လူ ငါးယောက်ကို တွေ့လိုက် ရသည်။ အဖွဲ့ ခေါင်းဆောင်မှာ နက်ပြာရောင် ဝတ်ရုံကို ဆင်မြန်း ထားပြီး ကြံ့ခိုင်သော အသွင် ရှိ၏။
“ သူက ခေျာင်ယုပဲ ... ၊ မြကျောက်စိမ်း စံအိမ်ရဲ့ အတွင်း တပည့် ဖြစ်ဖူးတယ်၊ တားမြစ် နည်းစနစ် တွေကို လျှို့ဝှက် သင်ယူ ခဲ့လို့၊ နှင်ထုတ်ခံ ထားရတာ၊ ...
... ဂိုဏ်းမှာ ရှိချိန် တုန်းက၊ အသန်မာဆုံး ပါရမီရှင် အဖြစ် ကျော်ကြားတယ်၊ အထွတ် အထိပ် တတိယ သွေးလွှတ်ကြောမှာ။ ”
လင်းယွန်က ခေါင်းညိတ်ပြီး၊ ချောင်ယုကို အသိအမှတ် ပြုမိသည်။ နဂါး သွေး လွှတ်ကြော နယ်ပယ်တွင်၊ အောင်မြင်မှု ရယူရန် ခက်ခဲ ပေ၏။
တစ်သက်တာလုံး ထိုနယ်ပယ်၌ ပိတ်မိ သွားသူ များပင် ရှိ၏။ ထို့ကြောင့် အောင်မြင်မှု တစ်ခု ပြုလုပ်ရန် ကြိုးစား ရာတွင်၊ အချို့သော အန္တရာယ် များကို ရှောင်လွှဲ၍ မရပေ။
တန်ခိုးကြီးသော ဂိုဏ်းများ ဖြစ်စေ ကာမူ၊ ခွဲတမ်းနှင့် အချင်းအရာများ အပေါ် မကျေနပ်သူ များလည်း၊ ရှိတတ် ကြသည်။
အချိန်ကြာ သည်နှင့် အမျှ၊ အစိုင် အခဲများ ဖြစ်လာကာ၊ မူလ ဂိုဏ်းအပေါ် သစ္စာ ဖောက်မိ ကြ တော့၏။
“ ဟိုမှာကြည့် အဲဒီလူ ကလည်း ... ၊ ဒုက္ခ ပေးနိုင်တယ်။ ”
တစ်ဦးတည်း ရပ်နေသည့်၊ အနက်ဝတ် လူငယ် တစ်ယောက်ကို ညွှန်ပြလာ ပြန်သည်။ ထိုလူငယ်သည် ဓားတစ်လက်ကို ကိုင်ဆောင် လျက်၊ သတ်ဖြတ်ခြင်း ရောင်ဝါများ ယိုစိမ့် ကျနေသည်။
“ အဲဒီ လူက ချင်ကန် ... ၊ ကောင်းကင် ဓားမော့ ခန်းမရဲ့၊ တပည့် ဟောင်းပဲ၊ အရိယာ ကောင်းကင် ဓားမော့ကို ဆုပ်ကိုင် နိုင်ဖို့၊ မိစ္ဆာ လမ်းစဉ် ကျွမ်းကျင် ပညာ ရှင်ကို၊ ...
... ဆရာ တင်ခဲ့တယ်၊ သူ့ထက် အဆင့် တစ်ဆင့် မြင့်တဲ့ ရန်သူကို သတ်ပြီး၊ သူ့နာမည် ကို တည်ဆောက် ယူထားတယ်။ ”
ချင်ကန်ကို ကြည့်ကာ၊ လင်းယွန်မှ စိတ်ဝင်စား သွားသည်။ နဂါး သွေးလွှတ်ကြော နယ်ပယ်၌၊ တစ်ဆင့်မြင့် ပြိုင်ဘက်ကို အနိုင် ယူရန်၊ မည်မျှ ခက်ခဲကြောင်း သူ သိ၏။
“ အနောက်တောင် ဘက်မှာ ရှိတဲ့ ... လူတွေကို တွေ့လား၊ သူတို့က နဂါး အသွင် ပြောင်းခြင်း တောင်ကြား ကပဲ၊ အလား အလာရှိတဲ့၊ ...
... လေလွင့် ကျင့်ကြံသူ တွေကို သူတို့က လက်ခံကြတယ်၊ အဖွဲ့ခေါင်းဆောင် အမည်က ရန်ကျိုး၊ နဂါး အသွင် ပြောင်းခြင်း တောင်ကြား လို၊ ကြမ်းတမ်းတဲ့၊ ...
... ပတ်ဝန်းကျင် မျိုးမှာ၊ ရုန်းထ နိုင်တဲ့ အတွက်၊ အလေး ထားရမယ့်၊ ပုဂ္ဂိုလ် စာရင်းမှာ ထိပ်ဆုံးက ပါတယ်။ ”
“ အစ်ကို ချန်က သူတို့ကို ကောင်းကောင်း သိထား တာပဲ။ ”
“ သူတို့ အားလုံးကို ... ၊ ဓားဂိုဏ်းက ဆုကြေး အဖြစ် လက်ခံ ထားလို့ သိနေ တာပါ၊ စီမံ ရေးရာ ဌာနမှာ၊ သူတို့ အကြောင်းတွေ ချိတ်ဆွဲ ထားတယ်။ ”
ချန်လင်း စကားကြောင့် လင်းယွန် တစ်ယောက် အဆင် မပြေ ဖြစ်လာ ခဲ့သည်။ ဓားဂိုဏ်း အတွက် မည်သည့် တာဝန် ကိုမျှ မထမ်း ဆောင် ဖူးမှန်း သတိ ရလာ၏။
“ သူတို့ ဘာလို့ ရပ်နေကြ ပါလိမ့် ... ။ ”
ချန်လင်းက နားမလည် ဟန်ဖြင့် မေးသည်။
“ တစ်ခုခု ဖြစ်လာ မယ်လို့ ယူဆပြီး၊ စောင့်နေတာ ဖြစ်နိုင်တယ်။ ”
လင်းယွန်က သူ့အမြင်ကို ပြောသည်။ အချိန်အတော်ကြာ ငြိမ်သက် နေကြ ပြီးနောက်၊ စိတ် မရှည်ကြ တော့ဘဲ၊ တစ်စုံ တစ်ဦးမှ စတင် လှုပ်ရှား လာသည်။
စိမ့်ရေကန် မျက်နှာပြင်၌ အနက်ရောင် အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ် ဖုံးလွှမ်း သွား၏။ ၎င်း၌ ကြောက်မက်ဖွယ် ကောင်းသော တိုက်စား နိုင်စွမ်းများ ပါဝင် နေသည်။
အရိယာ ဓားသုတ္တန်ကို လေ့ကျင့် ထား သဖြင့်၊ ၎င်းမှာ စွမ်းအင် မဟုတ်ဘဲ၊ အဆိပ် ဖြစ် ကြောင်း၊ လင်းယွန် သိသည်။
ဆိုလို သည်မှာ စိမ့်ရေကန်ထဲ အဆိပ် ခတ်လိုက်ခြင်း မည်၏။ ရေကန်ထဲ၌ ဆက်နေ ခြင်းဖြင့်၊ သေခြင်း တရား ကိုသာ ရင်ဆိုင် ရပေမည်။
“ ဘယ်လောက် တောင် ရက်ရော လိုက်လဲ။ ”
နတ်လိပ် ထွက်လာ စေရန် အတွက်၊ တန်ဖိုးမဖြတ် နိုင်သော ငရဲ အဆိပ် ပန်းကို သုံး လိုက် သဖြင့်၊ လင်းယွန်မှာ စိတ်လှုပ်ရှား သွားသည်။
ကောင်းကင် တော်ဝင် နတ်လိပ်သည် နတ်သားရဲမှ ဆင်းသက် လာသော ကြောင့်၊ ဤသို့ ခေါ်ထုတ် မှသာ ရပေမည်။
ရေကန် ထဲ၌ တိုက်ခိုက် ရမည် ဆိုသော်၊ အသေ အပျောက် များနိုင်၏။ များမကြာခင် ရေကန်မှာ မျက်နှာပြင် တုန်ခါ လာသည်။
ထို့နောက် ပေါက်ကွဲ သွားပြီး၊ ကျွန်းငယ် တစ်ခု အလား ဧရာမ ပုံရိပ်ကြီး ထွက်ပေါ် လာ တော့သည်။
ဤသည်မှာ လင်းယွန်၏ စိတ်ကူးနှင့် မတူချေ။ နတ်လိပ် ငယ်သည် လူသား တစ်ယောက် ကဲ့သို့၊ ခြေထောက် နှစ်ချောင်း ပေါ်၌ မတ်တပ် ရပ်နေ၏။
ကျောပေါ်တွင် လေးလံ မာကျောသော အခွံကို ထမ်းပိုး ထားလျက်၊ ဒေသတ ကြီးဖြင့် ကြည့်သည်။
သူ့ အမြီးမှာ စပါးအုံး မြွေ တစ်ကောင် အလား၊ ပခုံးတွင် ပတ်နေသည်။ လိပ်ခွံပေါ်၌ သူတော်စင် ရူရ် အများ အပြား ပါရှိ၏။
တစ်ချက် ကြည့်ရုံနှင့် ထိုအခွံသည်၊ သူတော်စင် အဆင့် ရတနာ ပစ္စည်း ဖြစ်ကြောင်း လူတိုင်း ပြောနိုင်၏။
“ ဒီဘုရင် အိပ်နေ တာကို၊ နှောင့်ယှက် ရဲတယ်ပေါ့ ဟမ့် ... ၊ အားလုံး သေချင် နေကြ တာလားကွ ဟေ ... ။ ”
ကောင်းကင် တော်ဝင် နတ်လိပ်က လူအုပ်ထံ ဝေ့ကြည့်ပြီး၊ အော်ဟစ် ကြိမ်းမောင်း လိုက်တော့သည်။
***